Zawgyi ျဖင့္ဖတ္ရန္

အရက္သမားဆိုတာ တရားရၿပီး အရက္ ျပတ္ခ်င္ ျပတ္သြားႏိုင္တမယ္၊ ေလာင္းကစားသမားကေတာ့ တစ္သက္လုံး သူ႔အက်င့္ကို ျပဳျပင္ဖို႔ မလြယ္ဘူးလို႔ ၾကားဖူးပါတယ္။ အရက္သမားက အရက္မူးရင္ ေမွာက္အိပ္သြားၿပီး ဇာတ္လမ္းဆုံးေပမယ့္ ေလာင္းကစားသမားကေတာ့ သူ႔စိတ္ကို သူမထိန္းႏိုင္သမွ် ရွိသမွ်အကုန္ေျပာင္တဲ့အျပင္ အနီးဆုံးက မိသားစုဝင္ေတြကိုပါ ဒုကၡေကာင္းေကာင္းေပးတတ္ပါတယ္။

အိႏၵိယႏိုင္ငံက အရက္ေရာ ေလာင္းကစားပါ စြဲလန္းေနတဲ့ အမ်ိဳးသားတစ္ဦးက ဖဲဝိုင္းမွာ အကုန္ရႈံးၿပီး ဖဲ႐ိုက္စရာ ပိုက္ဆံမရွိေတာ့လို႔ အိမ္ကမိန္းမကို ေလာင္းေၾကးထားၿပီး ဖဲ႐ိုက္ရာမွ အုပ္စုဖြဲ႕ မုဒိန္းက်င့္ခံရတဲ့ထိ ျဖစ္သြားခဲ့ပါတယ္။

India Today သတင္းစာရဲ႕ သတင္းမွာေတာ့ အတၳာပရာဒက္ရွ္စီရင္စုမွာရွိတဲ့ အမ်ိဳးသား(နာမည္မေဖာ္ျပ)ဟာ သူ႔ရဲ႕သူငယ္ခ်င္း Arun ၊ ေဆြမ်ိဳးေတာ္တဲ့ Anil ဆိုသူတို႔နဲ႔ မၾကာခဏ သူ႔အိမ္မွာ ခ်ိန္းၿပီး ဖဲ႐ိုက္ေလ့ရွိပါတယ္။
တစ္ရက္မွာေတာ့ ပိုကာ႐ိုက္ရင္း ပိုက္ဆံေတြအားလုံးရႈံးသြားတဲ့အတြက္ ဇနီးျဖစ္သူကို ေလာင္ေၾကးထားကာ ဖဲဆက္႐ိုက္ခဲ့ပါတယ္။ ဒီတစ္ခါလည္း ထပ္ရႈံးသြားတဲ့အတြက္ ကတိအတိုင္း ဇနီးသည္ကို သူတို႔လက္ထဲ ထိုးအပ္လိုက္ရာကေန အုပ္စုဖြဲ႕ အဓၶမျပဳက်င့္မႈျဖစ္ခဲ့ပါတယ္။

အမ်ိဳးသမီးဟာ အဓၶမျပဳက်င့္ခံခဲ့ရၿပီးေနာက္ သူ႔ဦးေလးရဲ႕ အိမ္ကို ထြက္ေျပးသြားခဲ့ပါတယ္။ သိပ္မၾကာခင္မွာေယာက်္ားျဖစ္သူ ေနာက္ကလိုက္လာၿပီး သူ႔အမွားအတြက္ ဝန္ခ်ေတာင္းပန္ေၾကာင္း ေျဖာင္းဖ်ေျပာဆိုခဲ့သျဖင့္ ခြင့္လႊတ္ေၾကေအးၿပီး အိမ္ျပန္လိုက္ခဲ့ပါတယ္။

ဒါေပမယ့္ အိမ္ျပန္ရာလမ္းတစ္ေနရာမွာ ေယာက်္ားက ဇနီးျဖစ္သူကို အေပါင္းအသင္းေတြ လက္ထဲထပ္ၿပီး ထိုးထည့္ခဲ့တာေၾကာင့္ ဒုတိယအႀကိမ္ အုပ္စုဖြဲ႕မုဒိန္းက်င့္ခံခဲ့ရျပန္ပါတယ္။ ဒီတစ္ခါေတာ့ လုံးဝသီးမခံႏိုင္ေတာ့တဲ့အဆုံး ရဲစခန္းကို သြားကာ အမႈဖြင့္ တိုင္ၾကားခဲ့ပါတယ္။ ဒါေပမယ့္ ရဲစခန္းက သူမကို အမႈဖြင့္မေပးႏိုင္ဘူးလို႔ ေျပာလိုက္တဲ့အတြက္ ေနာက္ဆုံးမွာ ခ႐ိုင္တရာ႐ုံးကို ကိုယ္တိုင္သြားေရာက္ တိုင္ၾကားခဲ့ပါတယ္။

