Zawgyi ျဖင့္ဖတ္ရန္

 

ဂ်ပန္ဟာ အာရွရဲ႕စီးပြားေရးအတိုးတက္ဆုံး ႏိုင္ငံတစ္ခုျဖစ္သလို မီလ်ံနာ ၊ ဘီလ်ံနာေတြ ေပါတဲ့ႏိုင္ငံ လည္းျဖစ္ပါတယ္။ ဂ်ပန္မွာ မီလ်ံနာေပါင္း ၂သန္းေက်ာ္ ရွိသလို ၊ ဘီလ်ံနာေပါင္း ၄၅ ေယာက္ရွိပါတယ္။ ဒီလိုခ်မ္းသာတဲ့သူေတြထဲမွာမွ အခ်မ္းသာဆုံး ပုဂၢိဳလ္ဆိုရင္ေတာ့ တာဒါရွီ ရာႏိုက္အိ (Tadashi Yanai) ကိုပဲ ျပရပါလိမ့္မယ္။

လက္ရွိအခ်ိန္မွာေတာ့ သူဟာ ႂကြယ္ဝမႈ အေမရိကန္ေဒၚလာ ၂၉.၈ ဘီလ်ံရွိၿပီး ဂ်ပန္ႏိုင္ငံရဲ႕ နံပါတ္ ၁ နဲ႔ ကမာၻ႔ နံပါတ္ ၂၇ အခ်မ္းသာဆုံး ပုဂၢိဳလ္လည္းျဖစ္ပါတယ္။ သူဟာ ဂ်ပန္က လူသိမ်ားတဲ့ အက်ႌအမွတ္တံဆိပ္ Uniqlo အပါအဝင္ျဖစ္တဲ့ Fast Retailing ကုမၸဏီရဲ႕ တည္ေထာင္သူ ဥကၠဌလည္းျဖစ္သလို Nippon Venture Capital Co., Ltd. နဲ႔ Softbank Corp လို ကုမၸဏီႀကီးေတြရဲ႕ ဒါ႐ိုက္တာ နဲ႔ အတိုင္ပင္ခံပုဂၢိဳလ္လည္းျဖစ္ပါတယ္။

သူ႔ကို ၁၉၄၉ခုႏွစ္ ေဖေဖာ္ဝါရီလက ဂ်ပန္ႏိုင္ငံ Yamaguchi စီရင္စုနယ္ Ube ၿမိဳ႕မွာေမြးဖြားခဲ့ပါတယ္။ ငယ္စဥ္ကတည္းက အေရာင္းအဝယ္ စီးပြားေရးလုပ္ငန္းကို ဝါသနာပါခဲ့သူလည္းျဖစ္ပါတယ္။ ၁၉၇၁ခုႏွစ္မွာ Waseda တကၠသိုလ္ကေန စီးပြားေရး နဲ႔ ႏိုင္ငံေရးသိပၸံဘြဲ႕ရရွိခဲ့ၿပီးတဲ့ေနာက္ စီးပြားေရးလုပ္ငန္းေတြကို စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ပထမဆုံး သူလုပ္ခဲ့တဲ့ အလုပ္က Jusco ေဈးဝယ္စင္တာမွာ အမ်ိဳးသားသီးသန႔္ အဝတ္အစား နဲ႔ မီးဖိုေခ်ာင္သုံးပစၥည္းေတြ ေရာင္းတဲ့အလုပ္ ျဖစ္ပါတယ္။

၁ ႏွစ္ေလာက္ အဲဒီအလုပ္ကို လုပ္ၿပီးတဲ့ေနာက္မွာေတာ့ ေနာက္အလုပ္တစ္ခုကို ေျပာင္းေ႐ႊ႕လုပ္ကိုင္ခဲ့ပါတယ္။ အဲဒါကေတာ့ ဖခင္ျဖစ္သူရဲ႕ Ogori Shoji စက္ခ်ဳပ္ဆိုင္လုပ္ငန္းပါ။ သူဟာ ဖခင္ျဖစ္သူရဲ႕ အဝတ္အထည္ခ်ဳပ္လုပ္ငန္းကို ပိုမိုတိုးတက္ေအာင္ စြမ္းေဆာင္ခဲ့ၿပီး Ogori Shoji လုပ္ငန္းကို Fast Retailing Co., Ltd အျဖစ္ေျပာင္းလဲခဲ့ၿပီး ဟီ႐ိုရွီးမားရဲ႕ စေတာ့ရွယ္ယာေဈးကြက္ထဲကို ဝင္ေရာက္လာခဲ့ပါတယ္။

