Zawgyi ျဖင့္ဖတ္ရန္

ထန္းရည္မွ သၾကားထုတ္လုပ္မႈ စမ္းသပ္ေအာင္ျမင္ခဲ့ၿပီးစက္႐ုံတည္၍ စီးပြားျဖစ္ထုတ္လုပ္ ေရာင္းခ်ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း စမ္းသပ္ေအာင္ျမင္ခဲ့သူ ဦးေမာင္ေမာင္စိုး က ေျပာသည္။ ထန္းရည္မွ ထြက္ရွိေသာ Palm Sugar သည္ ဓာတုပစၥည္းမ်ား မပါဝင္သည့္ အရည္အေသြးျမင့္ သၾကားတစ္မ်ိဳးျဖစ္ၿပီး ႏိုင္ငံတကာေဈးကြက္သို႔ ဦးတည္တင္ပို႔ေရာင္းခ်ႏိုင္ရန္ ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သူက ႏိုင္ငံတကာေဈးကြက္ အရမ္းေကာင္းတယ္။ ကြၽန္ေတာ္တို႔က ႏိုင္ငံတကာပဲသြားမွာ။ ျပည္တြင္းမွာက်ေတာ့ အနည္းနဲ႔ အမ်ားေဈးႀကီးသြားမွာေပါ့” ဟု ဦးေမာင္ေမာင္စိုး က ေျပာသည္။ အဆိုပါ ထန္းသၾကား တစ္ကီလိုဂရမ္လွ်င္ အေမရိကန္ေဒၚလာ (၅) ေဒၚလာခန႔္ အနိမ့္ဆုံးရႏိုင္ၿပီး ဂ်ပန္ႏိုင္ငံသို႔တင္ပို႔ရန္ အၾကမ္းဖ်ဥ္း ေဆြးေႏြးၿပီးျဖစ္ေၾကာင္းလည္းဆိုသည္။

“ဆိုပါေတာ့ ထန္းရည္တစ္ျမဴေပါ့။အဲဒီ ထန္းရည္တစ္ျမဴကို ထန္းလ်က္ခ်က္ရင္ အစိတ္သား ထြက္မယ္။ သူတို႔က ကြၽန္ေတာ္တို႔ကို ထန္းရည္အခ်ိဳ တစ္ျမဴေပးလိုက္။

ကြၽန္ေတာ္တို႔က သူတို႔ကို ထန္းလ်က္ဖိုးေပးလိုက္မယ္။ ေပါက္ေဈးေပါ့။ ဒီေန႔ ၁၀၀၀ ေပါက္ရင္ ၁၀၀၀။ ၁၂၀၀ ေပါက္ရင္ ၁၂၀၀။ အဲဒီလိုေပးလိုက္ေတာ့ သူတို႔အတြက္က ကုန္က်စရိတ္ကဘာမွမရွိေတာ့ဘူး။ အဲဒီဟာက သူတို႔ အတြက္ ေတာ္ေတာ္ေကာင္းသြားမယ္” ဟု ဦးေမာင္ေမာင္စိုး က ေျပာသည္။ စီးပြားျဖစ္ထုတ္လုပ္မႈအတြက္ ပထမ အဆင့္အေနျဖင့္ဧရာဝတီတိုင္းေဒသႀကီး ျမန္ေအာင္ၿမိဳ႕နယ္တြင္ စက္႐ုံတည္ မည္ျဖစ္ကာ ဒုတိယအဆင့္အေနျဖင့္ မႏၲေလးတိုင္းေဒသႀကီး ပုဂံ ေညာင္ဦးၿမိဳ႕နယ္တြင္ စက္႐ုံတည္မည္ျဖစ္ေၾကာင္း သိရသည္။

ထန္းတက္ေတာင္သူေတြက ထန္းလ်က္ေဈးက ဘယ္လိုမွ မကိုက္ေတာ့ ထန္းမတက္ေတာ့ဘူး။ သၾကားထုတ္တာ လုပ္ႏိုင္ၿပီဆိုရင္ ထန္းရည္တန္ဖိုး ျမင့္လာမယ္ေလ။ ထန္းရည္တန္ဖိုး ျမင့္လာရင္ ထန္းတက္ေတာင္သူေတြ အဆင္ေျပလာႏိုင္မယ့္ အေနအထားရွိတယ္။ကရိကထ မမ်ားတာက ဘာလဲဆိုေတာ့ထန္းရည္ပဲ ေပးရမွာ။က်ိဳတာ ျပဳတာေတြ ဘာမွမလုပ္ရဘူးဆိုေတာ့ ေတာ္ေတာ္ အဆင္ေျပတဲ့ သေဘာျဖစ္တယ္” ဟု မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးခိုင္ က ေျပာသည္။

