Zawgyi ျဖင့္ဖတ္ရန္

ကြၽန္ေတာ္ဂ်ပန္စေရာက္ေရာက္ခ်င္း ပထမဆုံးေန႔မွာဘဲ အိမ္သာတက္ေနရင္းမီးပ်တ္သြားပါတယ္။ ဝါးး ဂ်ပန္မွာလဲမီးပ်က္တယ္ဟ ငါတို႔ႏိူင္ငံလိုဘဲေပါ့။ အဲ့တာနဲ႔အတူေနေကာင္မေလးကို ဖုန္းဆက္ေမးရတယ္။

ဟဲ့ဂ်ပန္မွာလဲမီးပ်က္တာလားဟ ခက္႐ြဲ႕႐ြဲ႕ေမးတာ။ ‘မဟုတ္ဘူး’ အိမ္မွာနင္ဘာေတြသုံးထားလဲ။ ေအးေတာ့ အပူေပးစက္ဖြင့္ထားတယ္။ ထမင္းအိုးတည္ထားတယ္။ တီဗီလဲဖြင့္ထားတယ္ Laptop လဲ ဖြင့္ထားတယ္။ ဘာျဖစ္လို႔လဲ ငါအိမ္သာထဲမီးေမွာင္ေမွာင္ႀကီး တက္လိုက္ရတယ္ဟာဖီးလ္ငုတ္ခ်က္။ ‘ဟာမရဘူးဟဲ့’ ဂ်ပန္ကအိမ္သာေတြက အိမ္အလယ္ေလာက္မွာပါေတာ့ အိမ္သာမီးဖြင့္လိုက္တာနဲ႔ အနံ႔စုပ္ထုတ္စက္ေမာ္တာက တခါထဲတန္းလည္တာ။ မီးအားဆြဲတယ္ နင့္ထမင္းအိုးနဲ႔အပူေပးစက္ကလဲ အေတာ္ဆြဲတယ္။

အဲ့ေတာ့ငါေျပာျပမယ္ နင္သုံးေနတဲ့ဟာေတြထဲကတစ္ခုကို ပိတ္လိုက္ ၿပီးရင္အိမ္အျပင္ကိုထြက္ ခလုတ္တစ္ခုရွိတယ္ျပန္တင္လိုက္ ဘေရကာက်သြားတာ။ ငါ့အိမ္ကတစ္ေယာက္ထဲေနတဲ့အတြက္ ၿမိဳ႕နယ္႐ုံးမွာ တစ္ေယာက္စာဘဲတင္ထားတာ။ ငါတို႔ႏိူင္ငံမွာလို စိတ္ရွိတိုင္းအကုန္ဖြင့္ လူအမ်ားႀကီးတစ္ခါထဲသုံးမရဘူး။ သုံးမယ္ဆိုလဲရတယ္ ႀကိဳေျပာရတယ္။ ဘယ္နစ္ေယာက္ေနမဲ့အတြက္ ဘယ္ေလာက္စာ ဓာတ္အားလႊတ္ေပးပါ။ က်သင့္ေငြေတာ့ပိုမ်ားတာေပါ့။ ဒါနဲ႔နင္တင္ၿပီးၿပီလား ေအးတင္ၿပီးၿပီ မီးျပန္လာၿပီ။ ဒါဆိုလဲၿပီးေရာေနာက္မွတ္ထားဦး ျပဴးတူးၿပဲတဲနဲ႔အလုပ္မ်ားရတဲ့ၾကားထဲ ေအးပါဟာေဆာတီးေဆာတီး။

အခုမီးလာအခုမီးျပန္ပ်တ္ စစ္စတန္ ဘရိတ္ေဒါင္းျဖစ္ေနတာ ေတြဟာ ကြၽန္တို႔ျပည္သူေတြရဲ႕ဓာက္အားကို သုံးစြဲတဲ့ပမာဏ အကန႔္အသက္မရွိ တာေတြေၾကာင့္လဲပါမယ္လို႔ ယူဆမိတယ္။ ေနာက္ထက္ႀကဳံခဲ့ရတာက သူတို႔ဓာက္အားလိုင္းအတြက္ျပဳျပင္ စရာေတြရွိခ်ိန္မွာ ျပည္သူေတြကိုေၾကျငာတယ္။ အိမ္မွာရွိတဲ့ပလက္ေပါက္ေတြကို တက္ႏိူင္သေ႐ႊ႕ျဖဳတ္ထားေပးပါ။ ေရခဲေသတၱာကေတာ့ေသခ်ာေပါက္ တက္ထားရတယ္။ က်န္တာေတြအသုံးမျပဳဘူးဆို ဒီေန႔အဖို႔ဘယ္အခ်ိန္ထိျဖဳတ္ေပးထားပါ ေတာင္းဆိုတယ္။ အသုံးမျပဳဘူး ပလက္ေပါက္တပ္ထားလို႔ မီးလင္းေနတဲ့အရာတိုင္းဟာ သူတို႔ဆာဗာမွာလာတက္ေနတယ္။ မီးဆြဲေနတယ္။

