Zawgyi ျဖင့္ဖတ္ရန္

 

ဂ်ပန္မွာ သက္ႀကီး႐ြယ္အိုေတြ ရာဇဝတ္မႈ က်ဴးလြန္တာ ႏွစ္ေပါင္း ၂၀ အတြင္းမွာ တျဖည္းျဖည္းခ်င္း တိုးလာေနပါတယ္။

ဟီ႐ိုရွီးမားၿမိဳ႕မွာ ေထာင္က လြတ္လာသူေတြကို ယာယီ ေစာင့္ေရွာက္ထားတဲ့ ေဂဟာ တခုမွာခိုလႈံေနတဲ့ တိုရွီအို တကာတာ ဆိုသူ အသက္ ၆၉ ႏွစ္အ႐ြယ္ အဘိုးအိုက သူဆင္းရဲလြန္းတဲ့အတြက္ ေထာင္ထဲ ဝင္ခ်င္လို႔ ဥပေဒ ခ်ိဳးေဖာက္ရတာလို႔ ဘီဘီစီ သတင္းေထာက္ Ed Butler ကို ေျပာျပပါတယ္။ အက်ဥ္းေထာင္ထဲမွာ ေနရေပမယ့္ အနည္းဆုံးေတာ့ ေက်ာခ်စရာ ေနရာေလးတခု ရႏိုင္တယ္လို႔ ဆိုပါတယ္။

“ပင္စင္ယူရမယ့္ အ႐ြယ္ ေရာက္လာေတာ့ ပိုက္ဆံက မရွိေတာ့ဘူး။ ဒီေတာ့ ေထာင္ထဲမွာဆိုရင္ ပိုက္ဆံေပးစရာ မလိုဘဲ အခမဲ့ ေနရမယ္လို႔ ေတြးမိတယ္။ ဒီေတာ့ စက္ဘီးတစင္းကို ဆြဲၿပီး ရဲဌာနဆီ နင္းသြားတယ္။ အဲဒီကို ေရာက္ေတာ့ ဒီစက္ဘီးကို ခိုးလာတာလို႔ ျပလိုက္တယ္” လို႔ တိုရွီအို က ေျပာျပပါတယ္။

ဒါဟာ အသက္ ၆၂ အ႐ြယ္တုန္းက တိုရွီအို က်ဴးလြန္တဲ့ ပထမဆုံး ျပစ္မႈ ျဖစ္ပါတယ္။ ဒါေပမယ့္ ဂ်ပန္တရား႐ုံးေတြက ဒီလို အေသးစား ခိုးမႈမ်ိဳးေတြကို အေလးအနက္ထား အေရးယူေလ့ ရွိတာမို႔ သူ႔ကို ေထာင္ဒဏ္ ၁ ႏွစ္ ခ်မွတ္လိုက္ပါတယ္။

လူေကာင္ ခပ္ေသးေသးနဲ႔ တခစ္ခစ္ ရယ္တတ္တဲ့ တိုရွီအိုဟာ အမ်ိဳးသမီးေတြကို ဓါးေထာက္ ၿခိမ္းေျခာက္တတ္တဲ့ ရာဇဝတ္သား တေယာက္ပုံမ်ိဳးလို႔ လုံးဝ မထင္ရပါဘူး။ ဒါေပမယ့္ တိုရွီအိုကေတာ့ ပထမအႀကိမ္ ေထာင္က လြတ္လာၿပီးတာနဲ႔ အမ်ိဳးသမီးေတြကို ဓါးေထာက္ ၿခိမ္းေျခာက္ ေတာ့တာပါပဲ။

“ပန္းၿခံတခုကို သြားၿပီး အမ်ိဳးသမီးေတြကို ဓါးေထာက္ ၿခိမ္းေျခာက္ခဲ့ပါတယ္။ အႏၲရာယ္ေပးဖို႔ မရည္႐ြယ္ပါဘူး၊ သူတို႔ ရဲေခၚေအာင္ ဓါးေထာက္ခဲ့တာပါ။ ေမွ်ာ္လင့္ထားတဲ့အတိုင္း အမ်ိဳးသမီးတေယာက္ ရဲကို လွမ္းေခၚခဲ့ပါတယ္” လို႔ တိုရွီအိုက ေျပာျပပါတယ္။

အဲဒီျပစ္မႈနဲ႔ စုစုေပါင္း ေထာင္ဒဏ္ ၈ ႏွစ္ က်ခဲ့ၿပီး ေထာင္ထဲမွာ ေနေနတာ ၄ ႏွစ္ ရွိသြားပါၿပီ။

“ေထာင္ထဲမွာ ေနရတာ ႀကိဳက္လြန္းလို႔ မဟုတ္ပါဘူး၊ ဒါေပမယ့္ ဒီမွာက အလကား ေနရတယ္။ ပိုက္ဆံ သုံးစရာ မလိုေတာ့ ေထာင္ထဲမွာ ေနေနတုန္း ပင္စင္လစာက စုမိေဆာင္းမိ ျဖစ္သြားတာေပါ့”လို႔ တိုရွီအိုက ေျပာျပပါတယ္။