ပုဂံေညာင္ဦးေဒသတြင္ ထန္းရည္မွ သၾကားထုတ္လုပ္ရန္အတြက္ ေျမငွားရမ္းလုပ္ကိုင္ႏိုင္ရန္ ညႇိႏႈိင္းေဆာင္႐ြက္ေနေၾကာင္း ဦးေအးခိုင္ က ေျပာသည္။ ကေမာၻဒီးယားႏိုင္ငံတြင္လည္း ထန္းရည္မွ သၾကားထုတ္လုပ္မႈရွိၿပီး ထိုင္းႏိုင္ငံႏွင့္အင္ဒိုနီးရွား ႏိုင္ငံတို႔တြင္လည္း အုန္းရည္မွ သၾကားထုတ္လုပ္မႈရွိေၾကာင္း သိရသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

ထန်းရည်မှသကြားထုတ်လုပ်မှု စမ်းသပ်အောင်မြင်ပြီ

ထန်းရည်မှ သကြားထုတ်လုပ်မှု စမ်းသပ်အောင်မြင်ခဲ့ပြီးစက်ရုံတည်၍ စီးပွားဖြစ်ထုတ်လုပ် ရောင်းချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စမ်းသပ်အောင်မြင်ခဲ့သူ ဦးမောင်မောင်စိုး က ပြောသည်။ ထန်းရည်မှ ထွက်ရှိသော Palm Sugar သည် ဓာတုပစ္စည်းများ မပါဝင်သည့် အရည်အသွေးမြင့် သကြားတစ်မျိုးဖြစ်ပြီး နိုင်ငံတကာဈေးကွက်သို့ ဦးတည်တင်ပို့ရောင်းချနိုင်ရန် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သူက နိုင်ငံတကာဈေးကွက် အရမ်းကောင်းတယ်။ ကျွန်တော်တို့က နိုင်ငံတကာပဲသွားမှာ။ ပြည်တွင်းမှာကျတော့ အနည်းနဲ့ အများဈေးကြီးသွားမှာပေါ့” ဟု ဦးမောင်မောင်စိုး က ပြောသည်။ အဆိုပါ ထန်းသကြား တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ (၅) ဒေါ်လာခန့် အနိမ့်ဆုံးရနိုင်ပြီး ဂျပန်နိုင်ငံသို့တင်ပို့ရန် အကြမ်းဖျဉ်း ဆွေးနွေးပြီးဖြစ်ကြောင်းလည်းဆိုသည်။

“ဆိုပါတော့ ထန်းရည်တစ်မြူပေါ့။အဲဒီ ထန်းရည်တစ်မြူကို ထန်းလျက်ချက်ရင် အစိတ်သား ထွက်မယ်။ သူတို့က ကျွန်တော်တို့ကို ထန်းရည်အချို တစ်မြူပေးလိုက်။

ကျွန်တော်တို့က သူတို့ကို ထန်းလျက်ဖိုးပေးလိုက်မယ်။ ပေါက်ဈေးပေါ့။ ဒီနေ့ ၁၀၀၀ ပေါက်ရင် ၁၀၀၀။ ၁၂၀၀ ပေါက်ရင် ၁၂၀၀။ အဲဒီလိုပေးလိုက်တော့ သူတို့အတွက်က ကုန်ကျစရိတ်ကဘာမှမရှိတော့ဘူး။ အဲဒီဟာက သူတို့ အတွက် တော်တော်ကောင်းသွားမယ်” ဟု ဦးမောင်မောင်စိုး က ပြောသည်။ စီးပွားဖြစ်ထုတ်လုပ်မှုအတွက် ပထမ အဆင့်အနေဖြင့်ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် စက်ရုံတည် မည်ဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် မန္တလေးတိုင်းဒေသကြီး ပုဂံ ညောင်ဦးမြို့နယ်တွင် စက်ရုံတည်မည်ဖြစ်ကြောင်း သိရသည်။

ထန်းတက်တောင်သူတွေက ထန်းလျက်ဈေးက ဘယ်လိုမှ မကိုက်တော့ ထန်းမတက်တော့ဘူး။ သကြားထုတ်တာ လုပ်နိုင်ပြီဆိုရင် ထန်းရည်တန်ဖိုး မြင့်လာမယ်လေ။ ထန်းရည်တန်ဖိုး မြင့်လာရင် ထန်းတက်တောင်သူတွေ အဆင်ပြေလာနိုင်မယ့် အနေအထားရှိတယ်။ကရိကထ မများတာက ဘာလဲဆိုတော့ထန်းရည်ပဲ ပေးရမှာ။ကျိုတာ ပြုတာတွေ ဘာမှမလုပ်ရဘူးဆိုတော့ တော်တော် အဆင်ပြေတဲ့ သဘောဖြစ်တယ်” ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင် က ပြောသည်။

ပုဂံညောင်ဦးဒေသတွင် ထန်းရည်မှ သကြားထုတ်လုပ်ရန်အတွက် မြေငှားရမ်းလုပ်ကိုင်နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးအေးခိုင် က ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ထန်းရည်မှ သကြားထုတ်လုပ်မှုရှိပြီး ထိုင်းနိုင်ငံနှင့်အင်ဒိုနီးရှား နိုင်ငံတို့တွင်လည်း အုန်းရည်မှ သကြားထုတ်လုပ်မှုရှိကြောင်း သိရသည်။

share from : burmese.asia

LEAVE A REPLY