Zawgyi ျဖင့္ဖတ္ရန္

 

ဂ်င္းေဘာင္းဘီဆိုတာ လူတိုင္းမွာ တစ္ထည္ေလာက္ေတာ့ရွိၾကၿပီး ဘာနဲ႔တြဲဝတ္ဝတ္အထာက်၊ လြတ္လပ္တာေၾကာင့္ လူႀကိဳက္မ်ားတဲ့ဖက္ရွင္လည္းျဖစ္ပါတယ္။ ဒါေပမယ့္ ကိုယ္ႀကိဳက္တဲ့ ဂ်င္းေဘာင္းဘီကို ခဏခဏ ထုတ္ဝတ္လို႔ ေခ်ာင္လာတာ၊ ေလ်ာ့ရဲၿပီး ပုံစံပ်က္လာတာေတြျဖစ္လာရင္ ႏွေျမာလည္းႏွေျမာ၊ စိတ္မေကာင္းလည္းျဖစ္ရပါတယ္။ ဒါေၾကာင့္ ေဈးႀကီးေပးဝယ္ထားရတဲ့ ကိုယ့္အႀကိဳက္ဆုံးဂ်င္းေဘာင္းဘီေလးေတြ ပုံမပ်က္သြားေအာင္၊ အခ်ိန္ၾကာတဲ့အထိ အသစ္လိုပဲျဖစ္ေနေအာင္ ဘယ္လိုထိန္းသိမ္းရမလဲဆိုတဲ့နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္။

(၁) ေရေႏြးနဲ႔ေလွ်ာ္ပါ

ဂ်င္းေဘာင္းဘီေလ်ာ့ရဲတာေတြမျဖစ္ေအာင္၊ က်ယ္မသြားေအာင္ ေရေအးနဲ႔ေလွ်ာ္တာထက္ အရမ္းႀကီးမပူတဲ့ေရေႏြးေလးနဲ႔ေလွ်ာ္ေပးပါ။ လက္နဲ႔ေလွ်ာ္တာက အေကာင္းဆုံးျဖစ္ၿပီး၊ စက္ထဲ ထည့္ေလွ်ာ္မယ္ဆိုရင္ေတာ့ ေျပာင္းျပန္လွန္ေပးဖို႔ လိုပါတယ္။ Fabric softener လုံးဝမသုံးပါနဲ႔။

(၂) ေရမညႇစ္ပါနဲ႔

စက္နဲ႔ပဲေလွ်ာ္ေလွ်ာ္၊လက္နဲ႔ပဲေလွ်ာ္ေလွ်ာ္ ေရစင္ေအာင္လို႔ဆိုၿပီး အရမ္းညႇစ္လိုက္မယ္ဆိုရင္ jeans ရဲ႕ Elasticity က်သြားၿပီး လြယ္လြယ္နဲ႔ ပုံပ်က္သြားပါလိမ့္မယ္။ ဒါေၾကာင့္ ေလွ်ာ္ၿပီးရင္ ေရနည္းနည္းစစ္႐ုံ ညႇစ္လိုက္ၿပီး ခ်ိတ္နဲ႔ ခ်ိတ္လွန္းထားေပးပါ။

(၃) မီးပူနဲ႔ဖိဆြဲၿပီးမတိုက္ပါနဲ႔

ဂ်င္းေဘာင္းဘီေတြကိုေလွ်ာ္ၿပီးတဲ့အခါ အဝတ္အေျခာက္ခံစက္မသုံးဘဲ ဒီတိုင္းပဲအေျခာက္ခံသင့္သလို၊ မီးပူနဲ႔ဖိဆြဲၿပီးတိုက္တာမ်ိဳးလည္း မလုပ္သင့္ပါဘူး။ ေလွ်ာ္ၿပီးေရစစ္႐ုံညႇစ္ကာ ဆန႔္သြားေအာင္ခါၿပီး ခ်ိတ္လွန္းထားရင္ အတန္အသင့္ေတာ့ျပန႔္ေနပါလိမ့္မယ္။ လိုအပ္ရင္ေတာ့ မီးပူကို အပူခ်ိန္နည္းနည္းထားၿပီး တိုက္ေပးလို႔ရပါတယ္၊ ဖိၿပီးမဆြဲဖို႔ပဲလိုတာပါ။

(၄) ဂ်င္းေဘာင္းဘီဝတ္ၿပီးေရခ်ိဳးတာမ်ိဳး၊ ေရစိုေနတုန္းဆြဲခြၽတ္တာမ်ိဳးမလုပ္ပါနဲ႔

ဂ်င္းေဘာင္းဘီဝတ္ထားၿပီး ေရခ်ိဳးတာမ်ိဳး၊ ေရစိုေနတုန္း ဆြဲခြၽတ္တာမ်ိဳးေတြက ဂ်င္းေဘာင္းဘီကို ပုံပ်က္ေစပါတယ္။ ဒါေၾကာင့္ ဝတ္ထားတုန္းေရမစိုေအာင္ သတိထားတာအေကာင္းဆုံးျဖစ္ၿပီး ေရစိုသြားရင္ ဝတ္ထားတဲ့အတိုင္း ဆပ္ျပာတိုက္ေလွ်ာ္လိုက္ပါ။ ၿပီးမွ ေရစစ္သြားေအာင္၊ နည္းနည္းေလးေျခာက္သြားေအာင္ေစာင့္ၿပီး ခြၽတ္လိုက္ပါ။

