Zawgyi ျဖင့္ဖတ္ရန္

ကိုရီးယား၊ ဂ်ပန္လူမ်ိဳးတို႔အႀကိဳက္ ခ်ဥ္ပတ္တစ္မ်ိဳးျဖစ္သည့္ ‘ကင္မ္ခ်ီ’ က ဆံပင္ျပန္ေပါက္ေစႏိုင္ေၾကာင္း သိပၸံနည္းက် လက္ေတြ႕ စမ္းသပ္ၿပီးေနာက္ သုေတသီမ်ား အသစ္ရွာေဖြေတြရွိခဲ့ေၾကာင္း အမ်ိဳးသား က်န္းမာေရး ကမာၻ႔ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

ကင္မ္ခ်ီ စားသုံးျခင္းျဖင့္ အစာေၾကလြယ္ၿပီး ဝမ္းခ်ဳပ္တဲ့ျပႆနာကို ေကာင္းစြာေျဖရွင္းႏိုင္ေၾကာင္း ကနဦးကတည္းက အားလုံး သိရွိထားၿပီျဖစ္ၿပီး ယခုတစ္ခါ ထိပ္ေျပာင္၊ ဆံပင္ကြၽတ္ အမ်ိဳးသားမ်ားအတြက္ ဆံပင္ျပန္ေပါက္ႏိုင္ေသာ အစြမ္းရွိေၾကာင္းကိုပါ ထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ေဒးလီးေမးလ္ သတင္းတြင္ ေဖာ္ျပခ်က္အရ ဒန္ကြတ္ တကၠသိုလ္(Dankook University) မွ သူေတသီမ်ားက အမ်ိဳးသား ၂၃ ဦးကို စမ္းသပ္ခဲ့ၾကျခင္းျဖစ္သည္။ သူတို႔ထဲမွ အခ်ိဳ႕ဟာ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆံပင္ကြၽတ္သူမ်ားျဖစ္ၿပီး အခ်ိဳ႕ကေတာ့ လုံးဝေခါင္းေျပာင္လုနီးပါး အမ်ိဳးသားမ်ားျဖစ္ၾကသည္။

သုေတသီမ်ားက ေတာင္ကိုရီးယားႏိုင္ငံတြင္ ေရာင္းခ်လွ်က္ရွိေသာ ကင္မ္ခ်ီေဖ်ာ္ရည္ကို ပုံမွန္ေသာက္ေစၿပီး စမ္းသပ္ခဲ့တာျဖစ္ပါတယ္။ နည္းစနစ္က ႐ိုးရွင္းလြန္းပါတယ္၊ ကင္မ္ခ်ီေဖ်ာ္ရည္ကို မနက္အိပ္ယာထ နံနက္စာမစားမီ နဲ႔ ညအိပ္ယာဝင္ခါနီးတို႔မွာ တစ္ခြက္စီေသာက္႐ုံသာျဖစ္ပါတယ္။

စမ္းသပ္မႈျပဳလုပ္ၿပီး တစ္လအၾကာမွာ ပွ်မ္းမွ် ဦးေခါင္းရဲ႕ ၁ စင္တီမီတာပတ္ခ်ာလည္မွာ ဆံပင္ ၈၅ ေခ်ာင္း ျပန္ေပါက္လာပါတယ္။ ၄ လေလာက္အၾကာမွာေတာ့ ဆံပင္ ၉၀ ကေန ၉၂ ေခ်ာင္းစီ ၁ စင္တီမီတာ ပတ္ခ်ာလည္မွာ ျပန္ေပါက္လာတာကို ေတြ႕ခဲ့ရပါတယ္။

