Zawgyi ျဖင့္ဖတ္ရန္

ဆရာဝန္တင္ေမာင္ၾကည္၏ ေရးသားခ်က္ကို Ko Kyel Sin (ဗဟုသုတၾကယ္စင္ဂ႐ု)မွ စာ႐ိုက္တင္ပါသည္။

ဧရာဝတီျမစ္ကိုကား ေယဘုယ်အားျဖင့္ ယူနန္ျပည္၏ အေရးပါေသာ ထြက္ေပါက္လမ္းမႀကီးအျဖစ္ လက္ခံထားခဲ့ၾကၿပီး ျဖစ္သည္။ ထို႔ေၾကာင့္ ဤျမစ္အေၾကာင္း ပိုမိုသိရွိရန္ စူးစမ္းခဲ့ၾကသည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀ အခ်ိန္ကာလအထိ ဧရာဝတီျမစ္၏ အထက္ပိုင္းကို မည္သူမွ် မသိၾကေသးေပ။ အတိအက် ေျပာႏိုင္သည္ကား ဗန္းေမာ္ၿမိဳ႕ အထိသာ ဧရာဝတီျမစ္ကို သိရွိေသးသည္။ ဗန္းေမာ္ၿမိဳ႕ကို လြန္၍ ဧရာဝတီ အထက္ပိုင္းကို မည္သူမွ် မသိၾကေသးေပ။

သီေပါဘုရင္ ပါေတာ္မူၿပီး ၁၀ ႏွစ္အၾကာ ၁၈၉၅ ခု၊ ဇန္နဝါရီလတြင္ ျပင္သစ္ျပည္မွ မင္းသား ဟင္နရီ (Prince Henri d’Orleans) သည္ ဗီယက္နန္ျပည္ (ဟႏြိဳင္းၿမိဳ႕အနီး) ဟိုင္ဖုံဆိပ္ကမ္းမွ ကာလကတၱားသို႔ ေျခလ်င္ခရီးၾကမ္း သြားခဲ့ပါသည္။ ဒုကၡအမ်ိဳးမ်ိဳး၊ အခက္အခဲအမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္ၿပီး တစ္ႏွစ္အၾကာ၊ ၁၈၉၆ခု၊ ဇန္နဝါရီလတြင္ ကာလကတၱားသို႔ ေရာက္ရွိသြားပါသည္။

သူ၏ ရည္႐ြယ္ခ်က္မွာ ဧရာဝတီျမစ္၏ အစကို ရွာေဖြရန္ ျဖစ္ပါသည္။ သူ၏ ဝါသနာအရ ကမာၻက မသိေသးေသာ တိရစာၦန္မ်ား၊ ထူးဆန္းလွပသည့္ သစ္ပင္ပန္းမန္မ်ားကို ရွာေဖြမွတ္တမ္းတင္ရန္လည္း ရည္႐ြယ္ပါသည္။ သိပၸံပညာ စူးစမ္းေလ့လာရန္ သက္သက္ သြားေရာက္ျခင္း ျဖစ္ပါသည္။

မင္းသား ဟင္နရီ
ခရီးသြားေသာအခါ ျပင္သစ္ပိုင္ ဆစ္ပ္ေဆာင္ခ်ဴတိုင္ (ခ်ဴထိုင္ ၁၂ နယ္)၊ ျမန္မာပိုင္ခဲ့ဖူးသည့္ ဆစ္ပ္ေဆာင္ပႏၷား (လူး ၁၂ ပႏၷား)၊ ယူနန္နယ္ မဲေခါင္-သံလြင္တို႔ကို ျဖတ္သန္းၿပီး ျမန္မာျပည္ေျမာက္ဖ်ား လူသူေရာက္ေပါက္ရန္ ခဲယဥ္းသည့္ “ခမၼတီးနယ္” ကို ျဖတ္သြားပါသည္။ “ခမၼတီး” (Kampti) ဟူသည္ ခ်င္းတြင္းျမစ္ေပၚက “ခႏၲီး” နယ္ မဟုတ္ပါ။

မင္းသားႏွင့္ အဖြဲ႕ကို ခမၼတီးေစာ္ဘြား “လုံးခြန္” ႏွင့္ အမတ္ခ်ဳပ္ “ဦးေဟေထာင္” တို႔က ႀကိဳဆိုၾကပါသည္။ သူတို႔တည္းခိုရန္ သက္ကယ္မိုး ဇရပ္တစ္ေဆာင္လည္း ေပးထားပါသည္။

