Zawgyi ဖြင့်ဖတ်ရန်

 







Unicode ဖြင့်ဖတ်ရန်

“ဖိုက်စတားလူရွင်တော်အဖွဲ့” အား ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ ခေါ်ယူသတိပေး

Channel K မှ စီစဉ်တင်ဆက်ပြီးတိုက်ရိုက် Live လွှင့်ခဲ့သည့် သက်ကြီးလူရွှင်တော်ကန်တော့ပွဲအခမ်း အနားတွင် လူရွှင်တော်အဖွဲ့ပေါင်းများစွာ ပါဝင်ဖျော်ဖြေခဲ့ကြသည်။

ထိုအခမ်းအနားတွင် ဖိုက်စတားလူရွှင်တော် အဖွဲ့ဝင်များတင်ဆက်ခဲ့သည့် ပျက်လုံးများသည် လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များအား တိုက်ရိုက်ထိရောက်သည့် စကားလုံးအသုံးအနှုန်းများပါဝင်ခဲ့ပြီး အစိုးရလွဲချော်မှုများအား ထင်ဟပ်စေသည့် စကားလုံးများသုံးနုန်းသွားခဲ့ကြတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ သရုပ်ဖော်တင်ဆက်ခဲ့သည်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် မှ သိရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ၎င်းလုပ်ရပ်များသည် မိမိတို့အစိုးရအဖွဲ့အားပုတ်ခတ်စော်ကားသည့် လုပ်ရပ်ဖြစ် သဖြင့် ၊ လူရွှင်တော်များအား စင်ပေါ်တွင် ပြက်လုံးများမတင်ဆက်မီ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဦးစွာအသိပေးပြီးမှ တင်ဆက်ရန်မှာကြားထားဖို့လိုကြောင်း၊ ဖိုက်စတားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ခေါ်ယူသတိပေးဆုံးမရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ ညွှန်ကြားချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မှ ဖိုက်စတားအဖွဲ့လူရွှင်တော် အဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ခေါ်ယူပြီး Channel K မှ LIVE လွင့်ခဲ့သည့် ၎င်း တို့ ၏ ပျက်လုံးများ ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှမနှစ်သက် သဖြင့် ယခုလို ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း နောက်နောင်ပြက်လုံးများတင်ဆက်မည် ဆိုပါက စင်ပေါ်တွင် မတင်ဆက်မီ ၎င်းတို့အစိုးရအဖွဲ့ရုံးသို့ စာဖြင့်ရေးသားပြီး ဦးစွာတင်ပြရမည်ဟုပြောဆိုခဲ့ကြောင်း၊ ယခုပထမဦးဆုံးအနေဖြင့် ခွင့်လွှတ်ပေးလိုက်မည်ဟု ပြောဆိုခဲ့ပြီး

ယခုပြက်လုံးများသည် နိုင်ငံတော်အစိုးရအားအကြည်ညိုပျက်စေသည့် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲလို့ရကြောင်း နောက်နှောင် အခုလို နိုင်ငံတော် အစိုးရအပေါ် ပြည်သူတွေ အထင်မြင်လွဲ စေမယ့် ပျက်လုံးများ ကို မပျက်မိအောင်ထိမ်းသိမ်းကြဖို့ သတိပေးခဲ့သည်ဟု သိရသည်။

share from : burmese.asia

LEAVE A REPLY