Zawgyi ဖြင့်ဖတ်ရန်

 






Unicode ဖြင့်ဖတ်ရန်

အိမ်ထောင်မပြုတာကို ပြစ်မှုတစ်ခုလို မေးလာတဲ့ သူတွေကို ထိရောက်စွာ ချေပလိုက်တဲ့ ခွန်းဆင့်နေခြည်

ပရိသတ်တွေကြားမှာ မှာ သရဲကားနှစ်ကားနဲ့ နာမည်ကြီးကျော်ကြားခဲ့ပြီး အက်ရှင်မင်းသမီးအဖြစ် ကျော်ကြားခဲ့တဲ့ ခွန်းဆင့်နေခြည်ဟာ ယခုနောက်ပိုင်းမှာတော့ နယူးယော့မှာနေထိုင်နေပြီး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို လေ့လာသင်ယူနေတယ်လို့ သိရပါတယ်။ ခွန်းဆင့်နေခြည်ဟာ သူမရဲ့ ထုတ်လုပ်ရေးကနေ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ သမန်းကျားရုပ်ရှင်ဇာတ်ကားကြီးမှ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို မင်းသားသူထူးစံ က ၂၀၁၈ခုနှစ် အကယ်ဒမီပွဲမှာ ထိုက်တန်စွာရရှိခဲ့ပါတယ်။

သူမက အမြဲလိုလို တက်ကြွဖျက်လတ်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အချစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတစာတွေ၊ မှတ်သားဖွယ်ရာတွေကို ရေးသားဖော်ပြလေ့ရှိပြီး ယခုအခါမှာတော့ ယောကျာ်းမယူသေးဘူးလားလို့ မေးမေးနေကြတဲ့ သူတွေကို ထိထိမိမိစကားလုံးတွေနဲ့ ချေပပြောဆိုလိုက်ပြန်ပါတယ်။ သူမေးတဲ့ စကားလေး တစ်ခွန်းကို သဘောကြမိပါတယ်။ သူမေးလိုက်တာကတော့ “ ဒီတစ်သက် ယောကျာ်းမယူရင် ဘာဖြစ်သွားမှာမို့လို့လဲ ?” တဲ့ လေ။

သူပြောခဲ့တဲ့ အပြည့်အစုံကတော့ တွေ့တာနဲ့ ယောကျာ်းမယူသေးဘူးလား မယူတော့ဘူးလား ဘယ်တော့စားရမလဲ ဆိုပြီး လိုက်လိုက်မေးနေတဲ့သူတွေနဲ့အဝေးဆုံးမှာဘဲနေလိုက်တော့တယ် ယောကျာ်းမယူတာကဘဲ ပြစ်မှုတစ်ခုခုကိုကျူးလွန်မိထားသလိုဘဲ ကွကိုယ် မယူချင်လို့မယူတာ အချစ်ဆိုတာကြီးကိုမယုံလို့မယူတာ ကိုယ့်ဘဝကိုယ်တည်ဆောက်နိုင်လို့မယူတာ ကိုယ့်မိဘကိုငြိုငြင်မှာစိုးလို့မယူတာ သစ္စာဖောက်ခံခဲ့ရဖူး လို့ကြောက်ပြီး မယူတာ တစ်ကယ်ချစ်တဲ့သူမတွေ့သေးလို့မယူတာ မယူတဲ့အကြောင်းရင်းခံတွေကတော့အများကြီးဘဲ အမှန်အတိုင်းပြောရရင်တော့ မလိုချင်လို့ကိုမယူခဲ့တာ ခုချိန်မှာတော့လာမမေးနဲ့ အသက်ဘဲ ၆၅ ဖြစ်နေပြီ မေးတဲ့သူတွေကိုတောင်အားနာစရာ ဟဟ လို့ ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလဲ သူက ရည်းစားထားရင်တောင် ကိုယ့်ကိုတစ်ကယ်ချစ်ပါတယ်ဆိုပြီး ချစ်ပြ ချွဲပြ ပဲပြ ဂရုစိုက်ပြနေတာတွေကိုမြင်ပြီး အဟုတ်ကြီးမှတ်လို့ ပုံမအောလိုက် လေနဲ့ မယုံရင် ကိုယ့်ဘက်က အပွန်းအပဲ့ကင်းစွာနဲ့ တရားလေးမှတ်ပြီး အချိန်ခဏလောက်စောင့်ကြည့်နေလိုက်ပါ အဲ့လိုလူမျိုးတွေဆီမှာ (spares part စပယ်ယာပါဒ်) ဆိုတာ ready အဆင့်သင့်ရှိပြီးသား” လို့ ဆိုပြီး ရေးသားဖော်ပြထားဖူးပါတယ်။

share from : burmese.asia

LEAVE A REPLY