Zawgyi ျဖင့္ဖတ္ရန္

လူလိမ္ႀကီးေနေအး(ေနဧ) အေၾကာင္းကို မသိၾကေပမယ့္ သူ႔နာမည္ကိုေတာ့ လူႀကီးလူငယ္မေ႐ြးၾကားဖူးၾကမွာပါ။ ဒီတစ္ခါေတာ့ သူ႔အေၾကာင္းကို မွ်ေဝလိုက္ပါတယ္။ ဆရာႀကီးဦးသုခ ေရးခဲ့တာျဖစ္ၿပီး ျပန္တင္ေပးသူက Peace For Burma ( ျမန္မာျပည္ကိုလြမ္းတယ္ဘေလာ့) မွ ျဖစ္ပါတယ္။ ။

ဆရာႀကီးဦးသုခေရးသားတဲ့ အလိမ္ဝိဇၨာေနေအးဝတၳဳတိုေလးကို ဒီေန႔ေဖာ္ျပေပးလိုက္ပါတယ္။ ဝတၳဳတိုေလးေပမဲ့ ေတာ္ေတာ္ေလးရွည္ေနတာေၾကာင့္အပိုင္းေလးေတြခြဲၿပီး ေဖာ္ျပေပးလိုက္ပါတယ္။ ကြၽန္မအင္မတန္ႏွစ္သက္တဲ့ အတြက္၊ စာဖတ္သူေတြလည္း ႏွစ္သက္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။)

ဝတၳဳတစ္ပုဒ္၊ စာတစ္အုပ္မွာ ယုတၱိသဘာဝ၊ စ႐ိုက္သဘာဝတိက်ျပည့္စုံလာသည့္အခါ၊ မူလစာေရးသူကစိတ္ကူးယဥ္ ဖန္ဆင္း၍အသက္သြင္းေပးလိုက္သည့္ဇာတ္ေကာင္သည္၊ တကယ့္သက္ရွိထင္ရွားပုဂၢိဳလ္တစ္ေယာက္ျဖစ္ခဲ့သလား ဟုထင္မွတ္ယူစြဲေနတတ္ၾကသည္။ ႏိုင္ငံျခားဝတၳဳတို႔၌ ေရာ္ဘင္ဆင္က႐ူးဆိုး၊ ရွားေလာ့ဟုမ္း၊ ဂ်ိမ္းဘြန္းစသည့္ ဇာတ္လိုက္မ်ားတကယ္ရွိ၊မရွိျပႆနာ ေပၚခဲ့ၾကရသလို ၊ျမန္မာဝတၳဳစာေပတို႔၌လည္း၊ ခုံေတာ္ေမာင္က်ဘမ္း၊စကားေတာင္စား၊ စုံေထာက္ဦးစံရွား၊ ျမတ္ေလး ေ႐ႊဓားဗိုလ္တို႔ တကယ္ရွိမရွိ၊ျပႆနာျဖစ္ၾကခဲ့ဖူးသည္။ ယခုမဟာဂီတဆရာႀကီးဦးၿပဳံးခ်ိဳေရးသားခဲ့သည့္ ေနေအးလိမ္နည္းစာအုပ္ကိုလည္း ေနေအးဆိုသည့္ လူတကယ္ရွိမရွိ၊ စာေရးဆရာကဖန္ဆင္းထားေသာဇာတ္လိုက္ဟုတ္မဟုတ္ ၊ေျပာဆိုသံမ်ားမၾကာခဏၾကားခဲ့ရသည္။ အထူးသျဖင့္ေန ေအးမွာ၊က်ိဳက္လတ္ၿမိဳ႕သားဟုတစ္စြန္းတစ္စၾကားသူတို႔က ကြၽန္ေတာ့ကိုေမးျမန္းခဲ့ဖူးပါသည္။ စာအေရးေကာင္း၍တကယ္ရွိသည္ထင္ၾကသလို စာအေရးေကာင္း၍လည္းတကယ္ရွိခဲ့တာမဟုတ္ႏိုင္ပါဘူးဟူ၍လည္း ထင္တတ္ၾကျပန္သည္။

ကြၽန္ေတာ့္အေနႏွင့္ေနေအးကတကယ္ရွိမရွိ ၊ေျပာဆိုရမည္ဆိုလွ်င္ အကယ္၍မူလေနေအးလိမ္နည္းစာအုပ္ကိုေရးသားခဲ့ သူဆရာႀကီးဦးၿပဳံးခ်ိဳကိုယ္တိုင္က၊ေနေအးမွာကြၽႏု္ပ္၏ညီတစ္ဝမ္းကြဲေတာ္စပ္သူျဖစ္ေၾကာင္းဟု စာတစ္ပိုဒ္တည္းေဖာ္ ျပလိုက္႐ုံႏွင့္၊ျပႆနာေျပလည္သြားမည္ျဖစ္ပါသည္။ မွန္ပါသည္။ ေနေအးဆိုသည္မွာတကယ္ရွိခဲ့႐ုံမက၊ ဆရာႀကီးဦးၿပဳံးခ်ိဳ၏ညီတစ္ဝမ္းကြဲျဖစ္ပါသည္။လြန္ခဲ့ေသာႏွစ္ေပါင္း ေျခာက္ဆယ္ေက်ာ္၊ ခုနစ္ဆယ္နီးပါးက၊ပညာသားပါးပါးလိမ္နည္းမ်ားျဖစ္ေၾကာင္း၊ က်ိဳက္လတ္ဇာတိလူႀကီးသူမမ်ားက ဝန္ခံၾကပါလိမ့္မည္။ ကြၽန္ေတာ္လူလားေျမာက္သည့္အ႐ြယ္ေလာက္တြင္၊ ဦးေနေအးတစ္ေယာက္က်ိဳက္လတ္ၿမိဳ႕မွ ေပ်ာက္ကြယ္သြားၿပီထင္ပါသည္။ ဦးၿပဳံးခ်ိဳ၏သားသမီးမ်ားျဖစ္ၾကေသာမခင္ျမင့္၊ ကိုလွေမာင္စသည္တို႔မွာ၊ကြၽန္ေတာ့္ ထက္ေလးငါးႏွစ္ခန႔္ႀကီးသူမ်ားျဖစ္၍ အကြၽမ္းတဝင္မရွိခဲ့ရေသာ္လည္း၊ ဦးၿပဳံးခ်ိဳ၏ညီအရင္းေဆးအရင္းေဆးဆရာႀကီး ဦးေက်ာ္ဒြန္းဆိုသူ၏သားႏွစ္ေယာက္ျဖစ္ေသာ ခ်စ္စံႏွင့္ ေသာင္းဟန္တို႔မွာကြၽန္ေတာ္ႏွင့္တစ္တန္းတည္းသမား မ်ားျဖစ္ခဲ့ၾကသည္။ ယခုထက္တိုင္ဦးၿပဳံးခ်ိဳႏွင့္ေနေအး၊ဦးေက်ာ္ဒြန္းတို႔၏ေဆြမ်ိဳးစမ်ား၊က်ိဳက္လတ္ၿမိဳ႕မွာရွိေနၾကပါ လိမ့္ဦးမည္။ကြၽန္ေတာ့ဘြားေအ၊ဦးႀကီး၊ ဦးေလးတို႔မွာ ဦးေနေအးႏွင့္ ရပ္ေဆြရပ္မ်ိဳးမ်ားျဖစ္ၾကသည္။

ေနေအးလိမ္နည္းကို ပထမဆုံးအႀကိမ္ သူရိယသတင္းစာတိုက္မွ၊ထုတ္လိုက္သည့္အခါ က်ိဳက္လတ္တစ္ၿမိဳ႕လုံးအုံးအုံး ႂကြက္ႂကြက္ရယ္ၾက၊ေမာၾကတေသာေသာျဖစ္သည္ကိုေတာ့၊ ကြၽန္ေတာ္ေကာင္းစြာအမွတ္ရေနပါသည္။ က်ိဳက္လတ္ၿမိဳ႕ ေပၚမွာ ဦးေနေအး၏အလိမ္ကိုမခံရဖူးသူမရွိသေလာက္ျဖစ္ပါသည္ဟုေျပာလွ်င္၊ လြန္လြန္းသည္ဟုဆိုၾကမည္လား။ မလြန္ ပါခင္ဗ်ားဟုကြၽန္ေတာ္ကေျပာပါမည္။ ဘာေၾကာင့္နည္း။ ေနေအးလိမ္နည္းစာအုပ္ထြက္လာမွဟာ့ဒီစာအုပ္ထဲတို႔ကိုလိမ္ သြားတာမပါေသးပါဘူးကြာဟု၊ ဝမ္းနည္းပက္လက္ေျပာၾကသူမ်ားအေတာ္မ်ားစြာ၊ ထြက္ေပၚလာၾကျခင္းေၾကာင့္ျဖစ္ပါသည္။ အလိမ္ခံခဲ့ရစဥ္ပူပူေႏြးေႏြးတုန္းက ေဒါသတြက္ၿပီးရွက္ခ်င္ရွက္ေနၾကမည္ျဖစ္ေသာ္လည္း၊စာတစ္အုပ္၊ေပတစ္အုပ္ထုတ္ လိုက္သည့္အခါမွာေတာ့၊ ေနေအး၏အလိမ္ခံလိုက္ရဖူးသည္ကိုပင္ဂုဏ္ယူခ်င္ေနၾကသည္။ ထိုအေၾကာင္းကိုေထာက္လွ်င္ ေနေအး၏အလိမ္ခံလိုက္ရဖူးသည္ကိုပင္ ဂုဏ္ယူခ်င္ေနၾကသည္။ထိုအေၾကာင္းကိုေထာက္လွ်င္ေနေအးလိမ္နည္းစာအုပ္မွာ၊ ဦးေနေအးလိမ္ခဲ့သမွ်အၿမိဳ႕ၿမိဳ႕အ႐ြာ႐ြာကိုအပထား၊က်ိဳက္လတ္တစ္ၿမိဳ႕တည္းကအျဖစ္အပ်က္မ်ားပင္၊အကုန္အစင္မဟုတ္ ေသးေၾကာင္းသိႏိုင္ပါသည္။

ဦးေနေအးမွာအသားလတ္လတ္၊ အရပ္အေမာင္းေကာင္းေကာင္း၊ ဆံပင္မွာအခ်ဳပ္ေထာင္ကိုဝင္ခ်ည္ထြက္ခ်ည္ျဖစ္၍၊ဆံရွည္ ျဖစ္လ်က္၊ ဆံတိုျဖစ္လ်က္၊ ကတုံးျဖစ္လ်က္ရွိသည္ဟု ကြၽန္ေတာ့ဘြားေအထံမွသိရပါသည္။ စူးရွေသာမ်က္လုံးႏွင့္ေစ့စပ္ေသာ ႏႈတ္ခမ္းရွိသည္။ အလြန္အကင္းပါးသည္။ စကားပရိယာယ္အလြန္ႂကြယ္ဝသည္။ တစ္ဖက္သားကိုဆြဲေဆာင္ႏိုင္သည္။ ေလာကီ၊ ေလာကုတၱရာ၊ပညာ ဗဟုသုတတစ္စြန္းတစ္စဆီႏွံစပ္သည္။ သိုက္သမိုင္း၊အဂၢရိတ္၊ ရာဇဝင္၊ ဓာတ္ဗိေႏၵာ၊ ပေယာဂ၊ ေဗဒင္၊ အင္း အိုင္၊ ခါးလွည့္လက္ဖြဲ႕၊ မႏၲရား၊ လက္မႈပညာဆိုလွ်င္ပန္းတိမ္၊ ပန္းပဲ ၊သံျဖဴ၊ သစ္သား႐ုပ္တု ၊ ေ႐ႊရည္စိမ္၊ နာရီ၊ ေလာကဓာတ္ အေျခခံ၊အေသးစားစက္မႈလက္မႈစသည္တို႔ကို တီးမိေခါက္မိရွိသည္။ ထိုပညာကေလးမ်ားကို အသုံးျပဳလ်က္ထိုေကြ႕မွာထိုတက္ႏွင့္ေလွာ္ၿပီး၊ ဤေကြ႕မွာဤတက္ႏွင့္ေလွာ္ကာစပ္ဆိုင္ေသာေနရာတြင္လိမ္သြားေၾကာင္း သူ႔စာအုပ္ကိုဖတ္ရင္းသေဘာ ေပါက္ႏိုင္ၾကပါလိမ့္မည္။

ဦးေနေအး၏အေကာင္းဆုံးပညာမွာ၊ သ႐ုပ္ပိုင္ျခင္းပင္ျဖစ္ေပသည္။ သူခိုးဘိန္းစားအလစ္သမားဆိုလွ်င္ မွင္ေမာင္း႐ုပ္ရည္အေျပာအဆိုအလႈပ္အရွားကအစ၊ အထိတ္တလန႔္မ်က္ႏွာပ်က္ေနပုံ၊ သတၱိေၾကာင္ပုံ၊ အေျပာအဆိုေလယူေလသိမ္းကအစ၊ တုန္လႈပ္ေခ်ာက္ခ်ားေအာက္က်၊ေနာက္က်ေနပုံတို႔က သဘာဝက်ႏိုင္သေလာက္၊ ရေသ့ရဟန္းဆိုလွ်င္ျမင္လိုက္သည္ႏွင့္ထိုင္၍၊ ဦးခ်ကန္ေတာ့ခ်င္ေလာက္ေအာင္၊သမဏသာ႐ုပၸျပည့္စုံၾကည္ညိဳဖြယ္ရွိသည္။ မင္းညီမင္းသားအျဖစ္သ႐ုပ္ေဆာင္သည့္အခါ ေ႐ႊလင္ပန္းႏွင့္အခ်င္းေဆးခဲ့ရေသာ၊ တကယ့္မဟာဆီမဟာေသြးကဲ့သို႔ ေ႐ႊဘုံနိဒါန္းပါက်င့္ဝတ္သိကၡာအသုံးအႏႈန္း၊ေဝါဟာ ရအဆိုအမိန႔္ႏွင့္ေနပုံထိုင္ပုံ။ ေလယူေလသိမ္းကအစပိရိလွသည္။ ဤေနရာတြင္ကြၽန္ေတာ့တင္ျပခ်က္မ်ားမလြန္ေၾကာင္းသာဓကထုတ္ျပလိုက္ခ်င္ပါသည္။

ေနေအးလိမ္နည္းစာအုပ္၌ပါဝင္ေသာ ပြဲစားႀကီးသားအဖကိုမင္းသားဟန္ေဆာင္၍လိမ္ျခင္း ဟုေခါင္းစဥ္ပါအျဖစ္အပ်က္မွာ (ကြၽန္ေတာ္႐ုပ္ရွင္႐ိုက္ခဲ့ေသာနန္းတစ္လိမ္၊ပန္းတစ္လိမ္ဇာတ္ကားတြင္ပါဝင္ပါသည္)က်ိဳက္လတ္ၿမိဳ႕တြင္မ်က္ႏွာႀကီးပိုက္ဆံရွိ၊ဉာဏပညာဗဟုသုတျပည့္ဝလွေသာမင္းမ်ိဳးမင္းႏြယ္ပြဲစားႀကီးဦးလင္းဆိုသူကိုတက္၍လိမ္ခဲ့ေသာအေၾကာင္းမွန္ျဖစ္ပါသည္။ ထိုပြဲစားႀကီးဦးလင္းႏွင့္သမီးမသန႔္တို႔မွာကြၽန္ေတာ္တို႔အိမ္ႏွင့္ ေနာက္ေဖးခ်င္းဓားလြယ္ခုတ္ျဖစ္၍ သူတို႔ၿခံထဲကမာလကာသီးသြားခိုးတိုင္းအႀကိမ္းအေမာင္းခံခဲ့ရသည္ကို မွတ္မိေနပါေသးသည္။ဦလင္းတို႔ေနသည္က၉ျဖတ္လမ္း၊ ဦးေနေအးေန သည္က၄ျဖတ္လမ္း။ ဤမွ်ေလာက္နီးစပ္ေနသည့္တစ္ၿမိဳ႕ထဲသားကိုဦးေနေအးကမင္းညီမင္းသားအျဖစ္လိမ္သြားလိုက္သည္မွာ၊ ဦးလင္းကိုယ္တိုင္ဦးေနေအးမွန္းမသိလိုက္။ ၿမိဳ႕သူၿမိဳ႕သားေတြလည္းမသိလိုက္။ ပြဲစားႀကီးဦးလင္းကသမီးမသန႔္ကို မိဖုရားအျဖစ္ ပင္ဆက္လိုက္ေသးသည္။ ဤေနရာမ်ိဳးမွာေတာ့ဦးေနေအးကသစၥာရွိသည္။ မသန႔္ကိုအသိအမွတ္ျပဳ၍ လက္ခံပါသည္ဟုသာ ေျပာ၍ ဖခင္ႀကီးကိုမွဲ႔တစ္ေပါက္မစြန္းျပန္အပ္ခဲ့သည္။ အေရးေတာ္ပုံႀကီးေအာင္ျမင္မွ ေ႐ႊလက္ဆြဲၿပီး၊နန္းသိမ္းပြဲခံယူမည္ဟု ေျပာသြားသည့္အတြက္ဦးလင္းေရာ၊ မသန႔္ပါမ်က္ရည္လည္႐ြဲ ရွင္ဘုရင္ေလာင္းႏွင့္ခြဲခဲ့ရသည္။ (အက်ယ္ကိုေနေအးလိမ္နည္းစာအုပ္တြင္ၾကည့္ပါ။ ဤမွ်အထိပိပိရိရိရွိပါသည္)

