Zawgyi ျဖင့္ဖတ္ရန္

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ေအာင္ပြဲရ ျမန္မာမသန္စြမ္းအသင္းႏွင့္ တာဝန္ရွိသူမ်ား စုေပါင္းမွတ္တမ္းတင္ခဲ့စဥ္။

အိႏၵိယႏိုင္ငံ ခ်န္ႏိုင္းၿမိဳ႕တြင္ က်င္းပခဲ့သည့္ အာရွႏိုင္ငံမ်ား Special Olympics International Football Championship ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ဉာဏ္ရည္မသန္စြမ္းသူမ်ား ေဘာလုံးအသင္းက ပထမဆုဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။

အုပ္စုသုံးခုခြဲ အဆိုပါၿပိဳင္ပြဲကို ၾသဂုတ္၂ရက္မွ ၈ရက္အထိ က်င္းပခဲ့ၿပီး အေရွ႕ေတာင္အာရွႏွင့္ အာရွမွၿပိဳင္ပြဲဝင္အသင္းမ်ားျဖစ္သည့္ ျမန္မာ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ေတာင္ကိုရီးယား၊ ၾသစေၾတးလ် ၊ အီဂ်စ္၊ ဘဂၤလားေဒ့ရွ္၊ ေမာ္လဒိုက္၊ အိန္ၵိယစသည့္ ႏိုင္ငံေပါင္း ၉ ႏိုင္ငံမွ အသင္းေပါင္း၁၀ သင္းျဖင့္ အုပ္စု သုံးခုခြဲကာ ယွဥ္ၿပိဳင္ခဲ့ၾကသည္။ အသင္းတစ္သင္းလွ်င္ ငါးေယာက္ထားကစားၿပီး ပထမပိုင္း၁၅မိနစ္ကစား ငါးမိနစ္နား ၊ ဒုတိယပိုင္း ၁၅မိနစ္ကစားပုံစံျဖင့္ ၿပိဳင္ပြဲအားက်င္းပခဲ့ၾကသည္။

ဆြတ္ခူး အုပ္စုပြဲစဥ္မ်ားယွဥ္ၿပိဳင္အၿပီးတြင္ အုပ္စု(က)၌ မေလးရွား အသင္းက ပထမ၊ ဘဂၤလားေဒ့ရွ္ အသင္းက ဒုတိယႏွင့္ ေတာင္ကိုရီးယားအသင္းက တတိယ၊ အုပ္စု(ခ)တြင္ အီဂ်စ္အသင္း က ပထမ၊ ၾသစေၾတးလ် အသင္းက ဒုတိယႏွင့္ ေမာ္လဒိုက္အသင္းက တတိယ၊ အုပ္စု(ဂ)တြင္ ျမန္မာအသင္းက ပထမ၊ အင္ဒိုနီးရွားအသင္း က ဒုတိယ ႏွင့္ အိန္ၵိယ (ခ)အသင္းက တတိယဆု ဆြတ္ခူးခဲ့ၾကသည္။

ႀကိဳဆိုခဲ့ ျမန္မာဉာဏ္ရည္မသန္စြမ္းသူမ်ား ေဘာလုံးအသင္းကို အဖြဲ႕ေခါင္းေဆာင္အျဖစ္ ျမန္မာႏိုင္ငံဉာဏ္ရည္မသန္စြမ္းသူမ်ားအဖြဲ႕ခ်ဳပ္ ဒုတိယ ဥကၠ႒ ဒုတိယဗိုလ္မႉးႀကီး သန္းေဇာ္(ၿငိမ္း) ၊ အုပ္ခ်ဳပ္၊ နည္းျပႏွစ္ဦး၊ ကစားသမားရွစ္ဦး စုစုေပါင္း ၁၁ ဦးတို႔ ပါဝင္ခဲ့သည္။