ကြၽန္ေတာ့္အိမ္မွာဆို ပန္ကာႀကီးဖြင့္ၿပီး အျပင္ထြက္သြားတာတို႔ မၾကည့္ဘဲဖြင့္ထားတဲ့တီဗီေတြတို႔ အျခားအျခားေသာဓာတ္အားနဲ႔ ပတ္သက္တာေတြဟာ ဆာဗာမွာ သြားထိႏိူင္မလားဆိုၿပီး လိုက္ပိတ္တက္တဲ့အက်င့္ေလးေတာ့ ရသြားတယ္။ စဆရက စကားမဟုတ္ပါေနာ္။ ကြၽန္ေတာ္တို႔ျပည္သူေတြဖက္ကလဲ ကူညီႏိူင္မဲ့ ဓာတ္အားသိမ္းဆည္းေပးခ်င္းကို ပူးေပါင္းပါဝင္ေနပါတယ္။ ကြၽန္ေတာ္လုပ္ပါတယ္။

အခုမီးလာၿပီးအခုျပန္ျပတ္တာေတြဟာ ဓာတ္အားမလုံေလာက္တဲ့ ကြၽန္တို႔ႏိူင္ငံမွာ တစ္ေနရာမွာေတာ့ လိုတာထက္ပိုဆြဲသြားလို႔ ဆာဗာကေဒါင္းသြားတယ္လို႔ ယူဆပါတယ္။ EPC ကလူေတြလဲဓာတ္အားေပးခ်ိန္ တိက်ခ်င္မွာပါ။ သူတို႔လဲအလုပ္မ်ားမွန္းယုံၾကည္ပါတယ္။ မလိုအပ္ဘဲသုံးစြဲထားတဲ့မီးအားေတြရွိခဲ့ရင္ ကြၽန္တို႔ဘက္ကလဲေလွ်ာ့ခ်ေပးၾကပါလို႔။ ကိုယ့္ရဲ႕အေတြ႕အႀကဳံေလးနဲ႔ေဝမွ်ေပးတာပါ။ လုပ္သေ႐ႊ႕ေတာ့ ကြၽန္ေတာ္တို႔အတူတူခံၾကရမွာႀကီးပါဘဲ။

စကားမစပ္ေျပာေနရင္း ကြဲသြားတာ ၾကာၿပီျဖစ္တဲ့ ဂ်ပန္ကေကာင္မေလးကို သတိရလိုက္တာဗ်ာ။

share from : xyznews

Unicode ဖြင့်ဖတ်ရန်

ဂျပန်နိုင်ငံက လျှပ်စစ်မီး ပေးဝေမှုပုံစံ နှင့် ပြည်သူလူထု

ကျွန်တော်ဂျပန်စရောက်ရောက်ချင်း ပထမဆုံးနေ့မှာဘဲ အိမ်သာတက်နေရင်းမီးပျတ်သွားပါတယ်။ ဝါးး ဂျပန်မှာလဲမီးပျက်တယ်ဟ ငါတို့နိူင်ငံလိုဘဲပေါ့။ အဲ့တာနဲ့အတူနေကောင်မလေးကို ဖုန်းဆက်မေးရတယ်။

ဟဲ့ဂျပန်မှာလဲမီးပျက်တာလားဟ ခက်ရွဲ့ရွဲ့မေးတာ။ ‘မဟုတ်ဘူး’ အိမ်မှာနင်ဘာတွေသုံးထားလဲ။ အေးတော့ အပူပေးစက်ဖွင့်ထားတယ်။ ထမင်းအိုးတည်ထားတယ်။ တီဗီလဲဖွင့်ထားတယ် Laptop လဲ ဖွင့်ထားတယ်။ ဘာဖြစ်လို့လဲ ငါအိမ်သာထဲမီးမှောင်မှောင်ကြီး တက်လိုက်ရတယ်ဟာဖီးလ်ငုတ်ချက်။ ‘ဟာမရဘူးဟဲ့’ ဂျပန်ကအိမ်သာတွေက အိမ်အလယ်လောက်မှာပါတော့ အိမ်သာမီးဖွင့်လိုက်တာနဲ့ အနံ့စုပ်ထုတ်စက်မော်တာက တခါထဲတန်းလည်တာ။ မီးအားဆွဲတယ် နင့်ထမင်းအိုးနဲ့အပူပေးစက်ကလဲ အတော်ဆွဲတယ်။