ေနာက္တခ်ိန္မွာ နာမည္ႀကီးလာမယ့္ Uniqlo စတိုးဆိုင္ကို ပထမဆုံးအေနနဲ႔ ဟီ႐ိုရွီးမားမွာ ၁၉၈၄ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ပါတယ္။ သူ႔ရဲ႕စီးပြားေရး အကြက္ျမင္မႈ နဲ႔ ဦးေဆာင္ႏိုင္စြမ္းေတြေၾကာင့္ စတိုးဆိုင္ေလး တစ္ဆိုင္ဖြင့္ၿပီး ၁၀ႏွစ္ၾကာၿပီးတဲ့ေနာက္ ၁၉၉၄ခုႏွစ္မွာေတာ့ ေနာက္ထပ္ Uniqlo စတိုးဆိုင္ ခြဲေပါင္း ၁ဒါဇင္ေက်ာ္ကို ထပ္မံဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ ၁၉၉၉ ခုႏွစ္မွာေတာ့ သူ႔ရဲ႕ Fast Retailing ကုမၸဏီဟာ ဂ်ပန္ႏိုင္ငံရဲ႕ ကုမၸဏီႀကီး စာရင္းကို စတင္ပါဝင္လာခဲ့ပါတယ္။

ႏိုင္ငံတြင္းမွာ ေအာင္ျမင္ေပမယ့္ အျခားႏိုင္ငံေတြမွာပါ စီးပြားေရးခ်ဲ႕ထြင္တဲ့အေနနဲ႔ ကုမၸဏီခြဲေတြဖြင့္လွစ္ခဲ့ရာမွာ အခက္အခဲေတြနဲ႔ ႀကဳံခဲ့ရပါတယ္။ ၂၀၀၁ခုႏွစ္တုန္းက UK မွာ Uniqlo ကုမၸဏီကို ၃ႏွစ္အတြင္း ဆိုင္ခြဲေပါင္း ၅၀ အထိဖြင့္ဖို႔ ရည္မွန္းထားခဲ့ေပမယ့္ ၂၁ဆိုင္အထိသာ ဖြင့္ႏိုင္ခဲ့သလို ၂၀၀၃ ခုႏွစ္မွာ ၁၆ဆိုင္ ျပန္ပိတ္ရတဲ့ အထိ အရႈံးေပၚခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ လက္မေလွ်ာ့ပဲ သူ႔ကုမၸဏီရဲ႕ အားနည္းခ်က္ေတြကို ျပန္လည္ျပင္ဆင္ကာ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ၿပီးတဲ့ေနာက္ ျပန္လည္ေအာင္ျမင္လာခဲ့ပါတယ္။

၂၀၁၀ ခုႏွစ္ဝန္းက်င္မွာေတာ့ သူ႔ရဲ႕ ကုမၸဏီဟာ အဆမတန္ႀကီးမားလာခဲ့ၿပီး ႏိုင္ငံေပါင္းေတာ္ေတာ္မ်ားမ်ားမွာ စတိုးဆိုင္ခြဲေပါင္း ၂၀၀၀ ေက်ာ္ဖြင့္ႏိုင္တဲ့အထိ ေအာင္ျမင္လာခဲ့ပါတယ္။ အႀကီးဆုံး အဝတ္အစား ကုမၸဏီစာရင္းမွာလည္း နံပါတ္ ၄ ေနရာ ေရာက္ရွိခဲ့သလို မူရင္း Uniqlo တံဆိပ္သာမက ျပင္သစ္နဲ႔ အေမရိကန္က နာမည္ႀကီးတံဆိပ္ေတြျဖစ္တဲ့ Helmut Lang, theory, Comptoir des Cotonniers, Princesse Tam.Tam, J Brand နဲ႔ g.u အစတာေတြကို ဝယ္ယူကာ စီးပြားေရးအင္ပါယာကို ခ်ဲ႕ထြင္ႏိုင္ခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္မွာေတာ့ Bloomberg စီးပြားေရးမဂၢဇင္းက ထုတ္ျပန္တဲ့ ကမာၻ႔ ၾသဇာအလႊမ္းမိုးႏိုင္ဆုံး ပုဂၢိဳလ္ ၅၀ စာရင္းမွာ ပါဝင္ခဲ့ပါတယ္။ ဒါအျပင္ အေမရိကန္က ကမာၻ႔လက္လီျဖန႔္ခ်ိေရးအဖြဲ႕အစည္းက ေပးအပ္တဲ့ ၂၀၁၀ ခုႏွစ္ ကမာၻ႔အေကာင္းဆုံးလက္လီျဖန႔္ခ်ီႏိုင္သူဆု ကို ရရွိခဲ့သလို ၂၀၀၉ခုႏွစ္ရဲ႕ ကုမၸဏီကို အေကာင္းဆုံးပဲ့ကိုင္ႏိုင္သူ ဆုေတြကိုပါ ရရွိခဲ့ပါတယ္။

