Zawgyi ျဖင့္ဖတ္ရန္

ေဖ့စ္ဘုတ္ဟာ ေဖ့စ္ဘုတ္သုံးစြဲသူေတြရဲ႕မ်က္ႏွာေတြကို AI နည္းပညာျဖင့္ face recognition စနစ္ ေၾကာင့္ ကြၽန္ေတာ္တို႔ကို ဘယ္သူဘယ္ဝါဆိုတာကို အလိုလိုသိရွိၿပီးျဖစ္ပါတယ္။ အဆိုပါစနစ္ေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ လူမႈေနထိုင္မႈဘဝကို လြယ္ကူေအာင္ကူညီေပးႏိုင္ေပမယ့္ တခ်ိဳ႕ေနုရာေတြမွာ အဲ့စနစ္ေၾကာင့္ အခက္အခဲႀကဳံေ တြ႕ၾကရပါတယ္။

ယခု ေဖ့စ္ဘုတ္ဟာ သုံးစြဲသူတို႔ရဲ႕အခ်က္အလက္ေတြကို ရယူမႈေၾကာင့္ US Federal Trade Commission (FTC) ရဲ႕အေရးယူခံရဖို႔ ရွိေနပါတယ္။ အေမရိကန္ျပည္ေထာင္စု အီလီႏြိဳက္ျပည္နယ္မွ ေဖ့ဘုတ္သုံးစြဲသူတစ္ခ်ိဳ႕က ေဖ့စ္ဘုတ္ဟာ Biometric Information Privacy Act (BIPA) ကို ခ်ိဳးေဖာက္မႈေၾကာင့္ ၂၀၁၅ ခုႏွစ္မွာ တရားစြဲခဲ့ပါတယ္။

အီလီ္ႏြိဳက္ျပည္နယ္မွာ နည္းပညာသုံးစြဲသူေတြကို အကာအကြယ္ေပးဖို႔အတြက္ ဥပေဒမွာ ကုမၸဏီေတြဟာ သုံးစြဲသူေတြရဲ႕ေဒတာအခ်က္အလက္ကို မရယူခင္မွာ သုံးစြဲသူေတြကို သတင္းထုတ္ျပန္ အေၾကာင္းၾကား အသိေပးရမယ္ဆိုတဲ့ ဥပေဒ ျပဌာန္းထားပါတယ္။ ေဖ့စ္ဘုတ္ ကုမၸဏီဟာ အဆိုပါ ဥပေဒကို ခ်ိဳးေဖာက္တယ္လို႔ ျပစ္မႈ ထင္ရွားတာေၾကာင့္ US Federal Trade Commission မွ ေဖ့စ္ဘုတ္ကို အေရးယူဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

ဒီ face recognition နည္းပညာဟာ မ်က္ႏွာအာ႐ုံခံစနစ္တစ္ခုျဖစ္ၿပီး သုံးစြဲသူေတြရဲ႕ ေဒတာအခ်က္အလက္ကို သိေစႏိုင္ပါတယ္။ ေဖ့စ္ဘုတ္မွ ဓါတ္ပုံမွတဆင့္ဘယ္သူဘယ္ဝါဆိုတာ သိေစႏိုင္ၿပီး သူငယ္ခ်င္းအခ်င္းခ်င္း ဓါတ္ပုံမွ တဆင့္ Tag လုပ္ဖိုအတြက္လည္း အႀကံေပးပါတယ္။ အခုလို ခြင့္ျပဳခ်က္မရွိဘဲ သုံးစြဲသူ ေဒတာအခ်က္အလက္ကို ရယူမႈေၾကာင့္ တရားစြဲဆိုမႈမွာ ေဖ့စ္ဘုတ္ သုံးစြဲသူ (၇) သန္းေလာက္ရွိႏိုင္ၿပီး ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး ဒဏ္႐ိုက္ခံရႏိုင္ဖို႔ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လကလည္း သုံးစြဲသူ ေဒတာ အခ်က္အလက္မ်ားကို ရယူသြားခဲ့မႈေၾကာင့္ ေဒၚလာ (၅)ဘီလီယမ္ ဒဏ္႐ိုက္ခံလိုက္ရပါတယ္။ ေဖစ္ဘုတ္ဟာ သမိုင္းတေလွ်ာက္ ဒဏ္ေငြအျမင့္မားဆုံး ဒဏ္႐ိုက္ခံရတဲ့ နည္းပညာကုမၸဏီအျဖစ္နဲ႔လည္း မွတ္တမ္းဝင္သြားခဲ့ပါတယ္။

