Zawgyi ျဖင့္ဖတ္ရန္

 

အမ်ိဳးသမီးထုႀကီးအတြက္ စိတ္အနာဆုံး စကားကေတာ့ သူတို႔ကို “ဝ”တယ္လို႔ တစ္ေယာက္ေယာက္က ေျပာလိုက္တာပါပဲ။ အျပဳသေဘာနဲ႔ျဖစ္ေစ၊ ေစတနာနဲ႔ျဖစ္ေစ “ဝ”တယ္ ဆိုတဲ့ စကားလုံးကို သူတို႔လုံးဝ ခံႏိုင္စြမ္းမရွိပါဘူး။ ကမာၻေပၚမွာ သူတို႔မၾကားခ်င္ဆုံး စကားတစ္ခြန္းလဲျဖစ္ပါတယ္။

မၾကာေသးမီက “ဝ”တယ္ လို႔ ေျပာမိတဲ့ ခ်စ္သူရည္စား ေကာင္ေလးကို မိန္းကေလးက လမ္းမအလယ္မွာ ကတ္ေၾကးနဲ႔ မေသမခ်င္ ထိုးသတ္ခဲ့မႈ ၾသဂုတ္လ ၁၄ ရက္ေန႔က ထိုင္ဝမ္ႏိုင္ငံမွာ ျဖစ္ပြားခဲ့ပါတယ္။

ေဒသခံမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သူတို႔ႏွစ္ဦးစလုံးဟာ အသက္ ၂၀ ဝန္းက်င္ေလးေတြျဖစ္ၿပီး ခ်စ္သူရည္းစားျဖစ္ၾကတာ တစ္လပင္မျပည့္ေသးပါဘူး၊ အဲဒီေန႔က ႏွစ္ေယာက္သား ခ်ိန္းေတြ႕ၿပီး ေလွ်ာက္လည္ေနၾကစဥ္ ရာသီဥတုပူလာတဲ့အတြက္ မိန္းကေလးက ေရခဲမုန႔္စားခ်င္တယ္လို႔ ပူဆာခဲ့ရာ ေကာင္ေလးက သူမကို ၿပဳံးၿပီးေသခ်ာၾကည့္ကာ “ခ်စ္ ကလည္း ဒီေလာက္ ‘ဝ’ေနတာ ေရခဲမုန႔္ စာခ်င္ေနတုန္းပဲလား..?” လို႔ ေမးလိုက္ပါတယ္။

ဒီစကားကို ၾကားလိုက္ရတဲ့အခ်ိန္မွာ ေကာင္မေလးရဲ႕ ေဒါသက ငယ္ထိပ္ကို ေဆာင့္တက္သြားပါတယ္၊ ဒါေပမယ့္ ဘာမွမျဖစ္သလို ဟန္လုပ္ရင္း အနီးနားက စတိုးဆိုင္ တစ္ဆိုင္ထဲကို ဝင္သြားပါတယ္။ ေကာင္ေလးကေတာ့ ေရခဲမုန႔္သြားဝယ္တယ္ထင္ၿပီး ဆိုင္အျပင္မွာ ေအးေဆးရပ္ေစာင့္ေနပါတယ္။

တစ္ကယ္ေတာ့ ေကာင္မေလးက ဆိုင္ထဲမွာ ကတ္ေၾကးတစ္ေခ်ာင္း ဝင္ဝယ္တာပါ၊ အဲဒီေနာက္ ဆိုင္ထဲက ထြက္လာၿပီး အျပင္မွာ ေစာင့္ေနတဲ့ ရည္းစားကို ဝယ္လာတဲ့ ကတ္ေၾကးနဲ႔ ၄ ခ်က္တိတိ လမ္းမလယ္မွာ ထိုးခ်လိုက္ပါတယ္။
ကတ္ေၾကးနဲ႔ ထိုးခံရတဲ့ ဒဏ္ရာေၾကာင့္ ေကာင္ေလးဟာ လမ္းမေပၚ ေသြးအလိမ္းလိမ္းနဲ႔ လဲက်သြားတာကို သူမက ဒီတိုင္း ရပ္ၾကည့္ေနပါတယ္။ လမ္းသြားလမ္းလာေတြက အကူညီေပးဖို႔ ေရာက္လာၿပီး အသက္ဆိုင္ရာကို အေၾကာင္းၾကားခဲ့ပါတယ္။

ေဆးအဖြဲ႕ေတြ ေရာက္လာၿပီး ေဆး႐ုံပို႔ခဲ့ေပမယ့္ အခ်ိန္ေႏွာင္းကာ ေကာင္ေလးက ေသြးထြက္လြန္ၿပီး ေသဆုံးသြားခဲ့ပါတယ္။ မိန္းကေလးက ထြက္ေျပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ အဖမ္းခံခဲ့ရၿပီး အမႈကို ရဲေတြက စုံစမ္းစစ္ေဆးလွ်က္ရွိပါတယ္။

