Zawgyi ျဖင့္ဖတ္ရန္

 

အရင္တုန္းကတည္းက လွပၿပီး ဆြဲေဆာင္မႈရွိတဲ့ မင္းသမီး တေယာက္ျဖစ္တဲ့ ခင္ဇာျခည္ေက်ာ္ကေတာ့ လက္ရွိခ်ိန္မွာေတာ့ Single Mother တေယာက္အေနနဲ႔ ရပ္တည္ေနၿပီး ခ်စ္စရာေကာင္းတဲ့ သားနဲ႔သမီးေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ အႏုပညာေလာကထဲ ဝင္ေရာက္လာၿပီ ျဖစ္တဲ့ သူ႔ရဲ႕သားသမီးေတြနဲ႔ ပတ္သက္ၿပီး ခင္ဇာျခည္ေက်ာ္ကေတာ့ ဘယ္လိုေတြ ဆုံးမျဖစ္လဲဆိုတာကို ေျပာသြားသလို ေဝဖန္မႈေတြကိုလည္း ဘယ္လိုရင္ဆိုင္လည္းဆိုတာကို ေျပာၾကားသြား ခဲ့ပါတယ္။

ခင္ဇာျခည္ေက်ာ္ကေတာ့ ေဝဖန္တိုက္ခိုက္မႈေတြကို ဘယ္လို ရင္ဆိုင္လဲဆိုတဲ့ အေပၚမွာေတာ့ “ကိုယ္က အႏုပညာရွင္လည္း ျဖစ္ေတာ့ သည္းခံရတာေပါ့။ တခုခုဆိုရင္ အခုေခတ္က အြန္လိုင္းမွာ ဆဲမယ္ဆိုတာက မ်ားတယ္ေလေနာ့္။ အစ္မ တေယာက္ထဲဆို အရင္က အစ္မေလ်ာက္လာတဲ့ အႏုပညာသက္တမ္း ႏွစ္ ၂၀ လုံးမွာ အမ ဆဲခံရတာ မရွိဘူး။ အခုေတာ့ သားေတြ သမီးေတြ ရလာၿပီဆိုေတာ့ သူတို႔နဲ႔ ပတ္သက္ၿပီးေတာ့ ရွိတာေပါ့။ တခါတေလလည္း ကိုယ္ခံရတာေတြရွိေတာ့ အႏုပညာသမားဆိုေတာ့ နားလည္ေပးရတာေပါ့။ ကိုယ္သည္းခံေပးရတာေပါ့”

သားသမီးေတြကို ဘယ္လိုဆုံးမျဖစ္လဲဆိုတဲ့ အေပၚမွာေတာ့ “သူတို႔ေတြက အႀကီးႀကီးေတြေတာ့ မလုပ္ရေသးပါဘူး။ ကေလးေလးပဲ ရွိၾကေသးတာဆိုေတာ့ တခုခုဆို သူတို႔က မခံစားႏိုင္ၾကေသးတာေပါ့။ အဲ့လိုဆိူ ႏွစ္ရက္ေလာက္ အခန္းထဲက မထြက္တာတို႔ဘာတို႔ ေပါ့။ အဲ့လိုဆို ကိုယ္ကေျပာျပရတယ္။ အႏုပညာသမား တေယာက္ ျဖစ္ဖို႔ဆိုတာ လြယ္တာ မဟုတ္ဘူး။ အႏုပညာရွင္တေယာက္အျဖစ္ လုပ္ဖို႔ဆိုတာ ဘယ္လိုမွ မလြယ္ေနဘူးေပါ့။ သ႐ုပ္ေဆာင္ေကာင္းသလို ပရိသတ္ေတြ ခ်စ္ေအာင္လည္း ေနတတ္ရတယ္ေပါ့။ သြားတာလာတာက အစေပါ့။ ေနာက္ၿပီးေတာ့ ေဝဖန္မႈေတြကိုလည္း ခံႏိုင္ေအာင္ ေျပာထားတာေပါ့”

Tik Tok ေလးေတြေဆာ့ျဖစ္တာနဲ႔ ပတ္သက္ၿပီး “အသက္ႀကီးတာေတြ ငယ္တာေတြ မရွိဘူးေပါ့ေနာ္။ ေနာက္ၿပီးေတာ့ အဲ့ဒါေဆာ့လိုက္ရင္ စိတ္လန္းဆန္းၿပီးေတာ့ ေပါ့သြားသလိုလိုေပါ့။ တခါတေလက်ေတာ့လဲ။ အႏုပညာသမားဆိုေတာ့ ပိုဆိုးတာေပါ့။ ေနာက္ၿပီး စေဆာ့ျဖစ္တဲ့ အေၾကာင္းရင္းကလည္း သားသမီးေတြေပါ့။ သမီးကစတာ သားကေတာ့ မေဆာ့ပါဘူး။ သမီးက ေခၚ႐ိုက္တာနဲ႔ သားအမိေတြ ဆုံရင္ေတာ့ ေဆာ့ျဖစ္ပါတယ္။” ဆိုၿပီး Tik Tok ေဆာ့ျဖစ္တဲ့ အေၾကာင္းေလးကိုလည္း ေျပာၾကားသြား ခဲ့ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ႀကီး လည္း ခင္ဇာျခည္ေက်ာ္တို႔ မိသားစုကိုေတာ့ အားက်ၾကမယ္ ထင္ပါတယ္။