လူတိုင္းလူတိုင္းတြင္ သူတစ္ပါးကလိမ္လွ်င္ခံရမည့္ေပ်ာ့ကြက္ကေလးမ်ား ရွိေနတတ္သည္။ ယင္းကိုဦးေနေအးက စီမံကိန္းအေနႏွင့္ေန႔ရွည္လမ်ားစူးစမ္းျပင္ဆင္တတ္သည္။ ယင္းကို(ဆိုးဆိုးေကာင္းေကာင္း)သူ႔ပညာဟုေခၚဆိုရေပလိမ့္မည္။ လူတစ္ဦးတစ္ေယာက္ကိုလိမ္ေတာ့မည္ဆိုလွ်င္၊ထိုသူ၏ေပ်ာ့ကြက္ကိုႏႈိက္ရန္ပစၥည္းပစၥယ၊လူသူအၿခံအရံစုေဆာင္းသည္။ ေဆြစဥ္မ်ိဳးဆက္၊ရပ္ေသးရွိေဆြမ်ိဳးဉာတကာအမည္နာမဇာတ္ေၾကာင္း၊ အျပည့္အစုံအားလုံးကိုအခ်ိန္ယူ၍ေလ့လာသည္။ အရင္းအႏွီးေငြေၾကးအကုန္အက်ခံတတ္သည္။ သို႔ကလိုစီမံကိန္းခ်၍မွလိမ္တတ္သလား။ မဟုတ္ေသးပါ။ လတ္တေလာအေျခအေနအရ၊ တခၤဏုပၸတၱိဉာဏ္ႏွင့္ထိုင္ရာမထလိမ္သြားႏိုင္ေသာ၊ အာဝဇၨန္းလည္းရွိေပသည္။ ဥပမာ-အရာရွိႀကီးတစ္ေယာက္ က”ဒီေလာက္နာမည္ႀကီးလွတဲ့ေနေအး၊မင္းငါ့ကိုလိမ္စမ္း”အာဏာျဖင့္ခိုင္းရာတြင္၊”မင္းစိုးရာဇာလဲျဖစ္ျပန္၊ လိမ္မယ္မွန္းလဲသိေနျပန္ေတာ့၊ ဘုရားကြၽန္ေတာ္မ်ိဳး၊ စကားမွဟလို႔မထြက္ႏိုင္ပါဘုရား”ဟုဆိုလွ်င္၊”မရဘူး၊မင္းငါ့ကိုလိမ္ရမယ္”ဟုဇြတ္ေျပာေသာေၾကာင့္၊ “ကဲ့ဒါျဖင့္ကြၽန္ေတာ္မ်ိဳးေျပာရဲဆိုရဲအာဝဇၨန္းကေလး႐ႊင္ေအာင္၊ အရက္တစ္ပုလင္းသာဝယ္ေပးပါဘုရား”ဆို၍ဝယ္ေပးလာေသာအရက္ႏွင့္အျမည္းကိုဇိမ္ခံေသာက္ၿပီး၊ ထသြားေသာအခါအရာရွိႀကီးက “ေဟ့ေကာင္ေနေအး၊ဘယ္လဲဘာရမလဲ၊နင္ငါ့ကိုလိမ္ေလ”ဟုဆို သည္ကို”အရွင္ဘုရား၊အရက္ကိုလိမ္ေသာက္လို႔ ကုန္ေတာင္ကုန္သြားပါၿပီဘုရား”ဟုလိမ္သြားေသာနည္းမွာတခၤဏုပၸတၱိဉာဏ္မ်ိဳးျဖစ္ ပါလိမ့္မည္။

ဤသို႔ေသာအရည္အခ်င္းႏွင့္ ေနေအးလိမ္နည္းစာအုပ္ေရးသူဆရာႀကီးဦးၿပဳံခ်ိဳကိုယ္တိုင္ကို၊ သူ႔ညီတစ္ဝမ္းကြဲဦးေနေအးကလိမ္ သြားပုံမွာ(ဦးၿပဳံးခ်ိဳကရွက္၍ခ်န္ထားခဲ့ေလသလား)စာအုပ္ထဲတြင္မပါခဲ့ေပ။ ယင္းကိုကြၽန္ေတာ္ေဖာ္ျပလိုက္ပါမည္။ ဆရာႀကီးဦးၿပဳံးခ်ိဳသည္ ေတးဘုမၼာအစခ်ီဝိပႆနာဓမၼဂီတႀကီးကို စာတတ္အေမာ္ဆရာႀကီးအဆူဆူကလက္ခံႏိုင္ေလာက္ သည္အထိပညာႀကီးက်ယ္သကဲ့သို႔ေဒါသလည္းႀကီးတတ္သည္။ သူ၏ညီအစ္ကိုသားခ်င္းတို႔သာမက၊ ဂီတသင္ယူသူ၊ ဇာတ္ပညာသင္ယူသူတပည့္တပန္းမ်ားက ျပန္မေျပာဝံ့ေအာင္၊ေၾကာက္ရသည္။ စိတ္မထင္လွ်င္သီခ်င္းစာသား အမူအယူလြဲလွ်င္ ဆဲဆိုကန္ေက်ာက္၊ နီးရာႏွင့္ဆြဲေပါက္တတ္သည္။ သို႔ေသာ္စိတ္ရင္းကားေကာင္းလွ၏။ တစ္ေန႔ဦးၿပဳံးခ်ိဳကဦးေနေအးကိုအိမ္ေခၚ၍ဆုံးမစကားေျပာေသာဟူ၏။

“ေဟ့ေနေအး၊မင္းေၾကာင့္ဒို႔ေဆြမ်ိဳးထဲအရွက္ကြဲရသကြာ၊ မင့္မလဲအခ်ဳပ္ခံရတာအႀကိမ္ႀကိမ္၊ ေထာင္ထဲေရာက္တာအခါခါ၊ လိမ္တယ္၊ ညာတယ္ဆိုတာေလာကလဲမေကာင္း၊သံသရာလဲမေကာင္း။ သံျဖဴဆရာလုပ္စားဦး ၊မင့္ပညာ၊ မင့္လက္ရာနဲ႔ေကာင္းေကာင္းႀကီးေနေလာက္၊စားေလာက္ပါတယ္ကြာ။ ငါ့ညီမမိုက္ခ်င္စမ္းပါနဲ႔”ဟုဆိုလွ်င္ဦးေနေအးကၿပဳံးရယ္ရင္း့

“ဟဲဟဲ့ေျပာေတာ့လြယ္တယ္အကိုရာ၊(ဦးေက်ာ္ဒြန္းေရာ၊ဦးေနေအးပါ ဦးၿပဳံးခ်ိဳကိုအစ္ကိုဟုေခၚေလ့ရွိၾကသည္)ကြၽန္ေတာ္က မလိမ္ခ်င္ပါဘူး။ အလိမ္ခံခ်င္တဲ့သူေတြကလိမ္လွည့္ပါ၊ လိမ္လွည့္ပါလို႔ေခၚေနၾကေတာ့လဲ၊ေနေအးကလိမ္ရျပန္တာေပါ့”

ဤတြင္ဦးၿပဳံးခ်ိဳကေဒါသႀကီးလာၿပီး့ “ေဟ့ေကာင္-မေအေပး၊နင့္ကိုလာလိမ္လွည့္ပါလို႔ဘယ္သူကဖိတ္သလဲ၊ေခြးမသား”

“ဒါေတာ့အကိုပဲစဥ္းစားၾကည့္ေလ၊ မေတာ္ေလာဘရွိတဲ့လူတိုင္းကဖတ္ေနတာေပါ့၊ ေလာဘရဲ႕အေၾကာင္းကို လဲသိသားပဲ၊ ေတဘုမၼာသီခ်င္းထဲေတာင္အစ္ကိုေရးထားေသး။ဟဲ့ဟဲ။”

“ေအာင္မယ္-ေခြးပါးစပ္ကနတ္စကားထြက္လို႔၊ နင့္ထက္ညံံ့တဲ့လူေတြမွနင္လိမ္လို႔ရမွာေပါ့၊ နင့္ထက္ေတာ္တဲ့လူနဲ႔ ေတြ႕ရင္နင္အသတ္ခံရလိမ့္မယ္”

“ဟုတ္ပါတယ္အကို၊ လိမ္ကတည္းက ကြၽန္ေတာ့ထက္ညံ့တဲ့လူေတြကို ေ႐ြးလိမ္ရတာေပါ့”

“ေအးေအး့မင္းဆင္ေျခနဲ႔မင္းေနခ်င္သလိုေန ၊ေသခ်င္သလိုေသေပါ့ကြာ၊”ဦးၿပဳံးခ်ိဳကလက္ဖက္ရည္ၾကမ္းေသာက္ ေနေသာဦးေနေအးအားဂ႐ုမစိုက္ေတာ့ပဲ သကၠလတ္ရင္ဖုံးအက်ီကႋုထဝတ္လိုက္သည္။ ၿပီးေတာ့သားေရႀကိဳးႏွင့္ခ်ိတ္ ထားေသာခါးပိုက္ေဆာင္နာရီကိုထုတ္ၾကည့္လိုက္သည္။ထိုေခတ္ကအုန္းပင္တံဆိပ္၊ မီးရထားတံဆိပ္ခါးပိုက္ေဆာင္ နာရီမ်ားေခတ္စားလွသည္။ ေငြေရာင္ႀကိဳး၊ေ႐ႊႀကိဳး၊သားေရႀကိဳးမ်ားတြင္ခ်ိတ္တတ္ၾကသည္။
“ကဲ့ငါဝန္ေထာက္မင္းအိမ္ကိုသြားလိုက္ဦးမယ္”
“ခဏ၊ခဏအစ္ကို၊အစ္ကို႔နာရီႀကိဳးကေလးျပစမ္း”ဟုဦးေနေအးကေတာင္းလိုက္သည္။ “ဘာလုပ္မလို႔လဲ၊မင္းက” ေျပာသာေျပာ၍ႀကိဳးႏွင့္နာရီကိုျဖဳတ္ေပးလိုက္ရသည္။

ဦးေနေအးကနာရီႀကိဳးကို ေသေသခ်ာခ်ာလက္ႏွင့္ ပြတ္သပ္၍ၾကည့္သည္။ႏွာေခါင္းႏွင့္ လည္းနမ္းၾကည့္သည္။ၿပီးေတာ့မွရႈံရႈံမဲ့မဲ့ႏွင့္ျပန္ေပးလိုက္ရင္း့

“အစ္ကို႔နာရီႀကိဳးကမြဲေျခာက္ေျခာက္မာေတာင့္ေတာင့္နဲ႔၊ သားေရစိမ္းေစာ္ကလဲနံလိုက္ေသး၊ ကြၽန္ေတာ္ေထာင္ထဲမွာေထာင္မႉးႀကီးကိုထိုးေပးခဲ့တဲ့၊ ႀကိမ္ႀကိဳးကေလးမ်ားအစ္ကိုျမင္ရရင့့္” ဦးေနေအးကစကားကိုျဖတ္ထားလိုက္သည္။ ဆက္၍မေျပာေတာ့။ ဆက္ေျပာရသူကဦးၿပဳံးခ်ိဳ။
“ဘာကြႀကိမ္ႀကိဳး၊ဟုတ္လား”

“ဟုတ္တယ္၊ကြၽန္ေတာ္ႀကိမ္နဲ႔ထိုးေပးခဲ့တာ”
“အစ္ကိုတို႔ခက္တာေပါ့၊ ႀကိမ္နဲ႔ထိုးတဲပစၥည္းမ်ိဳးဆိုရင္၊ စားပြဲ၊ကုလားထိုင္နဲ႔စာျခင္းေလာက္သာျမင္ဖူးေနၾကတာ။ လိုက္ကာတို႔စိပ္ပုတီးတို႔ ေလာက္ေတာင္ႏုလွၿပီထင္ၾကမွာ။ ကြၽန္ေတာ္ထိုးေပးခဲ့တဲ့နာရီႀကိဳးက ဘဲဥႀကိမ္၊အေၾကာခ်ည္းနန္းဆြဲထားတာ၊ ဇာခ်ည္မွ်င္ေလာက္ရွိတယ္။” ဦးေနေအးကဦးၿပဳံးခ်ိဳကိုျပန္မၾကည့္ဘဲေရေႏြးေသာက္ေနလိုက္သည္။ ဦးၿပဳံးခ်ိဳမွာမေနႏိုင္ေတာ့။ မတ္တတ္မွျပန္ထိုင္လိုက္ရျပန္သည္။

ဦးၿပဳံးခ်ိဳကိုယ္တိုင္က အႏုပညာသမား၊ အႏုအလွမ်ားကိုအလြန္ႏွစ္သက္သည္။ က်ိဳက္လတ္ၿမိဳ႕မွဦးရွင္ႀကီးပြဲမွာတီးလုံးစာသား၊ေတးသီခ်င္း၊ ဇာတ္စကားတို႔သည္။ နန္းေတာ္ကား ၊ေက်ာင္းေတာ္ကား၊ၿမိဳ႕႐ိုးကား ၊ေတာကား၊ေတာင္ကားတို႔ကို အဝတ္အထည္ေဆးဆိုးေသာႏြယ္သာဂီစသည့္ေဆးမ်ားႏွင့္တမာေစး၊ စပ္ေဖာ္၍စုတ္တံအျပားအလုံး အႀကီးအငယ္ႏွင့္ ေရးတတ္သည္။ တမာေစးႏွင့္ေဆးစပ္သူမ်ားကပ်က္ကေခ်ာ္၊ ေပါ့ေပါ့ဆဆသမေအာင္မေမႊလွ်င္ ျဖင့္၊အ႐ိုက္အကန္ခံရမွာေသခ်ာသည္။ ေတာကားထဲတြင္သစ္ပင္မ်ားအဖူးအပြင့္ႏွင့္ပုံေဖာ္ထားသည္မွာစုတ္ခ်က္ အႏုစိတ္ေရးတတ္သည္။ သို႔ကေလာက္အႏုအလွစုံမက္သူအား၊ ဦးေနေအး၏ႀကိမ္နာရီႀကိဳးဆိုသည္က ဖမ္းစားလိုက္ေလၿပီ။

