Zawgyi ဖြင့်ဖတ်ရန်

 







Unicode ဖြင့်ဖတ်ရန်

၀မ် ၁၄ သန်းခွဲတန်နာရီ ပတ်တဲ့ ကင်ဂျုံးအွန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ဟာ ဇူလိုင် ၂၅ ရက်က တာတိုပစ်ဒုံးကျည်တွေ ပစ်လွှတ်တာကို ကြည့်ရှုရာမှာ ဝမ် ၁၄ သန်းခွဲ တန် ဆွစ်နာရီကို ပတ်ထားကြောင်း ဓာတ်ပုံတွေအရ နာရီကျွမ်းကျင်သူတွေက ပြောပါတယ်။ ( အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ = ဝမ် ၁၂၁၀)

နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်တဲ့ ကင်ဂျုံးအွန်ရဲ့ ပုံတွေမှာ အဝေးကြည့်မှန်ပြောင်းနဲ့ ဒုံးကျည်ပစ်လွှတ်နေတဲ့ ကင်ဂျုံးအွန်ဟာ ဘယ်လက်ကောက်ဝတ်မှာ ရွှေရောင်နာရီကို ပတ်ထားတာ ဖြစ်ပါတယ်။

ကင်ဂျုံးအွန် ပတ်ထားတဲ့ နာရီဟာ ဆွစ်ဇာလန် လုပ် IWC Portofino Automatic နာရီဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

“နာရီရဲ့ အချိုးအစားနဲ့ သွင်ပြင်ရယ်၊ နောက်ပြီး နာရီအိမ်ထဲ ရက်စွဲ ပါရှိတဲ့နေရာရယ်ကို ကြည့်ရင် ဒီ နာရီဟာ IWC Portofino နာရီပဲ ဖြစ်တယ်။”လို့ နာရီကျွမ်းကျင်သူ ကင်ချန်ကျူးက ပြောပါတယ်။

ဒီ နာရီဟာ ရှားပါးတဲ့ ကျားမ ပတ်နိုင်တဲ့ နာရီဖြစ်ပြီး တန်ဖိုးက ဆွစ်ဖရန့်ငွေ ၁၁၇၀၀ ဝန်းကျင် ရှိတယ်လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

Writer_မောင်သံဆင့်(XYZ News)

LEAVE A REPLY