Credit : Nanmalgyi

Unicode ဖြင့်ဖတ်ရန်

အနုပညာသက်တမ်းနှစ် ၂ဝ ကျော်မှာ တခါမှအဆဲမခံခဲ့ရဘူးဆိုတဲ့ ခင်ဇာခြည်ကျော်

အရင်တုန်းကတည်းက လှပပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသမီး တယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ လက်ရှိချိန်မှာတော့ Single Mother တယောက်အနေနဲ့ ရပ်တည်နေပြီး ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အနုပညာလောကထဲ ဝင်ရောက်လာပြီ ဖြစ်တဲ့ သူ့ရဲ့သားသမီးတွေနဲ့ ပတ်သက်ပြီး ခင်ဇာခြည်ကျော်ကတော့ ဘယ်လိုတွေ ဆုံးမဖြစ်လဲဆိုတာကို ပြောသွားသလို ဝေဖန်မှုတွေကိုလည်း ဘယ်လိုရင်ဆိုင်လည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

ခင်ဇာခြည်ကျော်ကတော့ ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်လို ရင်ဆိုင်လဲဆိုတဲ့ အပေါ်မှာတော့ “ကိုယ်က အနုပညာရှင်လည်း ဖြစ်တော့ သည်းခံရတာပေါ့။ တခုခုဆိုရင် အခုခေတ်က အွန်လိုင်းမှာ ဆဲမယ်ဆိုတာက များတယ်လေနော့်။ အစ်မ တယောက်ထဲဆို အရင်က အစ်မလျောက်လာတဲ့ အနုပညာသက်တမ်း နှစ် ၂၀ လုံးမှာ အမ ဆဲခံရတာ မရှိဘူး။ အခုတော့ သားတွေ သမီးတွေ ရလာပြီဆိုတော့ သူတို့နဲ့ ပတ်သက်ပြီးတော့ ရှိတာပေါ့။ တခါတလေလည်း ကိုယ်ခံရတာတွေရှိတော့ အနုပညာသမားဆိုတော့ နားလည်ပေးရတာပေါ့။ ကိုယ်သည်းခံပေးရတာပေါ့”

သားသမီးတွေကို ဘယ်လိုဆုံးမဖြစ်လဲဆိုတဲ့ အပေါ်မှာတော့ “သူတို့တွေက အကြီးကြီးတွေတော့ မလုပ်ရသေးပါဘူး။ ကလေးလေးပဲ ရှိကြသေးတာဆိုတော့ တခုခုဆို သူတို့က မခံစားနိုင်ကြသေးတာပေါ့။ အဲ့လိုဆိူ နှစ်ရက်လောက် အခန်းထဲက မထွက်တာတို့ဘာတို့ ပေါ့။ အဲ့လိုဆို ကိုယ်ကပြောပြရတယ်။ အနုပညာသမား တယောက် ဖြစ်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ အနုပညာရှင်တယောက်အဖြစ် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်နေဘူးပေါ့။ သရုပ်ဆောင်ကောင်းသလို ပရိသတ်တွေ ချစ်အောင်လည်း နေတတ်ရတယ်ပေါ့။ သွားတာလာတာက အစပေါ့။ နောက်ပြီးတော့ ဝေဖန်မှုတွေကိုလည်း ခံနိုင်အောင် ပြောထားတာပေါ့”

Tik Tok လေးတွေဆော့ဖြစ်တာနဲ့ ပတ်သက်ပြီး “အသက်ကြီးတာတွေ ငယ်တာတွေ မရှိဘူးပေါ့နော်။ နောက်ပြီးတော့ အဲ့ဒါဆော့လိုက်ရင် စိတ်လန်းဆန်းပြီးတော့ ပေါ့သွားသလိုလိုပေါ့။ တခါတလေကျတော့လဲ။ အနုပညာသမားဆိုတော့ ပိုဆိုးတာပေါ့။ နောက်ပြီး စဆော့ဖြစ်တဲ့ အကြောင်းရင်းကလည်း သားသမီးတွေပေါ့။ သမီးကစတာ သားကတော့ မဆော့ပါဘူး။ သမီးက ခေါ်ရိုက်တာနဲ့ သားအမိတွေ ဆုံရင်တော့ ဆော့ဖြစ်ပါတယ်။” ဆိုပြီး Tik Tok ဆော့ဖြစ်တဲ့ အကြောင်းလေးကိုလည်း ပြောကြားသွား ခဲ့ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီး လည်း ခင်ဇာခြည်ကျော်တို့ မိသားစုကိုတော့ အားကျကြမယ် ထင်ပါတယ်။

Credit : Nanmalgyi

LEAVE A REPLY