Zawgyi ျဖင့္ဖတ္ရန္

 

ေခါင္းေဆးကြၽန္း သို႔မဟုတ္ မဏိေဇာတကြၽန္း ဘာေၾကာင့္ ျမစ္ေရမျမဳပ္သလဲ

“ေခါင္းေဆးကြၽန္း”

” ျမတ္စြာဘုရားရွင္ ဟသၤာမင္းဘဝမွာ ဟသၤာကိုးေသာင္း ၿခံရံၿပီး ဟိမဝႏၲာေတာကေန အေရွ႕ဘက္ကို အစာရွာ ထြက္ၾကတယ္ေျမးရဲ႕။

အဲ့ဒီတုန္းက ေမာ္လၿမိဳင္တဝိုက္ ေတာေတြေတာင္ေတြအကုန္လုံး ေရျပင္ႀကီးေပါ့။ တစ္ေန႔ေတာ့ ဟသၤားကိုးေသာင္း ေရျပင္ေပၚအျဖတ္မွာ မိုးႀကီးေလႀကီး က်လာပါေလေရာ။ မိုးေၾကာင့္ ငွက္ေတြ အေတာင္စိုၿပီး ေရထဲျပဳတ္က်မယ့္ ေဘးကိုျမင္ေတာ့ ဘုရားေလာင္းဟသၤာမင္းက သစၥာဆိုၿပီး တိုင္တည္တယ္။ ေတာမွာ က်န္ခဲ့တဲ့အေဆြအမ်ိဳး မိဘဘိုးဘြား အိုမင္မစြမ္း ဟသၤာအေပါင္းနဲ႔ အ႐ြယ္မေရာက္ေသးတဲ့ ငွက္ငယ္ေလးေတြ ရွင္သန္ရပ္တည္ဖို႔ အစာရွာပါတယ္။

ဤသစၥာစကားမွန္ကန္ခဲ့ပါက ေဘးအႏၲရာယ္က ကင္းလြတ္ပါေစေပါ့။ ဟသၤာမင္းရဲ႕သစၥာစကားေၾကာင့္ သိၾကားမင္းက မဏိေဇာတပတၱျမားကို ေရျပင္ေပၚပစ္ခ်ေပးၿပီး ကြၽန္းျဖစ္ေစခဲ့တယ္ေလ။

ေရွးကဒီကြၽန္းကို ” မဏိေဇာတကြၽန္း ” လို႔ ေခၚၾကတယ္။ နဂါးမင္းကလည္း သူ႔ကိုယ္ေငြ႕ေတြလႊတ္ၿပီး ဟသၤာငွက္ေတြရဲ႕ေတာင္ပံကို ေျခာက္ေသြ႕ေအာင္ကူညီခဲ့တာေပါ့။ အခုထိကြၽန္းေပၚမွာ နဂါးပြက္စမ္းေတြ ရွိေနေသးတယ္လို႔ဆိုပါတယ္

“ဘီလူးကြၽန္း”

သထုံျပည္မွာ ေသာင္းက်န္းေနတဲ့ ဘီလူးေတြကို ရွင္အရဟံမေထရ္ျမတ္က မႏုႆီဟ ျခေသၤ့လူသားနဲ႔ ဆုံးမႏွိပ္ကြပ္ေတာ့ ဘီလူးေတြေျပးလာၿပီး ဒီကြၽန္းမွာ ေနၾကတယ္လို႔ ဘီလူးကြၽန္းလို႔ေခၚဆိုတယ္

“ေခါင္းေဆးကြၽန္း ၊ နတ္ေရတြင္း ႏွင့္ ေရွးဘုရင္မ်ား”

ေခါင္းေဆးကြၽန္းသည္ ေမာ္လၿမိဳင္ၿမိဳ႕ ႏွင့္ မုတၱမအၾကား သံလြင္ျမစ္ အထၳရံျမစ္ ဂ်ိဳင္းျမစ္ ဒုံသမိျမစ္ ေဟာင္သေရာျမစ္ (စႏၵေရာျမစ္) စသည့္ ျမစ္ ၅ ခုတို႔စီးဝင္ေပါင္းစုံရာ သို႔မဟုတ္ သံလြင္ အထၳရံ ဂ်ိဳင္း ဒုံသမိ ျမစ္ ၄ စင္း မွ ပင္လယ္သို႔ စီးဝင္ ေပါင္းဆုံရာ ျမစ္ ၅ ပြင့္ဆိုင္တြင္ တည္ရွိေသာ ကြၽန္းတစ္ကြၽန္းျဖစ္သည္။