လက္ရွိေဈးကြက္ထဲမွာ ေရာင္းခ်ေနၾကတဲ့ ဆံပင္ေပါက္ေဆးေတြဟာ ေဘးထြက္ဆိုးက်ိဳးရွိၿပီး ခဏတစ္ျဖဳတ္သာ အက်ိဳးရွိတာေၾကာင့္ ယခုလို သဘာဝနည္းလမ္းျဖစ္ၿပီး ေဘးတြက္ဆိုးက်ိဳးလဲ မရွိတဲ့ ကင္မ္ခ်ီေဖ်ာ္ရည္ ေသာက္သုံးျခင္းက အမ်ိဳးသားမ်ား ဆံပင္ကြၽတ္ျခင္း၊ ထိပ္ေျပာင္ျခင္းကို အႏၲရာယ္အကင္းဆုံး ျပန္လည္ကုစားႏိုင္မည့္ နည္းလမ္းျဖစ္ေၾကာင္း အမ်ိဳးသားက်န္းမာေရး ေဆးပညာဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ကိုရီးယား ကင်မ်ချီ က ထိပ်ပြောင်များကို လပိုင်းအတွင်း ဆံပင်ပြန်ပေါက်စေနိုင်

ကိုရီးယား၊ ဂျပန်လူမျိုးတို့အကြိုက် ချဉ်ပတ်တစ်မျိုးဖြစ်သည့် ‘ကင်မ်ချီ’ က ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံနည်းကျ လက်တွေ့ စမ်းသပ်ပြီးနောက် သုတေသီများ အသစ်ရှာဖွေတွေရှိခဲ့ကြောင်း အမျိုးသား ကျန်းမာရေး ကမ္ဘာ့ဂျာနယ်တွင် ဖော်ပြထားသည်။

ကင်မ်ချီ စားသုံးခြင်းဖြင့် အစာကြေလွယ်ပြီး ဝမ်းချုပ်တဲ့ပြဿနာကို ကောင်းစွာဖြေရှင်းနိုင်ကြောင်း ကနဦးကတည်းက အားလုံး သိရှိထားပြီဖြစ်ပြီး ယခုတစ်ခါ ထိပ်ပြောင်၊ ဆံပင်ကျွတ် အမျိုးသားများအတွက် ဆံပင်ပြန်ပေါက်နိုင်သော အစွမ်းရှိကြောင်းကိုပါ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒေးလီးမေးလ် သတင်းတွင် ဖော်ပြချက်အရ ဒန်ကွတ် တက္ကသိုလ်(Dankook University) မှ သူတေသီများက အမျိုးသား ၂၃ ဦးကို စမ်းသပ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့ထဲမှ အချို့ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်သူများဖြစ်ပြီး အချို့ကတော့ လုံးဝခေါင်းပြောင်လုနီးပါး အမျိုးသားများဖြစ်ကြသည်။

သုတေသီများက တောင်ကိုရီးယားနိုင်ငံတွင် ရောင်းချလျှက်ရှိသော ကင်မ်ချီဖျော်ရည်ကို ပုံမှန်သောက်စေပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ နည်းစနစ်က ရိုးရှင်းလွန်းပါတယ်၊ ကင်မ်ချီဖျော်ရည်ကို မနက်အိပ်ယာထ နံနက်စာမစားမီ နဲ့ ညအိပ်ယာဝင်ခါနီးတို့မှာ တစ်ခွက်စီသောက်ရုံသာဖြစ်ပါတယ်။

စမ်းသပ်မှုပြုလုပ်ပြီး တစ်လအကြာမှာ ပျှမ်းမျှ ဦးခေါင်းရဲ့ ၁ စင်တီမီတာပတ်ချာလည်မှာ ဆံပင် ၈၅ ချောင်း ပြန်ပေါက်လာပါတယ်။ ၄ လလောက်အကြာမှာတော့ ဆံပင် ၉၀ ကနေ ၉၂ ချောင်းစီ ၁ စင်တီမီတာ ပတ်ချာလည်မှာ ပြန်ပေါက်လာတာကို တွေ့ခဲ့ရပါတယ်။

လက်ရှိဈေးကွက်ထဲမှာ ရောင်းချနေကြတဲ့ ဆံပင်ပေါက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးရှိပြီး ခဏတစ်ဖြုတ်သာ အကျိုးရှိတာကြောင့် ယခုလို သဘာဝနည်းလမ်းဖြစ်ပြီး ဘေးတွက်ဆိုးကျိုးလဲ မရှိတဲ့ ကင်မ်ချီဖျော်ရည် သောက်သုံးခြင်းက အမျိုးသားများ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို အန္တရာယ်အကင်းဆုံး ပြန်လည်ကုစားနိုင်မည့် နည်းလမ်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေး ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။

Credit : popolay

LEAVE A REPLY