Zawgyi ျဖင့္ဖတ္ရန္

Goblin ဇာတ္ကားနဲ႔ ‘မွင္စာရဲ႕ သတို႔သမီး’ ဆိုၿပီး လူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ Kim Go Eun ဟာဆိုရင္ သဘာဝက်က် သ႐ုပ္ေဆာင္တတ္တဲ့ မင္းသမီးတစ္လက္ပဲျဖစ္ပါတယ္။ ဒီမတိုင္ခင္ သူ႔ကို လူေတြ သတိထားမိခဲ့တာကေတာ့ Cheese In the trap မွ ဆံပင္အနီေရာင္ ေကာက္ေကာက္နဲ႔ Hong Seol ဇာတ္႐ုပ္နဲ႔ပဲျဖစ္ပါတယ္။ Kim Go Eun ဟာ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္မျဖစ္ခင္ အခ်ိန္ပိုင္းလုပ္သား တစ္ေယာက္အေနနဲ႔ ရပ္တည္ခဲ့တဲ့ အေၾကာင္းကို ေျပာျပလာပါတယ္။ Kim Go Eun တစ္ေယာက္ ဘယ္လို အခ်ိန္ပိုင္းအလုပ္မ်ိဳးေတြကို လုပ္ကိုင္ခဲ့တယ္ဆိုတာ သိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ရေအာင္။

Kim Go Eun ဟာ သ႐ုပ္ေဆာင္အလုပ္ မစတင္ခင္က soba restaurant တစ္ခုမွာ စားပြဲထိုး အျဖစ္အလုပ္လုပ္ခဲ့ဖူးတယ္လို႔ေျပာပါတယ္။

“ကြၽန္မ Soba ေခါက္ဆြဲဆိုင္မွာ စားပြဲထိုးလုပ္ဖူးပါတယ္။ ၿပီးေတာ့ city hall လို ေနရာမ်ိဳးမွာ recorder အသံသြင္းသူတစ္ဦးအျဖစ္ အလုပ္လုပ္ခဲ့ဖူးပါတယ္။ အဝတ္အစားေတြအတြက္ fitting model တစ္ေယာက္လဲ လုပ္ခဲ့ဖူးတယ္။ café တစ္ခုမွာ အခ်ိန္ပိုင္းအလုပ္ေတြလဲ လုပ္ဖူးခဲ့တယ္” လို႔ေျပာျပသြားပါတယ္။

တစ္ဖန္ သူမ သ႐ုပ္ေဆာင္ျဖစ္လာရတဲ့ အေၾကာင္းအရင္းကို ေအာက္ပါအတိုင္း ေျပာျပလာပါတယ္။

“ကြၽန္မ Soba ေခါက္ဆြဲဆိုင္မွာ အလုပ္လုပ္ေနတုန္း လူတစ္ေယာက္က သ႐ုပ္ေဆာင္လုပ္ပါလား လို႔ ေျပာလာခဲ့တယ္” ဆိုၿပီး ေျပာျပသြားပါတယ္။

Kim Go Eun ဟာ Soba ေခါက္ဆြဲဆိုင္မွာ လူတစ္ေယာက္ေျပာသြားတာကို အေျခခံၿပီး သ႐ုပ္ေဆာင္ျဖစ္ဖို႔ အိပ္မက္ေတြကို စတင္အေကာင္အထည္ေဖာ္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ပရိတ္သတ္အသိအမွတ္ျပဳတဲ့ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေနပါၿပီ။

သူမမွာလဲ ဘာလုပ္ရမွန္းမသိ လမ္းေပ်ာက္ေနခဲ့တဲ့အခ်ိန္ေတြ ရွိေနခဲ့ေပမယ့္ သူမနဲ႔ ကိုက္ညီတဲ့အရာတစ္ခုကို ရွာေတြ႕သြားခဲ့တာပါပဲ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

စားပွဲထိုးဘဝကနေ နာမည်ကြီးသရုပ်ဆောင် ဖြစ်လာတဲ့ Kim Go Eun အကြောင်း

Goblin ဇာတ်ကားနဲ့ ‘မှင်စာရဲ့ သတို့သမီး’ ဆိုပြီး လူသိများလာတဲ့ သရုပ်ဆောင် Kim Go Eun ဟာဆိုရင် သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဒီမတိုင်ခင် သူ့ကို လူတွေ သတိထားမိခဲ့တာကတော့ Cheese In the trap မှ ဆံပင်အနီရောင် ကောက်ကောက်နဲ့ Hong Seol ဇာတ်ရုပ်နဲ့ပဲဖြစ်ပါတယ်။ Kim Go Eun ဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်မဖြစ်ခင် အချိန်ပိုင်းလုပ်သား တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့ အကြောင်းကို ပြောပြလာပါတယ်။ Kim Go Eun တစ်ယောက် ဘယ်လို အချိန်ပိုင်းအလုပ်မျိုးတွေကို လုပ်ကိုင်ခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

Kim Go Eun ဟာ သရုပ်ဆောင်အလုပ် မစတင်ခင်က soba restaurant တစ်ခုမှာ စားပွဲထိုး အဖြစ်အလုပ်လုပ်ခဲ့ဖူးတယ်လို့ပြောပါတယ်။

“ကျွန်မ Soba ခေါက်ဆွဲဆိုင်မှာ စားပွဲထိုးလုပ်ဖူးပါတယ်။ ပြီးတော့ city hall လို နေရာမျိုးမှာ recorder အသံသွင်းသူတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဝတ်အစားတွေအတွက် fitting model တစ်ယောက်လဲ လုပ်ခဲ့ဖူးတယ်။ café တစ်ခုမှာ အချိန်ပိုင်းအလုပ်တွေလဲ လုပ်ဖူးခဲ့တယ်” လို့ပြောပြသွားပါတယ်။

တစ်ဖန် သူမ သရုပ်ဆောင်ဖြစ်လာရတဲ့ အကြောင်းအရင်းကို အောက်ပါအတိုင်း ပြောပြလာပါတယ်။

“ကျွန်မ Soba ခေါက်ဆွဲဆိုင်မှာ အလုပ်လုပ်နေတုန်း လူတစ်ယောက်က သရုပ်ဆောင်လုပ်ပါလား လို့ ပြောလာခဲ့တယ်” ဆိုပြီး ပြောပြသွားပါတယ်။

Kim Go Eun ဟာ Soba ခေါက်ဆွဲဆိုင်မှာ လူတစ်ယောက်ပြောသွားတာကို အခြေခံပြီး သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်တွေကို စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုဆိုရင် ပရိတ်သတ်အသိအမှတ်ပြုတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်နေပါပြီ။

သူမမှာလဲ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေခဲ့တဲ့အချိန်တွေ ရှိနေခဲ့ပေမယ့် သူမနဲ့ ကိုက်ညီတဲ့အရာတစ်ခုကို ရှာတွေ့သွားခဲ့တာပါပဲ။

Credit : popolay

LEAVE A REPLY