ခမၼတီးၿမိဳ႕နယ္ အေၾကာင္းကိုလည္း သူတို႔၏ မွတ္တမ္းမ်ားထဲ၌ သိသမွ် ေဖာ္ျပသြားပါသည္။ ခမၼတီးနယ္သို႔ ဧည့္သည္မ်ား အေရာက္အေပါက္ နည္းသည္။ ခရစ္ ၁၈၉၃ က “ဂေရး” ဆိုသည့္ အဂၤလိပ္ဗိုလ္မႉးတစ္ေယာက္ ေျမတိုင္း ေျမပုံဆြဲရန္ ေရာက္လာဖူးသည္။ သူ႔အရင္ ၂ ႏွစ္၊ ခရစ္ ၁၈၉၁ က ဗိုလ္မႉး (Hobday) ေဟာ့ေဒး ဆိုသူ ေရာက္လာသည္။ ခမၼတီး၏ ေျမာက္ဘက္သို႔ သြားရန္ ႀကိဳးစားခဲ့ေသာ္လည္း ဆင္ဘို (ဂ်င္းေဖာ) လူမ်ိဳးမ်ားက လုံးဝလက္မခံခဲ့ေသာေၾကာင့္ ေရွ႕မတိုးႏိုင္ဘဲ လွည့္ျပန္ခဲ့ရသည္။

ယခုလည္း မင္းသား ဟင္နရီႏွင့္ ပါလာသည့္ အင္ဂ်င္နီယာ အီမိုင္းေရာ့ ( Emile Roux) က ဧရာဝတီႏွင့္ ပတ္သက္ၿပီး ဤသို႔ မွတ္ခ်က္ေရးပါသည္။ (Emile; 1999, page 166)

ဧရာဝတီ ျမစ္ဖ်ားေဒသ ေခ်ာင္းေျမာင္းေတြ အမ်ားႀကီး
” ဧရာဝတီ ျမစ္ဖ်ားေဒသ ေခ်ာင္းေျမာင္းေတြ အမ်ားႀကီး။ အဲ့ဒီ ေခ်ာင္းေျမာင္းေတြ ျဖစ္လာမည့္ မိုးေရခံတဲ့ေဒသ (Basin) က ဧရာမ ဧရာမ အက်ယ္ႀကီး။

႐ြာတဲ့ မိုးေရခ်ိန္ကလည္း အမ်ားႀကီး။ သစ္ေတာႀကီးေတြကလည္း ဧရာမ ဧရာမ အက်ယ္ႀကီး။ မ်က္စိတစ္ဆုံး (သစ္ေတာႀကီးရင္ မိုးမ်ားတယ္ဆိုတဲ့ ပတ္ဝန္းက်င္ ဆက္ႏြယ္မႈကို ဆိုလိုတာ ျဖစ္ပါတယ္။)

မိုးမရွိတဲ့ ေႏြကာလမွာလည္း ျမစ္ဖ်ား ေခ်ာင္းဖ်ားမွာ ေရအျပည့္ စီးဆင္းေနတယ္။ ဘာလို႔ဆိုရင္ ေတာင္ထိပ္က ေရခဲေတြ အေရေပ်ာ္လို႔ ျဖစ္ပါသတဲ့။ ဒီအေၾကာင္း ေတြေၾကာင့္ ဧရာဝတီျမစ္ဟာ ဧရာမ ေရအလ်ဥ္ႀကီး ျဖစ္ေနပါသတဲ့။ (စဥ္ဆက္မျပတ္ ေလွ၊ သေဘၤာေတြ သြားလာ အသုံးျပဳလို႔ ရတယ္လို႔ ဆိုလိုတာပါ။)”

ခမၼတီးမွ ဟင္နရီတို႔အဖြဲ႕ ခရီးဆက္ၾကပါသည္။ အာသံျပည္မွ ဆာဒီယၿမိဳ႕ကေလးသို႔ ဦးတည္ၿပီး သြားၾကသည္။ ရိကၡာ မလုံေလာက္ပါ။ အဖ်ားအနာ ထူထပ္လွသည္။ အထမ္းသမားမ်ားလည္း ဖ်ားၾကသည္။ အေအးဓာတ္ကား ၁၃ ဒီဂရီ စင္တီဂရိတ္ ရွိေလ၏။ ညေရာက္လွ်င္ ေရခဲသည္။ ေတာထူေသာေၾကာင့္ ေရွ႕ ၁၅ ေပထက္ ပို၍ မျမင္ရပါ။ လမ္းဟူ၍ မျမင္ရ။ ရွိလည္း မရွိ။ က်ားနဲ႔ ႀကံ့မ်ား (ေျခရာေတြ) ေပါပါသည္။ အထမ္းသမား တစ္ဦး က်ားဆြဲ၍ ပါသြားရာ ရွာမေတြ႕ေတာ့ေပ။