“ေနပါဦးကြေနေအးရ ဇာခ်ည္မွ်င္ေလာက္ နန္းဆြဲထားတဲ့ႀကိမ္နဲ႔ဘယ္လိုထိုးသလဲ”
“ဟာ့အစ္ကိုကလဲ၊ဖြတ္ၿမီးထိုးတာေပါ့။ စိတ္မရွည္လို႔ေတာ့မရဘူး။ တစ္ေခ်ာင္းခ်င္း၊တစ္ေခ်ာင္းခ်င္း အေက်ာ္အနင္းအကြက္ေဖာ္ရတာ။တစ္မူးလုံးေလာက္အထိ နန္းတစ္လိမ္၊ပန္းတစ္လိမ္ေပါ့။ ႀကိမ္ကလဲဘဲဥႀကိမ္ဆိုေတာ့၊ အုန္းဆီကေလးမ်ားသုတ္ထားလိုက္ရင္ဝင္းေနေပါ့။”
“ဟုတ္လား-မင္းထိုးတတ္တယ္ေပါ့”
“အစ္ကို႔ႏွယ္၊ ေထာင္ထဲဒါေတြလုပ္ေနရတာ”

“မင့္ဥစၥာဇာခ်ည္မွ်င္ေလာက္၊ နန္းကေလးေတြဆိုေတာ့ ခိုင္ေကာခိုင္ရဲ႕လား”
“ဖြတ္ၿမီးထိုးပါတယ္ဆိုမွအစ္ကိုရာ၊ တစ္မူးလုံးေလာက္ရွိတာ။လက္ဝါးထဲထည့္ေခ်ဦးမလား။ကြၽိကြၽိ၊ကြၽိကြၽိနဲ႔ေတာင္ ျမည္ေသး”
“ဒါျဖင့္ငါ့တစ္ေခ်ာင္းထိုးေပးကြာ”
“တစ္ကုံးရင္လဲေျပာပါဗ်ာ ဘယ့္ႏွယ္တစ္ေခ်ာင္းရယ္လို႔”

ဤတြင္အႏုပညာဆရာႀကီးက ဟက္ဟက္ပက္ပက္၊ရယ္ေမာ၍သေဘာက်သြားပါေတာ့သည္။
“ေအးပါကြာ-အစ္ကိုမွားသြားပါတယ္။ တစ္ေခ်ာင္းဆိုတာက မာေတာင့္ေတာင့္ႀကီးပဲ။ ဟဲဟဲဟဲ၊ဟုတ္တယ္ကြ၊ ဟုတ္ တယ္။လုပ္ကြာ-ငါ့တစ္ကုံးထိုးေပးေနာ္”
“ကြၽန္ေတာ္အားေတာ့ ထိုးေပးပါ့မယ္ေလ”
“မင္းကမအားလို႔ ဘာမ်ားလုပ္ေနရလို႔လဲ”

“ေတာ္ေတာ္ထိုးရတာေပါ့အစ္ကိုရ၊ အနည္းဆုံးခုနစ္ရက္ေလာက္”
“ေအးပါ၊ၾကာခ်င္ၾကာေနပါေစ။ ဘဲဥႀကိမ္တစ္ေခ်ာင္းမွတစ္မတ္ငါးမူးေပါ့။ မင့္ကိုေငြႏွစ္က်ပ္ေပးလိုက္မယ္ေရာ့” ဦးေနေအးကဦးၿပဳံးခ်ိဳထံမွေငြႏွစ္က်ပ္ကို ပ်င္းတိပ်င္းတြဲမလႊဲသာ၍၊ယူရသလိုယူသြား၏။ ထို႔ေနာက္ဦးၿပဳံးခ်ိဳပညာ့ အလင္းသတင္းစာတိုက္သို႔အယ္ဒီတာအျဖစ္ရန္ကုန္ေရာက္ၿပီး ၁၂၈၉ခုနစ္မွာ၊ ဆုံးသြားသည္အထိ ဦးေနေအး၏ နာရီႀကိဳး(ႀကိမ္တစ္ကုံး)ကိုအသုံးမျပဳလိုက္ရပါ။

“ငါ့ေတာင္လိမ္သြားတဲ့မေအေပးကို ေခြးသတ္သလိုသတ္မယ္”ဟုႀကိမ္ေမာင္းၿပီး၊ က်ိဳက္လတ္တစ္ၿမိဳ႕လုံးလိုက္ရွာ သည့္အခါတြင္ဦးေနေအး ေဒးဒရဲသို႔ေရာက္ေနၿပီဆို၏။ ဦးၿပဳံးခ်ိဳရန္ကုန္ေရာက္မွ က်ိဳက္လတ္သို႔ေပါက္လာျပန္ သည္။ “ဦးၿပဳံးခ်ိဳႀကီးဟာငါ့ထက္ညံ့တဲ့အေၾကာင္း၊လက္ေတြ႕ျပလိုက္တာေပါ့ကြ”ဟုကြယ္ရာမွာစကားသာေျပာလိုက္ေသး သည္ဟူ၏။ ေလာက၌လိမ္တတ္သူသည္၊ သူတစ္ပါးကိုမလိမ္ရလွ်င္ ကိုယ့္ေပါင္ကိုယ္ဆြဲလိမ္တတ္သည္ဟုေျပာစမွတ္ျပဳၾက သည္။ထိုအထဲတြင္ဦးေနေအးမွာပါရဂူျဖစ္ဟန္ရွိသည္။

လြန္ခဲ့သည့္အႏွစ္ေျခာက္ဆယ္ေလာက္ကေငြႏွစ္ေထာင္၊ သုံးေထာင္ဆိုသည္မွာ၊နည္းနည္းေႏွာေႏွာအရင္းအႏွီးမဟုတ္။ အရင္းအႏွီးစီးပြားျပဳ၍ထိုင္စားေနႏိုင္ေလာက္သည့္ အေျခအေနျဖစ္ေလသည္။ သို႔တိုင္ေအာင္တစ္ခါတစ္ခါ၊ဤေ႐ြ႕၊ ဤမွ်ရခဲ့ေသာေငြမွာဦးေနေအးႏွင့္ၾကာရွည္မေန ပါေခ်။အစားေကာင္းစား၊အဝတ္ေကာင္းဝတ္သည္။ အရက္ေသာက္သည္။ ဘိန္းရွဴသည္။ ဖဲ႐ိုက္သည္။ ကက္ဆြဲ သည္။အေပါင္းအသင္းမ်ားသည္။(ဖဲကက္မွာမလိမ္တတ္)ထို႔ေၾကာင့္သူ႔ဇနီးမွာ(အမည္မမွတ္မိ၊သားသမီးရွိ၊ မရွိမေသခ်ာ)စာေရးကေတာ္ႀကီးျဖစ္လိုက္၊ေခြးကေတာ္ႀကီးျဖစ္လိုက္ဟုေျပာၾကသည္။က်ိဳက္လတ္မွာလည္း ကာလၾကာရွည္ေနသည္ဟုမရွိ။ေျခသလုံးအိမ္တိုင္အၿမိဳ႕ၿမိဳ႕အနယ္နယ္သို႔၊ ရက္ကန္းရွယ္သလို လည္ေနတတ္သည္။ သို႔မွမဟုတ္လွ်င္၊ အခ်ဳပ္ခံေနလိုက္ရ၊ ေထာင္ထဲေရာက္ေနလိုက္ရႏွင့္ ၊ျဖစ္ေလရာ ဇနီးျဖစ္သူမွာသူရသည့္ အခါကေပးထားေသာေငြကေလးေၾကးကေလးျဖင့္၊ ျခစ္ျခစ္ျခဳပ္ျခဳပ္၊ကုတ္ကုတ္ကတ္ကတ္၊ စားသုံးေနရသည္။ တစ္ခါေတာ့ဦးေနေအးကေငြႏွစ္က်ပ္ေတာင္းသည္။ ဇနီးသည္ကတစ္ျပားမွ်မရွိဟုေျပာသည္။

“ဟဲ့-ေငြကေလးႏွစ္က်ပ္မ်ားဟာ ခဲခဲယဥ္းယဥ္းႏိုင္လိုက္တာ”
“မရွိတဲ့အခါႏွစ္က်ပ္မေျပာနဲ႔၊ ႏွစ္ျပားမွမရွိဘူးေတာ္ေရ႕။ ညမနက္လဲႀကံဖန္စားေနရေသးတာ။ ရွင့္လုပ္စာကေကာ ဘယ္ေလာက္အပ္ထားလို႔လဲ”

ဦးေနေအးကစားေကာင္း၊ ေသာက္ေကာင္းကေလးေတြကို၊ႀကိဳက္သည္။ ယခုတေလာစားေနရသည္က၊ ငါးပိရည္ တို႔စရာႏွင့္ဟင္းခ်ိဳတစ္ခြက္။ၿမိဳးၿမိဳးျမက္ျမက္ကေလးေဈးထြက္စားခ်င္၍ေတာင္းပါသည္ကို မိန္းမကလက္ေပါက္ကပ္ေနသည့္အတြက္ ေဒါသထြက္လာေတာ့သည္။ “ေအး-မရွိလဲမေပးနဲ႔ကြာ”ဟုေျပာၿပီး၊ အိမ္ေပၚမွဆင္းသြားေလသည္။ ဇနီးသည္ကေတာ့ဗ်စ္ေတာက္ဗ်စ္ေတာက္ လုပ္၍က်န္ရစ္ခဲ့သည္။ ဦးေနေအးတစ္ေန႔လုံးအိမ္သို႔ျပန္မလာေတာ့ပါ။ ညေနစာစားခ်ိန္လည္းျပန္မေရာက္။ မီးထြန္းခ်ိန္လည္းေပၚမလာ။ လာမည့္လာေတာ့၊လူေျခတိတ္ၿပီးသူတကာအိပ္ရာဝင္ၾကသည့္ ညဆယ့္တစ္နာရီ ေလာက္။ အိမ္တံခါးကိုခပ္တိုးတိုး၊ ခပ္သြက္သြက္ကေလးေလးငါးႀကိမ္ေခါက္လိုက္သျဖင့္-
“ဘယ္သူလဲ့”
“ငါပါဟ့”

“ကိုေနေအးလား”
“ေအးပါဟ-ျမန္ျမန္ဖြင့္စမ္း၊အေရးထဲအေမးအျမန္းထူလိုက္တာ”
မိန္းမဖြင့္ေပးေသာတံခါးကိုကိုင္၍ခပ္သြက္သြက္ဝင္လိုက္သည္။ လမ္းဘက္ကိုအကဲခတ္လိုက္ၿပီးမွ ခပ္ျမန္ျမန္ပိတ္ၿပီး သက္မခ်ကာရင္ဝကိုဖိလိုက္သည္။ ရွပ္အက်ီအႋတ္ထဲက ညိဳညစ္ညစ္အေရာင္အစိုးရ႐ုံးသုံးစာအိတ္ရွည္ ကို လက္ကမဖုံးတစ္ဝက္ဖုံးတစ္ဝက္။ လူကလည္းေဇာေခြၽးေတြျပန္လ်က္။

“ေရာ့ေရာ့၊ဒါကို ဆန္အိုးထဲသြားထည့္ထားလိုက္” သူ႔အသံကဝွက္လိုက္ရမည့္အသံမ်ိဳး။စာအိတ္ရွည္ကိုထုတ္ေပးလိုက္သည္။ စာအိတ္ထဲမွာစကၠဴအသစ္မ်ားေခါက္ ထည့္ထားပုံရသည္။ ႂကြပ္ႂကြပ္႐ြပ္႐ြပ္အသံကေလးမ်ားေတာင္၊ၾကားလိုက္ရသည္။ ဧကႏၲေငြစကၠဴအထပ္လိုက္၊မိန္း မျဖစ္သူက ခ်ိပ္ႏွင့္အေသအခ်ာပိတ္ထားေသာစာအိတ္ကိုၾကည့္လိုက္မိသည္။

“တယ့့္စပ္စုသဟာ ၊ျမန္ျမန္သြားထည့္လိုက္ပါဆိုမွ႔” ဤအခ်ိန္မွာေတာ့၊မယားျဖစ္သူကၾသဇာတည္ပါေပ့။ ေစြ႕ကနဲေနေအာင္မီးဖိုေခ်ာင္ထဲဝင္သြားၿပီး၊ ဆန္အိုးထဲထည့္ လိုက္ပါၿပီ။ဒါတြင္လား၊မကေသးပါ။
“ေတာ့့္ထမင္းစားခဲ့ၿပီလား”ဟုေလာကြတ္ေတာ္ပိုပိုႏွင့္ ေစတနာေရစီးကမ္းၿပိဳျဖစ္လိုက္ပါၿပီ။ မိန္းမတို႔သဘာဝေငြကိုျမင္လွ်င္လင္ကို႐ိုေသတတ္သည္။
“ထမင္းေဝးလို႔ေသေျပးရွင္ေျပး ၊ေျပးခဲ့ရတာကို”
“ဒါျဖင့္ျပင္လိုက္ေခ်ဦးမယ္”

“ငါးပိရည္တို႔စရာနဲ႔ နင့္ထမင္းမစားခ်င္ပါဘူး”
“ေခါင္းရင္းကအိမ္ဆိုင္ကေလးကိုႏႈိးၿပီး၊ ငါးေသတၱာေလးတစ္ဘူးဝယ္လိုက္မေလ”
“ႏို႔-မနက္ကေျပာေတာ့နင့္မွာပိုက္ဆံမရွိဘူးဆို”
ဤတြင္မိန္းမကနည္းနည္းဆြံ႕သြားၿပီးမွ”အို-အေႂကြးဝယ္လိုက္မွာေပါ့၊သူ႔ဥစၥာျပန္ေပးႏိုင္ၿပီးတာပဲ” ဤတြင္ၾကားရေသာ၊ဦးေနေအးကမသိမသာၿပဳံးလိုက္ပါသည္။

“ဒါျဖင့္လဲေငြတစ္ဆယ္ေလာက္ပါေခ်းခဲ့ဟာ၊ ဟိုအထဲမွာဆယ္တန္ပါမွာမဟုတ္ဘူး” မိန္းမကအူျမဴးၿပီးအိမ္ေရွ႕တံခါးဖြင့္မည္လုပ္ေတာ့ ဦးေနေအးကတားလိုက္ေသးသည္။
“တယ့့္ဒီမိန္းမအရိပ္သုံးပါးနားမလည္လိုက္တာ၊ အိမ္ေနာက္ေဖးတံခါးကထြက္”
သို႔ႏွင့္မိန္းမကငါးေသတၱာကိုဆီပူထိုးေပးသည္။ ငါးပိရည္၊တို႔စရာ၊ဟင္းခ်ိဳကေလးကို ထပ္ေႏႊးေပးေတာ့၊ၿမိန္ၿမိန္ ရွက္ရွက္အရွိသား။

“ကဲ့ငါေရွာင္ေနဦးမွ ၊ငါ့လာေမးရင္ျပန္ေတာင္မလာဘူးေျပာ၊ ဘယ္မလဲေငြတစ္ဆယ္” ဇနီးသည္ကေငြဒဂၤါးဆယ္ျပားကို လြယ္လြယ္ကူကူ ၊ေရွာေရွာရွဴရွဴထုတ္ေပးလိုက္သည္။ ေပးေပမေပါ့၊ ဟိုအထဲဆယ္တန္မပါဘူးဆိုေနမွ ရာတန္ေတြ၊ရာတန္ေတြ။ ကြၽန္ေတာ္တို႔ငယ္စဥ္ကပိုက္ဆံေၾကးနီျပား၊ေငြမူးေစ့၊ေငြမတ္ေစ့၊ေငြ ငါးမူးေစ့၊ေငြဒဂၤါး။ ေငြစကၠဴမွာဆယ္တန္ႏွင့္ရာတန္သာအသုံးမ်ားသည္။ ေငြတစ္ဆယ္ဆိုလွ်င္ေလးငါးရက္ေလာက္ သူေ႒းသုံးသုံးႏိုင္သည္။ ထမင္းတစ္နပ္၊ပိုက္ဆံတစ္မူး၊ တစ္လစားမွ ထမင္းလခခုနစ္က်ပ္ခြဲ။ ထို႔ေၾကာင့္ပင္ဦးေနေအးတစ္ေယာက္၊တစ္ဆယ့္ေလးငါးရက္ေလာက္အိမ္ျပန္မေရာက္ေတာ့။ ဦးေနေအးေနာက္ ေဖးေပါက္ကဆင္းသြားၿပီဆိုကတည္းက မိန္းမကဆန္အိုးထဲကစာအိပ္ကိုခ်ိပ္ခြာ၍ၾကည့္သည္။ ဦးေနေအးေျပာသြား ေသာစကားမွာမွန္လိုက္သည္မွ ဒိ႒မ်က္ျမင္။ ရာတန္ဆိုေဝလာေဝး၊႐ုံးသုံးစကၠဴညစ္ေထးေထးအသစ္ကေလးမ်ားကို ေခါက္၍အလယ္က ကုကၠဳ႐ြက္အေျခာက္ေတြကိုညႇပ္ထည့္ထားသည္ကိုသာေတြ႕လိုက္ရပါေတာ့သည္။ ကဲ-မွတ္ပလား။ေသခ်င္းဆိုး၊ ကာလနာ၊ ဆဲခ်င္ရာဆဲ၊ သူ႔နားမေရာက္။