သူဟာ တိုက်ိဳၿမိဳ႕လယ္က ၁၆၆၀၀ စတုရန္းေပ က်ယ္ဝန္းတဲ့ေျမေပၚမွာ ေဒၚလာ သန္း ၈၀တန္ အိမ္ကိုေဆာက္လုပ္ေနထိုင္ပါတယ္။ မိသားစုဘ၀ အေနနဲ႔ကေတာ့ Teruyo Yanai နဲ႔ လက္ထပ္ခဲ့ၿပီးတဲ့ေနာက္ ကေလး ၂ ေယာက္ရရွိခဲ့ပါတယ္။ ျမင္းစီးတာနဲ႔ ေဂါက္႐ိုက္တာကို ဝါသနာပါၿပီး ဟာဝိုင္ယီကြၽန္းမွာ ေဂါက္ကြင္း ၂ခုကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။ အလႉအတန္းရက္ေရာသလို ဂ်ပန္ကသာမက ကမာၻတဝွမ္းက ဒုကၡသည္ေတြအတြက္ပါ ေဒၚလာ သန္းနဲ႔ခ်ီၿပီး အႀကိမ္ႀကိမ္လႉဒါန္းခဲ့ပါတယ္။ Throw Away Your Success in a Day လို႔အမည္ေပးထားတဲ့စာအုပ္ကို ၂၀၀၉ခုႏွစ္က ေရးသားထုတ္ေဝခဲ့ပါေသးတယ္။

“ကြၽန္ေတာ့္ကိုၾကည့္ရင္ ေအာင္ျမင္ၿပီးရင္း ေအာင္ျမင္ေနတဲ့လူလို႔ ခင္ဗ်ားတို႔ ထင္ေကာင္းထင္ႏိုင္တယ္။ ဒါေပမယ့္ တကယ္တမ္းေတာ့ ကြၽန္ေတာ္လည္း အႀကိမ္ႀကိမ္ရႈံးနိမ့္ဖူးပါတယ္။ လူအမ်ားစုက အရႈံးနဲ႔ရင္ဆိုင္ရရင္ ဆက္မလုပ္ခ်င္ၾကေတာ့ဘူး။ လိုအပ္ခ်က္ေတြကို ျပန္လည္ျပင္ဆင္ၿပီး အေကာင္းျမင္စိတ္ေလး နဲ႔ အႀကိမ္ႀကိမ္ႀကိဳးစားရင္ တႀကိမ္မဟုတ္တႀကိမ္ေတာ့ ေအာင္ျမင္သြားမွာပါ”

Credit : thutazone

Unicode ဖြင့်ဖတ်ရန်

ဂျပန်နိုင်ငံ ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်

ဂျပန်ဟာ အာရှရဲ့စီးပွားရေးအတိုးတက်ဆုံး နိုင်ငံတစ်ခုဖြစ်သလို မီလျံနာ ၊ ဘီလျံနာတွေ ပေါတဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ ဂျပန်မှာ မီလျံနာပေါင်း ၂သန်းကျော် ရှိသလို ၊ ဘီလျံနာပေါင်း ၄၅ ယောက်ရှိပါတယ်။ ဒီလိုချမ်းသာတဲ့သူတွေထဲမှာမှ အချမ်းသာဆုံး ပုဂ္ဂိုလ်ဆိုရင်တော့ တာဒါရှီ ရာနိုက်အိ (Tadashi Yanai) ကိုပဲ ပြရပါလိမ့်မယ်။

