Zawgyi ျဖင့္ဖတ္ရန္

ဘဝအေမာေတြ ေျပေပ်ာက္ေအာင္ ဟာသကားေတြပဲ ၾကည့္ခ်င္ပါတယ္ ဆိုသူေတြအတြက္ Bo Bo film production က ဖန္တီးထုတ္လုပ္တဲ့ ‘ဂ်င္ပါတီ’ ႐ုပ္ရွင္ကားႀကီး လာပါၿပီ။ ပုံမွန္ ျမန္မာဟာသကားေတြလို အဓိက ဇာတ္ေဆာင္ကို အသားေပးတာမ်ိဳး မဟုတ္ဘဲ အႏုပညာရွင္ေတြအားလုံး အတြဲညီညီ ပါဝင္ထားပါတယ္။ ဝါရင့္ အႏုပညာရွင္ေတြနဲ႔ တက္သစ္စ အႏုပညာရွင္ေတြ အခ်ိတ္အဆက္ မိမိ ဖန္တီးထားတာ ျဖစ္လို႔ ပါးစပ္မစိရေလေအာင္ ပြဲက်ရမယ့္ ႐ုပ္ရွင္ကား ျဖစ္ပါတယ္။

ဒီကားထဲမွာ မင္းသမီး အိျႏၵာေက်ာ္ဇင္ကို ပုံမွန္ျမင္ေနက် ဇာတ္႐ုပ္ေတြနဲ႔ ကြဲထြက္ၿပီး လူလိမ္မေလး စံပယ္ျဖဴ ေနရာက ျမင္ေတြ႕ခံစားရမွာ ျဖစ္ပါတယ္။ ကာ႐ိုက္တာကို လက္ခံျဖစ္ပုံကိုလည္း အူဝဲက ခုလို ရွင္းျပသြားပါတယ္။

“တစ္ခါမွ မလုပ္ဖူးေသးတဲ့ ကာ႐ိုက္တာ တစ္ခုေပါ့ေနာ္။ အထက္တန္းက်က် လိမ္တဲ့ ကာ႐ိုက္တာကိုး။ လူလိမ္မေပါ့ေနာ္။ ဇာတ္ၫႊန္းဖတ္ၾကည့္လိုက္ေတာ့ ကိုယ္ဖတ္တဲ့အခါမွာကို ရယ္ေနရတယ္။ ေနာက္ၿပီးေတာ့ ႐ိုက္တဲ့အခါမွာ taste မ်ိဳးစုံ သြားခ်င္တာ။ ေနာက္ပိုင္း ဟာသေတြ လက္မခံ ျဖစ္ေတာ့ဘူးဆိုေတာ့ ဒီကားေလးကိုေတာ့ ပရိသတ္လည္း ၾကည့္တဲ့အခါမွာ စုံသြားေအာင္ ႐ိုက္ျဖစ္လိုက္တာ။” လို႔ ဆိုပါတယ္။

႐ိုက္ကြင္းနဲ႔ ပတ္သက္တဲ့ အမွတ္တရကိုေတာ့ မအူဝဲဆီက ခုလို ၾကားသိရပါတယ္။

“ထူးျခားတာေလးက စိတ္ကူးယဥ္လိုက္တိုင္း ေခတ္မ်ိဳးစုံ ေရာက္သြားတာ။ ကိုၿငိမ္းေမာင္ေခတ္ ၊ ႐ိုမီယို ဂ်ဴးလိယက္ေခတ္ ေရာက္သြားေအာင္ ပ႐ိုဂ်ဴဆာက အကုန္အက်ခံၿပီး ႐ိုက္ေပးထားတာ။ ဒါက အဲ့ကားရဲ႕ အမွတ္တရေပါ့ေနာ္။” ဆိုၿပီး ေျပာျပသြားပါတယ္။

စိတ္ညစ္ေနတဲ့လူေတြ စိတ္ရွင္းသြားၿပီး ႐ုပ္ရွင္႐ုံတစ္ခုလုံး တစ္ေသာေသာညံေစမယ့္ ဂ်င္ပါတီမွာေတာ့ ရန္ေအာင္ ၊လူမင္း ၊ ေျပတီဦး ၊ မင္းေမာ္ကြန္း ၊ အိျႏၵာေက်ာ္ဇင္ ၊ ရဲရင့္ေအာင္ ၊ ထူးေအာင္ ၊ ေ႐ႊအိမ္စည္ တို႔နဲ႔တူ ခင္လႈိင္အပါအဝင္ ဟာသသ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၿပီး ၾသဂုတ္လ (၂၂) ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