ေခါင္းေဆးကြၽန္းကို ေရွးအခါက ေအာင္ေျမကြၽန္း ပတၱျမားကြၽန္း ရတနာကြၽန္း ျမစ္ဦးခိုက္ကြၽန္း ပေဒသာကြၽန္း အဗႏၶရကြၽန္း ေငြယားကြၽန္း သိုက္ေပါင္းစုံကြၽန္း ၾသကၤန္ကြၽန္း ပြန္စလိုင္ ေခါင္းေဆးကြၽန္း က်ီးကြၽန္း (crow island) ဟူ၍ အမည္အမ်ိဳးမ်ိဳးျဖင့္ေခၚခဲ့ၾကသည္။

ေရွးအခါက မြန္ဘုရင္အဆက္ဆက္သည္ ေခါင္းေဆးကြၽန္း အေနာက္ေနာင္အရပ္ စေနေထာင့္ရွိ နတ္ေရတြင္းမွ ေရျဖင့္
နန္းတက္ဘိသိတ္မဂၤလာျပဳျခင္း ရန္အေပါင္းကို ေအာင္ျမင္ရန္ ဦးေခါင္းေဆးမဂၤလာျပဳျခင္း ဘုန္းတန္ခိုးတက္ေစရန္ ဦးေခါင္းေဆးမဂၤလာ ျပဳျခင္း မ်ားကိုေဆာင္႐ြက္ခဲ့ၾကသည္။

မြန္ဘုရင္မ်ားသာမက ျမန္မာဘုရင္ ယိုးဒယားဘုရင္ ခမာဘုရင္မ်ားသည္လည္း ဤေခါင္းေဆးကြၽန္းနတ္ေရတြင္းမွေရျဖင့္ ဦးေခါင္းေဆးမဂၤလာျပဳခဲ့ၾကသည္။

အေနာ္ရထာမင္းသည္ သထုံျပည္ကို လာေရာက္တိုက္ခိုက္စဥ္က ၿမိဳ႕ကို သိမ္းယူႏိုင္စြမ္း မရွိခဲ့ေပ။ ရာဇၾသကၤန္အမတ္၏ အႀကံေပးခ်က္အရ ပြန္စလိုင္ရွိနတ္ေရတြင္းမွ ေရကို ေဆာင္ယူေစ၍ ဦးေခါင္းေဆး ၿပီးမွသာလွ်င္ သထုံၿမိဳ႕ရွိ ၾကက္မတစ္ဝပ္စာ လြတ္ေနေသာ ေနရာရွိေၾကာင္းသိရၿပီး ၿမိဳ႕ကိုသိမ္းယူႏိုင္ခဲ့သည္။

ေကာဇာသကၠရာဇ္ ၄၆၁ ခုႏွစ္တြင္ အေလာင္းစည္သူမင္းသည္ ပြန္စလိုင္ သို႔ေရာက္လာကာ ဦးေခါင္းေဆးမဂၤလာျပဳခဲ့သည္။ သကၠရာဇ္ ၇၄၀ တြင္ မြန္ဘုရင္ ရာဇဓိရာဇ္ သည္ ပြန္စလိုင္နတ္ေရတြင္းေရျဖင့္ ေခါင္းေဆးဘိသိတ္မဂၤလာျပဳခဲ့သည္။

