Zawgyi ဖြင့်ဖတ်ရန်

 







Unicode ဖြင့်ဖတ်ရန်

ဗြိတိန်ကမ်းရိုးတန်းမှာရေငုတ်သူတွေတွေ့ခဲ့တဲ့လူ့အရွယ်လောက်ရှိတဲ့ဂျယ်လီငါးတွေ

ကွန်ဝေါလ်ကမ်းရိုးတန်းမှာရေကူးနေတဲ့သူတွေကလူ့ခန္တာကိုယ်လောက်ကိုကြီးတဲ့ဂျယ်လီငါးတွေကိုတွေ့ခဲ့တဲ့အခါမှာတကယ်ကိုအံသြသွားခဲ့ပါတယ်။ခရင်မ်အရောင်ရှိတဲ့ သက်ရှိတွေကိုသေချာကြည့်တော့ဂျယ်လီငါးဖြစ်နေပြီး၎င်းကတကယ့်အံဖွယ်ကိစ္စရပ်ပါပဲ။

ဘီဘီစီရဲ့သဘာဝသက်ရှိများအကြောင်းကြေငြာသူနဲ့ ဇီဝဗေဒပညာရှင်ဖြစ်တဲ့ လစ်ဇီ ဒါလေနဲ့ သူမရဲ့ဓာတ်ပုံဆရာတို့ကစွန့်စားမှုတခုအတွက်ရိုက်ကူးနေရင်ကြီးမားတဲ့ဂျယ်လီငါးကြီးဘေးမှာရောက်နေတာကိုတွေ့ခဲ့ရတာပါ။

ရေအောက်ရိုက်ကူးမှုပညာရှင်ဖြစ်တဲ့ ဒန် အဘ်ဘော့ကထိုအဖြစ်အပျက်ကိုဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ကြီးမားတဲ့အရွယ်ရှိတဲ့ဂျယ်လီငါးအလွန်အံဖွယ်ပါပဲ။
ဒီလိုကြီးမားတဲ့အရာတွေရှိတယ်လို့ကြားဖူးပေမယ့် ဒီလောက်ကြီးတဲ့အရာကိုတွေ့ဖူးတာတော့ပထမဆုံးပဲလို့ဒဒါလေက စီဘီအက်စ် သတင်းဌာနကိုပြောပါတယ်။
ဒန်ကတော့သူမကဒီလိုကြီးတဲ့အရာကိုမကြုံဖူးဘူးလို့ပြောပါတယ်။

တကယ်တော့ဂျယ်လီငါးကိုသူတို့တွေ့တဲ့အချိန်မှာ၎င်းကရေထဲမှာမျောနေတာဖြစ်ပါတယ်။သူ့မှာနူးညံတဲ့ဆူးလေးတချောင်းပဲပါပါတယ်။
ဘန်နဲ့ဒါလေတို့ကအရိုင်းဆန်တဲ့သမုဒ္ဒရာအစီအစဉ်အတွက်ရိုက်ကူးနေခဲ့တာဖြစ်ပြီး၎င်းကသဘာဝကသတ္တဝါတွေကိုပိုသတိထားမိစေဖို့ရရက်တာရေထဲမှာရိုက်ခဲ့တာပါ။သူမကရေသတ္တဝါများထိန်းသိမ်းရေးအဖွဲ့အစည်းအတွက်စုဆောင်းငွေပိုတိုးစေဖို့လဲမျှော်လင့်ပါတယ်။

သူမကထိုခရီးကိုတကယ့်ဘဝစွန့်စားခန်းလို့ဖော်ပြခဲ့ပါတယ်။သူတို့ထိုခရီးတလျှောက်အသားစားဝေလငါးနဲ့ပုံမှန်ကူးခတ်တဲ့ဝေလငါးတွေအပြင်ရေယပ်တောင်ပါတဲ့ရေမျောလေးတွေလဲတွေ့ခဲ့ပေမယ့်ထိုခရီးရဲ့အကောင်းဆုံးတွေ့ရှိမှုကတော့ထိုဂျယ်လီငါးတွေပါ။

Writer –Min Thu (Daily Hot News ) .

LEAVE A REPLY