အဲ့တော့ငါပြောပြမယ် နင်သုံးနေတဲ့ဟာတွေထဲကတစ်ခုကို ပိတ်လိုက် ပြီးရင်အိမ်အပြင်ကိုထွက် ခလုတ်တစ်ခုရှိတယ်ပြန်တင်လိုက် ဘရေကာကျသွားတာ။ ငါ့အိမ်ကတစ်ယောက်ထဲနေတဲ့အတွက် မြို့နယ်ရုံးမှာ တစ်ယောက်စာဘဲတင်ထားတာ။ ငါတို့နိူင်ငံမှာလို စိတ်ရှိတိုင်းအကုန်ဖွင့် လူအများကြီးတစ်ခါထဲသုံးမရဘူး။ သုံးမယ်ဆိုလဲရတယ် ကြိုပြောရတယ်။ ဘယ်နစ်ယောက်နေမဲ့အတွက် ဘယ်လောက်စာ ဓာတ်အားလွှတ်ပေးပါ။ ကျသင့်ငွေတော့ပိုများတာပေါ့။ ဒါနဲ့နင်တင်ပြီးပြီလား အေးတင်ပြီးပြီ မီးပြန်လာပြီ။ ဒါဆိုလဲပြီးရောနောက်မှတ်ထားဦး ပြူးတူးပြဲတဲနဲ့အလုပ်များရတဲ့ကြားထဲ အေးပါဟာဆောတီးဆောတီး။

အခုမီးလာအခုမီးပြန်ပျတ် စစ်စတန် ဘရိတ်ဒေါင်းဖြစ်နေတာ တွေဟာ ကျွန်တို့ပြည်သူတွေရဲ့ဓာက်အားကို သုံးစွဲတဲ့ပမာဏ အကန့်အသက်မရှိ တာတွေကြောင့်လဲပါမယ်လို့ ယူဆမိတယ်။ နောက်ထက်ကြုံခဲ့ရတာက သူတို့ဓာက်အားလိုင်းအတွက်ပြုပြင် စရာတွေရှိချိန်မှာ ပြည်သူတွေကိုကြေငြာတယ်။ အိမ်မှာရှိတဲ့ပလက်ပေါက်တွေကို တက်နိူင်သရွှေ့ဖြုတ်ထားပေးပါ။ ရေခဲသေတ္တာကတော့သေချာပေါက် တက်ထားရတယ်။ ကျန်တာတွေအသုံးမပြုဘူးဆို ဒီနေ့အဖို့ဘယ်အချိန်ထိဖြုတ်ပေးထားပါ တောင်းဆိုတယ်။ အသုံးမပြုဘူး ပလက်ပေါက်တပ်ထားလို့ မီးလင်းနေတဲ့အရာတိုင်းဟာ သူတို့ဆာဗာမှာလာတက်နေတယ်။ မီးဆွဲနေတယ်။

ကျွန်တော့်အိမ်မှာဆို ပန်ကာကြီးဖွင့်ပြီး အပြင်ထွက်သွားတာတို့ မကြည့်ဘဲဖွင့်ထားတဲ့တီဗီတွေတို့ အခြားအခြားသောဓာတ်အားနဲ့ ပတ်သက်တာတွေဟာ ဆာဗာမှာ သွားထိနိူင်မလားဆိုပြီး လိုက်ပိတ်တက်တဲ့အကျင့်လေးတော့ ရသွားတယ်။ စဆရက စကားမဟုတ်ပါနော်။ ကျွန်တော်တို့ပြည်သူတွေဖက်ကလဲ ကူညီနိူင်မဲ့ ဓာတ်အားသိမ်းဆည်းပေးချင်းကို ပူးပေါင်းပါဝင်နေပါတယ်။ ကျွန်တော်လုပ်ပါတယ်။

အခုမီးလာပြီးအခုပြန်ပြတ်တာတွေဟာ ဓာတ်အားမလုံလောက်တဲ့ ကျွန်တို့နိူင်ငံမှာ တစ်နေရာမှာတော့ လိုတာထက်ပိုဆွဲသွားလို့ ဆာဗာကဒေါင်းသွားတယ်လို့ ယူဆပါတယ်။ EPC ကလူတွေလဲဓာတ်အားပေးချိန် တိကျချင်မှာပါ။ သူတို့လဲအလုပ်များမှန်းယုံကြည်ပါတယ်။ မလိုအပ်ဘဲသုံးစွဲထားတဲ့မီးအားတွေရှိခဲ့ရင် ကျွန်တို့ဘက်ကလဲလျှော့ချပေးကြပါလို့။ ကိုယ့်ရဲ့အတွေ့အကြုံလေးနဲ့ဝေမျှပေးတာပါ။ လုပ်သရွှေ့တော့ ကျွန်တော်တို့အတူတူခံကြရမှာကြီးပါဘဲ။

စကားမစပ်ပြောနေရင်း ကွဲသွားတာ ကြာပြီဖြစ်တဲ့ ဂျပန်ကကောင်မလေးကို သတိရလိုက်တာဗျာ။

share from : xyznews

LEAVE A REPLY