ခရီးသြားခဲ့ၾကသည္မွာလည္း အတူတူ။ ငတ္ၾက ျပတ္ၾကလွ်င္လည္း အတူတူ
ခရီးသြားခဲ့ၾကသည္မွာလည္း အတူတူ။ ငတ္ၾက ျပတ္ၾကလွ်င္လည္း အတူတူ။ တစ္ေယာက္ႏွင့္ တစ္ေယာက္ ညီရင္း အစ္ကို ရဲေဘာ္ရဲဘက္ေတြမ်ားကဲ့သို႔ပင္ ခင္မင္ေနၾကၿပီ ျဖစ္သည္။ သူက အထမ္းသမား၊ ငါက မင္းသား ဟူ၍ မရွိေတာ့ေပ။ အင္ဂ်င္နီယာကိုလည္း ဖ်ားေသာေၾကာင့္ လမ္း၌ပင္ ႏွင္းေတာထဲတြင္ တစ္ဘက္ရပ္ (ငွက္ေပ်ာ႐ြက္မိုး) တဲကေလးႏွင့္ ထားခဲ့ရသည္။ အထမ္းသမားမ်ား ဖ်ားလွ်င္လည္း လမ္း၌ အစာေရစာ ၃၊ ၄ ရက္စာႏွင့္ ထားခဲ့ရသည္။ ယင္းသို႔ ထားခဲ့ရသည့္အခါ တစ္ေယာက္ႏွင့္ တစ္ေယာက္ ဝမ္းနည္းၾကရလြန္း၍ ဖက္ငိုခဲ့ၾကရသည္။ ( အဖ်ားသက္သာေသာ အခါ၌ကား အမီ လိုက္လာႏိုင္ၾကပါသည္။)

မင္းသားတို႔အဖြဲ႕ ေနာက္ဆုံး ေလွ်ာက္ခဲ့သည့္ ခရီးသည္ကား ေတာင္ထပ္ ေရေဝေၾကာႀကီး။ ေတာင္ဘက္ကို ၾကည့္လိုက္လွ်င္ ေခ်ာင္းငယ္ေလးမ်ား မ်ားစြာေပါင္းၿပီး ဧရာဝတီျမစ္ႀကီး ျဖစ္သြားသည္။ ေျမာက္ဘက္သို႔ ၾကည့္လိုက္လွ်င္ ေခ်ာင္းငယ္ေလးမ်ား စီးဆင္းၿပီး ျဗဟၼပုတၱရျမစ္ႀကီး ျဖစ္သြားသည္။

မင္းသားဟင္နရီသည္ သူေတြ႕ခ်င္ေနခဲ့သည့္ ဧရာဝတီျမစ္၏ အဖ်ားကိုသာမက ျဗဟၼပုတၱရျမစ္ဖ်ားကိုပါ ေတြ႕ရသျဖင့္ အသက္စြန႔္ရက်ိဳး၊ ပင္ပန္းဆင္းရဲခံရက်ိဳး နပ္ပါသည္တဲ့။ သူသည္ ျပင္သစ္လူမ်ိဳးထဲတြင္ ဧရာဝတီျမစ္၏ အစကို ပထမဆုံး ေတြ႕ရွိရသူ ျဖစ္ပါသည္။

ဧရာဝတီျမစ္၏ အစကို ပထမဆုံး ေတြ႕ရွိရသူ ျဖစ္ပါသည္
အစာေရစာျပတ္၊ ဒုကၡအဖုံဖုံ ဆင္းရဲပင္ပန္းခံရၿပီး ၿဗိတိသွ် ကင္းစခန္းေလးရွိရာ “ဆာဒီယ” သို႔ ေရာက္ရွိလာခဲ့ပါသည္။ ဒီဇင္ဘာလ၏ ေန႔တစ္ေန႔တြင္ ျဖစ္ေပသည္။ ထြက္လာခဲ့ၾကသည္မွာ တစ္ႏွစ္ရွိေလၿပီ။