ရာဇဓိရာဇ္မင္းသည္သားေတာ္ေဗာေလာက်န္ေဒါ မွေထာင္ထားျခားနားမည္ကိုစိုးရိမ္သျဖင့္ အဲေကာင္းဗိန္ ကို သားေတာ္အားကြပ္မ်က္ရန္ ေစလႊတ္လိုက္သည္။ ေဗာေလာက်န္ေဒါသည္ ေ႐ႊေမာေဓာေစတီ၌မိမိ၏လက္ဝတ္ရတနာမ်ားလႉဒါန္းၿပီးခမည္းေတာ္အား မသင့္ေသာအႀကံ မျပဳခဲ့ပါက ေသလြန္ၿပီးေနာက္ ျမန္မာတို႔ဝယ္ ဝင္စားၿပီး ဟံသာဝတီကို အႏိုင္ရပါေစေၾကာင္း ဆုေတာင္းခဲ့သည္။ထို႔ေနာက္ ဖုံမသိန္ ၃ က်ပ္သားကို သံပုရာ ႏွင့္ ေရာေသာက္ကာသတ္ေသခဲ့သည္။ ရာဇဓိရာဇ္လည္း ေ႐ႊေမာေဓာေစတီေတာ္ကို ထီးေတာ္မွေျခရင္းအထိေ႐ႊခ်ကာ သံဃာေတာ္မ်ားကိုဆြမ္းကပ္ၿပီး ဘယ္ရန္သူမွကြၽန္ုပ္အားစစ္ျပဳ၍မတိုက္ခိုက္ႏိုင္ေစရန္ ျပန္လည္ဆုေတာင္းခဲ့သည္။

အင္းဝဘုရင္ မင္းေဆြ၏ မိဖုရားရွင္မိေနာက္ေခၚမိယာေႏွာင္ သည္ ကိုယ္ဝန္ရွိလာေသာအခါ ဒလသရက္သီး မုတၱမေျမသင္းခဲ ႏွင့္ ပြန္စလိုင္နတ္ေရတြင္းေရ ကိုခ်ဥ္ခ်င္းတပ္သျဖင့္ လက္ေဆာင္ပ႑ာႏွင့္တကြ လႊတ္၍ေတာင္းေစသည္။

ရာဇဓိရာဇ္လည္း အင္းဝဘုရင္ေတာင္းဆိုေသာ အရာမ်ား မေပးဘဲ အျခားေသာ ေဒသမ်ားမွ သာရွာေဖြေပးလိုက္ေၾကာင္း မြန္ရာဇဝင္မ်ားတြင္ေတြ႕ရသည္။

သကၠရာဇ္ ၈၁၆ ခႏွစ္တြင္ မြန္ဘုရင္မႀကီး ရွင္ေစာပုသည္လည္း ပြန္စလိုင္နတ္ေရတြင္း မွေရကို မၾကာခဏ ေဆာင္ယူေစၿပီး မဂၤလာယူဖြယ္ အခမ္းအနားမ်ား ႏွင့္ ဦးေခါင္းေဆးရာတြင္ အသုံးျပဳခဲ့သည္။

ဘုရင္မႀကီးရွင္ေစာပုသည္ က်ိဳက္မေရာၿမိဳ႕ ဘုရားႀကီးကို လာေရာက္ျပဳျပင္ တည္ထားစဥ္က လက္ေအာက္ခံၿမိဳ႕ျဖစ္ေသာ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ေရာက္ရွိစဥ္ က်ိဳက္သလႅံေစတီေတာ္ အစရွိေသာဘုရားမ်ားကိုလွည့္လည္ဖူးေမွ်ာ္ၿပီး ပြန္စလိုင္သို႔သြားကာ ဦးေဆာင္ေဆးမဂၤလာျပဳခဲ့ေပမည္။

ေနာက္ပိုင္းတြင္ ပြန္စလိုင္ နတ္ေရတြင္းမွေရကို ေဆာင္ယူေစၿပီး ဟံသာဝတီတြင္ ေခါင္းေဆးေလ့ ရွိေၾကာင္းသိရသည္။

ဓမၼေစတီမင္းႀကီးသည္လည္း ပြန္စလိုင္သို႔ လာေရာက္ကာ နတ္ေရတြင္းေရျဖင့္ ေခါင္းေဆးခဲ့သည္။