ဒီနည္းေလးေတြအတိုင္း လုပ္မယ္ဆိုရင္ ကိုယ့္အႀကိဳက္ဆုံးဂ်င္းေဘာင္းဘီေလးေတြ ခဏေလးနဲ႔ေခ်ာင္သြားတာမ်ိဳး၊ ပုံပ်က္ၿပီးေလ်ာ့တိေလ်ာ့ရဲျဖစ္သြားတာမ်ိဳးေတြ လုံးဝမျဖစ္ေတာ့ဘူးေနာ္။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

ကိုယ့်အကြိုက်ဆုံး ဂျင်းဘောင်းဘီတွေ လျော့ရဲပြီး ပုံပျက်မသွားအောင် ထိန်းသိမ်းနည်း (၄)နည်း

ဂျင်းဘောင်းဘီဆိုတာ လူတိုင်းမှာ တစ်ထည်လောက်တော့ရှိကြပြီး ဘာနဲ့တွဲဝတ်ဝတ်အထာကျ၊ လွတ်လပ်တာကြောင့် လူကြိုက်များတဲ့ဖက်ရှင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ ဂျင်းဘောင်းဘီကို ခဏခဏ ထုတ်ဝတ်လို့ ချောင်လာတာ၊ လျော့ရဲပြီး ပုံစံပျက်လာတာတွေဖြစ်လာရင် နှမြောလည်းနှမြော၊ စိတ်မကောင်းလည်းဖြစ်ရပါတယ်။ ဒါကြောင့် ဈေးကြီးပေးဝယ်ထားရတဲ့ ကိုယ့်အကြိုက်ဆုံးဂျင်းဘောင်းဘီလေးတွေ ပုံမပျက်သွားအောင်၊ အချိန်ကြာတဲ့အထိ အသစ်လိုပဲဖြစ်နေအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

(၁) ရေနွေးနဲ့လျှော်ပါ

ဂျင်းဘောင်းဘီလျော့ရဲတာတွေမဖြစ်အောင်၊ ကျယ်မသွားအောင် ရေအေးနဲ့လျှော်တာထက် အရမ်းကြီးမပူတဲ့ရေနွေးလေးနဲ့လျှော်ပေးပါ။ လက်နဲ့လျှော်တာက အကောင်းဆုံးဖြစ်ပြီး၊ စက်ထဲ ထည့်လျှော်မယ်ဆိုရင်တော့ ပြောင်းပြန်လှန်ပေးဖို့ လိုပါတယ်။ Fabric softener လုံးဝမသုံးပါနဲ့။

(၂) ရေမညှစ်ပါနဲ့

စက်နဲ့ပဲလျှော်လျှော်၊လက်နဲ့ပဲလျှော်လျှော် ရေစင်အောင်လို့ဆိုပြီး အရမ်းညှစ်လိုက်မယ်ဆိုရင် jeans ရဲ့ Elasticity ကျသွားပြီး လွယ်လွယ်နဲ့ ပုံပျက်သွားပါလိမ့်မယ်။ ဒါကြောင့် လျှော်ပြီးရင် ရေနည်းနည်းစစ်ရုံ ညှစ်လိုက်ပြီး ချိတ်နဲ့ ချိတ်လှန်းထားပေးပါ။

(၃) မီးပူနဲ့ဖိဆွဲပြီးမတိုက်ပါနဲ့

ဂျင်းဘောင်းဘီတွေကိုလျှော်ပြီးတဲ့အခါ အဝတ်အခြောက်ခံစက်မသုံးဘဲ ဒီတိုင်းပဲအခြောက်ခံသင့်သလို၊ မီးပူနဲ့ဖိဆွဲပြီးတိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။ လျှော်ပြီးရေစစ်ရုံညှစ်ကာ ဆန့်သွားအောင်ခါပြီး ချိတ်လှန်းထားရင် အတန်အသင့်တော့ပြန့်နေပါလိမ့်မယ်။ လိုအပ်ရင်တော့ မီးပူကို အပူချိန်နည်းနည်းထားပြီး တိုက်ပေးလို့ရပါတယ်၊ ဖိပြီးမဆွဲဖို့ပဲလိုတာပါ။

(၄) ဂျင်းဘောင်းဘီဝတ်ပြီးရေချိုးတာမျိုး၊ ရေစိုနေတုန်းဆွဲချွတ်တာမျိုးမလုပ်ပါနဲ့

ဂျင်းဘောင်းဘီဝတ်ထားပြီး ရေချိုးတာမျိုး၊ ရေစိုနေတုန်း ဆွဲချွတ်တာမျိုးတွေက ဂျင်းဘောင်းဘီကို ပုံပျက်စေပါတယ်။ ဒါကြောင့် ဝတ်ထားတုန်းရေမစိုအောင် သတိထားတာအကောင်းဆုံးဖြစ်ပြီး ရေစိုသွားရင် ဝတ်ထားတဲ့အတိုင်း ဆပ်ပြာတိုက်လျှော်လိုက်ပါ။ ပြီးမှ ရေစစ်သွားအောင်၊ နည်းနည်းလေးခြောက်သွားအောင်စောင့်ပြီး ချွတ်လိုက်ပါ။

ဒီနည်းလေးတွေအတိုင်း လုပ်မယ်ဆိုရင် ကိုယ့်အကြိုက်ဆုံးဂျင်းဘောင်းဘီလေးတွေ ခဏလေးနဲ့ချောင်သွားတာမျိုး၊ ပုံပျက်ပြီးလျော့တိလျော့ရဲဖြစ်သွားတာမျိုးတွေ လုံးဝမဖြစ်တော့ဘူးနော်။

Credit : Aunty may

LEAVE A REPLY