Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယား အထက္တန္းေက်ာင္းသူတစ္ဦးဟာ မ်က္ရစ္ႏွစ္ထပ္ ခြဲစိတ္ျပဳျပင္မႈ ျပဳလုပ္ခဲ့ပါတယ္။ ထိုသို႔ ျပဳလုပ္ၿပီး ေက်ာင္းမွာ အတန္းေဖာ္သူငယ္ခ်င္းေတြနဲ႔ စီနီယာေတြရဲ႕ အႏိုင္က်င့္တာကို ခံရတဲ့အေၾကာင္း ဆိုရွယ္မီဒီယာမွ တစ္ဆင့္ေျပာျပလာပါတယ္။

“ကြၽန္မက ပထမႏွစ္ အထက္တန္းေက်ာင္းသူတစ္ေယာက္ပါ။ ၿပီးခဲ့တဲ့ ေက်ာင္းပိတ္ရက္မွာ မ်က္ရစ္ႏွစ္ထပ္ ျပဳျပင္ခြဲစိတ္ျပဳျပင္ခဲ့ပါတယ္။

ေက်ာင္းစဖြင့္တဲ့အခ်ိန္ ကြၽန္မ မ်က္လုံးေတြ ခြဲထားေတာ့ အနည္းငယ္ေဖာင္းေနခဲ့တယ္။ အတန္းႀကီးက စီနီယာေတြက လာၿပီး ကြၽန္မကို plastic monster ဆိုၿပီး ႐ိုင္းစိုင္းတဲ့ အသုံးအႏႈန္းေတြနဲ႔ ေလွာင္ေျပာင္ေနၾကပါတယ္။

 

 

ေယာက်ၤားေလးေတြလဲ တူတူပါပဲ သူတို႔က စေခၚလို႔ မိန္းကေလးေတြက ဒီလို ေလွာင္ေျပာင္လာၾကတာ။ ကိုယ့္ကိုယ္ကိုယ္ အဆင္ေျပသြားမွာပါ၊ အဆင္ေျပသြားမွာပါ လို႔ အၿမဲအားေပးေနခဲ့ေပမယ့္ အႏိုင္က်င့္ ႏွိပ္စက္မႈေတြကေတာ့ အခုထိရပ္မသြားခဲ့ပါဘူး။ ကြၽန္မ ဘာဆက္လုပ္သင့္လဲ?

ဒါကေတာ့ ခြဲစိတ္ၿပီး ကြၽန္မမ်က္လုံးရဲ႕ အေျခအေနပါ။ အခုေတာ့ ဒီလိုႀကီး ေဖာင္းမေနေတာ့ပါဘူး။ မ်က္လုံး အေျခအေနက ပုံမွန္မဟုတ္ဘူးလို႔ စဥ္းစားမိလို႔ ကြၽန္မ ဆရာဝန္နဲ႔ ျပန္ျပခဲ့တယ္။ခုေတာ့ျပန္ေကာင္းသြားပါၿပီ။ ဒါေပမဲ့ ခြဲစိတ္သူတိုင္း ဒီလို အႏိုင္အက်င့္မခံရဖို႔ ကြၽန္မဒီလို ေရးသားၿပီး အသိေပးရျခင္းျဖစ္ပါတယ္” ဆိုၿပီး သူမရဲ႕ ဆိုရွယ္မီဒီယာ အေကာင့္မွာ ေရးသားထားပါတယ္။

လူမႈကြန္ယက္က လူမ်ားက သူမကို အားမငယ္ဖို႔ အားေပးတာေၾကာင့္ ေက်းဇူးတင္ေၾကာင္း ျပန္လည္ေရးသားရင္း အုပ္စုဖြဲ႕ အႏိုင္က်င့္ခံရတဲ့ အေၾကာင္းကိုလဲ ေျပာျပလာပါတယ္။ “ကြၽန္မ ဘာမွ ေမွ်ာ္လင့္မထားေပမဲ့ အခုလို အားေပးတဲ့အတြက္ေက်းဇူးပါ။ ေက်ာင္းမွာ အုပ္စုဖြဲ႕ အႏိုင္က်င့္တဲ့သူေတြဟာ တကယ္ပဲ ရွိေနပါတယ္။ သူတို႔က မိန္းကေလးေတြပါ အင္အားလဲႀကီးၿပီး အဖြဲ႕ကလဲ ေတာင့္ေတာ့ ကြၽန္မ ဘာမွ မလုပ္ရဲခဲ့ပါဘူး။

