Zawgyi ျဖင့္ဖတ္ရန္

 

ိမိုးေလးတဖြဲဖြဲက်ေနတဲ့မနက္ အာ႐ုံတက္မွာ ဂုတ္တြင္းပတ္ပတ္လည္တြင္ ေျမာက္ပိုင္းမဟာမိတ္ 3ဖြဲ႕ႏွင့္ တပ္မေတာ္တို႔ အျပန္အလွန္ ပစ္ခက္ တိုက္ခိုက္ေန၍ ခရီးသည္မ်ားႏွင့္ ကုန္တင္ယာဥ္ႀကီးမ်ား သြားလာ၍မရျဖစ္ေနသည္။

ခရီးသည္မ်ားႏွင့္ ကုန္တင္ယာဥ္ကားဆရာမ်ားဒုကၡေရာက္ေနခ်ိန္ မိုးျမင့္သာထမင္းဆိုင္သည္သာ ကားဆရာမ်ားႏွင့္ ခရီးသည္တို႔အတြက္ အားထားမွီခိုရာ ေနရာတခုျဖစ္ခဲ့သည္။ အိမ္သာႏွင့္ေရခ်ိဳးစရာတို႔မွာ အဆင္ေျပလွပါသည္။ သို႔အတြက္ေၾကာင့္လဲ ေက်းဇူးတင္မိပါသည္။

သို႔ေသာ္လည္း မိုးျမင့္သာထမင္းဆိုင္အတြင္းႏွင့္ အနီးဝန္းက်င္တြင္ ရပ္ထားေသာ ကားမ်ားသည္ အဆင္းကားမ်ားသာျဖစ္သည္။ အဆင္းကား ေတာ္ေတာ္မ်ားမ်ားသည္ အဆင္းစရိတ္သာ က်န္ေသာကားက မ်ားပါသည္။ အခ်ိဳ႕ေသာ ကားဆရာမ်ားသည္ အဆင္းစရိတ္ပင္မေလာက္ေသာေၾကာင့္ ပိုက္ဆံေခြၽတာေသာအားျဖင့္ မနက္စာ သို႔မဟုတ္ ညေနစာကိုမစားဘဲ ေခြၽတာေနရသည္ကိုလဲ စာေရးသူကိုယ္တိုင္ျမင္ေတြ႕ေနရပါသည္။

စာေရးသူကိုယ္တိုင္ပင္ စရိတ္ေခြၽတာတဲ့အေနျဖင့္ ညစာမစားျဖစ္သည္မွာ ႏွစ္ရက္ရွိခဲ့ေလၿပီ။ တိုက္ပြဲ၏အေျခအေနမွာ ခန႔္မွန္း၍မလြယ္ေပ။ ခုမပစ္ေတာ့ေပမယ့္ ေတာ္ၾကာထပစ္တတ္သည္။ ဂုတ္တြင္းတံတားကို လက္နက္ႀကီး ထိမွန္ ဗုံးခြဲခံလိုက္ရ၍ တံတားက်ိဳးပ်က္ေသာေၾကာင့္ ခရီးမွာ ပို၍ပင္ ရက္ရွည္လာေတာ့သည္။

ထိုကဲ့သို႔ ဒုကၡဆင္းရဲေရာက္ေနခ်ိန္ ကုသိုလ္ရွင္မ်ား၏ထမင္းထုတ္ လာေဝမလားလို႔ ေမွ်ာ္လင့္ေနေသာ ကားဆရာမ်ားပင္ ရွိပါသည္။စရိတ္ကျပတ္ ခရီးက ၾကန႔္ၾကာ ရက္ေတြကရွည္လာေတာ့ ကားဆရာမ်ား အေတာ္ပင္ဒုကၡေတြ႕ရသည္။ ထိုအထဲတြင္ စားစရိတ္သည္ အဆတာ္ပင္ေဈးႀကီးလွပါသည္။ မိုးျမင့္သာထမင္းဆိုင္တြင္မနက္စာ ထမင္းဆီဆမ္းႏွင့္ၾကက္ဥေၾကာ္တစ္ပြဲလွ်င္3000က်ပ္ေပးစားရသည္။

ေန႔လည္စာႏွင့္ ညစာတို႔အတြက္ဆိုလွ်င္ စဥ္းစားသာၾကည့္ပါေတာ့။လူတစ္ေယာက္၏တစ္ေန႔ လုပ္အားခသည္ 5000/6000ခန႔္သာရေသာျမန္မာႏိုင္ငံမွာ ထမင္းတစ္ႏွပ္စားလွ်င္ 3000/4000ေပးစားေနရသည္မွာ မျဖစ္သင့္ေပ။ မိုးျမင့္သာထမင္းဆိုင္အေနျဖင့္ ထိုက္သင့္ေသာေဈးႏႈန္းေလး ျပဳျပင္ေပးေစခ်င္ပါသည္။

