Zawgyi ျဖင့္ဖတ္ရန္

အိုင္ဖုန္း၏လုံၿခဳံေရးစနစ္ကို အေဝး မွ လွမ္း hack ႏိုင္သူအား ေဒၚလာ တစ္သန္း ခ်ီးျမႇင့္မည္ဟု အက္ပဲလ္က ေၾကညာလိုက္သည္။ hack ႏိုင္သူကို ေဒၚလာ ၂၀၀၀၀၀ ခ်ီးျမႇင့္မည္ဟု ထို နည္းပညာကုမၸဏီႀကီးက ၂၀၁၆ ခုႏွစ္က တည္းက ေၾကညာခဲ့ၿပီး ဆုေၾကးကို ယခု မွ မ်ားစြာတိုးေပးလိုက္ျခင္းျဖစ္သည္။

အ စြမ္းထက္ဟက္ကာမ်ား အက္ပဲလ္ကုမၸဏီ ႏွင့္ အိုင္ဖုန္းသုံးစြဲသူမ်ားကို မေႏွာင့္ ယွက္ဘဲ ကုမၸဏီႏွင့္သာ ပူးေပါင္းလာေစ ရန္ ကုမၸဏီက ထိုသို႔မက္လုံးေပးထား ျခင္းျဖစ္သည္။ တိုးျမႇင့္လိုက္သည့္ဆု ေၾကးအသစ္ကို ယခုေဆာင္းဦးရာသီ တြင္မွ စတင္ခံစားႏိုင္မည္ျဖစ္ေၾကာင္း လက္ဗီးဂတ္စ္တြင္ လုပ္သြားသည့္ နည္း ပညာလုံၿခဳံေရးညီလာခံတြင္ အက္ပဲလ္ နည္းပညာလုံၿခဳံေရးအႀကီးအကဲက ေၾက ညာလိုက္သည္။

နည္းပညာလုံၿခဳံေရးခ်ိဳးေဖာက္ခံရမႈမ်ား အျဖစ္မ်ားလာသျဖင့္ လုံၿခဳံေရး ရရွိပိုင္ခြင့္သည္ လူ႔အခြင့္အ ေရးဟု အက္ပဲလ္ စီအီးအို တင္မ္ကြတ္ခ္ က ေျပာရသည္အထိျဖစ္လာသည္။ ပုဂၢိဳလ္ေရးရာအခ်က္အလက္မ်ား ခိုးယူ မခံရေစေရးကို မိမိတို႔က အထူးအေလး ထားေၾကာင္း၊ အိုင္ဖုန္းသုံးစြဲသူေပါင္း ႏွစ္ ဘီလ်ံဟက္ကာတို႔ေဘးမွ ကင္းေဝးေစ ေရးအတြက္ မိမိတို႔အေလးထားလုပ္ ေဆာင္ေနေၾကာင္း စီအီးအိုက ဆိုသည္။ ဂူဂဲလ္ကလည္း ခ႐ုမ္း browser ၏အ ျပစ္မ်ားကို ရွာေပးႏိုင္သူအား ေဒၚလာ ၃၀၀၀၀ ခ်ီးျမႇင့္မည္ဟု ဇူလိုင္လတြင္ ေၾကညာထားသည္။

Source_Pyi Myanmar

Unicode ဖြင့်ဖတ်ရန်

အိုင်ဖုန်းကို Hack နိုင်သူအား ဒေါ်လာ တစ်သန်းချီးမြှင့်မည်ဟု Apple ကုမ္မဏီ ကြေညာ

အိုင်ဖုန်း၏လုံခြုံရေးစနစ်ကို အဝေး မှ လှမ်း hack နိုင်သူအား ဒေါ်လာ တစ်သန်း ချီးမြှင့်မည်ဟု အက်ပဲလ်က ကြေညာလိုက်သည်။ hack နိုင်သူကို ဒေါ်လာ ၂၀၀၀၀၀ ချီးမြှင့်မည်ဟု ထို နည်းပညာကုမ္ပဏီကြီးက ၂၀၁၆ ခုနှစ်က တည်းက ကြေညာခဲ့ပြီး ဆုကြေးကို ယခု မှ များစွာတိုးပေးလိုက်ခြင်းဖြစ်သည်။

အ စွမ်းထက်ဟက်ကာများ အက်ပဲလ်ကုမ္ပဏီ နှင့် အိုင်ဖုန်းသုံးစွဲသူများကို မနှောင့် ယှက်ဘဲ ကုမ္ပဏီနှင့်သာ ပူးပေါင်းလာစေ ရန် ကုမ္ပဏီက ထိုသို့မက်လုံးပေးထား ခြင်းဖြစ်သည်။ တိုးမြှင့်လိုက်သည့်ဆု ကြေးအသစ်ကို ယခုဆောင်းဦးရာသီ တွင်မှ စတင်ခံစားနိုင်မည်ဖြစ်ကြောင်း လက်ဗီးဂတ်စ်တွင် လုပ်သွားသည့် နည်း ပညာလုံခြုံရေးညီလာခံတွင် အက်ပဲလ် နည်းပညာလုံခြုံရေးအကြီးအကဲက ကြေ ညာလိုက်သည်။

နည်းပညာလုံခြုံရေးချိုးဖောက်ခံရမှုများ အဖြစ်များလာသဖြင့် လုံခြုံရေး ရရှိပိုင်ခွင့်သည် လူ့အခွင့်အ ရေးဟု အက်ပဲလ် စီအီးအို တင်မ်ကွတ်ခ် က ပြောရသည်အထိဖြစ်လာသည်။ ပုဂ္ဂိုလ်ရေးရာအချက်အလက်များ ခိုးယူ မခံရစေရေးကို မိမိတို့က အထူးအလေး ထားကြောင်း၊ အိုင်ဖုန်းသုံးစွဲသူပေါင်း နှစ် ဘီလျံဟက်ကာတို့ဘေးမှ ကင်းဝေးစေ ရေးအတွက် မိမိတို့အလေးထားလုပ် ဆောင်နေကြောင်း စီအီးအိုက ဆိုသည်။ ဂူဂဲလ်ကလည်း ခရုမ်း browser ၏အ ပြစ်များကို ရှာပေးနိုင်သူအား ဒေါ်လာ ၃၀၀၀၀ ချီးမြှင့်မည်ဟု ဇူလိုင်လတွင် ကြေညာထားသည်။

Source_Pyi Myanmar

LEAVE A REPLY