Zawgyi ျဖင့္ဖတ္ရန္

 

ဂ်ပန္ႏိုင္ငံက ကလပ္အေတာ္မ်ားမ်ားမွာ ဧည့္ႀကိဳမယ္ေလးေတြ ရွိၾကပါတယ္။ သူတို႔ရဲ႕အဓိကအလုပ္က ကလပ္ကိုလာတဲ့ ဧည့္သည္ေတြနဲ႔ စကားေတြေျပာမယ္၊ အတူတူေသာက္မယ္၊ ေနာက္တခါလာခ်င္ေအာင္ ဆြဲေဆာင္ရမယ္ စသျဖင့္ေပါ့ဗ်ာ။ အဲဒီလို ဧည့္ႀကိဳမယ္ေလးေတြ ထဲကမွ ဂ်ပန္ႏိုင္ငံရဲ႕ နံပါတ္(၁)ဧည့္ႀကိဳမယ္လို႔ တင္စားခံရတဲ့ ဧည့္ႀကိဳမယ္ေလး အေၾကာင္းကို ေျပာျပခ်င္ပါတယ္။

သူမရဲ႕နာမည္ကေတာ့ Hoshino Kurumi ပါတဲ့။ တိုက်ိဳၿမိဳ႕ အထက္တန္းအသိုင္းအဝိုင္းၾကား နာမည္ႀကီးတဲ့ Lalah Bar က ဧည့္ႀကိဳမယ္ေလး တဦးေပါ့။ Lalah Bar ကေတာ့ အထပ္(၄)ထပ္ရွိၿပီး တထပ္မွာ ထိုင္စရာ ေနရာ(၂၀)စီပါတဲ့ အထက္တန္းက်လွတဲ့ကလပ္ (၁)ခုပါ။ VIP ခန္း လည္း (၄)ခန္းေတာင္ ရွိပါေသးတယ္။ Lalah ကလပ္မွာ ဧည့္ႀကိဳမယ္ေပါင္း (၇၀၀)နီးပါးရွိတယ္လို႔သတင္းေတြမွာေဖာ္ျပၾကေပမဲ့ တေန႔ကို ဧည့္ႀကိဳမယ္ (၅၀)ေလာက္ပဲ ေတြ႕ရေလ့ရွိပါတယ္တဲ့။

ဒီထဲကမွ Kurumi ကို နံပါတ္(၁)အျဖစ္ ေ႐ြးခ်ယ္ၾကတာကေတာ့ သူမရဲ႕ ခ်စ္စရာေကာင္းတဲ့သြင္ျပင္ရယ္၊ ဧည့္သည္ေတြကို ယဥ္ယဥ္ ေက်းေက်း စိတ္ရွည္ရွည္နဲ႔ ဆက္ဆံပုံေတြေၾကာင့္ျဖစ္ပါတယ္တဲ့။ သူမဟာ ဘားကို အရက္လာေသာက္တဲ့ ဧည့္သည္တဦးခ်င္းစီကို သူငယ္ခ်င္းေတြလို သေဘာထားၿပီး ဆက္ဆံေျပာဆိုတာေၾကာင့္ အခုလို နာမည္ရေနတာဆိုရင္လည္း မမွားပါဘူး။ ဘားကိုလာတဲ့ ဧည့္သည္အမ်ားစုက မ်ားေသာအားျဖင့္ ဧည့္ႀကိဳမယ္ေတြနဲ႔ ခ်စ္တင္းေႏွာႏိုင္ဖို႔ ႀကိဳးစားၾကေပမဲ့ Kurumi ကေတာ့ သူမနဲ႔ စကားေျပာၿပီး သူမကိုယ္တိုင္ကပါ ႏွစ္သက္သေဘာက်သူကိုသာ ခြင့္ျပဳေလ့ရွိတယ္လို႔ သိရပါတယ္။

အသက္ (၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Kurumi ဟာ ဘားက ရတဲ့ လစာေငြအျပင္ ဧည့္သည္ေတြဆီကရတဲ့ ေဘာက္ဆူးေတြအပါအဝင္ တလကို ဝင္ေငြ အေမရိကန္ေဒၚလာ (၇၄,၀၀၀)နီးပါးရွိတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ဧည့္သည္ေတြဆီက တန္ဖိုးႀကီးလက္ေဆာင္ေတြလည္း ရံဖန္ရံခါရေလ့ရွိၿပီး သူမ ရခဲ့ဖူးတဲ့ တန္ဖိုးအႀကီးဆုံးလက္ေဆာင္က အေမရိကန္ေဒၚလာ (၂)ေသာင္းတန္ စိန္ေလာ့ကတ္ တခုျဖစ္ပါသတဲ့။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