ဂ်ပန္ႏိုင္ငံမွာ တိုးပြား လာေနတဲ့ သက္ႀကီး႐ြယ္အို ရာဇဝတ္မႈေတြထဲမွာ တိုရွီအိုရဲ႕ ျဖစ္ရပ္က ဥပမာ တခုပါ။

တရားဥပေဒကို ေလးစား လိုက္နာရာမွာ စံယူရေလာက္တဲ့ ဂ်ပန္ႏိုင္ငံမွာ တရွိန္ထိုး တိုးပြားလာေနတဲ့ ရာဇဝတ္မႈေတြမွာ က်ဴးလြန္သူေတြက အသက္ ၆၅ ႏွစ္ေက်ာ္ အ႐ြယ္ေတြပါ။ ၁၉၉၇ ခုႏွစ္မွာ ဒီအသက္အ႐ြယ္ လူေတြဟာ ရာဇဝတ္မႈ ၂၀ မွာ တစ္ခုေလာက္သာ က်ဴးလြန္ခဲ့ၾကတာပါ။ အႏွစ္ ၂၀ အၾကာ အခုခ်ိန္မွာေတာ့ ရာဇဝတ္မႈ ၅ ခုထဲက တခုေက်ာ္ေလာက္ကို အသက္ ၆၅ ႏွစ္ေက်ာ္ အ႐ြယ္ လူေတြက က်ဴးလြန္ေနၾကတယ္ ဆိုတာကို ေတြ႕ရပါတယ္။

တိုရွီအို လိုပဲ ဥပေဒ ခ်ိဳးေဖာက္တဲ့ သက္ႀကီး႐ြယ္အို အေတာ္မ်ားမ်ားဟာ ရာဇဝတ္မႈ အႀကိမ္ႀကိမ္ က်ဴးလြန္ေနသူေတြ ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္တုန္းက ျပစ္မႈ ထင္ရွားသူ အသက္ ၆၅ ႏွစ္အ႐ြယ္ လူေပါင္း ၂၅၀၀ ေလာက္ ရွိခဲ့ပါတယ္။

ေနာက္ဥပမာ တေယာက္ကို ျပရမယ္ ဆိုရင္ အသက္ ရ၀ အ႐ြယ္ စမတ္က်က် ဝတ္ထားတဲ့ ေသးေသးသြယ္သြယ္ အဖြားအို ကိုင္ကို ပါ။ ဒါက သူ႔နာမည္ရင္းေတာ့ မဟုတ္ပါဘူး။ သူကလည္း ဆင္းရဲလြန္းလို႔ ဒီလို လုပ္ရတာပါလို႔ ဆိုပါတယ္။

“ကြၽန္မ ခင္ပြန္းနဲ႔ မတည့္ေတာ့ ေနစရာ မရွိ ျဖစ္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ခိုး႐ုံက လြဲလို႔ ဘာမွ လုပ္စရာ မရွိေတာ့ပါဘူး။ လမ္းေကာင္းေကာင္းေတာင္ မေလွ်ာက္ႏိုင္တဲ့ အသက္ ၈၀ အ႐ြယ္ အဘြားအိုေတြလည္း ရာဇဝတ္မႈ က်ဴးလြန္ၾကတာပဲ။ စားဖို႔ ေသာက္ဖို႔ ရွာမွ မရွာႏိုင္ၾကတာ” လို႔ ကိုင္ကို က ေျပာပါတယ္။

သူ႔ကို အက်ဥ္းသားေဟာင္းေတြကို ေစာင့္ေရွာက္ထားတဲ့ ေဂဟာမွာ ၿပီးခဲ့တဲ့ လအနည္းငယ္ေလာက္က ေတြ႕ဆုံ စကားေျပာခဲ့တာ ျဖစ္ပါတယ္။

အခုေတာ့ ဆိုင္ထဲမွာ အလစ္သုတ္မႈနဲ႔ ထပ္အဖမ္းခံခဲ့ရၿပီး ေထာင္ဒဏ္ က်ခံေနရတယ္လို႔ သိရပါတယ္။

ခိုးမႈ (အထူးသျဖင့္) ဆိုင္ေတြထဲမွာ အလစ္သုတ္မႈဟာ သက္ႀကီး႐ြယ္အိုေတြ အမ်ားဆုံး က်ဴးလြန္တဲ့ ရာဇဝတ္မႈ ျဖစ္ပါတယ္။ သူတို႔ဟာ သူတို႔ သြားေနက် ဆိုင္မွာ ဂ်ပန္ယန္း ၃၀၀၀ (ေပါင္စတာလင္ ၂၀ ) ေအာက္ အစားအေသာက္ေတြကို အလစ္သုတ္ ခိုးေလ့ ရွိပါတယ္။

ဂ်ပန္ႏိုင္ငံမွာ အေျခခံ ပင္စင္လစာက သိပ္ကို နည္းလြန္းၿပီး အဲဒီလစာနဲ႔ ေလာက္ငဖို႔က အေတာ္ေလး ခက္ပါတယ္။