ကြၽန္ေတာ္တို႔ငယ္ငယ္ကၿဗိတိသွ်အစိုးရေခတ္မွာၿမိဳ႕ႀကီးတိုင္းအိမ္ေပါင္၊ လယ္ေပါင္ခံေငြေခ်းေသာခ်စ္တီးမ်ား အလြန္ႀကီးစိုးၾကသည္။ ျမန္မာလယ္သမားမ်ား၏ လယ္ေျမဧကေပါင္းမ်ားစြာ သူတို႔လက္သို႔မတန္တဆႏွင့္ေရာက္ၾကသည္။ သူတို႔ထံေပါင္မိလွ်င္ေတာ့အဆုံးသာမွတ္လိုက္ေပေရာ့။ၾကည့္ပါ။သားရွင္ျပဳဖို႔တိုက္တြန္းတတ္သည္။ အလုပ္ႀကီး အကိုင္ႀကီးတို႔ခ်ဲ႕ဖို႔လည္းအားေပးတတ္သည္။ တကယ္ခင္မင္ေသာေစတနာရွင္ႀကီးေတြလိုလိုႏွင့္ စၿပီး၊အိမ္ဂရံ လယ္ဂရံသူတို႔လက္ထဲတန္ဖိုးသုံးပုံတစ္ပုံေလာက္ႏွင့္ ၊ေရာက္ကတည္းကျပန္မဆပ္ျဖစ္ေအာင္ထားသည္။ အမယ္ေလး့ခင္ဗ်ားကိုစိတ္ခ်ပါတယ္။ သုံးသာသုံးထားပါ။ အရင္မလိုပါဘူး။မဒရပ္မွာရွိတဲ့ ကြၽန္ေတာ္တို႔ခ်စ္တီး ယားႀကီးကေတာင္ခင္ဗ်ားနာမည္ကိုသိေနၿပီ။ ေနာက္ထပ္လိုခ်င္ေသးသလားေျပာဟုရက္ရက္ေရာေရာသေဘာ ေကာင္းေတာ္မူၾကသည္။ ကာလၾကာလာေတာ့အရင္းေကာ ၊အတိုးပါေပါင္းၿပီးထပ္တိုးယူၾကသည္ကို ကြၽန္ေတာ္တို႔ကမသိ။ မဒရပ္ကသူေ႒းခ်စ္တီးယားႀကီးက ေတာင္ကိုယ့္ကိုအသိအမွတ္ျပဳထားဆိုပါကလားဟု ၊ဘဝင္ျမင့္ေနၾကသည္။ ေငြေၾကးေခ်ာင္လည္၍ျပန္ေ႐ြးပါရေစဟုဆိုျပန္ေတာ့ မန္ေနဂ်ာအိႏၵိယခဏျပန္သြားတယ္၊ စာခ်ဳပ္သူ႔ဆီပါသြားတယ္ႏွင့္အခ်ိန္ဆြဲထားၿပီး၊ မေ႐ြးႏိုင္ေတာ့သည့္အခါက်မွ အတိုးရင္းေပါင္းႏွင့္တရားစြဲၿပီးလယ္ႏွင့္အိမ္ေပါင္းမ်ားစြာကို၊ျမန္မာမ်ားထံမွအပိုင္သိမ္းေတာ္မူၾကသသည္။

အုပ္ခ်ဳပ္သူက နယ္ခ်ဲ႕စနစ္၊ႀကီးစိုးသူက အရင္းရွင္။ ကေဝဆရာ ကတေစၦမွင္စာႏွင့္ေပါင္းၿပီးေကာင္းေကာင္းႀကီးေသြးစုပ္ေနၾကသည့္ေခတ္။ ထိုသို႔ေသာေသြးစုပ္ခ်စ္တီးယားမ်ားအနက္ ၊ဗလဲ့ဘမူတူးဆိုေသာ ခ်စ္တီးမွာလူရည္အလည္ဆုံးျဖစ္သည္။ ဗမာစကားကို႐ႊန္း႐ႊန္းေဝေအာင္ေျပာတတ္သည္။မင္းပိုင္းစိုးပိုင္း ၊ေရွ႕ေနအရာရွိအိမ္မွန္သမွ်ခ်စ္တီးမုန႔္အမ်ိဳးမ်ိဳးႏွင့္ တစ္ အိမ္တက္ဆင္းေရာက္သည္။ အလႉအတန္းပြဲေနပြဲထိုင္ဆိုလွ်င္လည္း၊ သြားႀကီးအၿဖဲသားႏွင့္ေရာက္သည္။ ႐ုံးလက္ဖက္ရည္ဆိုင္မွာထိုင္၍စာေရးစာခ်ီေျမတိုင္း႒ာနဆိုပါက အကုန္အက်ခံ၍ေကြၽးသည္။ ေဘာလုံးပြဲမွာလည္းဖဲထီး တစ္ေခ်ာင္းႏွင့္ေအာ္ဟစ္အားေပးဆဲေရးတတ္သည္။ အဂၤလိပ္စာလည္းတတ္သည္။ ကြမ္းကိုတစ္ယာၿပီးတစ္ယာ စား၍လက္ညႇိဳးႏွင့္လက္ခလယ္ႏႈတ္ခမ္းမွာကပ္ၿပီး၊ ပ်စ္ကနဲ၊ပ်စ္ကနဲေနေအာင္ ကြမ္းတံေတြးေထြးတတ္သည္။ ကတုံးေျပာင္ေျပာင္၊နားေပါက္က်ယ္က်ယ္ႏွင့္ျမန္မာအမ်ိဳးသမီးမဖြားသင္ဆိုသူကိုပင္တိတ္တိတ္ပုန္းအေျမႇာင္ယူ ထားလိုက္ေသးသည္။ စင္စစ္မွာေတာ့ေၾကာင္ခံတြင္းပ်က္ႏွင့္ ဇရက္ေတာင္ပံက်ိဳးဆိုၾကပါစို႔။ ဤမွ်ရည္လည္ေသာ ခ်စ္တီးႏွင့္ဦးေနေအးေတြ႕ပုံမွာစိတ္ဝင္စားစရာေကာင္းလွပါဘိ။

“ရမ့့္ရမ္သူေ႒း”ဟုဦးေနေအးက ဆလံေပးလိုက္သည္။

“ကြၽန္ေတာ္သူေ႒း၊ မဟုတ္ပါဘူးခင္ဗ်ာ၊စာေရးႀကီးေလာက္ရွိတာပါ”ဟုဗလဲ့ဘခ်စ္တီးလူလည္က၊ေျပာ၍ရယ္လိုက္သည္။ တကယ္ေတာဦးေနေအးက ဗလဲ့ဘႏွင့္မ်က္မွန္းတန္းမိေအာင္ေလးငါးဆယ္ရက္၊႐ုံးလက္ဖက္ရည္ဆိုင္တြင္ ထိုင္ေတြ႕ၿပီးျဖစ္သည္။ တစ္ေန႔ေတာ့ဦးေနေအးက ေငြစကၠဴတစ္ဆယ္တန္ အသစ္က်ပ္ခြၽတ္ငါး႐ြက္ကိုျပ၍ ႏွစ္ကိုယ္ခ်င္းေျပာသည္။
“သူေ႒းႀကီး၊ဒီေငြစကၠဴေတြကို တဆိတ္ေလာက္ၾကည့္ေပးစမ္းပါ၊အစစ္လား၊ အတုလားလို႔”

ဗလဲ့ဘကဦးေနေအးကိုအထူးအဆန္းၾကည့္ၿပီး၊ ေငြစကၠဴအသစ္မ်ားကိုစူးစမ္းလိုက္သည္။ စကၠဴအမ်ိဳးအစား၊ ေဆးေရာင္မင္ေရာင္၊ေရစာအမွတ္အသား၊ ဖင္ျပန္ေခါင္းျပန္ေနေရာင္တြင္ ေထာင္ၾကည့္ၿပီး့
“အစစ္ေတြပါ၊ဘာျဖစ္လို႔လဲ”
“ကြၽန္ေတာ္မသကၤာလို႔ပါ”
“ဘယ္ကရတာမို႔လဲ”

“လူတစ္ေယာက္ဆီက ဆိုပါေတာ့သူေ႒းရယ္၊ သူေ႒းကိုယ္တိုင္ အစိုးရေငြတိုက္မွာသြင္းၾကည့္ေပးစမ္းပါ။ ယူသြားပါ။နက္ဖန္မွ သုံးရရင္လဲေငြျပန္ေပးပါ။ေလးဆယ္ျပန္ရရင္ ေတာ္ပါၿပီ။” ဗလဲ့ဘက ဦးေနေအးကိုၾကည့္ေနရာက ေငြစကၠဴမ်ားကို ေစ့ေစ့စပ္စပ္၊ထပ္ၾကည့္လိုက္ျပန္သည္။မသကၤာ၍ ႐ြံ႕သြားဟန္လည္းရွိသည္။ ေန႔စဥ္ႏွင့္အမွ်ေငြႏွင့္ လက္ႏွင့္အဆက္မျပတ္သူမို႔၊ အစစ္ဟူ၍စိတ္ခ်သည္။အကယ္၍အစစ္ မဟုတ္ျဖစ္ေစကာမူတစ္ေထာင္ထဲ ဆယ္႐ြက္ေလာက္ညႇပ္ထည့္သုံးႏိုင္ေလာက္ေသာအမ်ိဳးအစား။
“ေကာင္းၿပီေလ၊က်ဳပ္သုံးၾကည့္မယ္၊ အတုဆိုရင္ ေတာ့ခင္ဗ်ားဆီက၊ ရတာပါလို႔ေျပာမွာပဲ”

“ဒီလိုေတာ့မက်ီစားပါနဲ႔ဗ်ာ၊ သူေ႒းတို႔မွာက ေသာင္းနဲ႔၊သိန္းနဲ႔ခ်ီကိုင္ၾကရတာ၊ တစ္႐ြက္တစ္ေလမွားပါလာတာ ဆိုရင္၊ၿပီးႏိုင္တာပဲ။ ဟဲ့ဟဲ့ဟဲ၊သုံးႏိုင္ရင္ သူေ႒းပါအက်ိဳးရွိမွာပါ”
ေနာက္ေန႔မွာ ဗလဲ့ဘ႐ုံးလက္ဖက္ရည္ဆိုင္သို႔ အေစာႀကီးေရာက္ႏွင့္သည္။ ဦးေနေအးကို လည္တဆန႔္ဆန႔္ဝမ္း သာအားရေမွ်ာ္ေနမိသည္။ ဦးေနေအးကမေရာက္လာႏိုင္ေသး။ ဗလဲ့ဘအားမလိုအားမရျဖစ္ေနရသည္။ ဘာေၾကာင့္လဲ၊ မေန႔ကထိုေငြစကၠဴေတြကိုတိုက္ထဲမွာမွန္ဘီလူးႏွင့္အႀကိမ္ႀကိမ္အခါခါ၊ထပ္၍ၾကည့္ၿပီး စိတ္ခ်ရသေလာက္ေက်နပ္မွ၊အစိုးရေငြတိုက္ကိုျပၾကည့္ျပန္သည္။ေငြတိုက္ဝန္ေထာက္က ရင္းႏွီးသူပီပီ-
“ဗလဲ့ဘကလဲေငြမကိုင္ဖူးတဲ့လူက်ေနတာပဲ၊ အတုမဟုတ္ပါဘူး၊ သစ္ေနလို႔ခင္ဗ်ားစႏိုးစေနာင့္ျဖစ္ေနတာပါ။ ကဲ-ကြၽန္ေတာ္ကရွစ္က်ပ္နဲ႔လဲေပးမယ္ေလ”ဟုရယ္ေမာကာေျပာေနေသးသည္။ ယင္းသို႔ဆိုလွ်င္ဗလဲ့ဘစိတ္ခ်ရၿပီ။ စိတ္ခ်ရပါေသာ္ေကာ၊ဦးေနေအးေပးသြားသည္ကတရားဝင္အစိုးရစကၠဴအစစ္မွအစစ္။ အစစ္ကိုမသကၤာ စရာအစကေလးေထာင္ေပးလိုက္သည့္အတြက္၊ ခ်စ္တီးလူလည္မွာအူလည္လည္ျဖစ္သြားရသည္။ ရင္တထိတ္ထိတ္မွ စိတ္ခ်ရၿပီဆိုျပန္ေတာ့၊ မူမမွန္ေသာကိုေနေအးႏွင့္ အေပးအယူလုပ္၍၊ေသြးစုပ္လိုလာျပန္သည္။

ဦးေနေအးက ေလာဘသမားခ်စ္တီးယားကို အူယားေနေအာင္၊ တမင္အေစာင့္ခိုင္းထားျခင္းျဖစ္သည္။ ဗလဲ့ဘကေတာ့ ေငြေပးမည့္ဦးေနေအးကို ေလခ်ိဳေသြးၿပီးေပါင္းဖို႔အဆင္သင့္။ ေဟာ့လာပါၿပီ၊သူလာပုံက အူယားဖားယား။ “အမယ္ေလး-ေစာင့္လိုက္ရတာ-သူေ႒းဆပ္ရယ္ ” ဤတစ္ခါေတာ့ဗလဲ့ဘက ဦးေနေအးကိုသူေ႒းဘြဲ႕တပ္၍ႀကိဳဆိုလိုက္သည္။
“ဘယ့္ႏွယ့္လဲဗလဲ့ဘ၊သုံးလို႔ရရဲ႕လား”

“ဟာ-ဗလဲ့ဘဆိုေတာ့ ရတာေပါ့၊သူမ်ားဆိုရင္ ေသေသခ်ာခ်ာ စစ္ေဆးခ်င္စစ္ေဆးေနဦးမွာ” ရယ္ရယ္ေမာေမာကိုယ္ရည္ေသြးလိုက္လွ်င္ပင္၊ဦးေနေအးကအလုပ္ျဖစ္ၿပီဟုသိလိုက္သည္။ဦးေနေအးအားေငြ ငါးဆယ္တိတိျပန္ေပးသည္။ ေကာ္မရွင္တစ္ဆယ္ေလာက္ကိုမက္ေတာ့မည္မဟုတ္။ ေ႐ႊသူေ႒းေနေအးထံမွအလား အလာမ်ားစြာကိုေတာင့္တေနေလၿပီ။
“ေနပါဦး ခင္ဗ်ားေငြစကၠဴေတြက အတုေတြမဟုတ္လား”ဟု ဗလဲ့ဘက အစ္သည္။