သကၠရာဇ္ ၉၇၆ ခု တြင္ အေနာက္ဘက္လြန္မင္း သည္ ငဇင္ကာ ေခၚ ဒီဗရစ္တို ၏ သန္လ်င္ကို ေအာင္ေတာ္မူၿပီးေနာက္ မုတၱမစား ဗညားဒလ သည္ ေမာ္လၿမိဳင္အပါအဝင္ အရံၿမိဳ႕ ၃၂ ၿမိဳ႕မွ ၿမိဳ႕စားနယ္စားမ်ားႏွင့္အတူ လက္ေဆာင္ပ႑ာ မ်ားပါ ယူေဆာင္၍အေနာက္ဘက္လြန္မင္းထံ ခိုဝင္၏။

အနာက္ဘက္လြန္မင္းသည္ ပြန္စလိုင္တြင္ ေရသဘင္ပြဲက်င္းပ ၾသကၤန္ေတာ္ေခၚကာ ေခါင္းေဆးမဂၤလာျပဳၿပီးေနာက္ စစ္ႏွစ္ေၾကာင္းခ်ီကာ ထားဝယ္ တနသၤာရီ သာမက သုဝန္ခေလာက္ ေသာကၠတဲ ကမန္ပိုက္ ထိေအာင္သိမ္းယူႏိုင္ခဲ့သည္။

မင္းရဲဒိဗၺ ဧခ်င္းတြင္ ” … …ေ႐ႊစက္ရိပ္ႏႈိက္ ဦးေခါင္းဆိုက္၏ မကိုက္ထြတ္ထား မဖုရားလည္း ဗညားဓမၼရာဇာ မည္သာတထပ္ ျဖဴလွပ္ထီးနန္း က်ယ္ဝန္းမြန္းရ မုတၱမကို တကြနတ္ရွင္ ေပးၿပီးက်င္မွ ဆင္ကစသည္ ေျပာစည္အုပ္ၾကက္ အေရွ႕ဘက္သို႔ ေ႐ႊစက္ေျပာင္ဝင္း ထိန္ထိန္လင္းမွ်င္ ျမစ္မင္းယွဥ္ၿပိဳင္ ပြန္စလိုင္ဟု ငါးဆိုင္ဆုံက် ပင္လယ္ဝကို ဘဝေရွးလြန္ က်မ္းဂန္တြင္ပင္ ၾကားမထင္တည့္ မ်ားျဖင့္လႊံ႕ေက်ာ္ ႀကီးဘုန္းေတာ္ေၾကာင့္ မေျမာ္ဘူးေလ ေျမာ္ရေပရွင့္ ကိုးေထြမ်က္ရွင္ ျခယ္မႊန္းဆင္သား ေ႐ႊစင္ေပါက္လွ ယည္နတ္သထက္ နရဖုန္းထူ စီးေတာ္မူ၍ ေနကူေယာင္ျမဴး ေဖာင္ႏွင့္ကူး၍ ပ်ံ႕ပ်ဴးမင္းလိုက္ ေရႏႈိက္သဘင္ စံပယ္႐ႊင္မွ စစ္လ်င္ႏွစ္ေၾကာင္း ေထာင္းေထာင္းဒဝယ္ အလြယ္သိမ္းယူ … … … ” ဟုေရးသားထားသည္ကိုေတြ႕ရသည္။

သကၠရာဇ္ ၁၁၁၈ တြင္ အေလာင္းမင္းတရားသည္ သန္လ်င္ ကို တိုက္ခိုက္ရာ မေအာင္ျမင္သျဖင့္ ပြန္စလိုင္ေရျဖင့္ ေခါင္းေဆးၿပီးမွသာလွ်င္ အလိုျပည့္ေတာ္မူသည္။

သကၠရာဇ္ ၁၃၀၁ ခုႏွစ္တြင္ မႏၲေလးေတာင္ရေသ့ႀကီးဦးခႏၶီ သည္ သူ၏ေကာင္းမႈျဖစ္ေသာ လြန္ခဲ့ေသာ ၃ ႏွစ္ခန႔္က တည္ထားခဲ့သည့္ ေမာ္လၿမိဳင္ ေတာင္႐ိုးတန္းရွိ ဦးခႏၶီမဟာျမတ္မုနိ႐ုပ္ပုြါးေတာ္ကို လာေရာက္ ဖူးေျမာ္ရင္းေခါင္းေဆးကြၽန္း နတ္ေရတြင္းတြင္ ဦးေခါင္းေဆးခဲ့သည္။