တကယ္လို႔ ပင္စင္စားေတြမွာ တျခား ဝင္ေငြ မရွိဘူး ဆိုရင္ လွ်ပ္စစ္မီးခ၊ အဝတ္အစားခ ေတြ မပါေသးဘဲ အိမ္ငွားခ၊ စားစရိတ္၊ ေဆးဘိုးေတြနဲ႔တင္ အေႂကြးေတြ တင္ႏိုင္တယ္လို႔ လူဦးေရ အခ်ိဳးအစားဆိုင္ရာ သုေတသီ မိုက္ကယ္ နယူးမန္းက၂၀၁၆ ခုႏွစ္က ထုတ္ျပန္တဲ့ သူ႔ရဲ႕ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

အရင္တုန္းကေတာ့ သားသမီးေတြက မိဘေတြကို ၾကည့္ရႈေစာင့္ေရွာက္တဲ့ ဓေလ့ ရွိခဲ့ေပမယ့္ အခုအခါမွာေတာ့ လူငယ္အေတာ္မ်ားမ်ားက စီးပြားေရး ေကာင္းတဲ့ ေရၾကည္ရာ ျမက္ႏုရာ အရပ္ေတြဆီ ေျပာင္းသြားၾကတာမို႔ မိဘေတြအေနနဲ႔ ကိုယ့္ဟာကိုယ္ ရွာေဖြ စားေသာက္ၾကရပါတယ္။

ပင္စင္စား သက္ႀကီး႐ြယ္အိုေတြအေနနဲ႔ သူတို႔ေၾကာင့္ သားသမီးေတြအေပၚမွာ ဝန္ထုပ္ဝန္ပိုးေတြ မျဖစ္ေစလိုဘဲ တကယ္လို႔ ပင္စင္လစာနဲ႔ စားလို႔ မျဖစ္ဘူးဆိုရင္ ေထာင္ထဲ ဝင္တဲ့နည္းကိုပဲ ေ႐ြးတတ္ၾကပါတယ္။

ေထာင္ထဲမွာ ဆိုရင္ တေန႔ကို ထမင္း သုံးနပ္ စားရမယ္။ ဘာကုန္က် စရိတ္မွ ေပးရမွာ မဟုတ္ဘူးလို႔ ဆိုၾကပါတယ္။

ဒါ့ေၾကာင့္ သက္ႀကီး႐ြယ္အိုေတြအေနနဲ႔ ေထာင္ထဲက ထြက္လာနဲ႔ တၿပိဳင္နက္ ေထာင္ထဲ ျပန္ဝင္ဖို႔ လုပ္ၾကတာပါ။

ဒါ့အျပင္ သက္ႀကီး႐ြယ္အိုေတြအၾကားမွာ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္တဲ့ လမ္းကလည္း ပုံမွန္လို ျဖစ္လာေနပါတယ္။

ဒါေပမယ့္ ဂ်ပန္ မိသားစုေတြရဲ႕ ေတြးေခၚပုံ ေျပာင္းလဲလာမႈဟာလည္း သက္ႀကီး႐ြယ္အိုေတြ ရာဇဝတ္မႈ က်ဴးလြန္ဖို႔ ျဖစ္လာေစတဲ့ အေၾကာင္းရင္း တရပ္ျဖစ္ၿပီး ေငြေၾကးထက္ စိတ္ခံစားမႈပိုင္းနဲ႔ ပိုဆိုင္တယ္လို႔ With Hiroshima အက်ဥ္းသားေဟာင္း ေစာင့္ေရွာက္ေရး ေဂဟာ ၫႊန္ၾကားေရးမႉးက ေျပာပါတယ္။

မိသားစုေတြအတြင္း ဆက္ဆံေရးေတြ ေျပာင္းလဲလာေနၿပီး သီးသန႔္ ဖယ္ခံထားရတာေတြ ပိုမ်ားလာေနတဲ့အတြက္ အထီးက်န္ ဆန္မႈကို မခံႏိုင္ၾကေတာ့ဘူးလို႔ ဟီ႐ိုရွီးမားၿမိဳ႕ကို အႏုျမဴဗုံး ႀကဲခ်ခံရတုန္းက အပ်က္အစီးပုံေတြေအာက္ကေန ဆြဲထုတ္ ကယ္ဆယ္ခံခဲ့ရၿပီး အခုအခါ အသက္ ၈၅ ႏွစ္ ရွိၿပီျဖစ္တဲ့ ကနီခ်ီ ယာမာဒါ က ေျပာပါတယ္။

ရာဇဝတ္မႈ က်ဴးလြန္တဲ့ သက္ႀကီး႐ြယ္အိုေတြထဲမွာ ဇနီး၊ သားသမီးေတြ ဆုံးရႈံးသြားလို႔ ဘဝကို ဆက္မရပ္တည္ႏိုင္ေတာ့တဲ့သူ အေတာ္မ်ားမ်ား ပါပါတယ္။ တကယ္လို႔ ကိုယ္က ျပန္ ၾကည့္ရႈ ေစာင့္ေရွာက္ရမယ့္ သူေတြ ရွိတဲ့ သူေတြဟာ ရာဇဝတ္မႈေတြ က်ဴးလြန္မွာ မဟုတ္ပါဘူးလို႔ ကနီခ်ီ ယာမာဒါက ေျပာပါတယ္။