မ်က္လုံးခြဲၿပီးေနာက္ သူတို႔ရဲ႕ သားေကာင္က ကြၽန္မျဖစ္လာပါတယ္။ ေက်ာင္းသြားရတာ အရမ္းပဲ ခက္ခဲေနခဲ့ပါတယ္။ ဒီခ်ိန္မွာ အားေပးၾကတာကို အမွန္တကယ္ ေက်းဇူးတင္ပါတယ္။” ဆိုၿပီး ထပ္မံေရးသားပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် အနိုင်ကျင့်နှိပ်စက်ခံရတဲ့ ကိုးရီးယားကျောင်းသူ

တောင်ကိုးရီးယား အထက်တန်းကျောင်းသူတစ်ဦးဟာ မျက်ရစ်နှစ်ထပ် ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့ပါတယ်။ ထိုသို့ ပြုလုပ်ပြီး ကျောင်းမှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ စီနီယာတွေရဲ့ အနိုင်ကျင့်တာကို ခံရတဲ့အကြောင်း ဆိုရှယ်မီဒီယာမှ တစ်ဆင့်ပြောပြလာပါတယ်။

“ကျွန်မက ပထမနှစ် အထက်တန်းကျောင်းသူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်မှာ မျက်ရစ်နှစ်ထပ် ပြုပြင်ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။

ကျောင်းစဖွင့်တဲ့အချိန် ကျွန်မ မျက်လုံးတွေ ခွဲထားတော့ အနည်းငယ်ဖောင်းနေခဲ့တယ်။ အတန်းကြီးက စီနီယာတွေက လာပြီး ကျွန်မကို plastic monster ဆိုပြီး ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ လှောင်ပြောင်နေကြပါတယ်။

ယောင်္ကျားလေးတွေလဲ တူတူပါပဲ သူတို့က စခေါ်လို့ မိန်းကလေးတွေက ဒီလို လှောင်ပြောင်လာကြတာ။ ကိုယ့်ကိုယ်ကိုယ် အဆင်ပြေသွားမှာပါ၊ အဆင်ပြေသွားမှာပါ လို့ အမြဲအားပေးနေခဲ့ပေမယ့် အနိုင်ကျင့် နှိပ်စက်မှုတွေကတော့ အခုထိရပ်မသွားခဲ့ပါဘူး။ ကျွန်မ ဘာဆက်လုပ်သင့်လဲ?

ဒါကတော့ ခွဲစိတ်ပြီး ကျွန်မမျက်လုံးရဲ့ အခြေအနေပါ။ အခုတော့ ဒီလိုကြီး ဖောင်းမနေတော့ပါဘူး။ မျက်လုံး အခြေအနေက ပုံမှန်မဟုတ်ဘူးလို့ စဉ်းစားမိလို့ ကျွန်မ ဆရာဝန်နဲ့ ပြန်ပြခဲ့တယ်။ခုတော့ပြန်ကောင်းသွားပါပြီ။ ဒါပေမဲ့ ခွဲစိတ်သူတိုင်း ဒီလို အနိုင်အကျင့်မခံရဖို့ ကျွန်မဒီလို ရေးသားပြီး အသိပေးရခြင်းဖြစ်ပါတယ်” ဆိုပြီး သူမရဲ့ ဆိုရှယ်မီဒီယာ အကောင့်မှာ ရေးသားထားပါတယ်။

လူမှုကွန်ယက်က လူများက သူမကို အားမငယ်ဖို့ အားပေးတာကြောင့် ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားရင်း အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတဲ့ အကြောင်းကိုလဲ ပြောပြလာပါတယ်။ “ကျွန်မ ဘာမှ မျှော်လင့်မထားပေမဲ့ အခုလို အားပေးတဲ့အတွက်ကျေးဇူးပါ။ ကျောင်းမှာ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့သူတွေဟာ တကယ်ပဲ ရှိနေပါတယ်။ သူတို့က မိန်းကလေးတွေပါ အင်အားလဲကြီးပြီး အဖွဲ့ကလဲ တောင့်တော့ ကျွန်မ ဘာမှ မလုပ်ရဲခဲ့ပါဘူး။

မျက်လုံးခွဲပြီးနောက် သူတို့ရဲ့ သားကောင်က ကျွန်မဖြစ်လာပါတယ်။ ကျောင်းသွားရတာ အရမ်းပဲ ခက်ခဲနေခဲ့ပါတယ်။ ဒီချိန်မှာ အားပေးကြတာကို အမှန်တကယ် ကျေးဇူးတင်ပါတယ်။” ဆိုပြီး ထပ်မံရေးသားပါတယ်။

Credit : popolay

LEAVE A REPLY