ယခုထက္တိုင္လည္း ေခါင္းေဆးကြၽန္းသို႔ လာေရာက္သူမ်ားသည္ နတ္ေရတြင္းမွေရကို ေဆာင္ယူကာ ေခါင္းေဆးေလ့ရွိေၾကာင္းသိရသည္။

ကိုးကား
-ရာဇာဓိရာဇ္ အေရးေတာ္ပုံက်မ္း (ဗညားဒလ)
-တြင္းသင္းရာဇဝင္(တြင္းသင္းတိုက္ဝန္ဦးထြန္းညိဳ)
-မင္းရဲဒိဗၺဧခ်င္း
-ကိုယ္ပိုင္မွတ္စု

ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode ဖြင့်ဖတ်ရန်

မွန်ပြည်နယ်က ခေါင်းဆေးကျွန်း (သို့) မဏိဇောတကျွန်း ဘာကြောင့် မြစ်ရေမမြုပ်သလဲ

ခေါင်းဆေးကျွန်း သို့မဟုတ် မဏိဇောတကျွန်း ဘာကြောင့် မြစ်ရေမမြုပ်သလဲ

“ခေါင်းဆေးကျွန်း”

” မြတ်စွာဘုရားရှင် ဟင်္သာမင်းဘဝမှာ ဟင်္သာကိုးသောင်း ခြံရံပြီး ဟိမဝန္တာတောကနေ အရှေ့ဘက်ကို အစာရှာ ထွက်ကြတယ်မြေးရဲ့။

အဲ့ဒီတုန်းက မော်လမြိုင်တဝိုက် တောတွေတောင်တွေအကုန်လုံး ရေပြင်ကြီးပေါ့။ တစ်နေ့တော့ ဟင်္သားကိုးသောင်း ရေပြင်ပေါ်အဖြတ်မှာ မိုးကြီးလေကြီး ကျလာပါလေရော။ မိုးကြောင့် ငှက်တွေ အတောင်စိုပြီး ရေထဲပြုတ်ကျမယ့် ဘေးကိုမြင်တော့ ဘုရားလောင်းဟင်္သာမင်းက သစ္စာဆိုပြီး တိုင်တည်တယ်။ တောမှာ ကျန်ခဲ့တဲ့အဆွေအမျိုး မိဘဘိုးဘွား အိုမင်မစွမ်း ဟင်္သာအပေါင်းနဲ့ အရွယ်မရောက်သေးတဲ့ ငှက်ငယ်လေးတွေ ရှင်သန်ရပ်တည်ဖို့ အစာရှာပါတယ်။

ဤသစ္စာစကားမှန်ကန်ခဲ့ပါက ဘေးအန္တရာယ်က ကင်းလွတ်ပါစေပေါ့။ ဟင်္သာမင်းရဲ့သစ္စာစကားကြောင့် သိကြားမင်းက မဏိဇောတပတ္တမြားကို ရေပြင်ပေါ်ပစ်ချပေးပြီး ကျွန်းဖြစ်စေခဲ့တယ်လေ။

ရှေးကဒီကျွန်းကို ” မဏိဇောတကျွန်း ” လို့ ခေါ်ကြတယ်။ နဂါးမင်းကလည်း သူ့ကိုယ်ငွေ့တွေလွှတ်ပြီး ဟင်္သာငှက်တွေရဲ့တောင်ပံကို ခြောက်သွေ့အောင်ကူညီခဲ့တာပေါ့။ အခုထိကျွန်းပေါ်မှာ နဂါးပွက်စမ်းတွေ ရှိနေသေးတယ်လို့ဆိုပါတယ်

“ဘီလူးကျွန်း”

သထုံပြည်မှာ သောင်းကျန်းနေတဲ့ ဘီလူးတွေကို ရှင်အရဟံမထေရ်မြတ်က မနုဿီဟ ခြင်္သေ့လူသားနဲ့ ဆုံးမနှိပ်ကွပ်တော့ ဘီလူးတွေပြေးလာပြီး ဒီကျွန်းမှာ နေကြတယ်လို့ ဘီလူးကျွန်းလို့ခေါ်ဆိုတယ်