ဆင္းရဲလို႔ ရာဇဝတ္မႈ က်ဴးလြန္ရပါတယ္လို႔ တိုရွီအို ေျပာသြားတာဟာ သက္သက္ အေၾကာင္းျပတာလို႔ သူက ဆိုပါတယ္။။ ရာဇဝတ္မႈ ထပ္ခါ ထပ္ခါ က်ဴးလြန္ၿပီး ေထာင္ထဲ ျပန္ဝင္တာဟာ ေထာင္ထဲမွာ အေဖၚေတြနဲ႔ ေနရမွာ ေသခ်ာေနလို႔ လို႔ သူက ထင္ေၾကးေပး ေျပာသြားခဲ့ပါတယ္။

သူေျပာသလိုပဲ တိုရွီအိုဟာ တေကာင္ႂကြက္ တဦး ျဖစ္ပါတယ္။ သူ႔မိဘေတြလည္း ကြယ္လြန္၊ သူ႔အကို ႏွစ္ေယာက္ကလည္း သူ႔ကို အဆက္အသြယ္ ျဖတ္ထားသလို သူ႔ဇနီးေဟာင္း ႏွစ္ေယာက္နဲ႔ သားသမီး ၃ ဦးနဲ႔လည္း အဆက္အသြယ္ မရွိပါဘူး။

သူ႔အနားမွာ ဇနီး သားသမီးေတြသာ ရွိေနမယ္ ဆိုရင္ သူဒါမ်ိဳး လုပ္မွာ မဟုတ္ဘူးလို႔ တိုရွီအို က ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံမွာ အခုအခါ အက်ဥ္းေထာင္ေတြမွာ အေျပာင္းအလဲ တခ်ိဳ႕ ရွိလာေနၿပီး အက်ဥ္းေဆာင္ အခန္းေတြကို အစိုးရက တိုးခ်ဲ႕ ေဆာက္လာတာ ေတြ႕ရပါတယ္။ ရာဇဝတ္မႈ က်ဴးလြန္တဲ့ အဘြားအို အေရအတြက္က အခုအခါ အလ်င္အျမန္ တိုးလာေနတဲ့အတြက္ အမ်ိဳးသမီး ေထာင္ဝါဒါေတြလည္း အပိုခန႔္ထားပါတယ္။

ဒါ့အျပင္ ေထာင္ထဲမွာ အက်ဥ္းသားေတြကို ေဆးကုသခ စရိတ္ေတြကလည္း အႀကီးအက်ယ္ တိုးျမင့္လာေနပါတယ္။

တခါ ေထာင္ေတြထဲမွာ သက္ႀကီး႐ြယ္အိုေတြအတြက္ လက္ရန္းေတြ၊ အထူး အိမ္သာခုံေတြ ထားေပးရသလို ျပစ္မႈေတြ ထပ္မက်ဴးလြန္ဖို႔၊ေထာင္ထဲမွာထက္ အျပင္ေလာကကသာ တကယ့္ ဘဝျဖစ္ၿပီး ပိုေနေပ်ာ္တယ္ ဆိုတဲ့အေၾကာင္း ပညာေပး သင္တန္းေတြလည္း ပို႔ခ်ေပးေနပါတယ္။ ဒါေပမယ့္္လည္း အေတာ္မ်ားမ်ားကေတာ့ ေထာင္ထဲကိုပဲ ျပန္ျပန္ေရာက္လာၾကတာ ေတြ႕ရတယ္လို႔ အက်ဥ္းေထာင္ ပညာေပးဌာန အႀကီးအကဲက ေျပာျပပါတယ္။

သက္ႀကီး႐ြယ္အိုေတြကို ေထာင္ထဲ ထည့္ဖို႔ ႐ုံးတင္ စစ္ေဆးတာေတြ၊ ေထာင္ခ်တာေတြ၊ ေထာင္တိုးခ်ဲ႕တာေတြ လုပ္မယ့္အစား လူအို႐ုံဖြင့္ၿပီး သူတို႔ကို ျပဳစု ေစာင့္ေရွာက္ထားတာက ပိုစရိတ္ သက္သာမယ္၊ အမ်ားႀကီး ပိုေကာင္းမယ္လို႔ လူဦးေရ အခ်ိဳးအစားဆိုင္ရာ သုေတသီ မိုက္ကယ္ နယူးမန္းက ေျပာပါတယ္။

သက္ႀကီး႐ြယ္အိုေတြကို အခုေပးေနတဲ့ ပင္စင္လစာရဲ႕ တဝက္ပဲ ေပးၿပီး လူအို႐ုံ ႐ြာေလး တ႐ြာမွာ အစားအေသာက္ အခမဲ့၊ ေနစရာ အခမဲ့ ေပးထားမယ္။ လြတ္လပ္ခြင့္ တစုံတရာ ေပးထားမယ္ ဆိုရင္ အစိုးရ အခု သုံးေနတဲ့ ကုန္က်စရိတ္ထက္ အမ်ားႀကီး သက္သာသြားလိမ့္မယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဂ်ပန္ယန္း ၂၀၀ တန္ အသားညႇပ္ ေပါင္မုန႔္ ခိုးတဲ့အတြက္ ေထာင္ဒဏ္ ၂ ႏွစ္ အျပစ္ဒဏ္အတြက္ အစိုးရဘက္က ယန္း ၈ သန္းခြဲေလာက္ ကုန္က်ႏိုင္တယ္လို႔ သူ႔ရဲ႕ ၂၀၁၆ ခုႏွစ္ အစီရင္ခံစာမွာ ေဖၚျပထားတယ္။