Credit: popolay

Unicode ဖြင့်ဖတ်ရန်

face recognition စနစ်ကြောင့် အရေးယူခံရတော့မယ့် ဖေ့စ်ဘုတ်

ဖေ့စ်ဘုတ်ဟာ ဖေ့စ်ဘုတ်သုံးစွဲသူတွေရဲ့မျက်နှာတွေကို AI နည်းပညာဖြင့် face recognition စနစ် ကြောင့် ကျွန်တော်တို့ကို ဘယ်သူဘယ်ဝါဆိုတာကို အလိုလိုသိရှိပြီးဖြစ်ပါတယ်။ အဆိုပါစနစ်တွေဟာ ကျွန်တော်တို့ရဲ့ လူမှုနေထိုင်မှုဘဝကို လွယ်ကူအောင်ကူညီပေးနိုင်ပေမယ့် တချို့နေုရာတွေမှာ အဲ့စနစ်ကြောင့် အခက်အခဲကြုံေ တွ့ကြရပါတယ်။

ယခု ဖေ့စ်ဘုတ်ဟာ သုံးစွဲသူတို့ရဲ့အချက်အလက်တွေကို ရယူမှုကြောင့် US Federal Trade Commission (FTC) ရဲ့အရေးယူခံရဖို့ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်မှ ဖေ့ဘုတ်သုံးစွဲသူတစ်ချို့က ဖေ့စ်ဘုတ်ဟာ Biometric Information Privacy Act (BIPA) ကို ချိုးဖောက်မှုကြောင့် ၂၀၁၅ ခုနှစ်မှာ တရားစွဲခဲ့ပါတယ်။

အီလီ်နွိုက်ပြည်နယ်မှာ နည်းပညာသုံးစွဲသူတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေမှာ ကုမ္ပဏီတွေဟာ သုံးစွဲသူတွေရဲ့ဒေတာအချက်အလက်ကို မရယူခင်မှာ သုံးစွဲသူတွေကို သတင်းထုတ်ပြန် အကြောင်းကြား အသိပေးရမယ်ဆိုတဲ့ ဥပဒေ ပြဌာန်းထားပါတယ်။ ဖေ့စ်ဘုတ် ကုမ္ပဏီဟာ အဆိုပါ ဥပဒေကို ချိုးဖောက်တယ်လို့ ပြစ်မှု ထင်ရှားတာကြောင့် US Federal Trade Commission မှ ဖေ့စ်ဘုတ်ကို အရေးယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီ face recognition နည်းပညာဟာ မျက်နှာအာရုံခံစနစ်တစ်ခုဖြစ်ပြီး သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်ကို သိစေနိုင်ပါတယ်။ ဖေ့စ်ဘုတ်မှ ဓါတ်ပုံမှတဆင့်ဘယ်သူဘယ်ဝါဆိုတာ သိစေနိုင်ပြီး သူငယ်ချင်းအချင်းချင်း ဓါတ်ပုံမှ တဆင့် Tag လုပ်ဖိုအတွက်လည်း အကြံပေးပါတယ်။ အခုလို ခွင့်ပြုချက်မရှိဘဲ သုံးစွဲသူ ဒေတာအချက်အလက်ကို ရယူမှုကြောင့် တရားစွဲဆိုမှုမှာ ဖေ့စ်ဘုတ် သုံးစွဲသူ (၇) သန်းလောက်ရှိနိုင်ပြီး ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဒဏ်ရိုက်ခံရနိုင်ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း သုံးစွဲသူ ဒေတာ အချက်အလက်များကို ရယူသွားခဲ့မှုကြောင့် ဒေါ်လာ (၅)ဘီလီယမ် ဒဏ်ရိုက်ခံလိုက်ရပါတယ်။ ဖေစ်ဘုတ်ဟာ သမိုင်းတလျှောက် ဒဏ်ငွေအမြင့်မားဆုံး ဒဏ်ရိုက်ခံရတဲ့ နည်းပညာကုမ္ပဏီအဖြစ်နဲ့လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Credit: popolay

LEAVE A REPLY