“ခေါင်းဆေးကျွန်း ၊ နတ်ရေတွင်း နှင့် ရှေးဘုရင်များ”

ခေါင်းဆေးကျွန်းသည် မော်လမြိုင်မြို့ နှင့် မုတ္တမအကြား သံလွင်မြစ် အထ္ထရံမြစ် ဂျိုင်းမြစ် ဒုံသမိမြစ် ဟောင်သရောမြစ် (စန္ဒရောမြစ်) စသည့် မြစ် ၅ ခုတို့စီးဝင်ပေါင်းစုံရာ သို့မဟုတ် သံလွင် အထ္ထရံ ဂျိုင်း ဒုံသမိ မြစ် ၄ စင်း မှ ပင်လယ်သို့ စီးဝင် ပေါင်းဆုံရာ မြစ် ၅ ပွင့်ဆိုင်တွင် တည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်သည်။

ခေါင်းဆေးကျွန်းကို ရှေးအခါက အောင်မြေကျွန်း ပတ္တမြားကျွန်း ရတနာကျွန်း မြစ်ဦးခိုက်ကျွန်း ပဒေသာကျွန်း အဗန္ဓရကျွန်း ငွေယားကျွန်း သိုက်ပေါင်းစုံကျွန်း သြင်္ကန်ကျွန်း ပွန်စလိုင် ခေါင်းဆေးကျွန်း ကျီးကျွန်း (crow island) ဟူ၍ အမည်အမျိုးမျိုးဖြင့်ခေါ်ခဲ့ကြသည်။

ရှေးအခါက မွန်ဘုရင်အဆက်ဆက်သည် ခေါင်းဆေးကျွန်း အနောက်နောင်အရပ် စနေထောင့်ရှိ နတ်ရေတွင်းမှ ရေဖြင့်
နန်းတက်ဘိသိတ်မင်္ဂလာပြုခြင်း ရန်အပေါင်းကို အောင်မြင်ရန် ဦးခေါင်းဆေးမင်္ဂလာပြုခြင်း ဘုန်းတန်ခိုးတက်စေရန် ဦးခေါင်းဆေးမင်္ဂလာ ပြုခြင်း များကိုဆောင်ရွက်ခဲ့ကြသည်။

မွန်ဘုရင်များသာမက မြန်မာဘုရင် ယိုးဒယားဘုရင် ခမာဘုရင်များသည်လည်း ဤခေါင်းဆေးကျွန်းနတ်ရေတွင်းမှရေဖြင့် ဦးခေါင်းဆေးမင်္ဂလာပြုခဲ့ကြသည်။

အနော်ရထာမင်းသည် သထုံပြည်ကို လာရောက်တိုက်ခိုက်စဉ်က မြို့ကို သိမ်းယူနိုင်စွမ်း မရှိခဲ့ပေ။ ရာဇသြင်္ကန်အမတ်၏ အကြံပေးချက်အရ ပွန်စလိုင်ရှိနတ်ရေတွင်းမှ ရေကို ဆောင်ယူစေ၍ ဦးခေါင်းဆေး ပြီးမှသာလျှင် သထုံမြို့ရှိ ကြက်မတစ်ဝပ်စာ လွတ်နေသော နေရာရှိကြောင်းသိရပြီး မြို့ကိုသိမ်းယူနိုင်ခဲ့သည်။

ကောဇာသက္ကရာဇ် ၄၆၁ ခုနှစ်တွင် အလောင်းစည်သူမင်းသည် ပွန်စလိုင် သို့ရောက်လာကာ ဦးခေါင်းဆေးမင်္ဂလာပြုခဲ့သည်။ သက္ကရာဇ် ၇၄၀ တွင် မွန်ဘုရင် ရာဇဓိရာဇ် သည် ပွန်စလိုင်နတ်ရေတွင်းရေဖြင့် ခေါင်းဆေးဘိသိတ်မင်္ဂလာပြုခဲ့သည်။