ဂ်ပန္ႏိုင္ငံမွာ ေပါင္မုန႔္ တခ်ပ္ပဲ ခိုးခိုး၊ ျပစ္မႈ က်ဴးလြန္သူကို ေထာင္ဒဏ္ အျပစ္ေပးဖို႔ တရား႐ုံးက ဆုံးျဖတ္မွာပဲ ျဖစ္တယ္။ ေထာင္ထဲ ေရာက္လာရင္ သူတို႔ကို ေနာက္ထပ္ ျပစ္မႈေတြ မက်ဴးလြန္ဖို႔ ပညာေပးတာေတြ လုပ္ေနပါတယ္လို႔ ဂ်ပန္ အက်ဥ္းေထာင္ ဌာနက မာဆာယူကီ ရႈိ ကရွင္းျပပါတယ္။

ဒီေတာ့ ေထာင္ထဲ ဝင္လိုက္ ထြက္လိုက္ လုပ္ေနတဲ့ တိုရွီအို အေနနဲ႔ ဒီပညာေပး သင္တန္းေတြကေန ဘယ္လို သင္ခန္းစာေတြ ရခဲ့ပါလဲ။ ေနာက္တေခါက္ ေထာင္ထဲ ျပန္ဝင္ဖို႔ လုပ္အုံးမွာလားလို႔ ေမးၾကည့္တဲ့အခါ တိုရွီအို က သူမၾကာခင္ အသက္ ရ၀ ျပည့္ေတာ့မယ္။ ေနာက္တႀကိမ္ ဆိုရင္ အိုမင္းမစြမ္း ျဖစ္ေတာ့မွာ၊ ေထာင္ထဲ ျပန္မဝင္ခ်င္ေတာ့ပါဘူးလို႔ ျပန္ေျဖခဲ့ပါတယ္။

Credit_BBC

Unicode ဖြင့်ဖတ်ရန်

ဂျပန်မှာ သက်ကြီးရွယ်အိုတွေက အထီးကျန်လွန်းလို့ ရာဇဝတ်မူတွေကို တမင်ကျူးလွန်ပြီး ထောင်ထဲမှာ လာနေကြ

ဂျပန်မှာ သက်ကြီးရွယ်အိုတွေ ရာဇဝတ်မှု ကျူးလွန်တာ နှစ်ပေါင်း ၂၀ အတွင်းမှာ တဖြည်းဖြည်းချင်း တိုးလာနေပါတယ်။

ဟီရိုရှီးမားမြို့မှာ ထောင်က လွတ်လာသူတွေကို ယာယီ စောင့်ရှောက်ထားတဲ့ ဂေဟာ တခုမှာခိုလှုံနေတဲ့ တိုရှီအို တကာတာ ဆိုသူ အသက် ၆၉ နှစ်အရွယ် အဘိုးအိုက သူဆင်းရဲလွန်းတဲ့အတွက် ထောင်ထဲ ဝင်ချင်လို့ ဥပဒေ ချိုးဖောက်ရတာလို့ ဘီဘီစီ သတင်းထောက် Ed Butler ကို ပြောပြပါတယ်။ အကျဉ်းထောင်ထဲမှာ နေရပေမယ့် အနည်းဆုံးတော့ ကျောချစရာ နေရာလေးတခု ရနိုင်တယ်လို့ ဆိုပါတယ်။

“ပင်စင်ယူရမယ့် အရွယ် ရောက်လာတော့ ပိုက်ဆံက မရှိတော့ဘူး။ ဒီတော့ ထောင်ထဲမှာဆိုရင် ပိုက်ဆံပေးစရာ မလိုဘဲ အခမဲ့ နေရမယ်လို့ တွေးမိတယ်။ ဒီတော့ စက်ဘီးတစင်းကို ဆွဲပြီး ရဲဌာနဆီ နင်းသွားတယ်။ အဲဒီကို ရောက်တော့ ဒီစက်ဘီးကို ခိုးလာတာလို့ ပြလိုက်တယ်” လို့ တိုရှီအို က ပြောပြပါတယ်။

ဒါဟာ အသက် ၆၂ အရွယ်တုန်းက တိုရှီအို ကျူးလွန်တဲ့ ပထမဆုံး ပြစ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်တရားရုံးတွေက ဒီလို အသေးစား ခိုးမှုမျိုးတွေကို အလေးအနက်ထား အရေးယူလေ့ ရှိတာမို့ သူ့ကို ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။

လူကောင် ခပ်သေးသေးနဲ့ တခစ်ခစ် ရယ်တတ်တဲ့ တိုရှီအိုဟာ အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက်တတ်တဲ့ ရာဇဝတ်သား တယောက်ပုံမျိုးလို့ လုံးဝ မထင်ရပါဘူး။ ဒါပေမယ့် တိုရှီအိုကတော့ ပထမအကြိမ် ထောင်က လွတ်လာပြီးတာနဲ့ အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက် တော့တာပါပဲ။

