Zawgyi ျဖင့္ဖတ္ရန္

 

ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက ျမဝတီ႐ုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသခဲ့တဲ့ “ေရသူမေလးရဲ႕ ခ်စ္ပုံျပင္” ထဲက ‘ခ်င္တိုးလိ’ လို႔ သိၾကတဲ့ မင္းသမီး Eugene ဟာဆိုရင္ သ႐ုပ္ေဆာင္ Ki Tae Young နဲ႔ လက္ထပ္ထားၿပီး သမီးေလး ႏွစ္ေယာက္ရွိေနၿပီပဲျဖစ္ပါတယ္။ ပထမသမီးေလးနာမည္က Rohee ျဖစ္ၿပီး အခု သမီးေလး နာမည္က Lorin ပါ။ Creating Destiny ကားမွာ အတူပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ခ်စ္ႀကိဳးသြယ္ခဲ့ရာက ၂၀၁၁ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကပါတယ္။

Eugene နဲ႔ Ki Tae Young တို႔ဟာ ဒီႏွစ္ထဲမွာ အိမ္ေထာင္သက္တမ္း (၁၀)ႏွစ္တိတိရွိသြားၿပီပဲျဖစ္ပါတယ္။ ဇာတ္ကား႐ိုက္ရင္း တစ္ဦးအေပၚတစ္ဦး ေမတၱာမွ်ခဲ့ၾကရာက လက္ထပ္ခဲ့ၾကတာပါ။ သူတို႔ႏွစ္ဦးရဲ႕ အခ်စ္ဇာတ္လမ္းကလဲ စိတ္ဝင္စားစရာပါပဲ။

Creating Destiny ႐ိုက္ကူးေနစဥ္ ၅ လအေတာအတြင္း Ki Tae Young က Eugene ကို စိတ္ဝင္စားျခင္းမရွိေသးပါဘူးတဲ့။ Eugene ဟာ ႐ိုက္ကူးေရးအဖြဲ႕ေတြနဲ႔ ညစာစားပြဲ လိုက္တဲ့အခါ တျခားသူေတြက အတင္းအဖ်င္းေတြ ေျပာတိုင္းသူက ဘာမွဝင္မေျပာဘဲ ဒီတိုင္းေလး ၿငိမ္ၿပီး နားေထာင္ေနေလ့ရွိတာကို သတိထားမိရင္းက သူမေၾကာင္း စိတ္ဝင္စားလာတယ္ လို႔ ေျပာပါတယ္။

Eugene ဟာ Ki Tae Young နဲ႔ အိမ္ေထာင္သက္တမ္း ၁၀ ႏွစ္ရွိၿပီျဖစ္သည့္တိုင္ေအာင္ ခုခ်ိန္ထိ သူမ်ားအေၾကာင္း စိတ္ဝင္စားတာမ်ိဳး၊ အတင္းေျပာတာမ်ိဳးေတြမရွိေၾကာင္း ေျပာပါတယ္။ “သူ႔မွာ သူမ်ားအေၾကာင္း စိတ္ဝင္စားတာမ်ိဳး၊ မနာလိုျဖစ္ေနတာမ်ိဳးေတြ သိပ္မရွိဘူး သူနဲ႔ေနရတာ စိတ္ေအးခ်မ္းတယ္” ဆိုၿပီး Life Bar အစီအစဥ္မွာေျပာျပဖူးပါတယ္။

 

 

သမီးႀကီးျဖစ္တဲ့ Rohee ကို 2015 မွာ ေမြးဖြားခဲ့ၾကပါတယ္။ သမီးငယ္ေလး Lorin ကိုေတာ့ 2018 မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ၁ ႏွစ္ျပည့္ေမြးေန႔ပြဲကို က်င္းပေပးေနတာပဲျဖစ္ပါတယ္။

Eugene နဲ႔ Ki Tae Young တို႔ဟာ Rohee ကိုေမြးၿပီး Return of Superman အစီအစဥ္မွာ ပါဝင္ခဲ့ၾကတာေၾကာင့္ Rohee ေလးကိုေတာ့ ပရိတ္သတ္ႀကီး မ်က္မွန္းတန္းမိေနပါၿပီ။

