Zawgyi ျဖင့္ဖတ္ရန္

Justin Bieber ဟာဆိုရင္ Hailey နဲ႔ လအနည္းငယ္ေလာက္တြဲၿပီး လက္ထပ္ၿပီးသြားတဲ့အခ်ိန္ေတြမွာေတာင္ Hailey ကိုအထူးတလည္ဂ႐ုစိုက္ျပတာမ်ိဳးသိပ္မရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွ တျဖည္းျဖည္း Hailey ရဲ႕ ဓာတ္ပုံေတာ္ေတာ္မ်ားမ်ားကို သူ႔ရဲ႕ Instagram မွာ ခဏခဏတင္လာခဲ့ၿပီး ခ်စ္တဲ့အေၾကာင္းေတြလည္း မၾကာခဏဆိုသလိုကဗ်ာေတြစာေတြေရးတင္ၿပီး ေျပာလာခဲ့တာေတြ႕ရတာမို႔ Justin တစ္ေယာက္ေတာ့ Hailey ကို တျဖည္းျဖည္းမွပိုခ်စ္လာတယ္ထင္တယ္လို႔ေဝဖန္ေနၾကပါတယ္။

JB ကေတာ့ အဲဒီ ေဝဖန္ခ်က္ေတြမွန္ကန္ေၾကာင္း ထပ္မံသက္ေသျပလိုက္ျပန္ပါၿပီ။ JB ဟာ ၿပီးခဲ့တဲ့လပိုင္းေလာက္မွာ သူ႔ရဲ႕ Instagram account မွာ သူ႔ account လား Hailey account လား ေဝခြဲမရျဖစ္ေအာင္ Hailey ရဲ႕ ဓာတ္ပုံေတြအားပါးတရတင္ေနခဲ့ၿပီး ခ်စ္တဲ့အေၾကာင္းကဗ်ာေတြစာေတြလည္းႀကဳံရင္ႀကဳံသလိုေရးတင္ေနခဲ့တာပါ။ JB က မၾကာေသးမီကပဲ သူ႔ရဲ႕ Instagram My Story မွာ Hailey နဲ႔အတူ ႏွစ္ေယာက္တစ္ကမာၻတည္ေဆာက္ထားတဲ့ မဂၤလာဦးအိမ္ႀကီးရဲ႕ အတြင္းပိုင္းအျပင္အဆင္ေတြကို video အတိုေလးတင္ထားတာလည္းေတြ႕ရပါတယ္။ အခုလည္း JB က Instagram မွာ Hailey ရဲ႕ဓာတ္ပုံေတြနဲ႔အတူအခ်စ္သက္ေသစာေလးေတြတင္လိုက္ျပန္ပါၿပီ။

JB က Hailey ရဲ႕ ေနရာအမ်ိဳးမ်ိဳးမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြကိုတင္ထားၿပီး Hailey ကို တစ္ရက္ထက္တစ္ရက္ပိုခ်စ္လာတဲ့အေၾကာင္း “ကိုယ္မင္းကို တစ္ေန႔ထက္တစ္ေန႔ ေန႔တိုင္းပိုပိုၿပီးခ်စ္ပါတယ္။ မင္းက ကိုယ္ပိုင္ဆိုင္ရသမွ်အရာေတြထဲမွာအေကာင္းဆုံးအရာပါပဲ။ မင္းသာမရွိရင္ကိုယ္ေတာ့လမ္းေတြေပ်ာက္ေနမွာ”လို႔ေရးသားထားခဲ့ပါတယ္။ JB တို႔စုံတြဲဟာ တရားဝင္လက္ထပ္မဂၤလာပြဲႀကီးက်င္းပဖို႔ကို 2018 ႏွစ္ကုန္ကတည္းက ျပင္ဆင္လာၾကတာျဖစ္ၿပီး Hailey က အားတက္သေရာနဲ႔ျပင္ဆင္ေနသေလာက္ JB က အင္တင္တင္နဲ႔ စိတ္က်န္းမာေရးအေျခအေနေတြကိုအေၾကာင္းျပျပၿပီးေနာက္ကိုေ႐ႊ႕ေနခဲ့တာ အႀကိမ္ေပါင္းမနည္းေတာ့တာေၾကာင့္ အဲဒီ မဂၤလာပြဲကိစၥကို ေဝဖန္မႈေတြမ်ားျပားလာခဲ့ၿပီး ပရိသတ္ေတြရဲ႕ဖိအားကလည္းမ်ားလာခဲ့တာေၾကာင့္ JB က ေဝဖန္မႈေတြကေနကာကြယ္ဖို႔ ဒီလိုေတြတင္ေပးေနတာျဖစ္မယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြလည္းရွိေနပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ Hailey နဲ႔ JB ရဲ႕ မဂၤလာပြဲကိုတားဆီးေနတာက ဘယ္အရာျဖစ္မယ္ထင္လဲ။ တကယ္ပဲ JB က အဆင္သင့္မျဖစ္ေသးတာတစ္ခုပဲလား။ လူေတြေတြးထင္ေနၾကသလိုမ်ိဳး သူတို႔ရဲ႕မၿပီးေျမာက္ႏိုင္ေသးတဲ့မဂၤလာပြဲရဲ႕ ေနာက္ကြယ္မွာ အျခားအေၾကာင္းအရာေတြေရာ ရွိေနမလား။ဘယ္လိုထင္လဲေျပာခဲ့ၾကပါဦး။