ဆာဒီယမွ ဆင္ႏွင့္ ပို႔ေပးသျဖင့္ ကာလကတၱားသို႔ ေရာက္ၾကသည္။ ယူနန္မွ ငွားလာေသာ အထမ္းသမားမ်ားကို ခရီးစရိတ္ အလုံအေလာက္ျဖင့္ ရန္ကုန္-မႏၲေလး မွတစ္ဆင့္ ေနရပ္သို႔ ျပန္ပို႔ေပးပါသည္။

၁၈၉၈ တြင္ ခရီးသြား စာအုပ္မ်ားကို ျပင္သစ္ဘာသာျဖင့္ ပုံႏွိပ္ထုတ္ေဝခဲ့ၿပီး ၁၉၉၇ တြင္ White Lotus မွ အဂၤလိပ္ ဘာသာျဖင့္ ထုတ္ေဝခဲ့ပါသည္။

ဆရာဝန္တင္ေမာင္ၾကည္၏ ေရးသားခ်က္ကို Ko Kyel Sin (ဗဟုသုတၾကယ္စင္ဂ႐ု)မွ စာ႐ိုက္တင္ပါသည္။

share from : xyznews

Unicode ဖြင့်ဖတ်ရန်

ဧရာဝတီမြစ် ၏ အစကို တွေ့ရှိခဲ့သောသူ ပြင်သစ်မင်းသား

ဆရာဝန်တင်မောင်ကြည်၏ ရေးသားချက်ကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

ဧရာဝတီမြစ်ကိုကား ယေဘုယျအားဖြင့် ယူနန်ပြည်၏ အရေးပါသော ထွက်ပေါက်လမ်းမကြီးအဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဤမြစ်အကြောင်း ပိုမိုသိရှိရန် စူးစမ်းခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ အချိန်ကာလအထိ ဧရာဝတီမြစ်၏ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။ အတိအကျ ပြောနိုင်သည်ကား ဗန်းမော်မြို့ အထိသာ ဧရာဝတီမြစ်ကို သိရှိသေးသည်။ ဗန်းမော်မြို့ကို လွန်၍ ဧရာဝတီ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။

သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလတွင် ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri d’Orleans) သည် ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းမှ ကာလကတ္တားသို့ ခြေလျင်ခရီးကြမ်း သွားခဲ့ပါသည်။ ဒုက္ခအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီး တစ်နှစ်အကြာ၊ ၁၈၉၆ခု၊ ဇန်နဝါရီလတွင် ကာလကတ္တားသို့ ရောက်ရှိသွားပါသည်။

သူ၏ ရည်ရွယ်ချက်မှာ ဧရာဝတီမြစ်၏ အစကို ရှာဖွေရန် ဖြစ်ပါသည်။ သူ၏ ဝါသနာအရ ကမ္ဘာက မသိသေးသော တိရစ္ဆာန်များ၊ ထူးဆန်းလှပသည့် သစ်ပင်ပန်းမန်များကို ရှာဖွေမှတ်တမ်းတင်ရန်လည်း ရည်ရွယ်ပါသည်။ သိပ္ပံပညာ စူးစမ်းလေ့လာရန် သက်သက် သွားရောက်ခြင်း ဖြစ်ပါသည်။

မင်းသား ဟင်နရီ
ခရီးသွားသောအခါ ပြင်သစ်ပိုင် ဆစ်ပ်ဆောင်ချူတိုင် (ချူထိုင် ၁၂ နယ်)၊ မြန်မာပိုင်ခဲ့ဖူးသည့် ဆစ်ပ်ဆောင်ပန္နား (လူး ၁၂ ပန္နား)၊ ယူနန်နယ် မဲခေါင်-သံလွင်တို့ကို ဖြတ်သန်းပြီး မြန်မာပြည်မြောက်ဖျား လူသူရောက်ပေါက်ရန် ခဲယဉ်းသည့် “ခမ္မတီးနယ်” ကို ဖြတ်သွားပါသည်။ “ခမ္မတီး” (Kampti) ဟူသည် ချင်းတွင်းမြစ်ပေါ်က “ခန္တီး” နယ် မဟုတ်ပါ။