“ဟာ-အတုမဟုတ္လို႔ေငြတိုက္ကလက္ခံလိုက္တာေပါ့၊မဟုတ္ဘူးလား”ဟုဦးေနေအးကျပန္ဖုံးလိုက္ျပန္သည္။
“ဒါျဖင့္ခင္ဗ်ားကိုယ္တိုင္ဘာလို႔မသုံးဘဲ က်ဳပ္ကိုအသုံးခိုင္းရတာလဲ၊ေနာက္ၿပီး ခင္ဗ်ားေျပာတယ္ေလ၊ ဗလဲ့ဘလဲ အက်ိဳးရွိရမယ္လို႔”
ဗလဲ့ဘက ဦးေနေအးအားေကြၽးကာ၊ေမြးကာ ၊ေခ်ာ့ကာေျခာက္ကာ၊ေျမႇာက္ကာပင့္ကာ ၊အလိုတူအလိုပါျဖစ္ႏိုင္ ရေအာင္ႀကိဳးစားသည္။ ဦးေနေအးကလည္းဤအေျခေရာက္ေအာင္ေလွ်ာ့လိုက္၊ တင္းလိုက္၊ေဝ့လိုက္၊ ဝိုက္လိုက္ လုပ္ေနေသးသည္။ ဗလဲ့ဘကိုမယုံရ၊ ယုံရအကဲစမ္းေနသည့္သေဘာမ်ိဳး။ တစ္ဦးႏွင့္တစ္ဦးကစားေနၾကသည္မွာ ေလးငါးဆယ္ရက္ၾကာသည္အထိ။ ေနာက္ဆုံးေတာ့ဦးေနေအးကသူေပးခဲ့ေသာေငြစကၠဴအစစ္ကိုအတုေတြပါလို႔ဝန္ခံလိုက္ေလသည္။ ဒီလိုဆိုျပန္ ေတာ့ဗလဲ့ဘကမေက်နပ္ျပန္။ အတုႏွင့္အစစ္ခြဲျခားျပစမ္းပါ ၊ေျပာျပစမ္းပါဟုဆိုျပန္သည္။ ထိုလွ်ိဳ႕ဝွက္ခ်က္ကိုမသိ ရမခ်င္းဗလဲ့ဘကခ်စ္တီးဘုရားမွာသစၥာဆိုျပပါမည္ဟုေတာင္းပန္ေနသည္။ ကဲ-အစစ္ကိုအတုပါဟုေျပာၿပီး ထိုအစစ္ကိုအတုျဖစ္ေအာင္၊ဦးေနေအး ဘယ္လိုမ်က္လွည့္ျပလိုက္သလဲ။ ဦးေနေအးအဖို႔ေတာ့ လြယ္သမွသိပ္လြယ္။ နဂို ကတည္းကႀကံဖန္စီစဥ္ထားၿပီးသားမို႔လြယ္လြန္းအား ေတာင္ႀကီးေနပါေသးသည္။

“ကဲ-ဗလဲ့ဘ၊ခင္ဗ်ားကိုယုံရမယ္ဆိုလို႔ျပမွာေနာ္၊ေပါက္ၾကားရင္ ခင္ဗ်ားကိုသတ္မယ္၊ က်ဳပ္တို႔ဂိုဏ္းက ဂ်ာမနီျပန္ဂိုဏ္း၊သိရဲ႕လား” “အမယ္ေလး၊ရမ္-ရမ္၊ဗလဲ့ဘ သစၥာဆိုပါ့မယ္”

၁၉၀၀ျပည့္ႏွစ္ပတ္ဝန္းက်င္၊ အခါသမယမွာ ဆန္တစ္ျပည္သုံးပဲ၊ ဂ်ာမနီဗုံးႀကဲဟူေသာတေဘာင္ေပၚသည္အထိ ၿဗိတိန္ႏွင့္ စစ္မက္ေရးရာမွာ ဂ်ာမနီကိုျမန္မာျပည္က အထင္ႀကီးေနၾကသည္။ ပစၥည္းပစၥယအသုံးအေဆာင္ကေလး မ်ားေသာ္မွ၊ ဂ်ာမနီလုပ္ဆိုလွ်င္အထင္ႀကီးၾကသည္။ ေဆးဝါးဆိုလွ်င္လည္း ဂ်ာမနီေဆးကပိုစြမ္းသည္။ ထို႔ေၾကာင့္ ထိုေငြစကၠဴမ်ားကို ဂ်ာမနီကလုပ္ေပးသလိုေျပာျခင္းျဖစ္သည္။

“ကဲ-ခင္ဗ်ား ဆယ္တန္တစ္႐ြက္ ေပးစမ္း” ဗလဲ့ဘကသူ႔အိတ္ထဲမွဆယ္တန္တစ္႐ြက္ထုတ္ေပးလိုက္သည္။ ဦးေနေအးကသူ႔အိတ္ထဲမွယခင္ေပးခဲ့ေသာ ဆယ္တန္အမ်ိဳးအစားႏွင့္ေငြစကၠဴႏွစ္႐ြက္ကိုထပ္ျပလိုက္သည္။

“အလားလား-ဒီလိုကိုး”ဟု ဗလဲ့ဘက အျမင္ေပါက္သြားရသည္။ ဦးေနေအး၏အတုဆိုေသာ တကယ့္အစစ္မွာ ဗလဲ့ဘ၏အစစ္ေငြစကၠဴထက္ ေလးဘက္ေလးတန္ ႏႈတ္ခမ္းသားမ်ား က တစ္ပဲေျခာက္ျပားေလာက္ ေသးငယ္ေနသည္။ ဒါကဘာမွမဆန္းပါ။ ဦးေနေအးကိုယ္တိုင္ ေငြစကၠဴအစစ္ကိုသင္တုန္းဓားထက္ထက္ႏွင့္ ၊ေလးဘက္ေလးတန္လွီး လာခဲ့ျခင္းသာျဖစ္ပါသည္။ တကယ့္တကယ္မွာ၊ အတုကိုအစစ္ဟုထင္ေအာင္လုပ္ရသည္ထက္ အစစ္ကိုအတုဟု ထင္ေအာင္လုပ္ျပရသည္က အလြယ္ကေလးျဖစ္သည္။ ထိုေက်ာ့ကြင္းထဲေရာက္ၿပီဆိုလွ်င္ ေနာက္ထပ္အပိုင္ခ်ည္ဖို႔၊ တုပ္ဖို႔မခဲယဥ္းေတာ့။

ေနာက္ပိုင္းမွာေတာ့ထုံးစံအတိုင္း။ ေငြစကၠဴအစစ္ဆယ္တန္တစ္႐ြက္ကို ေငြတစ္ေထာင္ႏွင့္ေရာင္းသြားျခင္းသာျဖစ္ ပါသည္။ ထို႔ထက္ရွင္းေအာင္ေျပာရဦးမည္ဆိုလွ်င္၊ တစ္ညမွာတစ္ေနရာရာခ်ိန္း။ ဆယ္တန္အစစ္တစ္႐ြက္ေအာက္ က ဆယ္တန္အတုထပ္။ တစ္ေထာင္ထုပ္ဟုျပ( ဦးေနေအးမွာ ဓာတ္သတၳဳေဆးဝါးမ်ားႏွင့္ အကြၽမ္းတဝင္ရွိ၍ အေသး စားစက္မႈလက္မႈကိုတတ္သည္ ဟုေဖာ္ျပခဲ့ပါၿပီ) အေပးအယူၿပီးၿပီးခ်င္း စာသင္ႏွင့္ပုလိပ္(ေရွးအေခၚ)ေတြက-လာ။ ဦးေနေအးႏွင့္ ဗလဲ့ဘ၊ေျပးၾက။ ဘယ္ကပုလိပ္ႏွင့္စာသင္ႀကီးတို႔လဲ။ ေမးေနဖို႔မလြယ္ပါ။ ဒါ႐ိုက္တာႀကီးဦးေနေအး၌ ဇာတ္ရံ၊ ဇာတ္ေဆာင္အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားအၿမဲရွိပါသည္။

ဗလဲ့ဘကို”ခ်”ၿပီးသည့္ေနာက္ရက္မွာပင္ ဦးေနေအးတစ္ေယာက္ က်ိဳက္လတ္မွကိုယ္ေရာင္ေဖ်ာက္ရပါသည္။ မ ေဖ်ာက္၍လည္းမျဖစ္။ ဗလဲ့ဘကရန္ကုန္မွ ႏြားသတ္သမားကုလားကိုေခၚၿပီး၊ ေနေအးကိုျပ၍အသတ္ခိုင္းရမွာက ဗ လဲ့ဘတာဝန္။ ဘယ့္ႏွယ့္-ျမန္မာေတြမ်က္ေတာင္ေပၚျစကၤန္ေလွ်ာက္ျမန္မာ့ေသြးစုပ္ၿပီး ၊ျမန္မာ့ဂုတ္ေပၚထိုင္ ၊ျမန္မာ မေတာင္ယူထားႏိုင္တဲ့ ဗလဲ့ဘ။ ျမန္မာကလိမ္တာကို ၿငိမ္ခံေနပါ့မလား။

ဦးေနေအးမွာေတာ့ ေဒးဒရဲ ၊ဖ်ာပုံ၊ ဘိုကေလး၊ မအူပင္၊ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ေတြမွာ ဗလဲ့ဘတို႔ႏွင့္ ေပ်ာ္ေပ်ာ္ပါး ပါးလိုက္တမ္း ၊ေျပးတမ္းကစားေနရသည္။ ဗလဲ့ဘတို႔ကရွာမေတြ႕သည့္အဆုံး၊ ပ်ံေလတဲ့ငွက္ခါး နားလာသည့္၊ အခ်ိန္ ထိက်ိဳက္လတ္ကျပန္ေစာင့္ေနသည္။ ယင္းသည့္အေျခအေန၌ အခ်ိန္ကုန္၊ေငြကုန္လာသည့္ဦးေနေအးမွာ ၊ေျပးစရာ မရွိ၊ပ်ံစရာလည္းေငြမရွိေတာ့သည့္အတြက္၊ က်ိဳက္လတ္ကိုပင္ျပန္နားရေခ်ေတာ့မည္။ သို႔ေသာ္ ဗလဲ့ဘကက်ိဳက္ လတ္မွာက်န္းမာခ်မ္းသာစြာရွိေန၍ေတာ့ ဦးေနေအးမလြယ္။ တကယ္ေတာ၊့ ဦးေနေအးကဇာတိ။ ဗလဲ့ဘက အရပ္ တစ္ပါးကကပ္ပါး။ သြားခ်င္းသြားလွ်င္ ဗလဲ့ဘသာက်ိဳက္လတ္ကခြာရမည္။

ကဲ-ဦးေနေအး။ ျဖည္းျဖည္းသာႀကံေပ ေရာ့။
“ဖြားသင္ရယ္- နင္နဲ႔ငါတို႔ဟာတစ္ရပ္ထဲေန ၊တစ္ေရထဲေသာက္။ငါ့မ်က္စိေအာက္မွာ နင္ႀကီးလာတာပါ။ ပုပု၀၀ ျဖဴျဖဴေဖြးေဖြးေရေဆးငါးလို၊ နင္ကအသားမည္းမည္း ဗိုက္႐ြဲ႐ြဲ၊ နားေပါက္က်ယ္က်ယ္ ခ်စ္တီးလူလည္လို၊ မယားငယ္ လို၊ ႐ြက္ပုန္းသီးေနရတာ အသည္းနာစရာေကာင္းလိုက္တာဟယ္။ နင္တကယ္ပဲကြမ္းေသြးတဗ်စ္ဗ်စ္ႀကီးကိုခ်စ္ ေနတာလား”
ဦးေနေအးကက်ိဳက္လတ္ကို တိတ္တခိုးျပန္လာၿပီး၊ မဖြားသင္ကို မ်က္ရယ္ခံ ထိုးလိုက္သည္။

“နံနံေစာ္ေစာ္၊ခ်စ္တီးကုလားကို ဘယ္လက္ခံခ်င္ပါ့မလဲကိုေနေအးရယ္၊ ကြၽန္မအိမ္ကို ႏွစ္ေထာင္နဲ႔အေပါင္ဆုံးထားတာ။ ဘယ့္ႏွယ္လုပ္မလဲ့။ စားဖို႔က တစ္လ သုံးဆယ္ေထာက္ေနေသးတယ္။ ကြၽန္မလဲရွက္ေတာ့ ရွက္သားေပါ့”

“ဒီမွာမဖြားသင္-နင့္အိမ္ဂရံအေပါင္စာခ်ဳပ္လဲ နင္ျပန္ရမယ္။ ေငြပိုလဲ ငါးရာေလာက္ေနာက္ထပ္ရဦးမယ္ဆိုရင္ ငါေျပာတာ နင္လုပ္မလား”

“အမယ္ေလး-အိမ္ဂရံသာျပန္ရမယ္ဆိုရင္ ေငြငါးရာေတာင္မပါခ်င္ေနပါေစေတာ္၊ ဘယ္လိုလုပ္ရမွာလဲ သူ႔ကိုေတာ့ မသတ္ဝံ့ဘူးေနာ့့္”

“ဟဲ့-သူ႔သတ္လို႔ သူ႔မွာရွိတဲ့စာခ်ဳပ္ျပန္ရပါေတာ့မလား။ ငါေျပာမွာက ရာဇဝတ္မႈျဖစ္မယ့္ဟာမ်ိဳး မဟုတ္ပါဘူး”

“ဒါျဖင့္ေျပာ့ဦးေနေအးကႏွစ္ကိုယ္ၾကားထဲ ေျပာလိုက္ရာ မဖြားသင္က ခြက္ထိုးခြက္လန္ ရယ္ပါေတာ့သည္။”

“ကဲ-ငါေျပာတာ လြယ္လြယ္ကေလး မဟုတ္လား”
“အင္း့အင္း၊သူ႔နားေပါက္ႀကီးနဲ႔ဆိုေတာ့”ဟုေျပာၿပီး ဆက္ရယ္လိုက္ျပန္သည္။

ညရွစ္နာရီေလာက္ဆိုလွ်င္မဖြားသင္ေနသည့္၊ ရပ္ကြက္မွာလူသြားလူလာစဲၿပီ။ ထိုအခ်ိန္ကား ဗလဲ့ဘေဆာင္ေတာ္ ကူးခ်ိန္တည္း။ ဆယ္နာရီဆိုလွ်င္ ဗလဲ့ဘျပန္ရသည္။ မျပန္၍မျဖစ္။ သူ႔အထက္က သူေ႒းခ်စ္တီးႀကီးမ်ားကို ၊ေၾကာက္ ရသည္။ လက္ေအာက္ငယ္သား၊ စာေရးစာခ်ီ၊ခ်စ္တီးမ်ားေလာက္ေတာ့၊ ဗလဲ့ဘကသိမ္းသြင္းထားႏိုင္သည္။ သိသာ သိေစ။ မျမင္ေစႏွင့္။ အဲ-႐ုပ္ရွင္တို႔လို၊ဘုရားပြဲတို႔လိုရွိလွ်င္ေတာ့ တစ္ဆယ့္ႏွစ္နာရီေလာက္အထိ၊ေနႏိုင္ပါ၏။

မဖြားသင္က မုန႔္ဟင္းခါးေခါက္ဆြဲ၊ေကြၽးလွ်င္စားသည္။ ပဲဟင္းႏွင့္ငါးပိေၾကာ္ကို အလြန္ခံတြင္းေတြ႕ေသာဟူ၏။ ဘိလပ္ရည္၊ ေကာ္ဖီႏွင့္ျပဳစုသည့္အခါလည္းရွိသည္။ မဖြားသင္အေပၚ၊ ဗလဲ့ဘေကာင္းရွာသည္မွာ ဒါကေလးေတြေၾကာင့္လည္း အပါအဝင္ထင္ရဲ႕။ စူရတီၾကက္ေသြးေရာင္လုံခ်ည္ကေလးမ်ား ၊ တာဖက္တာ အစကေလးမ်ားရွန္တဘက္ကေလး မ်ားယူလာေပးသည္လည္းရွိသည္။ လစဥ္မွာေတာ့ေငြဒဂၤါး၊အျပားသုံးဆယ္တိတိ။