“ပန်းခြံတခုကို သွားပြီး အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက်ခဲ့ပါတယ်။ အန္တရာယ်ပေးဖို့ မရည်ရွယ်ပါဘူး၊ သူတို့ ရဲခေါ်အောင် ဓါးထောက်ခဲ့တာပါ။ မျှော်လင့်ထားတဲ့အတိုင်း အမျိုးသမီးတယောက် ရဲကို လှမ်းခေါ်ခဲ့ပါတယ်” လို့ တိုရှီအိုက ပြောပြပါတယ်။

အဲဒီပြစ်မှုနဲ့ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခဲ့ပြီး ထောင်ထဲမှာ နေနေတာ ၄ နှစ် ရှိသွားပါပြီ။

“ထောင်ထဲမှာ နေရတာ ကြိုက်လွန်းလို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီမှာက အလကား နေရတယ်။ ပိုက်ဆံ သုံးစရာ မလိုတော့ ထောင်ထဲမှာ နေနေတုန်း ပင်စင်လစာက စုမိဆောင်းမိ ဖြစ်သွားတာပေါ့”လို့ တိုရှီအိုက ပြောပြပါတယ်။

ဂျပန်နိုင်ငံမှာ တိုးပွား လာနေတဲ့ သက်ကြီးရွယ်အို ရာဇဝတ်မှုတွေထဲမှာ တိုရှီအိုရဲ့ ဖြစ်ရပ်က ဥပမာ တခုပါ။

တရားဥပဒေကို လေးစား လိုက်နာရာမှာ စံယူရလောက်တဲ့ ဂျပန်နိုင်ငံမှာ တရှိန်ထိုး တိုးပွားလာနေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေက အသက် ၆၅ နှစ်ကျော် အရွယ်တွေပါ။ ၁၉၉၇ ခုနှစ်မှာ ဒီအသက်အရွယ် လူတွေဟာ ရာဇဝတ်မှု ၂၀ မှာ တစ်ခုလောက်သာ ကျူးလွန်ခဲ့ကြတာပါ။ အနှစ် ၂၀ အကြာ အခုချိန်မှာတော့ ရာဇဝတ်မှု ၅ ခုထဲက တခုကျော်လောက်ကို အသက် ၆၅ နှစ်ကျော် အရွယ် လူတွေက ကျူးလွန်နေကြတယ် ဆိုတာကို တွေ့ရပါတယ်။

တိုရှီအို လိုပဲ ဥပဒေ ချိုးဖောက်တဲ့ သက်ကြီးရွယ်အို အတော်များများဟာ ရာဇဝတ်မှု အကြိမ်ကြိမ် ကျူးလွန်နေသူတွေ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ပြစ်မှု ထင်ရှားသူ အသက် ၆၅ နှစ်အရွယ် လူပေါင်း ၂၅၀၀ လောက် ရှိခဲ့ပါတယ်။

နောက်ဥပမာ တယောက်ကို ပြရမယ် ဆိုရင် အသက် ရ၀ အရွယ် စမတ်ကျကျ ဝတ်ထားတဲ့ သေးသေးသွယ်သွယ် အဖွားအို ကိုင်ကို ပါ။ ဒါက သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး။ သူကလည်း ဆင်းရဲလွန်းလို့ ဒီလို လုပ်ရတာပါလို့ ဆိုပါတယ်။

“ကျွန်မ ခင်ပွန်းနဲ့ မတည့်တော့ နေစရာ မရှိ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ခိုးရုံက လွဲလို့ ဘာမှ လုပ်စရာ မရှိတော့ပါဘူး။ လမ်းကောင်းကောင်းတောင် မလျှောက်နိုင်တဲ့ အသက် ၈၀ အရွယ် အဘွားအိုတွေလည်း ရာဇဝတ်မှု ကျူးလွန်ကြတာပဲ။ စားဖို့ သောက်ဖို့ ရှာမှ မရှာနိုင်ကြတာ” လို့ ကိုင်ကို က ပြောပါတယ်။

သူ့ကို အကျဉ်းသားဟောင်းတွေကို စောင့်ရှောက်ထားတဲ့ ဂေဟာမှာ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က တွေ့ဆုံ စကားပြောခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ဆိုင်ထဲမှာ အလစ်သုတ်မှုနဲ့ ထပ်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ကျခံနေရတယ်လို့ သိရပါတယ်။

ခိုးမှု (အထူးသဖြင့်) ဆိုင်တွေထဲမှာ အလစ်သုတ်မှုဟာ သက်ကြီးရွယ်အိုတွေ အများဆုံး ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ သွားနေကျ ဆိုင်မှာ ဂျပန်ယန်း ၃၀၀၀ (ပေါင်စတာလင် ၂၀ ) အောက် အစားအသောက်တွေကို အလစ်သုတ် ခိုးလေ့ ရှိပါတယ်။

ဂျပန်နိုင်ငံမှာ အခြေခံ ပင်စင်လစာက သိပ်ကို နည်းလွန်းပြီး အဲဒီလစာနဲ့ လောက်ငဖို့က အတော်လေး ခက်ပါတယ်။