Credit :Nanmalgyi

Unicode ဖြင့်ဖတ်ရန်

Hailey သာမရှိရင် လမ်းတွေပျောက်နေမှာလို့ပြောလိုက်တဲ့ Justin Bieber

Justin Bieber ဟာဆိုရင် Hailey နဲ့ လအနည်းငယ်လောက်တွဲပြီး လက်ထပ်ပြီးသွားတဲ့အချိန်တွေမှာတောင် Hailey ကိုအထူးတလည်ဂရုစိုက်ပြတာမျိုးသိပ်မရှိခဲ့ပေမယ့် နောက်ပိုင်းမှ တဖြည်းဖြည်း Hailey ရဲ့ ဓာတ်ပုံတော်တော်များများကို သူ့ရဲ့ Instagram မှာ ခဏခဏတင်လာခဲ့ပြီး ချစ်တဲ့အကြောင်းတွေလည်း မကြာခဏဆိုသလိုကဗျာတွေစာတွေရေးတင်ပြီး ပြောလာခဲ့တာတွေ့ရတာမို့ Justin တစ်ယောက်တော့ Hailey ကို တဖြည်းဖြည်းမှပိုချစ်လာတယ်ထင်တယ်လို့ဝေဖန်နေကြပါတယ်။

JB ကတော့ အဲဒီ ဝေဖန်ချက်တွေမှန်ကန်ကြောင်း ထပ်မံသက်သေပြလိုက်ပြန်ပါပြီ။ JB ဟာ ပြီးခဲ့တဲ့လပိုင်းလောက်မှာ သူ့ရဲ့ Instagram account မှာ သူ့ account လား Hailey account လား ဝေခွဲမရဖြစ်အောင် Hailey ရဲ့ ဓာတ်ပုံတွေအားပါးတရတင်နေခဲ့ပြီး ချစ်တဲ့အကြောင်းကဗျာတွေစာတွေလည်းကြုံရင်ကြုံသလိုရေးတင်နေခဲ့တာပါ။ JB က မကြာသေးမီကပဲ သူ့ရဲ့ Instagram My Story မှာ Hailey နဲ့အတူ နှစ်ယောက်တစ်ကမ္ဘာတည်ဆောက်ထားတဲ့ မင်္ဂလာဦးအိမ်ကြီးရဲ့ အတွင်းပိုင်းအပြင်အဆင်တွေကို video အတိုလေးတင်ထားတာလည်းတွေ့ရပါတယ်။ အခုလည်း JB က Instagram မှာ Hailey ရဲ့ဓာတ်ပုံတွေနဲ့အတူအချစ်သက်သေစာလေးတွေတင်လိုက်ပြန်ပါပြီ။

JB က Hailey ရဲ့ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုတင်ထားပြီး Hailey ကို တစ်ရက်ထက်တစ်ရက်ပိုချစ်လာတဲ့အကြောင်း “ကိုယ်မင်းကို တစ်နေ့ထက်တစ်နေ့ နေ့တိုင်းပိုပိုပြီးချစ်ပါတယ်။ မင်းက ကိုယ်ပိုင်ဆိုင်ရသမျှအရာတွေထဲမှာအကောင်းဆုံးအရာပါပဲ။ မင်းသာမရှိရင်ကိုယ်တော့လမ်းတွေပျောက်နေမှာ”လို့ရေးသားထားခဲ့ပါတယ်။ JB တို့စုံတွဲဟာ တရားဝင်လက်ထပ်မင်္ဂလာပွဲကြီးကျင်းပဖို့ကို 2018 နှစ်ကုန်ကတည်းက ပြင်ဆင်လာကြတာဖြစ်ပြီး Hailey က အားတက်သရောနဲ့ပြင်ဆင်နေသလောက် JB က အင်တင်တင်နဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကိုအကြောင်းပြပြပြီးနောက်ကိုရွှေ့နေခဲ့တာ အကြိမ်ပေါင်းမနည်းတော့တာကြောင့် အဲဒီ မင်္ဂလာပွဲကိစ္စကို ဝေဖန်မှုတွေများပြားလာခဲ့ပြီး ပရိသတ်တွေရဲ့ဖိအားကလည်းများလာခဲ့တာကြောင့် JB က ဝေဖန်မှုတွေကနေကာကွယ်ဖို့ ဒီလိုတွေတင်ပေးနေတာဖြစ်မယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းရှိနေပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Hailey နဲ့ JB ရဲ့ မင်္ဂလာပွဲကိုတားဆီးနေတာက ဘယ်အရာဖြစ်မယ်ထင်လဲ။ တကယ်ပဲ JB က အဆင်သင့်မဖြစ်သေးတာတစ်ခုပဲလား။ လူတွေတွေးထင်နေကြသလိုမျိုး သူတို့ရဲ့မပြီးမြောက်နိုင်သေးတဲ့မင်္ဂလာပွဲရဲ့ နောက်ကွယ်မှာ အခြားအကြောင်းအရာတွေရော ရှိနေမလား။ဘယ်လိုထင်လဲပြောခဲ့ကြပါဦး။

Credit :Nanmalgyi

LEAVE A REPLY