ဒါေၾကာင့္ အမ်ိဳးသမီးေတြကို ဘယ္ေတာ့မွ “ဝ”တယ္လို႔ မေျပာမိပါေစနဲ႔၊ အသက္ပါရင္းသြားရပါလိမ့္မယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

“ဝ”တယ် ပြောလို့ ရည်းစားကို လမ်းမပေါ်တင် ကတ်ကြေးနဲ့ ထိုးသတ်

အမျိုးသမီးထုကြီးအတွက် စိတ်အနာဆုံး စကားကတော့ သူတို့ကို “ဝ”တယ်လို့ တစ်ယောက်ယောက်က ပြောလိုက်တာပါပဲ။ အပြုသဘောနဲ့ဖြစ်စေ၊ စေတနာနဲ့ဖြစ်စေ “ဝ”တယ် ဆိုတဲ့ စကားလုံးကို သူတို့လုံးဝ ခံနိုင်စွမ်းမရှိပါဘူး။ ကမ္ဘာပေါ်မှာ သူတို့မကြားချင်ဆုံး စကားတစ်ခွန်းလဲဖြစ်ပါတယ်။

မကြာသေးမီက “ဝ”တယ် လို့ ပြောမိတဲ့ ချစ်သူရည်စား ကောင်လေးကို မိန်းကလေးက လမ်းမအလယ်မှာ ကတ်ကြေးနဲ့ မသေမချင် ထိုးသတ်ခဲ့မှု သြဂုတ်လ ၁၄ ရက်နေ့က ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦးစလုံးဟာ အသက် ၂၀ ဝန်းကျင်လေးတွေဖြစ်ပြီး ချစ်သူရည်းစားဖြစ်ကြတာ တစ်လပင်မပြည့်သေးပါဘူး၊ အဲဒီနေ့က နှစ်ယောက်သား ချိန်းတွေ့ပြီး လျှောက်လည်နေကြစဉ် ရာသီဥတုပူလာတဲ့အတွက် မိန်းကလေးက ရေခဲမုန့်စားချင်တယ်လို့ ပူဆာခဲ့ရာ ကောင်လေးက သူမကို ပြုံးပြီးသေချာကြည့်ကာ “ချစ် ကလည်း ဒီလောက် ‘ဝ’နေတာ ရေခဲမုန့် စာချင်နေတုန်းပဲလား..?” လို့ မေးလိုက်ပါတယ်။

ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ကောင်မလေးရဲ့ ဒေါသက ငယ်ထိပ်ကို ဆောင့်တက်သွားပါတယ်၊ ဒါပေမယ့် ဘာမှမဖြစ်သလို ဟန်လုပ်ရင်း အနီးနားက စတိုးဆိုင် တစ်ဆိုင်ထဲကို ဝင်သွားပါတယ်။ ကောင်လေးကတော့ ရေခဲမုန့်သွားဝယ်တယ်ထင်ပြီး ဆိုင်အပြင်မှာ အေးဆေးရပ်စောင့်နေပါတယ်။

တစ်ကယ်တော့ ကောင်မလေးက ဆိုင်ထဲမှာ ကတ်ကြေးတစ်ချောင်း ဝင်ဝယ်တာပါ၊ အဲဒီနောက် ဆိုင်ထဲက ထွက်လာပြီး အပြင်မှာ စောင့်နေတဲ့ ရည်းစားကို ဝယ်လာတဲ့ ကတ်ကြေးနဲ့ ၄ ချက်တိတိ လမ်းမလယ်မှာ ထိုးချလိုက်ပါတယ်။
ကတ်ကြေးနဲ့ ထိုးခံရတဲ့ ဒဏ်ရာကြောင့် ကောင်လေးဟာ လမ်းမပေါ် သွေးအလိမ်းလိမ်းနဲ့ လဲကျသွားတာကို သူမက ဒီတိုင်း ရပ်ကြည့်နေပါတယ်။ လမ်းသွားလမ်းလာတွေက အကူညီပေးဖို့ ရောက်လာပြီး အသက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါတယ်။

ဆေးအဖွဲ့တွေ ရောက်လာပြီး ဆေးရုံပို့ခဲ့ပေမယ့် အချိန်နှောင်းကာ ကောင်လေးက သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ပါတယ်။ မိန်းကလေးက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် အဖမ်းခံခဲ့ရပြီး အမှုကို ရဲတွေက စုံစမ်းစစ်ဆေးလျှက်ရှိပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို ဘယ်တော့မှ “ဝ”တယ်လို့ မပြောမိပါစေနဲ့၊ အသက်ပါရင်းသွားရပါလိမ့်မယ်။

Credit : popolay

LEAVE A REPLY