Credit – maharmedianews

 

Unicode ဖြင့်ဖတ်ရန်

ဂုတ်တွင်းမှာ ပိတ်မိနေလို့ စားရိတ်ပြတ်လုမတတ် ဖြစ်နေတဲ့ ကားသမားတွေအပေါ် ရိုက်ချက်ပြင်းလှတဲ့ ထမင်းဆိုင်

ိမိုးလေးတဖွဲဖွဲကျနေတဲ့မနက် အာရုံတက်မှာ ဂုတ်တွင်းပတ်ပတ်လည်တွင် မြောက်ပိုင်းမဟာမိတ် 3ဖွဲ့နှင့် တပ်မတော်တို့ အပြန်အလှန် ပစ်ခက် တိုက်ခိုက်နေ၍ ခရီးသည်များနှင့် ကုန်တင်ယာဉ်ကြီးများ သွားလာ၍မရဖြစ်နေသည်။

ခရီးသည်များနှင့် ကုန်တင်ယာဉ်ကားဆရာများဒုက္ခရောက်နေချိန် မိုးမြင့်သာထမင်းဆိုင်သည်သာ ကားဆရာများနှင့် ခရီးသည်တို့အတွက် အားထားမှီခိုရာ နေရာတခုဖြစ်ခဲ့သည်။ အိမ်သာနှင့်ရေချိုးစရာတို့မှာ အဆင်ပြေလှပါသည်။ သို့အတွက်ကြောင့်လဲ ကျေးဇူးတင်မိပါသည်။

သို့သော်လည်း မိုးမြင့်သာထမင်းဆိုင်အတွင်းနှင့် အနီးဝန်းကျင်တွင် ရပ်ထားသော ကားများသည် အဆင်းကားများသာဖြစ်သည်။ အဆင်းကား တော်တော်များများသည် အဆင်းစရိတ်သာ ကျန်သောကားက များပါသည်။ အချို့သော ကားဆရာများသည် အဆင်းစရိတ်ပင်မလောက်သောကြောင့် ပိုက်ဆံချွေတာသောအားဖြင့် မနက်စာ သို့မဟုတ် ညနေစာကိုမစားဘဲ ချွေတာနေရသည်ကိုလဲ စာရေးသူကိုယ်တိုင်မြင်တွေ့နေရပါသည်။

စာရေးသူကိုယ်တိုင်ပင် စရိတ်ချွေတာတဲ့အနေဖြင့် ညစာမစားဖြစ်သည်မှာ နှစ်ရက်ရှိခဲ့လေပြီ။ တိုက်ပွဲ၏အခြေအနေမှာ ခန့်မှန်း၍မလွယ်ပေ။ ခုမပစ်တော့ပေမယ့် တော်ကြာထပစ်တတ်သည်။ ဂုတ်တွင်းတံတားကို လက်နက်ကြီး ထိမှန် ဗုံးခွဲခံလိုက်ရ၍ တံတားကျိုးပျက်သောကြောင့် ခရီးမှာ ပို၍ပင် ရက်ရှည်လာတော့သည်။

ထိုကဲ့သို့ ဒုက္ခဆင်းရဲရောက်နေချိန် ကုသိုလ်ရှင်များ၏ထမင်းထုတ် လာဝေမလားလို့ မျှော်လင့်နေသော ကားဆရာများပင် ရှိပါသည်။စရိတ်ကပြတ် ခရီးက ကြန့်ကြာ ရက်တွေကရှည်လာတော့ ကားဆရာများ အတော်ပင်ဒုက္ခတွေ့ရသည်။ ထိုအထဲတွင် စားစရိတ်သည် အဆတာ်ပင်ဈေးကြီးလှပါသည်။ မိုးမြင့်သာထမင်းဆိုင်တွင်မနက်စာ ထမင်းဆီဆမ်းနှင့်ကြက်ဥကြော်တစ်ပွဲလျှင်3000ကျပ်ပေးစားရသည်။

နေ့လည်စာနှင့် ညစာတို့အတွက်ဆိုလျှင် စဉ်းစားသာကြည့်ပါတော့။လူတစ်ယောက်၏တစ်နေ့ လုပ်အားခသည် 5000/6000ခန့်သာရသောမြန်မာနိုင်ငံမှာ ထမင်းတစ်နှပ်စားလျှင် 3000/4000ပေးစားနေရသည်မှာ မဖြစ်သင့်ပေ။ မိုးမြင့်သာထမင်းဆိုင်အနေဖြင့် ထိုက်သင့်သောဈေးနှုန်းလေး ပြုပြင်ပေးစေချင်ပါသည်။

Credit – maharmedianews

LEAVE A REPLY