“အရာ(ကိုကို)ကြၽန္မဆီ မလာတာ ေလးငါးရက္၊ရွိေနၿပီေနာ္” ဟုမဖြားသင္က၊ကလူလိုက္သည္။ ဤသို႔ေျပာရင္းဗလဲ့ဘ၏ လက္သန္းလုံးေလာက္က်ယ္ေသာ၊ နားေပါက္ႀကီးေတြကိုျမင္၍ ဦးေနေအးစကားကိုသတိရကာ၊ ခိုးခိုးခစ္ခစ္ရယ္လိုက္မိသည္။

“အရာ၊ဘာျဖစ္လို႔မလာသလဲသိလား၊ အရာမွာေငြအခက္အခဲရွိေနၿပီ တစ္ေထာင္ေလာက္စာရင္းကြာေနတယ္။ အရာအားႀကီးစိတ္ညစ္ရတယ္။ထမင္းမစားႏိုင္ဘူး။”

“စိတ္ညစ္ရင္ ဖြားသင္ဆီ လာေပါ့၊ ဒီကို လာရင္အရာ ေပ်ာ္တယ္မဟုတ္လား အရာ” ဤသို႔အိပ္ခန္းထဲမွာယွဥ္တြဲမိၾကပါၿပီ။ ဗလဲ့ဘကစိတ္ေမာလူေမာပက္လက္ေနလ်က္။ မဖြားသင္ကတီတီတာ တာသာယာခ်စ္တင္းဆိုလ်က္။ လက္က ေခါင္းကိုပြတ္ေပးသည္။ မ်က္ႏွာကိုလည္းသပ္ေပးသည္။ ထို႔ေနာက ္ေတာ့နားေပါက္ႀကီး၊ မဖြားသင္ကနားေပါက္ထဲသို႔ သူ႔လက္သန္းေလးထိုးသြင္း ကစားရင္း-

“အရာ-ငယ္ငယ္က နားကပ္အႀကီးႀကီးဝတ္ရတယ္၊ ထင္တယ္ဟုတ္လား ဟုကႏြဲ႕ကရေမးေနသည္ကို ဗလဲ့ဘက အရသာခံရင္းခံရင္း ေခါင္းညိတ္ျပလိုက္၏။”

“အခုေတာ့ နားကပ္ မဝတ္ေတာ့ဘူးလား”
“အခု လူကႀကီးလာၿပီပဲ”

“လူကႀကီးလာရင္ နားကပ္လဲ ႀကီးႀကီးပန္ေပါ့၊ ကဲ-ကြၽန္မပန္ေပးမယ္” ဗလဲ့ဘအဖို႔ေတာ့ ၊ေအးစက္စက္ပစၥည္းတစ္ခု၏၊ အေတြ႕အထိကိုခံလိုက္ရၿပီး ေခ်ာက္ဆိုေသာအသံသာၾကားလိုက္ ရသည္။ ကမန္းကတန္းနားကို၊ စမ္းလိုက္ေတာ့ သုံးလက္မေလာက္၊ ေသာ့ခေလာက္တစ္ခု။ ဗလဲ့ဘေငါက္ကနဲ ထထိုင္လိုက္ၿပီးအႀကီးအက်ယ္ေဒါသျဖစ္ပါေလေတာ့သည္။

“မဖြားသင္-နင္ဘယ့္ႏွယ္လုပ္လိုက္တာလဲ၊ ဒါမေကာင္းဘူး၊ အားႀကီးမေကာင္းဘူး ၊ျမန္ျမန္ျဖဳတ္၊ျမန္ျမန္ျဖဳတ္” (ဟုတ္မဟုတ္ေတာ့မသိ။ခ်စ္တီးအမ်ိဳးႀကီးသူတို႔မွာ၊ အေႏွာင္အဖြဲ႕တစ္ခုခုကို ခံရလွ်င္ဇာတ္ပ်က္သည္ဟု ၾကားဖူးသည္။)

ဘာပဲျဖစ္ျဖစ္အျမင္မေတာ္၊ ဆင္ေတာ္ႏွင့္ခေလာက္ျဖစ္ေနသည္ကေတာ့၊ ဗလဲ့ဘမွာလက္ငင္း။ ေသာ့ခေလာက္က ေလး၍နားေပါက္ကပိုၿပီးတြဲ႐ြဲက်ေနသည္။ အစကက်ီစယ္သည္ထင္ေသာ္လည္း၊ မဖြားသင္က အိပ္ရာေပၚကထေျပး ေသာေၾကာင့္၊ဗလဲ့ဘမွာ မ်က္စိမ်က္ႏွာ ပ်က္လာသည္။ ၾကာေတာ့ငိုမဲ့မဲ့ျဖစ္လာသည္။ အိပ္ရာေဘးက မွန္ကေလးယူၾကည့္လိုက္သည္။ အလားလားလား။ ရာမဘုရားကယ္ ေတာ္မူပါ။ သီတာေရာ၊လကၡဏေရာ၊ ဟႏုမာန္ပါကယ္ေတာ္မူၾကပါ။ ေခါင္းတုံးတိုတို၊မ်က္လုံးျပဴးျပဴး၊ ပါးစပ္က်ယ္ က်ယ္မွာနားတစ္ဖက္က ဂ်ာမနီလုပ္ေသာ့ခေလာက္ႀကီးတန္းလန္း။ ဗလဲ့ဘကေခ်ာ့မရေသာ၊ ဖြားသင္ကိုလိုက္ဖမ္း သည္။ ဖြားသင္ကေရွာင္ရင္းေျပးရင္း

“လူေတြၾကားေအာင္ ေအာ္လိုက္မေနာ္” ဟုၿခိမ္းေခ်ာက္သည္။

“မလုပ္ပါနဲ႔ ဖြားသင္ ငါ့ကိုေသာ့ေပးပါ”
“ကြၽန္မဆီမွာ ေသာ့မရွိဘူး”

“ေသာ့မရွိဘဲနဲ႔ ဘာျဖစ္လို႔ခတ္လိုက္သလဲ၊နင္ဘာလိုခ်င္လဲေျပာ၊ငါခ်က္ခ်င္း ေပးမယ္။”
“ကြၽန္မအိမ္ဂရံနဲ႔ စာခ်ဳပ္”

“ဟေရး-ဟေရးဘာဘာ၊နင္တကယ္ေျပာတာလား ဒုကၡပဲ”
“တကယ္ေပါ့၊ေငြလဲငါးရာ ထပ္ေပးရဦးမယ္” “ကဲ-ေပးမယ္ ေပးမယ္၊အခုျမန္ျမန္ျဖဳတ္ေပးပါ”

“အမယ္-ဒီလိုနဲ႔ ဘာရမလဲ၊ စာခ်ဳပ္နဲ႔ေ ငြငါးရာျပန္ယူေခ်။ ဒါေတြရမွ ေသာ့ေပးမယ္”
“ငါဒီလိုျပန္သြားလို႔ဘယ္ျဖစ္မလဲ၊ လူေတြျမင္သြားမွာေပါ့၊ ငါ့ကိုသနားပါဖြားသင္၊ဘုရား၊ ဘုရား”

“ေဟာဒီရွန္တဘက္ကို ေခါင္းၿမီးၿခဳံသြား ၊ျမန္ျမန္ျပန္လာရင္ ျမန္ျမန္ေပးမယ္” ဗလဲ့ဘေနရာမွာကိုယ္ခ်င္းစာၾကည့္ၾကစမ္းပါ။ ဘယ္လိုလြတ္ေပါက္ရွာမလဲ။ လြန္ခဲ့တဲ့ႏွစ္ေပါင္းေျခာက္ဆယ္ ေလာက္ကဗလဲ့ဘႀကီးကေတာ့၊ေစသည့္ကြၽန္ထြန္သည့္ႏြားလို၊ သူေပးထားသည့္ ရွန္တဘက္ကေလး၊ေခါင္း ေပၚတင္ကာ အလ်င္အျမန္ေျပးၿပီး၊ အိမ္ဂရံႏွင့္ေငြငါးရာကို၊ မ်က္ရည္ယို႐ြဲ ငိုပြဲဆင္၍ေပးခဲ့ရေသာဟူ၏။

ေလးငါးရက္မွမၾကာပါေခ်။ ဗလဲ့ဘရန္ကုန္ေျပာင္းရၿပီး ၊မဖြားသင္က ဦးေနေအးအား ၊ေငြသုံးရာ၊ ဉာဏ္ပူေဇာ္ ကန္ေတာ့သည္ဟုသတင္းၾကားရပါသည္။ မယုံလွ်င္ပုံျပင္သာမွတ္ၾကပါေတာ့ဟု၊ ဆိုရေလာက္ေအာင္ အလိမ္ဉာဏ္ေကာင္းေသာကိုေနေအးအေၾကာင္း ေတြအမ်ားႀကီးက်န္ေနလိမ့္ဦးမည္ဟု ကြၽန္ေတာ္ေျပာရဲသည္။ ကြၽန္ေတာ္တို႔၏ဘြားေအကိုယ္တိုင္၊ ေနေအးမွန္း လည္းသိလ်က္၊ လိမ္လိမ့္မည္ဟုဆိုသည္ကိုလည္း၊ သိလ်က္႐ိုး႐ိုးကေလးလိမ္သြားသည္မွာ႐ိုးလြန္း၍ အက်ယ္ မသိုင္းဝိုင္းလိုေတာ့ပါ။ ကြၽန္ေတာ္မမွတ္တမိ၊မွတ္တမိအ႐ြယ္ကဟုဆိုပါသည္။

ကြၽန္ေတာ္၏ဘြားေအအမည္ကေဒၚၿငိမ္း၊ အေမကမမွ်င္၊အေဒၚကမသင္၊ ဘြားေအႀကီး၏ေမာင္အငယ္ဆုံးကမ်က္ မျမင္ေစာင္းဆရာႀကီးဦးတုတ္ေပါ။ ဦးတုတ္ေပါမွာ ဦးၿပဳံးခ်ိဳကိုေစာင္းသင္ေပးရသူျဖစ္၍ ဦးၿပဳံးခ်ိဳႏွင့္တကြ ဦးေက်ာ္ ဒြန္း၊ ဦးေနေအးတို႔ပါရင္းႏွီးၾကသည္။ ကြၽန္ေတာ္၏အေမႏွင့္ အေဒၚကေဈးေရာင္းထြက္ၾက၍ ဘြားေအ၊ဘိုးေအႏွင့္ ကြၽန္ေတာ္ကအိမ္မွာေနရပါသည္။ တစ္ေန႔ေတာ့ ကိုေနေအးကမိုးသဲသဲ႐ြာေနစဥ္ အိမ္ကိုဝင္၍မိုးခိုပါသည္။ ဤတြင္ဘြားေအကစကားရွည္၍ ေနေအး အားလိမ္သည္၊ ညာသည္မွာမေကာင္းေၾကာင္းတရားခ်သည္။ သည္ေတာ့ ကိုေနေအးကၾကဴၾကဴပါေအာင္ ငိုသည္။ ေနာင္တႀကီးရၿပီေပါ့။

“အေမပၪၨင္းဒါယိကာမ လုပ္ေပးမည္ဆိုပါလွ်င္၊ တစ္သက္လုံး သကၤန္းဝတ္ႏွင့္ အ႐ိုးထုတ္ပါေတာ့မည္”
“အမယ္ေလး-ေမာင္မင္းႀကီးသား။က်ဳပ္ကို မလိမ္ခ်င္ပါနဲ႔။ပၪၨင္းခံေပးရေအာင္၊ပိုက္ဆံလဲ မရွိပါဘူး”

“ကြၽန္ေတာ္အခုဓားျပမႈ၊မသကၤာနဲ႔ေထာင္ကလြတ္လာတာပါ။ ေဝစုကလည္းအနည္းငယ္ ၊ေျမထဲျမဳပ္ထားတာရ ွိပါတယ္။ အဲသည္ေငြကေလးနဲ႔ပဲ လုပ္ေပးပါ။ အေမကတစ္ျပားမွစိုက္ေပးစရာမလိုပါ”ဟုေျပာျပန္သည္။

“ကဲ-မင့္ေငြ ငါ့လက္ထဲေရာက္လာေတာ့၊စီစဥ္ၾကတာေပါ့”ဟု ဘြားေအကပါးနပ္စြာေျပာသည္။ ဘိုးေအဦးတုတ္ေပါက “ဟယ္နင့္မလဲ၊ေနေအးလိမ္တတ္မွန္းသိရက္နဲ႔” ဟုဝင္၍သတိေပးသည္။

ကိုေနေအးက”ကြၽန္ေတာ့ေငြေရာက္မွ ကြၽန္ေတာ့ကိုယုံၾကပါအေမနဲ႔ဦးေလးရယ္”ဟုဝမ္းပန္းတနည္းေျပာၿပီး ျမႇပ္ထားရာက ေဖာ္ထမ္းခဲ့ရေအာင္၊ သံပုံးတစ္ပုံးသာ ေပးပါရန္ေတာင္းသည္။ ကြၽန္ေတာ္တို႔အိမ္မွာေ႐ႊဒဂၤါးေရနံဆီ၊ကုလားမေခါင္းေရနံဆီ၊ လက္လီေရာင္းေသာေၾကာင့္၊ သံျဖဴပုံးအသစ္ေတြ အမ်ားႀကီးရွိသည္။ ဟိုေခတ္က၊သံျဖဴပုံး အသစ္က်ပ္ခြၽတ္အေရာင္တလက္လက္မွသုံးမတ္တစ္က်ပ္။ ထို႔ေၾကာင့္ ဘြားေအက၊ သံျဖဴပုံး အသစ္တစ္လုံးေပးလိုက္သည္။ ကိုေနေအး မေပၚလာေတာ့။ ကြၽန္ေတာ့္ဘြားေအကို၊ ဘိုးေလးကေနေအးအလိမ္ခံရၿပီဟုေလွာင္သည္။ကြၽန္ေတာ့္အေမကြၽန္ေတာ့အေဒၚႏွင့္အိမ္ နီးနားခ်င္းကရယ္ၾကသည့္အတြက္၊ကြၽန္ေတာ့္ဘြားေအ ဇတ္ဇတ္က်ဲမွာ၊အရွက္ကြဲေလေတာ့သည္။ ေနာက္တစ္ေန႔ဘြားေအႀကီးကသမီးမ်ားကိုထမင္းအပို႔သြားေနက်ျဖစ္ရာကိုေနေအးကိုသံျဖဴလုပ္သည့္၊သံျဖဴဆိုင္ တန္းမွာေစာင့္၍ဖမ္းေတာ့သည္။

“ဘယ့္ႏွယ္လဲကြဲ႕၊ေမာင္ေနေအး။ေငြကေလးတစ္က်ပ္တစ္ျပားေတာင္းယူလဲအရသားနဲ႔ကြယ္။ လိမ္စရာမရွိ၊ကိုယ့္ေပါင္ကိုယ္ျပန္လိမ္ရသလား”ဟုရန္ေတြ႕လိုက္ရာ

“လိမ္တာမဟုတ္ပါဘူးအေမရာ၊ဘုရားေပးေပးက်မ္းေပးေပးက်ိန္ပါ့မယ္”
“ဒါျဖင့္ဘာလို႔မလာတာလဲ”

“အေမေရ-ေျမထဲရွိတဲ့ေ႐ႊေငြပစၥည္းမ်ား ဘုမၼစိုးပိုင္တယ္ဆိုတာအခုမွ ကြၽန္ေတာ့ကိုယ္ေတြ႕။ အမွတ္တရကြၽန္ေတာ္ျမႇပ္ထားခဲ့တာ၊ ေနရာေ႐ြ႕သြားလို႔ မေတြ႕ရေတာ့ဘူးအေမရဲ႕”
“ဒါျဖင့္ငါ့သံျဖဴပုံးျပန္ေပး”