မင်းသားနှင့် အဖွဲ့ကို ခမ္မတီးစော်ဘွား “လုံးခွန်” နှင့် အမတ်ချုပ် “ဦးဟေထောင်” တို့က ကြိုဆိုကြပါသည်။ သူတို့တည်းခိုရန် သက်ကယ်မိုး ဇရပ်တစ်ဆောင်လည်း ပေးထားပါသည်။

ခမ္မတီးမြို့နယ် အကြောင်းကိုလည်း သူတို့၏ မှတ်တမ်းများထဲ၌ သိသမျှ ဖော်ပြသွားပါသည်။ ခမ္မတီးနယ်သို့ ဧည့်သည်များ အရောက်အပေါက် နည်းသည်။ ခရစ် ၁၈၉၃ က “ဂရေး” ဆိုသည့် အင်္ဂလိပ်ဗိုလ်မှူးတစ်ယောက် မြေတိုင်း မြေပုံဆွဲရန် ရောက်လာဖူးသည်။ သူ့အရင် ၂ နှစ်၊ ခရစ် ၁၈၉၁ က ဗိုလ်မှူး (Hobday) ဟော့ဒေး ဆိုသူ ရောက်လာသည်။ ခမ္မတီး၏ မြောက်ဘက်သို့ သွားရန် ကြိုးစားခဲ့သော်လည်း ဆင်ဘို (ဂျင်းဖော) လူမျိုးများက လုံးဝလက်မခံခဲ့သောကြောင့် ရှေ့မတိုးနိုင်ဘဲ လှည့်ပြန်ခဲ့ရသည်။

ယခုလည်း မင်းသား ဟင်နရီနှင့် ပါလာသည့် အင်ဂျင်နီယာ အီမိုင်းရော့ ( Emile Roux) က ဧရာဝတီနှင့် ပတ်သက်ပြီး ဤသို့ မှတ်ချက်ရေးပါသည်။ (Emile; 1999, page 166)

ဧရာဝတီ မြစ်ဖျားဒေသ ချောင်းမြောင်းတွေ အများကြီး
” ဧရာဝတီ မြစ်ဖျားဒေသ ချောင်းမြောင်းတွေ အများကြီး။ အဲ့ဒီ ချောင်းမြောင်းတွေ ဖြစ်လာမည့် မိုးရေခံတဲ့ဒေသ (Basin) က ဧရာမ ဧရာမ အကျယ်ကြီး။

ရွာတဲ့ မိုးရေချိန်ကလည်း အများကြီး။ သစ်တောကြီးတွေကလည်း ဧရာမ ဧရာမ အကျယ်ကြီး။ မျက်စိတစ်ဆုံး (သစ်တောကြီးရင် မိုးများတယ်ဆိုတဲ့ ပတ်ဝန်းကျင် ဆက်နွယ်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။)

မိုးမရှိတဲ့ နွေကာလမှာလည်း မြစ်ဖျား ချောင်းဖျားမှာ ရေအပြည့် စီးဆင်းနေတယ်။ ဘာလို့ဆိုရင် တောင်ထိပ်က ရေခဲတွေ အရေပျော်လို့ ဖြစ်ပါသတဲ့။ ဒီအကြောင်း တွေကြောင့် ဧရာဝတီမြစ်ဟာ ဧရာမ ရေအလျဉ်ကြီး ဖြစ်နေပါသတဲ့။ (စဉ်ဆက်မပြတ် လှေ၊ သင်္ဘောတွေ သွားလာ အသုံးပြုလို့ ရတယ်လို့ ဆိုလိုတာပါ။)”

ခမ္မတီးမှ ဟင်နရီတို့အဖွဲ့ ခရီးဆက်ကြပါသည်။ အာသံပြည်မှ ဆာဒီယမြို့ကလေးသို့ ဦးတည်ပြီး သွားကြသည်။ ရိက္ခာ မလုံလောက်ပါ။ အဖျားအနာ ထူထပ်လှသည်။ အထမ်းသမားများလည်း ဖျားကြသည်။ အအေးဓာတ်ကား ၁၃ ဒီဂရီ စင်တီဂရိတ် ရှိလေ၏။ ညရောက်လျှင် ရေခဲသည်။ တောထူသောကြောင့် ရှေ့ ၁၅ ပေထက် ပို၍ မမြင်ရပါ။ လမ်းဟူ၍ မမြင်ရ။ ရှိလည်း မရှိ။ ကျားနဲ့ ကြံ့များ (ခြေရာတွေ) ပေါပါသည်။ အထမ်းသမား တစ်ဦး ကျားဆွဲ၍ ပါသွားရာ ရှာမတွေ့တော့ပေ။