ရာဇဓိရာဇ်မင်းသည်သားတော်ဗောလောကျန်ဒေါ မှထောင်ထားခြားနားမည်ကိုစိုးရိမ်သဖြင့် အဲကောင်းဗိန် ကို သားတော်အားကွပ်မျက်ရန် စေလွှတ်လိုက်သည်။ ဗောလောကျန်ဒေါသည် ရွှေမောဓောစေတီ၌မိမိ၏လက်ဝတ်ရတနာများလှူဒါန်းပြီးခမည်းတော်အား မသင့်သောအကြံ မပြုခဲ့ပါက သေလွန်ပြီးနောက် မြန်မာတို့ဝယ် ဝင်စားပြီး ဟံသာဝတီကို အနိုင်ရပါစေကြောင်း ဆုတောင်းခဲ့သည်။ထို့နောက် ဖုံမသိန် ၃ ကျပ်သားကို သံပုရာ နှင့် ရောသောက်ကာသတ်သေခဲ့သည်။ ရာဇဓိရာဇ်လည်း ရွှေမောဓောစေတီတော်ကို ထီးတော်မှခြေရင်းအထိရွှေချကာ သံဃာတော်များကိုဆွမ်းကပ်ပြီး ဘယ်ရန်သူမှကျွန်ုပ်အားစစ်ပြု၍မတိုက်ခိုက်နိုင်စေရန် ပြန်လည်ဆုတောင်းခဲ့သည်။

အင်းဝဘုရင် မင်းဆွေ၏ မိဖုရားရှင်မိနောက်ခေါ်မိယာနှောင် သည် ကိုယ်ဝန်ရှိလာသောအခါ ဒလသရက်သီး မုတ္တမမြေသင်းခဲ နှင့် ပွန်စလိုင်နတ်ရေတွင်းရေ ကိုချဉ်ချင်းတပ်သဖြင့် လက်ဆောင်ပဏ္ဍာနှင့်တကွ လွှတ်၍တောင်းစေသည်။

ရာဇဓိရာဇ်လည်း အင်းဝဘုရင်တောင်းဆိုသော အရာများ မပေးဘဲ အခြားသော ဒေသများမှ သာရှာဖွေပေးလိုက်ကြောင်း မွန်ရာဇဝင်များတွင်တွေ့ရသည်။

သက္ကရာဇ် ၈၁၆ ခနှစ်တွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း ပွန်စလိုင်နတ်ရေတွင်း မှရေကို မကြာခဏ ဆောင်ယူစေပြီး မင်္ဂလာယူဖွယ် အခမ်းအနားများ နှင့် ဦးခေါင်းဆေးရာတွင် အသုံးပြုခဲ့သည်။

ဘုရင်မကြီးရှင်စောပုသည် ကျိုက်မရောမြို့ ဘုရားကြီးကို လာရောက်ပြုပြင် တည်ထားစဉ်က လက်အောက်ခံမြို့ဖြစ်သော မော်လမြိုင်မြို့သို့ ရောက်ရှိစဉ် ကျိုက်သလ္လံစေတီတော် အစရှိသောဘုရားများကိုလှည့်လည်ဖူးမျှော်ပြီး ပွန်စလိုင်သို့သွားကာ ဦးဆောင်ဆေးမင်္ဂလာပြုခဲ့ပေမည်။

နောက်ပိုင်းတွင် ပွန်စလိုင် နတ်ရေတွင်းမှရေကို ဆောင်ယူစေပြီး ဟံသာဝတီတွင် ခေါင်းဆေးလေ့ ရှိကြောင်းသိရသည်။

ဓမ္မစေတီမင်းကြီးသည်လည်း ပွန်စလိုင်သို့ လာရောက်ကာ နတ်ရေတွင်းရေဖြင့် ခေါင်းဆေးခဲ့သည်။

သက္ကရာဇ် ၉၇၆ ခု တွင် အနောက်ဘက်လွန်မင်း သည် ငဇင်ကာ ခေါ် ဒီဗရစ်တို ၏ သန်လျင်ကို အောင်တော်မူပြီးနောက် မုတ္တမစား ဗညားဒလ သည် မော်လမြိုင်အပါအဝင် အရံမြို့ ၃၂ မြို့မှ မြို့စားနယ်စားများနှင့်အတူ လက်ဆောင်ပဏ္ဍာ များပါ ယူဆောင်၍အနောက်ဘက်လွန်မင်းထံ ခိုဝင်၏။