Lorin ေလးကလဲ သူ႔မမ ငယ္ငယ္တုန္းကလို တစ္ပုံစံထဲပါပဲ။အခု သမီးေလး Lorin တစ္ႏွစ္ျပည့္သြားၿပီျဖစ္လို႔ Return of Superman ပရိတ္သတ္ႀကီးကေတာ့ သူတို႔ မိသားစုေလးကို အစီအစဥ္မွာ ေနာက္တစ္ႀကိမ္ပါဝင္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကြာရှည်စွာ တွဲလက်ခိုင်မြဲခဲ့ကြတဲ့ Ki Tae Young နဲ့ Eugene တို့ရဲ့ အချစ်ဇာတ်လမ်း

ကျွန်တော်တို့ ငယ်ငယ်တုန်းက မြဝတီရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “ရေသူမလေးရဲ့ ချစ်ပုံပြင်” ထဲက ‘ချင်တိုးလိ’ လို့ သိကြတဲ့ မင်းသမီး Eugene ဟာဆိုရင် သရုပ်ဆောင် Ki Tae Young နဲ့ လက်ထပ်ထားပြီး သမီးလေး နှစ်ယောက်ရှိနေပြီပဲဖြစ်ပါတယ်။ ပထမသမီးလေးနာမည်က Rohee ဖြစ်ပြီး အခု သမီးလေး နာမည်က Lorin ပါ။ Creating Destiny ကားမှာ အတူပါဝင်သရုပ်ဆောင်ခဲ့ပြီး ချစ်ကြိုးသွယ်ခဲ့ရာက ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

Eugene နဲ့ Ki Tae Young တို့ဟာ ဒီနှစ်ထဲမှာ အိမ်ထောင်သက်တမ်း (၁၀)နှစ်တိတိရှိသွားပြီပဲဖြစ်ပါတယ်။ ဇာတ်ကားရိုက်ရင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာမျှခဲ့ကြရာက လက်ထပ်ခဲ့ကြတာပါ။ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကလဲ စိတ်ဝင်စားစရာပါပဲ။

Creating Destiny ရိုက်ကူးနေစဉ် ၅ လအတောအတွင်း Ki Tae Young က Eugene ကို စိတ်ဝင်စားခြင်းမရှိသေးပါဘူးတဲ့။ Eugene ဟာ ရိုက်ကူးရေးအဖွဲ့တွေနဲ့ ညစာစားပွဲ လိုက်တဲ့အခါ တခြားသူတွေက အတင်းအဖျင်းတွေ ပြောတိုင်းသူက ဘာမှဝင်မပြောဘဲ ဒီတိုင်းလေး ငြိမ်ပြီး နားထောင်နေလေ့ရှိတာကို သတိထားမိရင်းက သူမကြောင်း စိတ်ဝင်စားလာတယ် လို့ ပြောပါတယ်။

Eugene ဟာ Ki Tae Young နဲ့ အိမ်ထောင်သက်တမ်း ၁၀ နှစ်ရှိပြီဖြစ်သည့်တိုင်အောင် ခုချိန်ထိ သူများအကြောင်း စိတ်ဝင်စားတာမျိုး၊ အတင်းပြောတာမျိုးတွေမရှိကြောင်း ပြောပါတယ်။ “သူ့မှာ သူများအကြောင်း စိတ်ဝင်စားတာမျိုး၊ မနာလိုဖြစ်နေတာမျိုးတွေ သိပ်မရှိဘူး သူနဲ့နေရတာ စိတ်အေးချမ်းတယ်” ဆိုပြီး Life Bar အစီအစဉ်မှာပြောပြဖူးပါတယ်။

သမီးကြီးဖြစ်တဲ့ Rohee ကို 2015 မှာ မွေးဖွားခဲ့ကြပါတယ်။ သမီးငယ်လေး Lorin ကိုတော့ 2018 မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁ နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပပေးနေတာပဲဖြစ်ပါတယ်။

Eugene နဲ့ Ki Tae Young တို့ဟာ Rohee ကိုမွေးပြီး Return of Superman အစီအစဉ်မှာ ပါဝင်ခဲ့ကြတာကြောင့် Rohee လေးကိုတော့ ပရိတ်သတ်ကြီး မျက်မှန်းတန်းမိနေပါပြီ။

Lorin လေးကလဲ သူ့မမ ငယ်ငယ်တုန်းကလို တစ်ပုံစံထဲပါပဲ။အခု သမီးလေး Lorin တစ်နှစ်ပြည့်သွားပြီဖြစ်လို့ Return of Superman ပရိတ်သတ်ကြီးကတော့ သူတို့ မိသားစုလေးကို အစီအစဉ်မှာ နောက်တစ်ကြိမ်ပါဝင်ဖို့ မျှော်လင့်နေကြပါတယ်။

Credit : popolay

LEAVE A REPLY