Zawgyi ျဖင့္ဖတ္ရန္

တစ္ခ်ိန္တုန္းက ေကာင္းမြန္ ပိုင္ႏိုင္လွတဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးလက္ခံမႈခ်စ္ခင္မႈတို႔ကို ရရွိထားခဲ့သလို အခုလက္ရွိအခ်ိန္မွာလည္း ပရဟိတလုပ္ငန္းေတြ ကိုယ္တိုင္ ဦးစီးဦးေဆာင္ၿပီး လုပ္ကိုင္ေနတဲ့ ပရဟိတ မင္းသမီးခိုင္ႏွင္းေဝကေတာ့ သူျပဳစုေစာင့္ေရွာင့္ေနတဲ့ ကေလးအေယာက္၂၀ ေက်ာ္အတြက္ ေဂဟာအသစ္ကို သူတတ္ႏိုင္သေလာက္ေငြေလးနဲ႔ ျပဳလုပ္ေပးခဲ့ပါတယ္။ သူ႔အေနနဲ႔ အခုလိုမ်ိဳး ပရဟိတအလုပ္ေတြကို လုပ္ေနတာက နာမည္ႀကီးခ်င္လို႔မဟုတ္ဘဲ နာမည္က အေစာႀကီးကတည္းက ရွိၿပီးသားျဖစ္ေၾကာင္းကို Sunday နဲ႔အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

ခိုင္ႏွင္းေဝက “ကိုယ္ႏိုင္တဲ့ေငြေလးနဲ႔ လုပ္လိုက္တာပါ။ အစ္မႀကိဳက္တဲ့အိမ္ေတြအမ်ားႀကီးရွိတယ္။ ဒါေပမဲ့ မႏိုင္ဘူးေပါ့ေနာ္ တစ္လကို၅သိန္းေလာက္ဆိုေတာ့လည္း ႏွစ္ခ်ဳပ္နဲ႔ငွါးတဲ့အခါၾကရင္ အစ္မမႏိုင္ဘူး။ အဲ့လိုေတြငွါးၿပီးရင္လည္း ျပင္ဆင္စာရိတ္ေတြက ဒီဟာနဲ႔မၿပီးေလာက္ဘူးေလ။ ကိုယ္ႏိုင္တဲ့ဝန္ေလးကိုယ္ထမ္းလိုက္တာေပါ့ ဒီေနရာေလးဆိုရင္ က်ဥ္းတယ္ဆိုတာသိတယ္ အိမ္ေလးေသးတယ္ ဒါေပမဲ့ အစ္မႏိုင္တဲ့ဝန္ေလးေပါ့။ ႏွစ္ခ်ဳပ္နဲ႔ငွါးရတာ ဒါက ေဆးေတြဘာေတြ လိုက္ရေသးတယ္။ အိမ္ေလးက ေသးတဲ့အတြက္ေၾကာင့္ သူ႔အိမ္မွာပါတဲ့ မီးဖိုခန္းကို ကေလးေတြအတြက္ ႏို႔သီးသန႔္ေဖ်ာ္ဖို႔ အဟာရ ျဖည့္စြက္စာေဖ်ာ္ဖို႔။က်န္တဲ့ဝန္ထမ္းေတြစားတာကို အေနာက္မွာ အေဆာင္ထပ္ထုတ္ထားတယ္။ အဲ့စာရိတ္ေတြရွိေသးတာေၾကာင့္ အစ္မက ကိုယ္ႏိုင္တဲ့ဝန္ေလးကိုယ္ထမ္းၿပီးေတာ့ ဒါကိုေ႐ြးျဖစ္တာပါ။”လို႔ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ပရဟိတအလုပ္ကို နာမည္ႀကီးခ်င္လို႔ လုပ္တယ္ဆိုၿပီး ေဝဖန္ၾကတာနဲ႔ပတ္သက္ၿပီး”နာမည္ႀကီးခ်င္လို႔ လုပ္တယ္ဆိုရင္ နာမည္က အစကတည္းက လူသိၿပီးသားပဲ အစ္မတို႔အခုမွစၿပီးဝင္တဲ့သူေတြမဟုတ္ဘူး။ အစ္မတို႔ တစ္ေခတ္တစ္ခါကလည္း ခိုင္ႏွင္းေဝ ဆုပန္ထြာတို႔ မ်ိဴးစႏၵီေက်ာ္တို႔ဆိုတာက မင္းသမီးလုပ္ခဲ့ၿပီးသားပဲ ကိုယ့္ဘဝအေျခအေနေၾကာင့္ အလုပ္နားၿပီး ျပန္လုပ္လာတဲ့အေပၚမွာလည္း ျပန္ၿပီးေတာ့ ကားေတြ ႐ိုက္ခဲ့ရတာပဲ ဒီပရဟိတေတြမလုပ္ခင္ကတည္းက အစ္မေပါက္ကားေတြနဲ႔ ပရိသတ္က အစ္မကိုခ်စ္တဲ့အတြက္ေနရာေလးေပးၿပီးေတာ့ အႏုပညာေလာကမွာ ေနရာေပးလို႔ အစ္မကားေတြ အမ်ားႀကီးျပန္႐ိုက္ရတယ္။ နာမည္ကရွိၿပီးသားပဲေလ သီးသန႔္နာမည္ႀကီးၿပီးဘာလုပ္မွာလဲ။ လူဆိုတာက ပရဟိတမလုပ္ရင္ထားလိုက္ဦး လူဆိုတာ အသစ္သစ္ေပၚလာမွာ ေနရာဖယ္ေပးရမွာပဲ။ အစ္မတို႔ေတြက အခုနာမည္ႀကီးေနတဲ့ မင္းသမီးေတြ တစ္ခ်ိန္သူတို႔လည္းေနရာဖယ္ေပးရမွာ လူတိုတာ ဒီလိုပဲ ဒီလိုပဲသြားေနတာေလ။ သူ႔ရဲ႕သေဘာသဘာဝအတိုင္းပဲ သြားေနတာ။ သြားေနတဲ့အေပၚမွာ ဒါႀကီးကိုဖက္တြယ္ၿပီးေတာ့ ငါကေတာ့ ဒါႀကီးကို နာမည္ႀကီးခ်င္လို႔ဆိုၿပီး လုပ္ေနလို႔မရဘူးေလ။ ဆိုေတာ့ဒါေတြကို အစ္မက သိၿပီးသာ အဲ့တာေၾကာင့္ နာမည္ႀကီးလို႔ လုပ္ခ်င္တယ္လုပ္ခ်င္တယ္ဆိုတာ အဲ့တာကိုအစ္မက ေမ့ထားတယ္ ဒီ့ထက္နာမည္ႀကီးၿပီးဘာလုပ္ရမွာလဲ။”လို႔ေျပာသြားခဲ့ပါတယ္။