ေအာင္ပြဲရ ျမန္မာဉာဏ္ရည္မသန္စြမ္းသူမ်ားေဘာလုံးအသင္းသည္ ၾသဂုတ္ ၈ရက္ ညပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ျပန္လည္ေရာက္ရွိခဲ့ရာ Special Olympics ျမန္မာႏိုင္ငံ ဉာဏ္ရည္မသန္စြမ္းသူမ်ား အဖြဲ႕ခ်ဳပ္ဥကၠ႒ ေဒါက္တာ ျမင့္သိန္းႏွင့္အမႈေဆာင္မ်ား၊ ျမန္မာႏိုင္ငံဘိုးလင္းအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးမ်ိဳးေအာင္ႏွင့္ ဆုရအားကစားသမားမ်ား၏ မိဘေဆြမ်ိဳးမ်ားက ႀကိဳဆိုခဲ့ၾကသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

အိန္ဒိယ၌ကျင်းပသည့် မသန်စွမ်းဘောလုံးပြိုင်ပွဲ၌ မြန်မာ ပထမဆုဆွတ်ခူး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အောင်ပွဲရ မြန်မာမသန်စွမ်းအသင်းနှင့် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ခဲ့စဉ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် ကျင်းပခဲ့သည့် အာရှနိုင်ငံများ Special Olympics International Football Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဉာဏ်ရည်မသန်စွမ်းသူများ ဘောလုံးအသင်းက ပထမဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အုပ်စုသုံးခုခွဲ အဆိုပါပြိုင်ပွဲကို သြဂုတ်၂ရက်မှ ၈ရက်အထိ ကျင်းပခဲ့ပြီး အရှေ့တောင်အာရှနှင့် အာရှမှပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ သြစတြေးလျ ၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ အိန်္ဒိယစသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ အသင်းပေါင်း၁၀ သင်းဖြင့် အုပ်စု သုံးခုခွဲကာ ယှဉ်ပြိုင်ခဲ့ကြသည်။ အသင်းတစ်သင်းလျှင် ငါးယောက်ထားကစားပြီး ပထမပိုင်း၁၅မိနစ်ကစား ငါးမိနစ်နား ၊ ဒုတိယပိုင်း ၁၅မိနစ်ကစားပုံစံဖြင့် ပြိုင်ပွဲအားကျင်းပခဲ့ကြသည်။

ဆွတ်ခူး အုပ်စုပွဲစဉ်များယှဉ်ပြိုင်အပြီးတွင် အုပ်စု(က)၌ မလေးရှား အသင်းက ပထမ၊ ဘင်္ဂလားဒေ့ရှ် အသင်းက ဒုတိယနှင့် တောင်ကိုရီးယားအသင်းက တတိယ၊ အုပ်စု(ခ)တွင် အီဂျစ်အသင်း က ပထမ၊ သြစတြေးလျ အသင်းက ဒုတိယနှင့် မော်လဒိုက်အသင်းက တတိယ၊ အုပ်စု(ဂ)တွင် မြန်မာအသင်းက ပထမ၊ အင်ဒိုနီးရှားအသင်း က ဒုတိယ နှင့် အိန်္ဒိယ (ခ)အသင်းက တတိယဆု ဆွတ်ခူးခဲ့ကြသည်။

ကြိုဆိုခဲ့ မြန်မာဉာဏ်ရည်မသန်စွမ်းသူများ ဘောလုံးအသင်းကို အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်(ငြိမ်း) ၊ အုပ်ချုပ်၊ နည်းပြနှစ်ဦး၊ ကစားသမားရှစ်ဦး စုစုပေါင်း ၁၁ ဦးတို့ ပါဝင်ခဲ့သည်။

အောင်ပွဲရ မြန်မာဉာဏ်ရည်မသန်စွမ်းသူများဘောလုံးအသင်းသည် သြဂုတ် ၈ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ Special Olympics မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းနှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် ဆုရအားကစားသမားများ၏ မိဘဆွေမျိုးများက ကြိုဆိုခဲ့ကြသည်။

share from : burmese.asia

LEAVE A REPLY