လက်ရှိအချိန်မှာတော့ သူဟာ ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၉.၈ ဘီလျံရှိပြီး ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ နဲ့ ကမ္ဘာ့ နံပါတ် ၂၇ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ သူဟာ ဂျပန်က လူသိများတဲ့ အင်္ကျီအမှတ်တံဆိပ် Uniqlo အပါအဝင်ဖြစ်တဲ့ Fast Retailing ကုမ္ပဏီရဲ့ တည်ထောင်သူ ဥက္ကဌလည်းဖြစ်သလို Nippon Venture Capital Co., Ltd. နဲ့ Softbank Corp လို ကုမ္ပဏီကြီးတွေရဲ့ ဒါရိုက်တာ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

သူ့ကို ၁၉၄၉ခုနှစ် ဖေဖော်ဝါရီလက ဂျပန်နိုင်ငံ Yamaguchi စီရင်စုနယ် Ube မြို့မှာမွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အရောင်းအဝယ် စီးပွားရေးလုပ်ငန်းကို ဝါသနာပါခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၇၁ခုနှစ်မှာ Waseda တက္ကသိုလ်ကနေ စီးပွားရေး နဲ့ နိုင်ငံရေးသိပ္ပံဘွဲ့ရရှိခဲ့ပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမဆုံး သူလုပ်ခဲ့တဲ့ အလုပ်က Jusco ဈေးဝယ်စင်တာမှာ အမျိုးသားသီးသန့် အဝတ်အစား နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ရောင်းတဲ့အလုပ် ဖြစ်ပါတယ်။

၁ နှစ်လောက် အဲဒီအလုပ်ကို လုပ်ပြီးတဲ့နောက်မှာတော့ နောက်အလုပ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဖခင်ဖြစ်သူရဲ့ Ogori Shoji စက်ချုပ်ဆိုင်လုပ်ငန်းပါ။ သူဟာ ဖခင်ဖြစ်သူရဲ့ အဝတ်အထည်ချုပ်လုပ်ငန်းကို ပိုမိုတိုးတက်အောင် စွမ်းဆောင်ခဲ့ပြီး Ogori Shoji လုပ်ငန်းကို Fast Retailing Co., Ltd အဖြစ်ပြောင်းလဲခဲ့ပြီး ဟီရိုရှီးမားရဲ့ စတော့ရှယ်ယာဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။

နောက်တချိန်မှာ နာမည်ကြီးလာမယ့် Uniqlo စတိုးဆိုင်ကို ပထမဆုံးအနေနဲ့ ဟီရိုရှီးမားမှာ ၁၉၈၄ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့စီးပွားရေး အကွက်မြင်မှု နဲ့ ဦးဆောင်နိုင်စွမ်းတွေကြောင့် စတိုးဆိုင်လေး တစ်ဆိုင်ဖွင့်ပြီး ၁၀နှစ်ကြာပြီးတဲ့နောက် ၁၉၉၄ခုနှစ်မှာတော့ နောက်ထပ် Uniqlo စတိုးဆိုင် ခွဲပေါင်း ၁ဒါဇင်ကျော်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ သူ့ရဲ့ Fast Retailing ကုမ္ပဏီဟာ ဂျပန်နိုင်ငံရဲ့ ကုမ္ပဏီကြီး စာရင်းကို စတင်ပါဝင်လာခဲ့ပါတယ်။