Credit : nanmalgyi

Unicode ဖြင့်ဖတ်ရန်

ပရဟိတလုပ်နေတာက နာမည်ကြီးချင်လို့ မဟုတ်ဘူးဆိုတဲ့ ခိုင်နှင်းဝေ

တစ်ချိန်တုန်းက ကောင်းမွန် ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုချစ်ခင်မှုတို့ကို ရရှိထားခဲ့သလို အခုလက်ရှိအချိန်မှာလည်း ပရဟိတလုပ်ငန်းတွေ ကိုယ်တိုင် ဦးစီးဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ သူပြုစုစောင့်ရှောင့်နေတဲ့ ကလေးအယောက်၂၀ ကျော်အတွက် ဂေဟာအသစ်ကို သူတတ်နိုင်သလောက်ငွေလေးနဲ့ ပြုလုပ်ပေးခဲ့ပါတယ်။ သူ့အနေနဲ့ အခုလိုမျိုး ပရဟိတအလုပ်တွေကို လုပ်နေတာက နာမည်ကြီးချင်လို့မဟုတ်ဘဲ နာမည်က အစောကြီးကတည်းက ရှိပြီးသားဖြစ်ကြောင်းကို Sunday နဲ့အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ခိုင်နှင်းဝေက “ကိုယ်နိုင်တဲ့ငွေလေးနဲ့ လုပ်လိုက်တာပါ။ အစ်မကြိုက်တဲ့အိမ်တွေအများကြီးရှိတယ်။ ဒါပေမဲ့ မနိုင်ဘူးပေါ့နော် တစ်လကို၅သိန်းလောက်ဆိုတော့လည်း နှစ်ချုပ်နဲ့ငှါးတဲ့အခါကြရင် အစ်မမနိုင်ဘူး။ အဲ့လိုတွေငှါးပြီးရင်လည်း ပြင်ဆင်စာရိတ်တွေက ဒီဟာနဲ့မပြီးလောက်ဘူးလေ။ ကိုယ်နိုင်တဲ့ဝန်လေးကိုယ်ထမ်းလိုက်တာပေါ့ ဒီနေရာလေးဆိုရင် ကျဉ်းတယ်ဆိုတာသိတယ် အိမ်လေးသေးတယ် ဒါပေမဲ့ အစ်မနိုင်တဲ့ဝန်လေးပေါ့။ နှစ်ချုပ်နဲ့ငှါးရတာ ဒါက ဆေးတွေဘာတွေ လိုက်ရသေးတယ်။ အိမ်လေးက သေးတဲ့အတွက်ကြောင့် သူ့အိမ်မှာပါတဲ့ မီးဖိုခန်းကို ကလေးတွေအတွက် နို့သီးသန့်ဖျော်ဖို့ အဟာရ ဖြည့်စွက်စာဖျော်ဖို့။ကျန်တဲ့ဝန်ထမ်းတွေစားတာကို အနောက်မှာ အဆောင်ထပ်ထုတ်ထားတယ်။ အဲ့စာရိတ်တွေရှိသေးတာကြောင့် အစ်မက ကိုယ်နိုင်တဲ့ဝန်လေးကိုယ်ထမ်းပြီးတော့ ဒါကိုရွေးဖြစ်တာပါ။”လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပရဟိတအလုပ်ကို နာမည်ကြီးချင်လို့ လုပ်တယ်ဆိုပြီး ဝေဖန်ကြတာနဲ့ပတ်သက်ပြီး”နာမည်ကြီးချင်လို့ လုပ်တယ်ဆိုရင် နာမည်က အစကတည်းက လူသိပြီးသားပဲ အစ်မတို့အခုမှစပြီးဝင်တဲ့သူတွေမဟုတ်ဘူး။ အစ်မတို့ တစ်ခေတ်တစ်ခါကလည်း ခိုင်နှင်းဝေ ဆုပန်ထွာတို့ မျိူးစန္ဒီကျော်တို့ဆိုတာက မင်းသမီးလုပ်ခဲ့ပြီးသားပဲ ကိုယ့်ဘဝအခြေအနေကြောင့် အလုပ်နားပြီး ပြန်လုပ်လာတဲ့အပေါ်မှာလည်း ပြန်ပြီးတော့ ကားတွေ ရိုက်ခဲ့ရတာပဲ ဒီပရဟိတတွေမလုပ်ခင်ကတည်းက အစ်မပေါက်ကားတွေနဲ့ ပရိသတ်က အစ်မကိုချစ်တဲ့အတွက်နေရာလေးပေးပြီးတော့ အနုပညာလောကမှာ နေရာပေးလို့ အစ်မကားတွေ အများကြီးပြန်ရိုက်ရတယ်။ နာမည်ကရှိပြီးသားပဲလေ သီးသန့်နာမည်ကြီးပြီးဘာလုပ်မှာလဲ။ လူဆိုတာက ပရဟိတမလုပ်ရင်ထားလိုက်ဦး လူဆိုတာ အသစ်သစ်ပေါ်လာမှာ နေရာဖယ်ပေးရမှာပဲ။ အစ်မတို့တွေက အခုနာမည်ကြီးနေတဲ့ မင်းသမီးတွေ တစ်ချိန်သူတို့လည်းနေရာဖယ်ပေးရမှာ လူတိုတာ ဒီလိုပဲ ဒီလိုပဲသွားနေတာလေ။ သူ့ရဲ့သဘောသဘာဝအတိုင်းပဲ သွားနေတာ။ သွားနေတဲ့အပေါ်မှာ ဒါကြီးကိုဖက်တွယ်ပြီးတော့ ငါကတော့ ဒါကြီးကို နာမည်ကြီးချင်လို့ဆိုပြီး လုပ်နေလို့မရဘူးလေ။ ဆိုတော့ဒါတွေကို အစ်မက သိပြီးသာ အဲ့တာကြောင့် နာမည်ကြီးလို့ လုပ်ချင်တယ်လုပ်ချင်တယ်ဆိုတာ အဲ့တာကိုအစ်မက မေ့ထားတယ် ဒီ့ထက်နာမည်ကြီးပြီးဘာလုပ်ရမှာလဲ။”လို့ပြောသွားခဲ့ပါတယ်။

Credit : nanmalgyi

LEAVE A REPLY