Zawgyi ျဖင့္ဖတ္ရန္

 

အသက္ ၂၇ ႏွစ္အ႐ြယ္ အပ်ိဳစင္ အမ်ိဳးသမီးေလးက အသက္ ၈၃ ႏွစ္အ႐ြယ္ ဖိုးဖိုးကို ျမင္ျမင္းခ်င္း ခ်စ္မိခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ ဖူးစာေရးနတ္ရဲ႕ အလိုက် ေပါင္းဖက္ခဲ့ၾကပါတယ္။ အခု ၾသဂုတ္လထဲမွာ ျပဳလုပ္ခဲ့တဲ့ အင္ဒိုနီးရွားႏိုင္ငံက မဂၤလာပြဲေလးက အခ်စ္ဆိုတာ အသက္အ႐ြယ္နဲ႔ (လုံးဝ)မသက္ဆိုင္ဘူး ဆိုတာကို အေကာင္းဆုံး သက္ေသျပသြားခဲ့ျပန္ပါတယ္။

အသက္ ၅၆ ႏွစ္ကြာျခားတဲ့ မဂၤလာစုံတြဲရဲ႕ သတင္းက ခ်က္ျခင္းဆိုသလို အြန္လိုင္းေပၚ အႀကီးက်ယ္ပ်ံ႕ႏွံ႔ခဲ့ၿပီး အခ်စ္ဆိုတာ ဂ်ိဳနဲ႔လားလို႔ ေမးတတ္တဲ့ FA ေတြက မိန္းကေလးက ျပဳစားခံလိုက္ရတာျဖစ္ႏိုင္တယ္လို႔ ေဝဖန္ေဒါပြ ေျပာဆိုေနၾကပါတယ္။

 

အမ်ိဳးသားႀကီး Sudirgo ဟာ သူ႔ေဒသမွာေတာ့ နာမည္အလြန္ႀကီးတဲ့ နတ္ဆရာႀကီးျဖစ္ပါတယ္။ လူေတြကို သူတတ္တဲ့ ပညာနဲ႔ ကူညီေလ့ရွိတာေၾကာင့္ လူေတြကလည္း တစ္ခုခုအခက္ခဲႀကဳံတာနဲ႔ သူ႔ဆီကို အားကိုးတႀကီး ေရာက္လာတတ္ၾကပါတယ္။
တစ္ရက္မွာေတာ့ သတို႔သမီးေလးျဖစ္လာမယ့္ Nuraeni ရဲ႕ မိဘေတြဟာ ဆရာႀကီးဆီ ေရာက္လာၿပီး အကူညီေတာင္းခံ တြက္ခ်က္ပါတယ္၊ Nuraeni လည္း သူတို႔နဲ႔အတူ တစ္ပါတည္း ပါလာခဲ့ပါတယ္။

အဲဒီမွာတင္ Nuraeni က နတ္ဆရာႀကီး Sudirgo ကို ျမင္ျမင္ခ်င္း ခ်စ္မိသြားတယ္လို႔ ဆိုပါတယ္။ အဲဒါနဲ႔ ဆရာႀကီးထံကို မၾကာခဏလာရင္းနဲ႔ နတ္ဆရာႀကီးရဲ႕ ႏွလုံးသားေတြ အရည္ေပ်ာ္ၿပီး သူတို႔ႏွစ္ဦး ၂၀၁၉ ခုႏွစ္ ဇူလိုင္လထဲမွာ ခ်စ္သူေတြ ျဖစ္သြားခဲ့ပါတယ္၊ ဒါေပမယ့္ အသက္အ႐ြယ္ ကြာျခားလြန္းတာေၾကာင့္ လက္ထပ္ေပါင္းသင္းဖို႔ထိေတာ့ နတ္ဆရာႀကီးက မစြန႔္စားရဲခဲ့ပါဘူး။ (အံမယ္.. သူကမ်ား..)

အခ်စ္မွာ အသက္အ႐ြယ္ေတြ အတားအဆီးေတြ မရွိဘူးလို႔ ခံယူထားတဲ့ Nuraeni ရဲ႕ တရားေတြကို ဆရာႀကီး ျပန္နာၾကားခဲ့ရၿပီး ေနာက္ဆုံးမွာ ႏွစ္ဦးသေဘာတူ လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ႏွစ္ဘက္အသိုင္းအဝိုင္းနဲ႔ နတ္ဆရာႀကီးရဲ႕ သားသမီးေတြက Nuraeni ကို နစ္နာမွာစိုးရိမ္ၿပီး စဥ္းစားပါဦးလို႔ နားခ်ခဲ့ပါတယ္။
ဒီအခါမွာ Nuraeni က နတ္ဆရာႀကီးကလြဲလို႔ သူ႔ဘဝမွာ ဘယ္သူ႔ကိုမွ လက္မထပ္ဖူးလို႔ ရွင္းရွင္းလင္းလင္းေျပာလိုက္တဲ့အတြက္ မဂၤလာပြဲကို သေဘာတူေပးလိုက္ၾကရပါတယ္။

 

