Zawgyi ျဖင့္ဖတ္ရန္

ကိုလံဘီယာႏိုင္ငံ အလံေတာ္ကို ဟယ္လီေကာ္ပတာတြင္ စတီးႀကိဳးနဲ႔ခ်ိပ္ဆက္ကာ ေဝဟင္ေပၚမွ အလံလႊင့္ပ်ံသန္းရာတြင္ ေလသူရဲႏွစ္ဦးက အလံေတာ္နဲ႔အတူခ်ိပ္ဆက္လိုက္ပါခဲ့ၿပီးေနာက္ စတီးႀကိဳးျပတ္က်ၿပီး ေသဆုံးခဲ့တဲ့ ထိတ္လန႔္ဖြယ္ရာ မေတာ္တဆမႈတစ္ခု ၾသဂုတ္လ ၁၁ ရက္ တနဂၤေႏြေန႔က ျဖစ္ပြားခဲ့ပါတယ္။

ကိုလံဘီယာႏိုင္ငံတြင္ ႏွစ္စဥ္ျပဳလုပ္ေနက် ပန္းျပပြဲႀကီးရဲ႕ ပိတ္ပြဲအခမ္းအနားအျဖစ္ ေဝဟင္ေပၚကေန ႏိုင္ငံေတာ္အလံကို ၿမိဳ႕အႏွံဝဲပ်ံလႊင့္ထူစဥ္ မေမွ်ာ္လင့္ပဲျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ေလသူရဲႏွစ္ဦးဟာ ႏိုင္ငံေတာ္အလံနဲ႔အတူ အထက္တစ္ေယာက္ ေအာက္တစ္ေယာက္ တြဲလြဲခိုလိုက္ပါလွ်က္ လက္ေဝွ႔ယမ္းႏႈတ္ဆက္ သ႐ုပ္ျပသေနစဥ္ ဟယ္လီေကာ္ပတာနဲ႔ အလံေတာ္ကို ခ်ိပ္ဆက္ထားတဲ့ စတီးႀကိဳးျပတ္က်ၿပီး သူတို႔ႏွစ္ဦးစလုံး အလံနဲ႔လုံးေထြးကာ ေဝဟင္ေပၚကေန ေျမင္ျပင္ေပၚ ျပဳတ္က်သြားခဲ့ပါတယ္။

 

ျဖစ္စဥ္ေၾကာင့္ ၿမိဳ႕ေတာ္ေလဆိပ္ကို ခ်က္ျခင္းပိတ္လိုက္ၿပီး အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးက ထုတ္ျပန္ေၾကညာခဲ့သည္။ ေသဆုံးခဲ့သည့္ေလသူရဲႏွစ္ဦးမွာ ကြန္မန္ဒို Jesus Mosquera နဲ႔ Sebastian Gamboa Ricaurte တို႔ျဖစ္ေၾကာင္း ေလတပ္မေတာ္မွ ထုတ္ျပန္ေၾကညာခဲ့သည္။

ျဖစ္စဥ္အတြက္ မ်ားစြာေနာင္တရၿပီး မိသားစုနဲ႔အတူ ထပ္တူပူေဆြးရပါေၾကာင္း ေလတပ္မွ ေျပာေရးဆိုခြင့္ရွိသူက မိသားစုမ်ားအား ဝမ္းနည္းေၾကာင္းသဝဏ္လႊာေပးပို႔ခဲ့ၿပီး ျဖစ္စဥ္ေနာက္ကြယ္က အမွန္တရားေပၚေပါက္ေအာင္ စုံစမ္းစစေဆးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။

ယခုအျဖစ္ပ်က္ေၾကာင့္ ေလေၾကာင္းသ႐ုပ္ျပမႈအားလုံးတို႔တြင္ လူကိုယ္တိုင္လိုက္ပါျခင္းတို႔အား တားျမစ္လိုက္ၿပီျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီး Guillermo Botero က ခ်က္ျခင္းထုတ္ျပန္ေၾကညာလိုက္သည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အလံလွှင့် လေသူရဲနှစ်ဦး ဟယ်လီကော်ပတာပေါ်မှ ပြုတ်ကျကာသေဆုံး

ကိုလံဘီယာနိုင်ငံ အလံတော်ကို ဟယ်လီကော်ပတာတွင် စတီးကြိုးနဲ့ချိပ်ဆက်ကာ ဝေဟင်ပေါ်မှ အလံလွှင့်ပျံသန်းရာတွင် လေသူရဲနှစ်ဦးက အလံတော်နဲ့အတူချိပ်ဆက်လိုက်ပါခဲ့ပြီးနောက် စတီးကြိုးပြတ်ကျပြီး သေဆုံးခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ မတော်တဆမှုတစ်ခု သြဂုတ်လ ၁၁ ရက် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံတွင် နှစ်စဉ်ပြုလုပ်နေကျ ပန်းပြပွဲကြီးရဲ့ ပိတ်ပွဲအခမ်းအနားအဖြစ် ဝေဟင်ပေါ်ကနေ နိုင်ငံတော်အလံကို မြို့အနှံဝဲပျံလွှင့်ထူစဉ် မမျှော်လင့်ပဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လေသူရဲနှစ်ဦးဟာ နိုင်ငံတော်အလံနဲ့အတူ အထက်တစ်ယောက် အောက်တစ်ယောက် တွဲလွဲခိုလိုက်ပါလျှက် လက်ဝှေ့ယမ်းနှုတ်ဆက် သရုပ်ပြသနေစဉ် ဟယ်လီကော်ပတာနဲ့ အလံတော်ကို ချိပ်ဆက်ထားတဲ့ စတီးကြိုးပြတ်ကျပြီး သူတို့နှစ်ဦးစလုံး အလံနဲ့လုံးထွေးကာ ဝေဟင်ပေါ်ကနေ မြေင်ပြင်ပေါ် ပြုတ်ကျသွားခဲ့ပါတယ်။

ဖြစ်စဉ်ကြောင့် မြို့တော်လေဆိပ်ကို ချက်ခြင်းပိတ်လိုက်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့သည်။ သေဆုံးခဲ့သည့်လေသူရဲနှစ်ဦးမှာ ကွန်မန်ဒို Jesus Mosquera နဲ့ Sebastian Gamboa Ricaurte တို့ဖြစ်ကြောင်း လေတပ်မတော်မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဖြစ်စဉ်အတွက် များစွာနောင်တရပြီး မိသားစုနဲ့အတူ ထပ်တူပူဆွေးရပါကြောင်း လေတပ်မှ ပြောရေးဆိုခွင့်ရှိသူက မိသားစုများအား ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပြီး ဖြစ်စဉ်နောက်ကွယ်က အမှန်တရားပေါ်ပေါက်အောင် စုံစမ်းစစဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအဖြစ်ပျက်ကြောင့် လေကြောင်းသရုပ်ပြမှုအားလုံးတို့တွင် လူကိုယ်တိုင်လိုက်ပါခြင်းတို့အား တားမြစ်လိုက်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Guillermo Botero က ချက်ခြင်းထုတ်ပြန်ကြေညာလိုက်သည်။

Credit : popolay

LEAVE A REPLY