ဂျင်ပါတီ ရုပ်ရှင်ကားကြီးရဲ့ အမှတ်တရတွေကို ဖွင့်ဟလာတဲ့ အူဝဲ

ဘဝအမောတွေ ပြေပျောက်အောင် ဟာသကားတွေပဲ ကြည့်ချင်ပါတယ် ဆိုသူတွေအတွက် Bo Bo film production က ဖန်တီးထုတ်လုပ်တဲ့ ‘ဂျင်ပါတီ’ ရုပ်ရှင်ကားကြီး လာပါပြီ။ ပုံမှန် မြန်မာဟာသကားတွေလို အဓိက ဇာတ်ဆောင်ကို အသားပေးတာမျိုး မဟုတ်ဘဲ အနုပညာရှင်တွေအားလုံး အတွဲညီညီ ပါဝင်ထားပါတယ်။ ဝါရင့် အနုပညာရှင်တွေနဲ့ တက်သစ်စ အနုပညာရှင်တွေ အချိတ်အဆက် မိမိ ဖန်တီးထားတာ ဖြစ်လို့ ပါးစပ်မစိရလေအောင် ပွဲကျရမယ့် ရုပ်ရှင်ကား ဖြစ်ပါတယ်။

ဒီကားထဲမှာ မင်းသမီး အိန္ဒြာကျော်ဇင်ကို ပုံမှန်မြင်နေကျ ဇာတ်ရုပ်တွေနဲ့ ကွဲထွက်ပြီး လူလိမ်မလေး စံပယ်ဖြူ နေရာက မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ကာရိုက်တာကို လက်ခံဖြစ်ပုံကိုလည်း အူဝဲက ခုလို ရှင်းပြသွားပါတယ်။

“တစ်ခါမှ မလုပ်ဖူးသေးတဲ့ ကာရိုက်တာ တစ်ခုပေါ့နော်။ အထက်တန်းကျကျ လိမ်တဲ့ ကာရိုက်တာကိုး။ လူလိမ်မပေါ့နော်။ ဇာတ်ညွှန်းဖတ်ကြည့်လိုက်တော့ ကိုယ်ဖတ်တဲ့အခါမှာကို ရယ်နေရတယ်။ နောက်ပြီးတော့ ရိုက်တဲ့အခါမှာ taste မျိုးစုံ သွားချင်တာ။ နောက်ပိုင်း ဟာသတွေ လက်မခံ ဖြစ်တော့ဘူးဆိုတော့ ဒီကားလေးကိုတော့ ပရိသတ်လည်း ကြည့်တဲ့အခါမှာ စုံသွားအောင် ရိုက်ဖြစ်လိုက်တာ။” လို့ ဆိုပါတယ်။

ရိုက်ကွင်းနဲ့ ပတ်သက်တဲ့ အမှတ်တရကိုတော့ မအူဝဲဆီက ခုလို ကြားသိရပါတယ်။

“ထူးခြားတာလေးက စိတ်ကူးယဉ်လိုက်တိုင်း ခေတ်မျိုးစုံ ရောက်သွားတာ။ ကိုငြိမ်းမောင်ခေတ် ၊ ရိုမီယို ဂျူးလိယက်ခေတ် ရောက်သွားအောင် ပရိုဂျူဆာက အကုန်အကျခံပြီး ရိုက်ပေးထားတာ။ ဒါက အဲ့ကားရဲ့ အမှတ်တရပေါ့နော်။” ဆိုပြီး ပြောပြသွားပါတယ်။

စိတ်ညစ်နေတဲ့လူတွေ စိတ်ရှင်းသွားပြီး ရုပ်ရှင်ရုံတစ်ခုလုံး တစ်သောသောညံစေမယ့် ဂျင်ပါတီမှာတော့ ရန်အောင် ၊လူမင်း ၊ ပြေတီဦး ၊ မင်းမော်ကွန်း ၊ အိန္ဒြာကျော်ဇင် ၊ ရဲရင့်အောင် ၊ ထူးအောင် ၊ ရွှေအိမ်စည် တို့နဲ့တူ ခင်လှိုင်အပါအဝင် ဟာသသရုပ်ဆောင်တွေလည်း ပါဝင်ထားပြီး သြဂုတ်လ (၂၂) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Credit : Nanmalgyi

LEAVE A REPLY