“အေမရယ္-ဒီေလာက္ကေလးကေတာ့ကြၽန္ေတာ့ကိုစြန႔္ႀကဲလိုက္ပါေတာ့။ ေဟာဒီမွာေရနံဆီမီးခြက္ ကေလးေတြ လုပ္ေရာင္းေနရပါၿပီ”
“ေသခ်င္းဆိုး ဖိနပ္စာ” ကြၽန္ေတာ့ဘြားေအက ဒါေလာက္ပဲဆဲ႐ုံတတ္ႏိုင္ေတာ့သည္။သူကေတာ့ တၿပဳံးၿပဳံး တဟဲဟဲ။ ေလာကမွာလိမ္ျခင္း၊ညာျခင္းမေကာင္း။ထို႔ထက္အလိမ္အညာခံရျခင္းကပို၍မေကာင္း။ ဤအတိုင္းဆို လွ်င္လိမ္နည္း၊ညာနည္းေတြကို၊ႀကိဳတင္သိႏိုင္ထားျခင္းက ပို၍ပို၍မေကာင္းေလလား။ ေကာင္းေလလား။

သုခ

(ဒီထက္ပိုၿပီး ဦးေနေအးရဲ႕ လိမ္နည္းေတြကို ဖတ္ခ်င္ေသးရင္ ဦးၿပဳံးခ်ိဳေရးထားတဲ့ ေနဧလိမ္နည္း ဆိုတဲ့ စာအုပ္ကို ဖတ္ရႈ႕ၾကပါရန္..ေနေအးလိမ္နည္းစာအုပ္ရွာလို႔မရရင္ေျပာပါ)

(တင္ေပးတဲ့ Peace For Burma (ျမန္မာျပည္ကိုလြမ္းတယ္ဘေလာ့ အားေက်းဇူးတင္ရွိေၾကာင္းပါ)

Creidt : thtazone

Unicode ဖြင့်ဖတ်ရန်

တခေတ်တခါက နာမည်ကြီးခဲ့သော လူလိမ်နေအေး ဆိုတာ

လူလိမ်ကြီးနေအေး(နေဧ) အကြောင်းကို မသိကြပေမယ့် သူ့နာမည်ကိုတော့ လူကြီးလူငယ်မရွေးကြားဖူးကြမှာပါ။ ဒီတစ်ခါတော့ သူ့အကြောင်းကို မျှဝေလိုက်ပါတယ်။ ဆရာကြီးဦးသုခ ရေးခဲ့တာဖြစ်ပြီး ပြန်တင်ပေးသူက Peace For Burma ( မြန်မာပြည်ကိုလွမ်းတယ်ဘလော့) မှ ဖြစ်ပါတယ်။ ကဲ စိတ်ဝင်စားတဲ့ သုတဇုန် မိတ်ဆွေများဖတ်ကြည့်ကြပါဦး။

ဆရာကြီးဦးသုခရေးသားတဲ့ အလိမ်ဝိဇ္ဇာနေအေးဝတ္ထုတိုလေးကို ဒီနေ့ဖော်ပြပေးလိုက်ပါတယ်။ ဝတ္ထုတိုလေးပေမဲ့ တော်တော်လေးရှည်နေတာကြောင့်အပိုင်းလေးတွေခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။ ကျွန်မအင်မတန်နှစ်သက်တဲ့ အတွက်၊ စာဖတ်သူတွေလည်း နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။)

ဝတ္ထုတစ်ပုဒ်၊ စာတစ်အုပ်မှာ ယုတ္တိသဘာဝ၊ စရိုက်သဘာဝတိကျပြည့်စုံလာသည့်အခါ၊ မူလစာရေးသူကစိတ်ကူးယဉ် ဖန်ဆင်း၍အသက်သွင်းပေးလိုက်သည့်ဇာတ်ကောင်သည်၊ တကယ့်သက်ရှိထင်ရှားပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့သလား ဟုထင်မှတ်ယူစွဲနေတတ်ကြသည်။ နိုင်ငံခြားဝတ္ထုတို့၌ ရော်ဘင်ဆင်ကရူးဆိုး၊ ရှားလော့ဟုမ်း၊ ဂျိမ်းဘွန်းစသည့် ဇာတ်လိုက်များတကယ်ရှိ၊မရှိပြဿနာ ပေါ်ခဲ့ကြရသလို ၊မြန်မာဝတ္ထုစာပေတို့၌လည်း၊ ခုံတော်မောင်ကျဘမ်း၊စကားတောင်စား၊ စုံထောက်ဦးစံရှား၊ မြတ်လေး ရွှေဓားဗိုလ်တို့ တကယ်ရှိမရှိ၊ပြဿနာဖြစ်ကြခဲ့ဖူးသည်။ ယခုမဟာဂီတဆရာကြီးဦးပြုံးချိုရေးသားခဲ့သည့် နေအေးလိမ်နည်းစာအုပ်ကိုလည်း နေအေးဆိုသည့် လူတကယ်ရှိမရှိ၊ စာရေးဆရာကဖန်ဆင်းထားသောဇာတ်လိုက်ဟုတ်မဟုတ် ၊ပြောဆိုသံများမကြာခဏကြားခဲ့ရသည်။ အထူးသဖြင့်နေ အေးမှာ၊ကျိုက်လတ်မြို့သားဟုတစ်စွန်းတစ်စကြားသူတို့က ကျွန်တော့ကိုမေးမြန်းခဲ့ဖူးပါသည်။ စာအရေးကောင်း၍တကယ်ရှိသည်ထင်ကြသလို စာအရေးကောင်း၍လည်းတကယ်ရှိခဲ့တာမဟုတ်နိုင်ပါဘူးဟူ၍လည်း ထင်တတ်ကြပြန်သည်။

ကျွန်တော့်အနေနှင့်နေအေးကတကယ်ရှိမရှိ ၊ပြောဆိုရမည်ဆိုလျှင် အကယ်၍မူလနေအေးလိမ်နည်းစာအုပ်ကိုရေးသားခဲ့ သူဆရာကြီးဦးပြုံးချိုကိုယ်တိုင်က၊နေအေးမှာကျွနု်ပ်၏ညီတစ်ဝမ်းကွဲတော်စပ်သူဖြစ်ကြောင်းဟု စာတစ်ပိုဒ်တည်းဖော် ပြလိုက်ရုံနှင့်၊ပြဿနာပြေလည်သွားမည်ဖြစ်ပါသည်။ မှန်ပါသည်။ နေအေးဆိုသည်မှာတကယ်ရှိခဲ့ရုံမက၊ ဆရာကြီးဦးပြုံးချို၏ညီတစ်ဝမ်းကွဲဖြစ်ပါသည်။လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါးက၊ပညာသားပါးပါးလိမ်နည်းများဖြစ်ကြောင်း၊ ကျိုက်လတ်ဇာတိလူကြီးသူမများက ဝန်ခံကြပါလိမ့်မည်။ ကျွန်တော်လူလားမြောက်သည့်အရွယ်လောက်တွင်၊ ဦးနေအေးတစ်ယောက်ကျိုက်လတ်မြို့မှ ပျောက်ကွယ်သွားပြီထင်ပါသည်။ ဦးပြုံးချို၏သားသမီးများဖြစ်ကြသောမခင်မြင့်၊ ကိုလှမောင်စသည်တို့မှာ၊ကျွန်တော့် ထက်လေးငါးနှစ်ခန့်ကြီးသူများဖြစ်၍ အကျွမ်းတဝင်မရှိခဲ့ရသော်လည်း၊ ဦးပြုံးချို၏ညီအရင်းဆေးအရင်းဆေးဆရာကြီး ဦးကျော်ဒွန်းဆိုသူ၏သားနှစ်ယောက်ဖြစ်သော ချစ်စံနှင့် သောင်းဟန်တို့မှာကျွန်တော်နှင့်တစ်တန်းတည်းသမား များဖြစ်ခဲ့ကြသည်။ ယခုထက်တိုင်ဦးပြုံးချိုနှင့်နေအေး၊ဦးကျော်ဒွန်းတို့၏ဆွေမျိုးစများ၊ကျိုက်လတ်မြို့မှာရှိနေကြပါ လိမ့်ဦးမည်။ကျွန်တော့ဘွားအေ၊ဦးကြီး၊ ဦးလေးတို့မှာ ဦးနေအေးနှင့် ရပ်ဆွေရပ်မျိုးများဖြစ်ကြသည်။

နေအေးလိမ်နည်းကို ပထမဆုံးအကြိမ် သူရိယသတင်းစာတိုက်မှ၊ထုတ်လိုက်သည့်အခါ ကျိုက်လတ်တစ်မြို့လုံးအုံးအုံး ကြွက်ကြွက်ရယ်ကြ၊မောကြတသောသောဖြစ်သည်ကိုတော့၊ ကျွန်တော်ကောင်းစွာအမှတ်ရနေပါသည်။ ကျိုက်လတ်မြို့ ပေါ်မှာ ဦးနေအေး၏အလိမ်ကိုမခံရဖူးသူမရှိသလောက်ဖြစ်ပါသည်ဟုပြောလျှင်၊ လွန်လွန်းသည်ဟုဆိုကြမည်လား။ မလွန် ပါခင်ဗျားဟုကျွန်တော်ကပြောပါမည်။ ဘာကြောင့်နည်း။ နေအေးလိမ်နည်းစာအုပ်ထွက်လာမှဟာ့ဒီစာအုပ်ထဲတို့ကိုလိမ် သွားတာမပါသေးပါဘူးကွာဟု၊ ဝမ်းနည်းပက်လက်ပြောကြသူများအတော်များစွာ၊ ထွက်ပေါ်လာကြခြင်းကြောင့်ဖြစ်ပါသည်။ အလိမ်ခံခဲ့ရစဉ်ပူပူနွေးနွေးတုန်းက ဒေါသတွက်ပြီးရှက်ချင်ရှက်နေကြမည်ဖြစ်သော်လည်း၊စာတစ်အုပ်၊ပေတစ်အုပ်ထုတ် လိုက်သည့်အခါမှာတော့၊ နေအေး၏အလိမ်ခံလိုက်ရဖူးသည်ကိုပင်ဂုဏ်ယူချင်နေကြသည်။ ထိုအကြောင်းကိုထောက်လျှင် နေအေး၏အလိမ်ခံလိုက်ရဖူးသည်ကိုပင် ဂုဏ်ယူချင်နေကြသည်။ထိုအကြောင်းကိုထောက်လျှင်နေအေးလိမ်နည်းစာအုပ်မှာ၊ ဦးနေအေးလိမ်ခဲ့သမျှအမြို့မြို့အရွာရွာကိုအပထား၊ကျိုက်လတ်တစ်မြို့တည်းကအဖြစ်အပျက်များပင်၊အကုန်အစင်မဟုတ် သေးကြောင်းသိနိုင်ပါသည်။

ဦးနေအေးမှာအသားလတ်လတ်၊ အရပ်အမောင်းကောင်းကောင်း၊ ဆံပင်မှာအချုပ်ထောင်ကိုဝင်ချည်ထွက်ချည်ဖြစ်၍၊ဆံရှည် ဖြစ်လျက်၊ ဆံတိုဖြစ်လျက်၊ ကတုံးဖြစ်လျက်ရှိသည်ဟု ကျွန်တော့ဘွားအေထံမှသိရပါသည်။ စူးရှသောမျက်လုံးနှင့်စေ့စပ်သော နှုတ်ခမ်းရှိသည်။ အလွန်အကင်းပါးသည်။ စကားပရိယာယ်အလွန်ကြွယ်ဝသည်။ တစ်ဖက်သားကိုဆွဲဆောင်နိုင်သည်။ လောကီ၊ လောကုတ္တရာ၊ပညာ ဗဟုသုတတစ်စွန်းတစ်စဆီနှံစပ်သည်။ သိုက်သမိုင်း၊အဂ္ဂရိတ်၊ ရာဇဝင်၊ ဓာတ်ဗိန္ဒော၊ ပယောဂ၊ ဗေဒင်၊ အင်း အိုင်၊ ခါးလှည့်လက်ဖွဲ့၊ မန္တရား၊ လက်မှုပညာဆိုလျှင်ပန်းတိမ်၊ ပန်းပဲ ၊သံဖြူ၊ သစ်သားရုပ်တု ၊ ရွှေရည်စိမ်၊ နာရီ၊ လောကဓာတ် အခြေခံ၊အသေးစားစက်မှုလက်မှုစသည်တို့ကို တီးမိခေါက်မိရှိသည်။ ထိုပညာကလေးများကို အသုံးပြုလျက်ထိုကွေ့မှာထိုတက်နှင့်လှော်ပြီး၊ ဤကွေ့မှာဤတက်နှင့်လှော်ကာစပ်ဆိုင်သောနေရာတွင်လိမ်သွားကြောင်း သူ့စာအုပ်ကိုဖတ်ရင်းသဘော ပေါက်နိုင်ကြပါလိမ့်မည်။

ဦးနေအေး၏အကောင်းဆုံးပညာမှာ၊ သရုပ်ပိုင်ခြင်းပင်ဖြစ်ပေသည်။ သူခိုးဘိန်းစားအလစ်သမားဆိုလျှင် မှင်မောင်းရုပ်ရည်အပြောအဆိုအလှုပ်အရှားကအစ၊ အထိတ်တလန့်မျက်နှာပျက်နေပုံ၊ သတ္တိကြောင်ပုံ၊ အပြောအဆိုလေယူလေသိမ်းကအစ၊ တုန်လှုပ်ချောက်ချားအောက်ကျ၊နောက်ကျနေပုံတို့က သဘာဝကျနိုင်သလောက်၊ ရသေ့ရဟန်းဆိုလျှင်မြင်လိုက်သည်နှင့်ထိုင်၍၊ ဦးချကန်တော့ချင်လောက်အောင်၊သမဏသာရုပ္ပပြည့်စုံကြည်ညိုဖွယ်ရှိသည်။ မင်းညီမင်းသားအဖြစ်သရုပ်ဆောင်သည့်အခါ ရွှေလင်ပန်းနှင့်အချင်းဆေးခဲ့ရသော၊ တကယ့်မဟာဆီမဟာသွေးကဲ့သို့ ရွှေဘုံနိဒါန်းပါကျင့်ဝတ်သိက္ခာအသုံးအနှုန်း၊ဝေါဟာ ရအဆိုအမိန့်နှင့်နေပုံထိုင်ပုံ။ လေယူလေသိမ်းကအစပိရိလှသည်။ ဤနေရာတွင်ကျွန်တော့တင်ပြချက်များမလွန်ကြောင်းသာဓကထုတ်ပြလိုက်ချင်ပါသည်။

နေအေးလိမ်နည်းစာအုပ်၌ပါဝင်သော ပွဲစားကြီးသားအဖကိုမင်းသားဟန်ဆောင်၍လိမ်ခြင်း ဟုခေါင်းစဉ်ပါအဖြစ်အပျက်မှာ (ကျွန်တော်ရုပ်ရှင်ရိုက်ခဲ့သောနန်းတစ်လိမ်၊ပန်းတစ်လိမ်ဇာတ်ကားတွင်ပါဝင်ပါသည်)ကျိုက်လတ်မြို့တွင်မျက်နှာကြီးပိုက်ဆံရှိ၊ဉာဏပညာဗဟုသုတပြည့်ဝလှသောမင်းမျိုးမင်းနွယ်ပွဲစားကြီးဦးလင်းဆိုသူကိုတက်၍လိမ်ခဲ့သောအကြောင်းမှန်ဖြစ်ပါသည်။ ထိုပွဲစားကြီးဦးလင်းနှင့်သမီးမသန့်တို့မှာကျွန်တော်တို့အိမ်နှင့် နောက်ဖေးချင်းဓားလွယ်ခုတ်ဖြစ်၍ သူတို့ခြံထဲကမာလကာသီးသွားခိုးတိုင်းအကြိမ်းအမောင်းခံခဲ့ရသည်ကို မှတ်မိနေပါသေးသည်။ဦလင်းတို့နေသည်က၉ဖြတ်လမ်း၊ ဦးနေအေးနေ သည်က၄ဖြတ်လမ်း။ ဤမျှလောက်နီးစပ်နေသည့်တစ်မြို့ထဲသားကိုဦးနေအေးကမင်းညီမင်းသားအဖြစ်လိမ်သွားလိုက်သည်မှာ၊ ဦးလင်းကိုယ်တိုင်ဦးနေအေးမှန်းမသိလိုက်။ မြို့သူမြို့သားတွေလည်းမသိလိုက်။ ပွဲစားကြီးဦးလင်းကသမီးမသန့်ကို မိဖုရားအဖြစ် ပင်ဆက်လိုက်သေးသည်။ ဤနေရာမျိုးမှာတော့ဦးနေအေးကသစ္စာရှိသည်။ မသန့်ကိုအသိအမှတ်ပြု၍ လက်ခံပါသည်ဟုသာ ပြော၍ ဖခင်ကြီးကိုမှဲ့တစ်ပေါက်မစွန်းပြန်အပ်ခဲ့သည်။ အရေးတော်ပုံကြီးအောင်မြင်မှ ရွှေလက်ဆွဲပြီး၊နန်းသိမ်းပွဲခံယူမည်ဟု ပြောသွားသည့်အတွက်ဦးလင်းရော၊ မသန့်ပါမျက်ရည်လည်ရွဲ ရှင်ဘုရင်လောင်းနှင့်ခွဲခဲ့ရသည်။ (အကျယ်ကိုနေအေးလိမ်နည်းစာအုပ်တွင်ကြည့်ပါ။ ဤမျှအထိပိပိရိရိရှိပါသည်)