တစ်နေ့ကို ဒေါ်လာ (၉၀၀) ကျော်ဝင်ငွေရှိတယ်ဆိုတဲ့ ဂျပန်နိုင်ငံရဲ့ နံပါတ်(၁)ဧည့်ကြိုမယ်လေး

ဂျပန်နိုင်ငံက ကလပ်အတော်များများမှာ ဧည့်ကြိုမယ်လေးတွေ ရှိကြပါတယ်။ သူတို့ရဲ့အဓိကအလုပ်က ကလပ်ကိုလာတဲ့ ဧည့်သည်တွေနဲ့ စကားတွေပြောမယ်၊ အတူတူသောက်မယ်၊ နောက်တခါလာချင်အောင် ဆွဲဆောင်ရမယ် စသဖြင့်ပေါ့ဗျာ။ အဲဒီလို ဧည့်ကြိုမယ်လေးတွေ ထဲကမှ ဂျပန်နိုင်ငံရဲ့ နံပါတ်(၁)ဧည့်ကြိုမယ်လို့ တင်စားခံရတဲ့ ဧည့်ကြိုမယ်လေး အကြောင်းကို ပြောပြချင်ပါတယ်။

သူမရဲ့နာမည်ကတော့ Hoshino Kurumi ပါတဲ့။ တိုကျိုမြို့ အထက်တန်းအသိုင်းအဝိုင်းကြား နာမည်ကြီးတဲ့ Lalah Bar က ဧည့်ကြိုမယ်လေး တဦးပေါ့။ Lalah Bar ကတော့ အထပ်(၄)ထပ်ရှိပြီး တထပ်မှာ ထိုင်စရာ နေရာ(၂၀)စီပါတဲ့ အထက်တန်းကျလှတဲ့ကလပ် (၁)ခုပါ။ VIP ခန်း လည်း (၄)ခန်းတောင် ရှိပါသေးတယ်။ Lalah ကလပ်မှာ ဧည့်ကြိုမယ်ပေါင်း (၇၀၀)နီးပါးရှိတယ်လို့သတင်းတွေမှာဖော်ပြကြပေမဲ့ တနေ့ကို ဧည့်ကြိုမယ် (၅၀)လောက်ပဲ တွေ့ရလေ့ရှိပါတယ်တဲ့။

ဒီထဲကမှ Kurumi ကို နံပါတ်(၁)အဖြစ် ရွေးချယ်ကြတာကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့သွင်ပြင်ရယ်၊ ဧည့်သည်တွေကို ယဉ်ယဉ် ကျေးကျေး စိတ်ရှည်ရှည်နဲ့ ဆက်ဆံပုံတွေကြောင့်ဖြစ်ပါတယ်တဲ့။ သူမဟာ ဘားကို အရက်လာသောက်တဲ့ ဧည့်သည်တဦးချင်းစီကို သူငယ်ချင်းတွေလို သဘောထားပြီး ဆက်ဆံပြောဆိုတာကြောင့် အခုလို နာမည်ရနေတာဆိုရင်လည်း မမှားပါဘူး။ ဘားကိုလာတဲ့ ဧည့်သည်အများစုက များသောအားဖြင့် ဧည့်ကြိုမယ်တွေနဲ့ ချစ်တင်းနှောနိုင်ဖို့ ကြိုးစားကြပေမဲ့ Kurumi ကတော့ သူမနဲ့ စကားပြောပြီး သူမကိုယ်တိုင်ကပါ နှစ်သက်သဘောကျသူကိုသာ ခွင့်ပြုလေ့ရှိတယ်လို့ သိရပါတယ်။

အသက် (၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kurumi ဟာ ဘားက ရတဲ့ လစာငွေအပြင် ဧည့်သည်တွေဆီကရတဲ့ ဘောက်ဆူးတွေအပါအဝင် တလကို ဝင်ငွေ အမေရိကန်ဒေါ်လာ (၇၄,၀၀၀)နီးပါးရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဧည့်သည်တွေဆီက တန်ဖိုးကြီးလက်ဆောင်တွေလည်း ရံဖန်ရံခါရလေ့ရှိပြီး သူမ ရခဲ့ဖူးတဲ့ တန်ဖိုးအကြီးဆုံးလက်ဆောင်က အမေရိကန်ဒေါ်လာ (၂)သောင်းတန် စိန်လော့ကတ် တခုဖြစ်ပါသတဲ့။

share from : burmese.asia

LEAVE A REPLY