အနာက်ဘက်လွန်မင်းသည် ပွန်စလိုင်တွင် ရေသဘင်ပွဲကျင်းပ သြင်္ကန်တော်ခေါ်ကာ ခေါင်းဆေးမင်္ဂလာပြုပြီးနောက် စစ်နှစ်ကြောင်းချီကာ ထားဝယ် တနင်္သာရီ သာမက သုဝန်ခလောက် သောက္ကတဲ ကမန်ပိုက် ထိအောင်သိမ်းယူနိုင်ခဲ့သည်။

မင်းရဲဒိဗ္ဗ ဧချင်းတွင် ” … …ရွှေစက်ရိပ်နှိုက် ဦးခေါင်းဆိုက်၏ မကိုက်ထွတ်ထား မဖုရားလည်း ဗညားဓမ္မရာဇာ မည်သာတထပ် ဖြူလှပ်ထီးနန်း ကျယ်ဝန်းမွန်းရ မုတ္တမကို တကွနတ်ရှင် ပေးပြီးကျင်မှ ဆင်ကစသည် ပြောစည်အုပ်ကြက် အရှေ့ဘက်သို့ ရွှေစက်ပြောင်ဝင်း ထိန်ထိန်လင်းမျှင် မြစ်မင်းယှဉ်ပြိုင် ပွန်စလိုင်ဟု ငါးဆိုင်ဆုံကျ ပင်လယ်ဝကို ဘဝရှေးလွန် ကျမ်းဂန်တွင်ပင် ကြားမထင်တည့် များဖြင့်လွှံ့ကျော် ကြီးဘုန်းတော်ကြောင့် မမြော်ဘူးလေ မြော်ရပေရှင့် ကိုးထွေမျက်ရှင် ခြယ်မွှန်းဆင်သား ရွှေစင်ပေါက်လှ ယည်နတ်သထက် နရဖုန်းထူ စီးတော်မူ၍ နေကူယောင်မြူး ဖောင်နှင့်ကူး၍ ပျံ့ပျူးမင်းလိုက် ရေနှိုက်သဘင် စံပယ်ရွှင်မှ စစ်လျင်နှစ်ကြောင်း ထောင်းထောင်းဒဝယ် အလွယ်သိမ်းယူ … … … ” ဟုရေးသားထားသည်ကိုတွေ့ရသည်။

သက္ကရာဇ် ၁၁၁၈ တွင် အလောင်းမင်းတရားသည် သန်လျင် ကို တိုက်ခိုက်ရာ မအောင်မြင်သဖြင့် ပွန်စလိုင်ရေဖြင့် ခေါင်းဆေးပြီးမှသာလျှင် အလိုပြည့်တော်မူသည်။

သက္ကရာဇ် ၁၃၀၁ ခုနှစ်တွင် မန္တလေးတောင်ရသေ့ကြီးဦးခန္ဓီ သည် သူ၏ကောင်းမှုဖြစ်သော လွန်ခဲ့သော ၃ နှစ်ခန့်က တည်ထားခဲ့သည့် မော်လမြိုင် တောင်ရိုးတန်းရှိ ဦးခန္ဓီမဟာမြတ်မုနိရုပ်ပုွါးတော်ကို လာရောက် ဖူးမြော်ရင်းခေါင်းဆေးကျွန်း နတ်ရေတွင်းတွင် ဦးခေါင်းဆေးခဲ့သည်။

ယခုထက်တိုင်လည်း ခေါင်းဆေးကျွန်းသို့ လာရောက်သူများသည် နတ်ရေတွင်းမှရေကို ဆောင်ယူကာ ခေါင်းဆေးလေ့ရှိကြောင်းသိရသည်။

ကိုးကား
-ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း (ဗညားဒလ)
-တွင်းသင်းရာဇဝင်(တွင်းသင်းတိုက်ဝန်ဦးထွန်းညို)
-မင်းရဲဒိဗ္ဗဧချင်း
-ကိုယ်ပိုင်မှတ်စု

လေးစားစွာဖြင့် ခရက်ဒစ်

LEAVE A REPLY