နိုင်ငံတွင်းမှာ အောင်မြင်ပေမယ့် အခြားနိုင်ငံတွေမှာပါ စီးပွားရေးချဲ့ထွင်တဲ့အနေနဲ့ ကုမ္ပဏီခွဲတွေဖွင့်လှစ်ခဲ့ရာမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ ၂၀၀၁ခုနှစ်တုန်းက UK မှာ Uniqlo ကုမ္ပဏီကို ၃နှစ်အတွင်း ဆိုင်ခွဲပေါင်း ၅၀ အထိဖွင့်ဖို့ ရည်မှန်းထားခဲ့ပေမယ့် ၂၁ဆိုင်အထိသာ ဖွင့်နိုင်ခဲ့သလို ၂၀၀၃ ခုနှစ်မှာ ၁၆ဆိုင် ပြန်ပိတ်ရတဲ့ အထိ အရှုံးပေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လက်မလျှော့ပဲ သူ့ကုမ္ပဏီရဲ့ အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ကာ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးတဲ့နောက် ပြန်လည်အောင်မြင်လာခဲ့ပါတယ်။

၂၀၁၀ ခုနှစ်ဝန်းကျင်မှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ အဆမတန်ကြီးမားလာခဲ့ပြီး နိုင်ငံပေါင်းတော်တော်များများမှာ စတိုးဆိုင်ခွဲပေါင်း ၂၀၀၀ ကျော်ဖွင့်နိုင်တဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ အကြီးဆုံး အဝတ်အစား ကုမ္ပဏီစာရင်းမှာလည်း နံပါတ် ၄ နေရာ ရောက်ရှိခဲ့သလို မူရင်း Uniqlo တံဆိပ်သာမက ပြင်သစ်နဲ့ အမေရိကန်က နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ Helmut Lang, theory, Comptoir des Cotonniers, Princesse Tam.Tam, J Brand နဲ့ g.u အစတာတွေကို ဝယ်ယူကာ စီးပွားရေးအင်ပါယာကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ Bloomberg စီးပွားရေးမဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ သြဇာအလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် ၅၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါအပြင် အမေရိကန်က ကမ္ဘာ့လက်လီဖြန့်ချိရေးအဖွဲ့အစည်းက ပေးအပ်တဲ့ ၂၀၁၀ ခုနှစ် ကမ္ဘာ့အကောင်းဆုံးလက်လီဖြန့်ချီနိုင်သူဆု ကို ရရှိခဲ့သလို ၂၀၀၉ခုနှစ်ရဲ့ ကုမ္ပဏီကို အကောင်းဆုံးပဲ့ကိုင်နိုင်သူ ဆုတွေကိုပါ ရရှိခဲ့ပါတယ်။

သူဟာ တိုကျိုမြို့လယ်က ၁၆၆၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့မြေပေါ်မှာ ဒေါ်လာ သန်း ၈၀တန် အိမ်ကိုဆောက်လုပ်နေထိုင်ပါတယ်။ မိသားစုဘ၀ အနေနဲ့ကတော့ Teruyo Yanai နဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် ကလေး ၂ ယောက်ရရှိခဲ့ပါတယ်။ မြင်းစီးတာနဲ့ ဂေါက်ရိုက်တာကို ဝါသနာပါပြီး ဟာဝိုင်ယီကျွန်းမှာ ဂေါက်ကွင်း ၂ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ အလှူအတန်းရက်ရောသလို ဂျပန်ကသာမက ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေအတွက်ပါ ဒေါ်လာ သန်းနဲ့ချီပြီး အကြိမ်ကြိမ်လှူဒါန်းခဲ့ပါတယ်။ Throw Away Your Success in a Day လို့အမည်ပေးထားတဲ့စာအုပ်ကို ၂၀၀၉ခုနှစ်က ရေးသားထုတ်ဝေခဲ့ပါသေးတယ်။

“ကျွန်တော့်ကိုကြည့်ရင် အောင်မြင်ပြီးရင်း အောင်မြင်နေတဲ့လူလို့ ခင်ဗျားတို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်လည်း အကြိမ်ကြိမ်ရှုံးနိမ့်ဖူးပါတယ်။ လူအများစုက အရှုံးနဲ့ရင်ဆိုင်ရရင် ဆက်မလုပ်ချင်ကြတော့ဘူး။ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အကောင်းမြင်စိတ်လေး နဲ့ အကြိမ်ကြိမ်ကြိုးစားရင် တကြိမ်မဟုတ်တကြိမ်တော့ အောင်မြင်သွားမှာပါ”

Credit : thutazone

LEAVE A REPLY