Zawgyi ျဖင့္ဖတ္ရန္

ေျခေထာက္ေလးေတြဟာ တစ္ေနကုန္ပင္ပန္းရေပမယ့္ ဂ႐ုစိုက္မခံရဆုံး အစိတ္အပိုင္းေလးလည္း ျဖစ္ပါတယ္။ တကယ္ေတာ့ ေျခေထာက္ေလးေတြကို အေညာင္းအညာေျပေအာင္ ညဘက္မွာေဆးရည္စိမ္လိုက္မယ္ဆိုရင္ ေျခေထာက္ေလးေတြက်န္းမာလွပေစတဲ့အျပင္ ေသြးလွည့္ပတ္မႈေကာင္းေစတာေၾကာင့္ ေပါ့ပါးလန္းဆန္းေစတယ္၊ ညဘက္အိပ္လို႔ေပ်ာ္ေစတယ္၊ ဒါေတြအျပင္ တျခား က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူးေတြကိုလည္း အမ်ားႀကီးရေစပါေသးတယ္။ ဒီေတာ့ ညဘက္မွာ ေျခေထာက္ေလးေတြအေညာင္းအညာေျပဖို႔ ေဆးစိမ္ရမယ့္နည္းေလးကို အခုပဲေဖာ္ျပလိုက္ၿပီေနာ္။

လိုအပ္တဲ့ပစၥည္းမ်ား

ပူစီနံ႐ြက္အနည္းငယ္ဆားခါးတစ္ဇြန္းသံပ႐ိုရည္အနည္းငယ္သံလြင္ဆီအနည္းငယ္ေရေႏြး

ျပဳလုပ္နည္း

ဇလုံတစ္လုံးထဲမွာ ေရေႏြးကို ေျခေထာက္ျမႇဳပ္႐ုံေလာက္ ထည့္ၿပီး က်န္တဲ့ပစၥည္းေတြကိုပါ ထည့္လိုက္ပါ။ ေျခေထာက္ကို ၁၅ မိနစ္ေလာက္ စိမ္ထားၿပီးရင္ ဆဲလ္ေသေတြ ကြာက်သြားေအာင္ ဂ်ီးတြန္းေက်ာက္ေလးနဲ႔ ပြတ္တိုက္ေပးလိုက္ပါ။

အက်ိဳးရလဒ္

ဒီနည္းေလးကို ညတိုင္းလုပ္ေပးမယ္ဆိုရင္ ေျခေထာက္ေညာင္းညာ ပင္ပန္းေနတာကို ေပ်ာက္ကင္းေစၿပီး၊ ေျခေထာက္မွာျဖစ္တတ္တဲ့ မႈိေရာဂါေတြ မျဖစ္ေအာင္လည္း တားဆီးေပးႏိုင္ပါတယ္။ ဒါတင္မကေသးပါဘူး၊ ေျခေထာက္ေသြးေၾကာေလးေတြကို ဖြင့္ေပးတာေၾကာင့္ တစ္ကိုယ္လုံးမွာ ေသြးလွည့္ပတ္မႈေကာင္းေအာင္ ကူညီေပးၿပီး ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ ေသြးတိုးတာ၊ ေခါင္းကိုက္တာေတြကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါေသးတယ္။

Credit : aunty may

Unicode ဖြင့်ဖတ်ရန်

တစ်ကိုယ်လုံး အညောင်းအညာပြေပြီး ရောဂါကင်းစေမယ့် ခြေထောက်ဆေးစိမ်နည်း

ခြေထောက်လေးတွေဟာ တစ်နေကုန်ပင်ပန်းရပေမယ့် ဂရုစိုက်မခံရဆုံး အစိတ်အပိုင်းလေးလည်း ဖြစ်ပါတယ်။ တကယ်တော့ ခြေထောက်လေးတွေကို အညောင်းအညာပြေအောင် ညဘက်မှာဆေးရည်စိမ်လိုက်မယ်ဆိုရင် ခြေထောက်လေးတွေကျန်းမာလှပစေတဲ့အပြင် သွေးလှည့်ပတ်မှုကောင်းစေတာကြောင့် ပေါ့ပါးလန်းဆန်းစေတယ်၊ ညဘက်အိပ်လို့ပျော်စေတယ်၊ ဒါတွေအပြင် တခြား ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း အများကြီးရစေပါသေးတယ်။ ဒီတော့ ညဘက်မှာ ခြေထောက်လေးတွေအညောင်းအညာပြေဖို့ ဆေးစိမ်ရမယ့်နည်းလေးကို အခုပဲဖော်ပြလိုက်ပြီနော်။

လိုအပ်တဲ့ပစ္စည်းများ

ပူစီနံရွက်အနည်းငယ်ဆားခါးတစ်ဇွန်းသံပရိုရည်အနည်းငယ်သံလွင်ဆီအနည်းငယ်ရေနွေး

ပြုလုပ်နည်း

ဇလုံတစ်လုံးထဲမှာ ရေနွေးကို ခြေထောက်မြှုပ်ရုံလောက် ထည့်ပြီး ကျန်တဲ့ပစ္စည်းတွေကိုပါ ထည့်လိုက်ပါ။ ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ထားပြီးရင် ဆဲလ်သေတွေ ကွာကျသွားအောင် ဂျီးတွန်းကျောက်လေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။

အကျိုးရလဒ်

ဒီနည်းလေးကို ညတိုင်းလုပ်ပေးမယ်ဆိုရင် ခြေထောက်ညောင်းညာ ပင်ပန်းနေတာကို ပျောက်ကင်းစေပြီး၊ ခြေထောက်မှာဖြစ်တတ်တဲ့ မှိုရောဂါတွေ မဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ခြေထောက်သွေးကြောလေးတွေကို ဖွင့်ပေးတာကြောင့် တစ်ကိုယ်လုံးမှာ သွေးလှည့်ပတ်မှုကောင်းအောင် ကူညီပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် သွေးတိုးတာ၊ ခေါင်းကိုက်တာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါသေးတယ်။

Credit : aunty may

LEAVE A REPLY