မဂၤလာပြဲကို သူတို႔ရဲ႕ ေဒသျဖစ္တဲ့ Desa Jatilaba မွာ ၾသဂုတ္လ ၁၈ ရက္ေန႔က ႐ိုးရာဓေလ့ထုံစံအတိုင္း ႏွစ္ဖက္ ေဆြမ်ိဳးမ်ား၊ ေဒသခံမ်ား သက္ေသထားကာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အသက် ၅၆ နှစ်ကွာပေမယ့် သမီးက ဖိုးဖိုးကို မြင်မြင်ချင်း ချစ်မိခဲ့တာပါ

အသက် ၂၇ နှစ်အရွယ် အပျိုစင် အမျိုးသမီးလေးက အသက် ၈၃ နှစ်အရွယ် ဖိုးဖိုးကို မြင်မြင်းချင်း ချစ်မိခဲ့တာကြောင့် နောက်ဆုံးမှာ ဖူးစာရေးနတ်ရဲ့ အလိုကျ ပေါင်းဖက်ခဲ့ကြပါတယ်။ အခု သြဂုတ်လထဲမှာ ပြုလုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက မင်္ဂလာပွဲလေးက အချစ်ဆိုတာ အသက်အရွယ်နဲ့ (လုံးဝ)မသက်ဆိုင်ဘူး ဆိုတာကို အကောင်းဆုံး သက်သေပြသွားခဲ့ပြန်ပါတယ်။

အသက် ၅၆ နှစ်ကွာခြားတဲ့ မင်္ဂလာစုံတွဲရဲ့ သတင်းက ချက်ခြင်းဆိုသလို အွန်လိုင်းပေါ် အကြီးကျယ်ပျံ့နှံ့ခဲ့ပြီး အချစ်ဆိုတာ ဂျိုနဲ့လားလို့ မေးတတ်တဲ့ FA တွေက မိန်းကလေးက ပြုစားခံလိုက်ရတာဖြစ်နိုင်တယ်လို့ ဝေဖန်ဒေါပွ ပြောဆိုနေကြပါတယ်။

အမျိုးသားကြီး Sudirgo ဟာ သူ့ဒေသမှာတော့ နာမည်အလွန်ကြီးတဲ့ နတ်ဆရာကြီးဖြစ်ပါတယ်။ လူတွေကို သူတတ်တဲ့ ပညာနဲ့ ကူညီလေ့ရှိတာကြောင့် လူတွေကလည်း တစ်ခုခုအခက်ခဲကြုံတာနဲ့ သူ့ဆီကို အားကိုးတကြီး ရောက်လာတတ်ကြပါတယ်။
တစ်ရက်မှာတော့ သတို့သမီးလေးဖြစ်လာမယ့် Nuraeni ရဲ့ မိဘတွေဟာ ဆရာကြီးဆီ ရောက်လာပြီး အကူညီတောင်းခံ တွက်ချက်ပါတယ်၊ Nuraeni လည်း သူတို့နဲ့အတူ တစ်ပါတည်း ပါလာခဲ့ပါတယ်။

အဲဒီမှာတင် Nuraeni က နတ်ဆရာကြီး Sudirgo ကို မြင်မြင်ချင်း ချစ်မိသွားတယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ ဆရာကြီးထံကို မကြာခဏလာရင်းနဲ့ နတ်ဆရာကြီးရဲ့ နှလုံးသားတွေ အရည်ပျော်ပြီး သူတို့နှစ်ဦး ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာ ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်၊ ဒါပေမယ့် အသက်အရွယ် ကွာခြားလွန်းတာကြောင့် လက်ထပ်ပေါင်းသင်းဖို့ထိတော့ နတ်ဆရာကြီးက မစွန့်စားရဲခဲ့ပါဘူး။ (အံမယ်.. သူကများ..)

အချစ်မှာ အသက်အရွယ်တွေ အတားအဆီးတွေ မရှိဘူးလို့ ခံယူထားတဲ့ Nuraeni ရဲ့ တရားတွေကို ဆရာကြီး ပြန်နာကြားခဲ့ရပြီး နောက်ဆုံးမှာ နှစ်ဦးသဘောတူ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ နှစ်ဘက်အသိုင်းအဝိုင်းနဲ့ နတ်ဆရာကြီးရဲ့ သားသမီးတွေက Nuraeni ကို နစ်နာမှာစိုးရိမ်ပြီး စဉ်းစားပါဦးလို့ နားချခဲ့ပါတယ်။
ဒီအခါမှာ Nuraeni က နတ်ဆရာကြီးကလွဲလို့ သူ့ဘဝမှာ ဘယ်သူ့ကိုမှ လက်မထပ်ဖူးလို့ ရှင်းရှင်းလင်းလင်းပြောလိုက်တဲ့အတွက် မင်္ဂလာပွဲကို သဘောတူပေးလိုက်ကြရပါတယ်။

မင်္ဂလာပွဲကို သူတို့ရဲ့ ဒေသဖြစ်တဲ့ Desa Jatilaba မှာ သြဂုတ်လ ၁၈ ရက်နေ့က ရိုးရာဓလေ့ထုံစံအတိုင်း နှစ်ဖက် ဆွေမျိုးများ၊ ဒေသခံများ သက်သေထားကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Credit : popolay

LEAVE A REPLY