တကယ်လို့ ပင်စင်စားတွေမှာ တခြား ဝင်ငွေ မရှိဘူး ဆိုရင် လျှပ်စစ်မီးခ၊ အဝတ်အစားခ တွေ မပါသေးဘဲ အိမ်ငှားခ၊ စားစရိတ်၊ ဆေးဘိုးတွေနဲ့တင် အကြွေးတွေ တင်နိုင်တယ်လို့ လူဦးရေ အချိုးအစားဆိုင်ရာ သုတေသီ မိုက်ကယ် နယူးမန်းက၂၀၁၆ ခုနှစ်က ထုတ်ပြန်တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အရင်တုန်းကတော့ သားသမီးတွေက မိဘတွေကို ကြည့်ရှုစောင့်ရှောက်တဲ့ ဓလေ့ ရှိခဲ့ပေမယ့် အခုအခါမှာတော့ လူငယ်အတော်များများက စီးပွားရေး ကောင်းတဲ့ ရေကြည်ရာ မြက်နုရာ အရပ်တွေဆီ ပြောင်းသွားကြတာမို့ မိဘတွေအနေနဲ့ ကိုယ့်ဟာကိုယ် ရှာဖွေ စားသောက်ကြရပါတယ်။

ပင်စင်စား သက်ကြီးရွယ်အိုတွေအနေနဲ့ သူတို့ကြောင့် သားသမီးတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေလိုဘဲ တကယ်လို့ ပင်စင်လစာနဲ့ စားလို့ မဖြစ်ဘူးဆိုရင် ထောင်ထဲ ဝင်တဲ့နည်းကိုပဲ ရွေးတတ်ကြပါတယ်။

ထောင်ထဲမှာ ဆိုရင် တနေ့ကို ထမင်း သုံးနပ် စားရမယ်။ ဘာကုန်ကျ စရိတ်မှ ပေးရမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

ဒါ့ကြောင့် သက်ကြီးရွယ်အိုတွေအနေနဲ့ ထောင်ထဲက ထွက်လာနဲ့ တပြိုင်နက် ထောင်ထဲ ပြန်ဝင်ဖို့ လုပ်ကြတာပါ။

ဒါ့အပြင် သက်ကြီးရွယ်အိုတွေအကြားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ လမ်းကလည်း ပုံမှန်လို ဖြစ်လာနေပါတယ်။

ဒါပေမယ့် ဂျပန် မိသားစုတွေရဲ့ တွေးခေါ်ပုံ ပြောင်းလဲလာမှုဟာလည်း သက်ကြီးရွယ်အိုတွေ ရာဇဝတ်မှု ကျူးလွန်ဖို့ ဖြစ်လာစေတဲ့ အကြောင်းရင်း တရပ်ဖြစ်ပြီး ငွေကြေးထက် စိတ်ခံစားမှုပိုင်းနဲ့ ပိုဆိုင်တယ်လို့ With Hiroshima အကျဉ်းသားဟောင်း စောင့်ရှောက်ရေး ဂေဟာ ညွှန်ကြားရေးမှူးက ပြောပါတယ်။

မိသားစုတွေအတွင်း ဆက်ဆံရေးတွေ ပြောင်းလဲလာနေပြီး သီးသန့် ဖယ်ခံထားရတာတွေ ပိုများလာနေတဲ့အတွက် အထီးကျန် ဆန်မှုကို မခံနိုင်ကြတော့ဘူးလို့ ဟီရိုရှီးမားမြို့ကို အနုမြူဗုံး ကြဲချခံရတုန်းက အပျက်အစီးပုံတွေအောက်ကနေ ဆွဲထုတ် ကယ်ဆယ်ခံခဲ့ရပြီး အခုအခါ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ကနီချီ ယာမာဒါ က ပြောပါတယ်။

ရာဇဝတ်မှု ကျူးလွန်တဲ့ သက်ကြီးရွယ်အိုတွေထဲမှာ ဇနီး၊ သားသမီးတွေ ဆုံးရှုံးသွားလို့ ဘဝကို ဆက်မရပ်တည်နိုင်တော့တဲ့သူ အတော်များများ ပါပါတယ်။ တကယ်လို့ ကိုယ်က ပြန် ကြည့်ရှု စောင့်ရှောက်ရမယ့် သူတွေ ရှိတဲ့ သူတွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်မှာ မဟုတ်ပါဘူးလို့ ကနီချီ ယာမာဒါက ပြောပါတယ်။

ဆင်းရဲလို့ ရာဇဝတ်မှု ကျူးလွန်ရပါတယ်လို့ တိုရှီအို ပြောသွားတာဟာ သက်သက် အကြောင်းပြတာလို့ သူက ဆိုပါတယ်။။ ရာဇဝတ်မှု ထပ်ခါ ထပ်ခါ ကျူးလွန်ပြီး ထောင်ထဲ ပြန်ဝင်တာဟာ ထောင်ထဲမှာ အဖေါ်တွေနဲ့ နေရမှာ သေချာနေလို့ လို့ သူက ထင်ကြေးပေး ပြောသွားခဲ့ပါတယ်။

သူပြောသလိုပဲ တိုရှီအိုဟာ တကောင်ကြွက် တဦး ဖြစ်ပါတယ်။ သူ့မိဘတွေလည်း ကွယ်လွန်၊ သူ့အကို နှစ်ယောက်ကလည်း သူ့ကို အဆက်အသွယ် ဖြတ်ထားသလို သူ့ဇနီးဟောင်း နှစ်ယောက်နဲ့ သားသမီး ၃ ဦးနဲ့လည်း အဆက်အသွယ် မရှိပါဘူး။