ခရီးသွားခဲ့ကြသည်မှာလည်း အတူတူ။ ငတ်ကြ ပြတ်ကြလျှင်လည်း အတူတူ
ခရီးသွားခဲ့ကြသည်မှာလည်း အတူတူ။ ငတ်ကြ ပြတ်ကြလျှင်လည်း အတူတူ။ တစ်ယောက်နှင့် တစ်ယောက် ညီရင်း အစ်ကို ရဲဘော်ရဲဘက်တွေများကဲ့သို့ပင် ခင်မင်နေကြပြီ ဖြစ်သည်။ သူက အထမ်းသမား၊ ငါက မင်းသား ဟူ၍ မရှိတော့ပေ။ အင်ဂျင်နီယာကိုလည်း ဖျားသောကြောင့် လမ်း၌ပင် နှင်းတောထဲတွင် တစ်ဘက်ရပ် (ငှက်ပျောရွက်မိုး) တဲကလေးနှင့် ထားခဲ့ရသည်။ အထမ်းသမားများ ဖျားလျှင်လည်း လမ်း၌ အစာရေစာ ၃၊ ၄ ရက်စာနှင့် ထားခဲ့ရသည်။ ယင်းသို့ ထားခဲ့ရသည့်အခါ တစ်ယောက်နှင့် တစ်ယောက် ဝမ်းနည်းကြရလွန်း၍ ဖက်ငိုခဲ့ကြရသည်။ ( အဖျားသက်သာသော အခါ၌ကား အမီ လိုက်လာနိုင်ကြပါသည်။)

မင်းသားတို့အဖွဲ့ နောက်ဆုံး လျှောက်ခဲ့သည့် ခရီးသည်ကား တောင်ထပ် ရေဝေကြောကြီး။ တောင်ဘက်ကို ကြည့်လိုက်လျှင် ချောင်းငယ်လေးများ များစွာပေါင်းပြီး ဧရာဝတီမြစ်ကြီး ဖြစ်သွားသည်။ မြောက်ဘက်သို့ ကြည့်လိုက်လျှင် ချောင်းငယ်လေးများ စီးဆင်းပြီး ဗြဟ္မပုတ္တရမြစ်ကြီး ဖြစ်သွားသည်။

မင်းသားဟင်နရီသည် သူတွေ့ချင်နေခဲ့သည့် ဧရာဝတီမြစ်၏ အဖျားကိုသာမက ဗြဟ္မပုတ္တရမြစ်ဖျားကိုပါ တွေ့ရသဖြင့် အသက်စွန့်ရကျိုး၊ ပင်ပန်းဆင်းရဲခံရကျိုး နပ်ပါသည်တဲ့။ သူသည် ပြင်သစ်လူမျိုးထဲတွင် ဧရာဝတီမြစ်၏ အစကို ပထမဆုံး တွေ့ရှိရသူ ဖြစ်ပါသည်။

ဧရာဝတီမြစ်၏ အစကို ပထမဆုံး တွေ့ရှိရသူ ဖြစ်ပါသည်
အစာရေစာပြတ်၊ ဒုက္ခအဖုံဖုံ ဆင်းရဲပင်ပန်းခံရပြီး ဗြိတိသျှ ကင်းစခန်းလေးရှိရာ “ဆာဒီယ” သို့ ရောက်ရှိလာခဲ့ပါသည်။ ဒီဇင်ဘာလ၏ နေ့တစ်နေ့တွင် ဖြစ်ပေသည်။ ထွက်လာခဲ့ကြသည်မှာ တစ်နှစ်ရှိလေပြီ။

ဆာဒီယမှ ဆင်နှင့် ပို့ပေးသဖြင့် ကာလကတ္တားသို့ ရောက်ကြသည်။ ယူနန်မှ ငှားလာသော အထမ်းသမားများကို ခရီးစရိတ် အလုံအလောက်ဖြင့် ရန်ကုန်-မန္တလေး မှတစ်ဆင့် နေရပ်သို့ ပြန်ပို့ပေးပါသည်။

၁၈၉၈ တွင် ခရီးသွား စာအုပ်များကို ပြင်သစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ၁၉၉၇ တွင် White Lotus မှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။

ဆရာဝန်တင်မောင်ကြည်၏ ရေးသားချက်ကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

share from : xyznews

LEAVE A REPLY