Zawgyi ဖြင့်ဖတ်ရန်

 












Unicode ဖြင့်ဖတ်ရန်

နှစ်စဉ်ကျောင်းမှာ ပထမဆုခဏခဏချိတ်လို့ မိဘဆရာတွေက အချစ်ပိုခဲ့ရတဲ့ သမီးလေး နှင်းရတီထွန်း

လက်ရှိ Novel ပုဂ္ဂလိကကျောင်းမှာ၇တန်းတက်နေပြီး ပြီးခဲ့တဲ့ စနေနေ့အထိသူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာကျောင်းတက်ဆော့ကစားနိုင်ခဲ့တဲ့ သမီးလေး

၁၈.၈.၂၀၁၉ တနင်္ဂနွေနေ့မနက် ၆ နာရီစပြီး ပျော်ရွှင်စရာကောင်းတဲ့သူ့ဘဝလေးထဲ ဂြိုလ်ဆိုးစဝင်ခဲ့တယ်လို့ဘဲဆို ပါ ရစေ တော့ဖြစ်စဉ်ကဒီလို သမီးလေးရဲ့ရင်သားမှာအကြိတ်လေးတွေ့လို့မန္တလေးမြို့ရဲ့ နာမည်ကြီးဆေးရုံတစ်ခုမှာ၁၁.၈.၂၀၁၉ နေ့မှာ သွားပြဖြစ်တယ်၁၂.၈.၂၀၁၉ နေ့ အသားစထုတ်ပြီးစစ်ဆေးခဲ့တယ် ကင်ဆာအကြိတ်မဟုတ်ပေမယ့်ရောဂါတစ်မျိုးလို့ ခေါင်းစဉ်တပ်ပြီး၁၈.၈.၂၀၁၉ မှာ ခွဲစိတ်ဖို့ ဒိတ်ပေးခဲ့တယ်

၁၇.၈.၂၀၁၉ စနေနေ့အထိကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ဆော့ကစားနိုင်ခဲ့တဲ့ ကလေးတစ်ယောက်ဟာ၁၈.၈.၂၀၁၉ တနင်္ဂနွေနေ့မနက် ၆ နာရီမှာ ခွဲခန်းစဝင်ခဲ့ပါတယ်၇နာရီခွဲလောက်မှာကလေးဆီက ခွဲထုတ်ခဲ့တဲ့အကြိတ်လေးကို မိဘတွေဆီယူလာပြီး ပြသကာ ကလေးအခြေအနေကောင်းပါတယ်လို့ ပြောပါတယ်

၉ နာရီလောက်ကျတော့ကလေးနှလုံးခုန်မြန်နေလို့ဆေးပေးထားရတယ်လို့လာပြောကာမစိုးရိမ်ကြဖို့ ထွက်လာပြောခဲ့ပြန်တယ်၁၀နာရီ လောက်ထိ ခွဲခန်းကထွက်မလားသေးတော့ မိဘတွေစိတ် စပြီး ပူခဲ့ပြီလေ

ခွဲခန်းထဲက ထွက်လာသမျှဆေးရုံးဝန်ထမ်းတွေကိုသမီးလေးအခြေအနေ မေးခဲ့ကြပေမယ့်လည်းဆရာဝန်ကြီး ထွက်လာမှပြောပါလိမ့်မယ်လို့ဘဲ ပြောကာအခြေနေမှန်ကို ဖွင့်မပြောခဲ့ကြဘူး

၁၁ နာရီလောက်ထိသမီးလေးက ထွက်မလာမေးမြန်းမရလဲ ဖြစ်နေလို့အဒေါ်လုပ်တဲ့သူက ခွဲခန်းထဲကိုဇွတ်တိုးဝင်သွားတော့ မှအခြေနေမှန်ကို သိခဲ့ရတဲ့အချိန်မှာတော့သမီးလေးဟာအင်္ကျီပြန်ဝတ်လို့မရလောက်အောင်တောင့်ခဲလို့ နေခဲ့ပါပြီ

အခြေနေမှန်ကိုလုံးဝအသိမပေးဘဲကြိတ်ရှင်းနေကြတာဘယ်လောက်တောင်ကြာသွားပြီလဲဆိုတာစဉ်းစားသာကြည့်ကြပါတော့ဗျာမိဘတွေမှာတော့အရူးမီးဝိုင်းပြီးလက်ရှိအခြေနေကို လက်ခံဖို့ဆိုတာစဉ်းစားလို့တောင် မရနိုင်လောက်တော့ဘူးခွဲခန်းထဲ အကောင်းအတိုင်းဝင်သွားခဲ့ပြီးသက်မဲ့ခန္ဓာကိုယ်နဲ့ အပြင်ကိုရောက်လာခဲ့တဲ့သူတို့သမီးလေးကို ဘယ်လိုစိတ်မျိုးနဲ့လက်ခံပေးနိုင်မလဲ

ဟုတ်ပြီတစ်စုံတစ်ခုတော့အကြောင်းတစ်ခုခုကြောင့် ဆုံးခဲ့ရပြီဆေးရုံဘက်က ဖြေရှင်းပုံဘက်လှည့်ကြည့်ရအောင်ဘာ့ကြောင့်ဆုံးသွားခဲ့လဲဆိုတာလက်ရှိ အချိန်ထိဖြေရှင်းထားချင်း မရှိသေးသလိုလူမှုရေးအရလည်းနာရေးအိမ်ကိုလာရောက် မေးမြန်းခြင်းလည်း မရှိသေးပါဘူးခွဲစိတ်ခန်းထုတ်လာတုန်းမိဘတွေကို လက်မှတ်ထိုးဖို့ပြောလို့ထူပူနေအချိန်မို့ ဘာရေးထားမှန်းမသိဘဲလက်မှတ်တော့ ထိုးလိုက်ရတယ်

( လက်ရှိအချိန်မှာ၁၉.၈.၂၀၁၉ ည ၁၀ နာရီအထိသမီးလေးဖခင်ဟာ ဘာကြောင့်ဆုံးပါးသွားရလဲဆိုတာ သိဖို့အရေးဆရာဝန်ကြီးကို စောင့်နေရတုန်းပါ.ဤသည်ကားစကားချပ် )ခွဲစိတ်နေတုန်းမှာဆုံးပါးသွားတဲ့အတွက်ခွဲစိတ်ခ မယူတာရယ် အိမ်ကို ဆေးရုံကားနဲ့အခမဲ့ လိုက်ပို့ပေးတာကလွဲပြီး လူမှုရေးအရ လာရောက်မေးမြန်းညှိ့နှိုင်းခြင်းလုံးဝ မရှိသေးပါ

မနက်ဖြန် ၂၀.၈.၂၀၁၉ မနက် ၁၀ နာရီဆိုသမီးလေးနာရေး ပို့ရတော့မယ် ဘာကြောင့်ဆုံးလို့ ဆုံးရမှန်းမသိတော့မိဘတွေ မှာ အပူမီးတွေဝိုင်းနေပြီဆေးရုံဘက်ကလဲ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိ လုံးဝမဖြစ်သင့်ဘူး ထင်ပါတယ်စဉ်းစားသာ ကြည့်ပေးကြပါတော့ဗျ

share from :burmese.asia

LEAVE A REPLY