သူ့အနားမှာ ဇနီး သားသမီးတွေသာ ရှိနေမယ် ဆိုရင် သူဒါမျိုး လုပ်မှာ မဟုတ်ဘူးလို့ တိုရှီအို က ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အခုအခါ အကျဉ်းထောင်တွေမှာ အပြောင်းအလဲ တချို့ ရှိလာနေပြီး အကျဉ်းဆောင် အခန်းတွေကို အစိုးရက တိုးချဲ့ ဆောက်လာတာ တွေ့ရပါတယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့ အဘွားအို အရေအတွက်က အခုအခါ အလျင်အမြန် တိုးလာနေတဲ့အတွက် အမျိုးသမီး ထောင်ဝါဒါတွေလည်း အပိုခန့်ထားပါတယ်။

ဒါ့အပြင် ထောင်ထဲမှာ အကျဉ်းသားတွေကို ဆေးကုသခ စရိတ်တွေကလည်း အကြီးအကျယ် တိုးမြင့်လာနေပါတယ်။

တခါ ထောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေအတွက် လက်ရန်းတွေ၊ အထူး အိမ်သာခုံတွေ ထားပေးရသလို ပြစ်မှုတွေ ထပ်မကျူးလွန်ဖို့၊ထောင်ထဲမှာထက် အပြင်လောကကသာ တကယ့် ဘဝဖြစ်ပြီး ပိုနေပျော်တယ် ဆိုတဲ့အကြောင်း ပညာပေး သင်တန်းတွေလည်း ပို့ချပေးနေပါတယ်။ ဒါပေမယ့်လည်း အတော်များများကတော့ ထောင်ထဲကိုပဲ ပြန်ပြန်ရောက်လာကြတာ တွေ့ရတယ်လို့ အကျဉ်းထောင် ပညာပေးဌာန အကြီးအကဲက ပြောပြပါတယ်။

သက်ကြီးရွယ်အိုတွေကို ထောင်ထဲ ထည့်ဖို့ ရုံးတင် စစ်ဆေးတာတွေ၊ ထောင်ချတာတွေ၊ ထောင်တိုးချဲ့တာတွေ လုပ်မယ့်အစား လူအိုရုံဖွင့်ပြီး သူတို့ကို ပြုစု စောင့်ရှောက်ထားတာက ပိုစရိတ် သက်သာမယ်၊ အများကြီး ပိုကောင်းမယ်လို့ လူဦးရေ အချိုးအစားဆိုင်ရာ သုတေသီ မိုက်ကယ် နယူးမန်းက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေကို အခုပေးနေတဲ့ ပင်စင်လစာရဲ့ တဝက်ပဲ ပေးပြီး လူအိုရုံ ရွာလေး တရွာမှာ အစားအသောက် အခမဲ့၊ နေစရာ အခမဲ့ ပေးထားမယ်။ လွတ်လပ်ခွင့် တစုံတရာ ပေးထားမယ် ဆိုရင် အစိုးရ အခု သုံးနေတဲ့ ကုန်ကျစရိတ်ထက် အများကြီး သက်သာသွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂျပန်ယန်း ၂၀၀ တန် အသားညှပ် ပေါင်မုန့် ခိုးတဲ့အတွက် ထောင်ဒဏ် ၂ နှစ် အပြစ်ဒဏ်အတွက် အစိုးရဘက်က ယန်း ၈ သန်းခွဲလောက် ကုန်ကျနိုင်တယ်လို့ သူ့ရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတယ်။

ဂျပန်နိုင်ငံမှာ ပေါင်မုန့် တချပ်ပဲ ခိုးခိုး၊ ပြစ်မှု ကျူးလွန်သူကို ထောင်ဒဏ် အပြစ်ပေးဖို့ တရားရုံးက ဆုံးဖြတ်မှာပဲ ဖြစ်တယ်။ ထောင်ထဲ ရောက်လာရင် သူတို့ကို နောက်ထပ် ပြစ်မှုတွေ မကျူးလွန်ဖို့ ပညာပေးတာတွေ လုပ်နေပါတယ်လို့ ဂျပန် အကျဉ်းထောင် ဌာနက မာဆာယူကီ ရှို ကရှင်းပြပါတယ်။

ဒီတော့ ထောင်ထဲ ဝင်လိုက် ထွက်လိုက် လုပ်နေတဲ့ တိုရှီအို အနေနဲ့ ဒီပညာပေး သင်တန်းတွေကနေ ဘယ်လို သင်ခန်းစာတွေ ရခဲ့ပါလဲ။ နောက်တခေါက် ထောင်ထဲ ပြန်ဝင်ဖို့ လုပ်အုံးမှာလားလို့ မေးကြည့်တဲ့အခါ တိုရှီအို က သူမကြာခင် အသက် ရ၀ ပြည့်တော့မယ်။ နောက်တကြိမ် ဆိုရင် အိုမင်းမစွမ်း ဖြစ်တော့မှာ၊ ထောင်ထဲ ပြန်မဝင်ချင်တော့ပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

Credit_BBC

LEAVE A REPLY