ဒီအခါမွ တရား႐ုံးက ရဲစခန္းကို အမိန႔္ေပးၿပီး အမႈဖြင့္ရန္အမိန႔္ေပးၿပီး အေရးႀကီးတဲ့အမႈအျဖစ္ လက္ခံခဲ့ေၾကာင္း India Today သတင္းမွာ ေဖာ္ျပထားသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မိန်းမကို ဖဲပေါင်ရိုက်ရာမှ အဓ္ဓမမှုဖြစ်ပြီး ရဲစခန်းက အရေးမယူ

အရက်သမားဆိုတာ တရားရပြီး အရက် ပြတ်ချင် ပြတ်သွားနိုင်တမယ်၊ လောင်းကစားသမားကတော့ တစ်သက်လုံး သူ့အကျင့်ကို ပြုပြင်ဖို့ မလွယ်ဘူးလို့ ကြားဖူးပါတယ်။ အရက်သမားက အရက်မူးရင် မှောက်အိပ်သွားပြီး ဇာတ်လမ်းဆုံးပေမယ့် လောင်းကစားသမားကတော့ သူ့စိတ်ကို သူမထိန်းနိုင်သမျှ ရှိသမျှအကုန်ပြောင်တဲ့အပြင် အနီးဆုံးက မိသားစုဝင်တွေကိုပါ ဒုက္ခကောင်းကောင်းပေးတတ်ပါတယ်။

အိန္ဒိယနိုင်ငံက အရက်ရော လောင်းကစားပါ စွဲလန်းနေတဲ့ အမျိုးသားတစ်ဦးက ဖဲဝိုင်းမှာ အကုန်ရှုံးပြီး ဖဲရိုက်စရာ ပိုက်ဆံမရှိတော့လို့ အိမ်ကမိန်းမကို လောင်းကြေးထားပြီး ဖဲရိုက်ရာမှ အုပ်စုဖွဲ့ မုဒိန်းကျင့်ခံရတဲ့ထိ ဖြစ်သွားခဲ့ပါတယ်။

India Today သတင်းစာရဲ့ သတင်းမှာတော့ အတ္ထာပရာဒက်ရှ်စီရင်စုမှာရှိတဲ့ အမျိုးသား(နာမည်မဖော်ပြ)ဟာ သူ့ရဲ့သူငယ်ချင်း Arun ၊ ဆွေမျိုးတော်တဲ့ Anil ဆိုသူတို့နဲ့ မကြာခဏ သူ့အိမ်မှာ ချိန်းပြီး ဖဲရိုက်လေ့ရှိပါတယ်။
တစ်ရက်မှာတော့ ပိုကာရိုက်ရင်း ပိုက်ဆံတွေအားလုံးရှုံးသွားတဲ့အတွက် ဇနီးဖြစ်သူကို လောင်ကြေးထားကာ ဖဲဆက်ရိုက်ခဲ့ပါတယ်။ ဒီတစ်ခါလည်း ထပ်ရှုံးသွားတဲ့အတွက် ကတိအတိုင်း ဇနီးသည်ကို သူတို့လက်ထဲ ထိုးအပ်လိုက်ရာကနေ အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်မှုဖြစ်ခဲ့ပါတယ်။

အမျိုးသမီးဟာ အဓ္ဓမပြုကျင့်ခံခဲ့ရပြီးနောက် သူ့ဦးလေးရဲ့ အိမ်ကို ထွက်ပြေးသွားခဲ့ပါတယ်။ သိပ်မကြာခင်မှာယောကျ်ားဖြစ်သူ နောက်ကလိုက်လာပြီး သူ့အမှားအတွက် ဝန်ချတောင်းပန်ကြောင်း ဖြောင်းဖျပြောဆိုခဲ့သဖြင့် ခွင့်လွှတ်ကြေအေးပြီး အိမ်ပြန်လိုက်ခဲ့ပါတယ်။

ဒါပေမယ့် အိမ်ပြန်ရာလမ်းတစ်နေရာမှာ ယောကျ်ားက ဇနီးဖြစ်သူကို အပေါင်းအသင်းတွေ လက်ထဲထပ်ပြီး ထိုးထည့်ခဲ့တာကြောင့် ဒုတိယအကြိမ် အုပ်စုဖွဲ့မုဒိန်းကျင့်ခံခဲ့ရပြန်ပါတယ်။ ဒီတစ်ခါတော့ လုံးဝသီးမခံနိုင်တော့တဲ့အဆုံး ရဲစခန်းကို သွားကာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ရဲစခန်းက သူမကို အမှုဖွင့်မပေးနိုင်ဘူးလို့ ပြောလိုက်တဲ့အတွက် နောက်ဆုံးမှာ ခရိုင်တရာရုံးကို ကိုယ်တိုင်သွားရောက် တိုင်ကြားခဲ့ပါတယ်။

ဒီအခါမှ တရားရုံးက ရဲစခန်းကို အမိန့်ပေးပြီး အမှုဖွင့်ရန်အမိန့်ပေးပြီး အရေးကြီးတဲ့အမှုအဖြစ် လက်ခံခဲ့ကြောင်း India Today သတင်းမှာ ဖော်ပြထားသည်။

Credit : popolay

LEAVE A REPLY