လူတိုင်းလူတိုင်းတွင် သူတစ်ပါးကလိမ်လျှင်ခံရမည့်ပျော့ကွက်ကလေးများ ရှိနေတတ်သည်။ ယင်းကိုဦးနေအေးက စီမံကိန်းအနေနှင့်နေ့ရှည်လများစူးစမ်းပြင်ဆင်တတ်သည်။ ယင်းကို(ဆိုးဆိုးကောင်းကောင်း)သူ့ပညာဟုခေါ်ဆိုရပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်ကိုလိမ်တော့မည်ဆိုလျှင်၊ထိုသူ၏ပျော့ကွက်ကိုနှိုက်ရန်ပစ္စည်းပစ္စယ၊လူသူအခြံအရံစုဆောင်းသည်။ ဆွေစဉ်မျိုးဆက်၊ရပ်သေးရှိဆွေမျိုးဉာတကာအမည်နာမဇာတ်ကြောင်း၊ အပြည့်အစုံအားလုံးကိုအချိန်ယူ၍လေ့လာသည်။ အရင်းအနှီးငွေကြေးအကုန်အကျခံတတ်သည်။ သို့ကလိုစီမံကိန်းချ၍မှလိမ်တတ်သလား။ မဟုတ်သေးပါ။ လတ်တလောအခြေအနေအရ၊ တင်္ခဏုပ္ပတ္တိဉာဏ်နှင့်ထိုင်ရာမထလိမ်သွားနိုင်သော၊ အာဝဇ္ဇန်းလည်းရှိပေသည်။ ဥပမာ-အရာရှိကြီးတစ်ယောက် က”ဒီလောက်နာမည်ကြီးလှတဲ့နေအေး၊မင်းငါ့ကိုလိမ်စမ်း”အာဏာဖြင့်ခိုင်းရာတွင်၊”မင်းစိုးရာဇာလဲဖြစ်ပြန်၊ လိမ်မယ်မှန်းလဲသိနေပြန်တော့၊ ဘုရားကျွန်တော်မျိုး၊ စကားမှဟလို့မထွက်နိုင်ပါဘုရား”ဟုဆိုလျှင်၊”မရဘူး၊မင်းငါ့ကိုလိမ်ရမယ်”ဟုဇွတ်ပြောသောကြောင့်၊ “ကဲ့ဒါဖြင့်ကျွန်တော်မျိုးပြောရဲဆိုရဲအာဝဇ္ဇန်းကလေးရွှင်အောင်၊ အရက်တစ်ပုလင်းသာဝယ်ပေးပါဘုရား”ဆို၍ဝယ်ပေးလာသောအရက်နှင့်အမြည်းကိုဇိမ်ခံသောက်ပြီး၊ ထသွားသောအခါအရာရှိကြီးက “ဟေ့ကောင်နေအေး၊ဘယ်လဲဘာရမလဲ၊နင်ငါ့ကိုလိမ်လေ”ဟုဆို သည်ကို”အရှင်ဘုရား၊အရက်ကိုလိမ်သောက်လို့ ကုန်တောင်ကုန်သွားပါပြီဘုရား”ဟုလိမ်သွားသောနည်းမှာတင်္ခဏုပ္ပတ္တိဉာဏ်မျိုးဖြစ် ပါလိမ့်မည်။

ဤသို့သောအရည်အချင်းနှင့် နေအေးလိမ်နည်းစာအုပ်ရေးသူဆရာကြီးဦးပြုံချိုကိုယ်တိုင်ကို၊ သူ့ညီတစ်ဝမ်းကွဲဦးနေအေးကလိမ် သွားပုံမှာ(ဦးပြုံးချိုကရှက်၍ချန်ထားခဲ့လေသလား)စာအုပ်ထဲတွင်မပါခဲ့ပေ။ ယင်းကိုကျွန်တော်ဖော်ပြလိုက်ပါမည်။ ဆရာကြီးဦးပြုံးချိုသည် တေးဘုမ္မာအစချီဝိပဿနာဓမ္မဂီတကြီးကို စာတတ်အမော်ဆရာကြီးအဆူဆူကလက်ခံနိုင်လောက် သည်အထိပညာကြီးကျယ်သကဲ့သို့ဒေါသလည်းကြီးတတ်သည်။ သူ၏ညီအစ်ကိုသားချင်းတို့သာမက၊ ဂီတသင်ယူသူ၊ ဇာတ်ပညာသင်ယူသူတပည့်တပန်းများက ပြန်မပြောဝံ့အောင်၊ကြောက်ရသည်။ စိတ်မထင်လျှင်သီချင်းစာသား အမူအယူလွဲလျှင် ဆဲဆိုကန်ကျောက်၊ နီးရာနှင့်ဆွဲပေါက်တတ်သည်။ သို့သော်စိတ်ရင်းကားကောင်းလှ၏။ တစ်နေ့ဦးပြုံးချိုကဦးနေအေးကိုအိမ်ခေါ်၍ဆုံးမစကားပြောသောဟူ၏။

“ဟေ့နေအေး၊မင်းကြောင့်ဒို့ဆွေမျိုးထဲအရှက်ကွဲရသကွာ၊ မင့်မလဲအချုပ်ခံရတာအကြိမ်ကြိမ်၊ ထောင်ထဲရောက်တာအခါခါ၊ လိမ်တယ်၊ ညာတယ်ဆိုတာလောကလဲမကောင်း၊သံသရာလဲမကောင်း။ သံဖြူဆရာလုပ်စားဦး ၊မင့်ပညာ၊ မင့်လက်ရာနဲ့ကောင်းကောင်းကြီးနေလောက်၊စားလောက်ပါတယ်ကွာ။ ငါ့ညီမမိုက်ချင်စမ်းပါနဲ့”ဟုဆိုလျှင်ဦးနေအေးကပြုံးရယ်ရင်း့

“ဟဲဟဲ့ပြောတော့လွယ်တယ်အကိုရာ၊(ဦးကျော်ဒွန်းရော၊ဦးနေအေးပါ ဦးပြုံးချိုကိုအစ်ကိုဟုခေါ်လေ့ရှိကြသည်)ကျွန်တော်က မလိမ်ချင်ပါဘူး။ အလိမ်ခံချင်တဲ့သူတွေကလိမ်လှည့်ပါ၊ လိမ်လှည့်ပါလို့ခေါ်နေကြတော့လဲ၊နေအေးကလိမ်ရပြန်တာပေါ့”

ဤတွင်ဦးပြုံးချိုကဒေါသကြီးလာပြီး့ “ဟေ့ကောင်-မအေပေး၊နင့်ကိုလာလိမ်လှည့်ပါလို့ဘယ်သူကဖိတ်သလဲ၊ခွေးမသား”

“ဒါတော့အကိုပဲစဉ်းစားကြည့်လေ၊ မတော်လောဘရှိတဲ့လူတိုင်းကဖတ်နေတာပေါ့၊ လောဘရဲ့အကြောင်းကို လဲသိသားပဲ၊ တေဘုမ္မာသီချင်းထဲတောင်အစ်ကိုရေးထားသေး။ဟဲ့ဟဲ။”

“အောင်မယ်-ခွေးပါးစပ်ကနတ်စကားထွက်လို့၊ နင့်ထက်ညံံ့တဲ့လူတွေမှနင်လိမ်လို့ရမှာပေါ့၊ နင့်ထက်တော်တဲ့လူနဲ့ တွေ့ရင်နင်အသတ်ခံရလိမ့်မယ်”

“ဟုတ်ပါတယ်အကို၊ လိမ်ကတည်းက ကျွန်တော့ထက်ညံ့တဲ့လူတွေကို ရွေးလိမ်ရတာပေါ့”

“အေးအေး့မင်းဆင်ခြေနဲ့မင်းနေချင်သလိုနေ ၊သေချင်သလိုသေပေါ့ကွာ၊”ဦးပြုံးချိုကလက်ဖက်ရည်ကြမ်းသောက် နေသောဦးနေအေးအားဂရုမစိုက်တော့ပဲ သက္ကလတ်ရင်ဖုံးအကျီင်္ကိုထဝတ်လိုက်သည်။ ပြီးတော့သားရေကြိုးနှင့်ချိတ် ထားသောခါးပိုက်ဆောင်နာရီကိုထုတ်ကြည့်လိုက်သည်။ထိုခေတ်ကအုန်းပင်တံဆိပ်၊ မီးရထားတံဆိပ်ခါးပိုက်ဆောင် နာရီများခေတ်စားလှသည်။ ငွေရောင်ကြိုး၊ရွှေကြိုး၊သားရေကြိုးများတွင်ချိတ်တတ်ကြသည်။
“ကဲ့ငါဝန်ထောက်မင်းအိမ်ကိုသွားလိုက်ဦးမယ်”
“ခဏ၊ခဏအစ်ကို၊အစ်ကို့နာရီကြိုးကလေးပြစမ်း”ဟုဦးနေအေးကတောင်းလိုက်သည်။ “ဘာလုပ်မလို့လဲ၊မင်းက” ပြောသာပြော၍ကြိုးနှင့်နာရီကိုဖြုတ်ပေးလိုက်ရသည်။

ဦးနေအေးကနာရီကြိုးကို သေသေချာချာလက်နှင့် ပွတ်သပ်၍ကြည့်သည်။နှာခေါင်းနှင့် လည်းနမ်းကြည့်သည်။ပြီးတော့မှရှုံရှုံမဲ့မဲ့နှင့်ပြန်ပေးလိုက်ရင်း့

“အစ်ကို့နာရီကြိုးကမွဲခြောက်ခြောက်မာတောင့်တောင့်နဲ့၊ သားရေစိမ်းစော်ကလဲနံလိုက်သေး၊ ကျွန်တော်ထောင်ထဲမှာထောင်မှူးကြီးကိုထိုးပေးခဲ့တဲ့၊ ကြိမ်ကြိုးကလေးများအစ်ကိုမြင်ရရင့်” ဦးနေအေးကစကားကိုဖြတ်ထားလိုက်သည်။ ဆက်၍မပြောတော့။ ဆက်ပြောရသူကဦးပြုံးချို။
“ဘာကွကြိမ်ကြိုး၊ဟုတ်လား”

“ဟုတ်တယ်၊ကျွန်တော်ကြိမ်နဲ့ထိုးပေးခဲ့တာ”
“အစ်ကိုတို့ခက်တာပေါ့၊ ကြိမ်နဲ့ထိုးတဲပစ္စည်းမျိုးဆိုရင်၊ စားပွဲ၊ကုလားထိုင်နဲ့စာခြင်းလောက်သာမြင်ဖူးနေကြတာ။ လိုက်ကာတို့စိပ်ပုတီးတို့ လောက်တောင်နုလှပြီထင်ကြမှာ။ ကျွန်တော်ထိုးပေးခဲ့တဲ့နာရီကြိုးက ဘဲဥကြိမ်၊အကြောချည်းနန်းဆွဲထားတာ၊ ဇာချည်မျှင်လောက်ရှိတယ်။” ဦးနေအေးကဦးပြုံးချိုကိုပြန်မကြည့်ဘဲရေနွေးသောက်နေလိုက်သည်။ ဦးပြုံးချိုမှာမနေနိုင်တော့။ မတ်တတ်မှပြန်ထိုင်လိုက်ရပြန်သည်။

ဦးပြုံးချိုကိုယ်တိုင်က အနုပညာသမား၊ အနုအလှများကိုအလွန်နှစ်သက်သည်။ ကျိုက်လတ်မြို့မှဦးရှင်ကြီးပွဲမှာတီးလုံးစာသား၊တေးသီချင်း၊ ဇာတ်စကားတို့သည်။ နန်းတော်ကား ၊ကျောင်းတော်ကား၊မြို့ရိုးကား ၊တောကား၊တောင်ကားတို့ကို အဝတ်အထည်ဆေးဆိုးသောနွယ်သာဂီစသည့်ဆေးများနှင့်တမာစေး၊ စပ်ဖော်၍စုတ်တံအပြားအလုံး အကြီးအငယ်နှင့် ရေးတတ်သည်။ တမာစေးနှင့်ဆေးစပ်သူများကပျက်ကချော်၊ ပေါ့ပေါ့ဆဆသမအောင်မမွှေလျှင် ဖြင့်၊အရိုက်အကန်ခံရမှာသေချာသည်။ တောကားထဲတွင်သစ်ပင်များအဖူးအပွင့်နှင့်ပုံဖော်ထားသည်မှာစုတ်ချက် အနုစိတ်ရေးတတ်သည်။ သို့ကလောက်အနုအလှစုံမက်သူအား၊ ဦးနေအေး၏ကြိမ်နာရီကြိုးဆိုသည်က ဖမ်းစားလိုက်လေပြီ။

“နေပါဦးကွနေအေးရ ဇာချည်မျှင်လောက် နန်းဆွဲထားတဲ့ကြိမ်နဲ့ဘယ်လိုထိုးသလဲ”
“ဟာ့အစ်ကိုကလဲ၊ဖွတ်မြီးထိုးတာပေါ့။ စိတ်မရှည်လို့တော့မရဘူး။ တစ်ချောင်းချင်း၊တစ်ချောင်းချင်း အကျော်အနင်းအကွက်ဖော်ရတာ။တစ်မူးလုံးလောက်အထိ နန်းတစ်လိမ်၊ပန်းတစ်လိမ်ပေါ့။ ကြိမ်ကလဲဘဲဥကြိမ်ဆိုတော့၊ အုန်းဆီကလေးများသုတ်ထားလိုက်ရင်ဝင်းနေပေါ့။”
“ဟုတ်လား-မင်းထိုးတတ်တယ်ပေါ့”
“အစ်ကို့နှယ်၊ ထောင်ထဲဒါတွေလုပ်နေရတာ”

“မင့်ဥစ္စာဇာချည်မျှင်လောက်၊ နန်းကလေးတွေဆိုတော့ ခိုင်ကောခိုင်ရဲ့လား”
“ဖွတ်မြီးထိုးပါတယ်ဆိုမှအစ်ကိုရာ၊ တစ်မူးလုံးလောက်ရှိတာ။လက်ဝါးထဲထည့်ချေဦးမလား။ကျွိကျွိ၊ကျွိကျွိနဲ့တောင် မြည်သေး”
“ဒါဖြင့်ငါ့တစ်ချောင်းထိုးပေးကွာ”
“တစ်ကုံးရင်လဲပြောပါဗျာ ဘယ့်နှယ်တစ်ချောင်းရယ်လို့”

ဤတွင်အနုပညာဆရာကြီးက ဟက်ဟက်ပက်ပက်၊ရယ်မော၍သဘောကျသွားပါတော့သည်။
“အေးပါကွာ-အစ်ကိုမှားသွားပါတယ်။ တစ်ချောင်းဆိုတာက မာတောင့်တောင့်ကြီးပဲ။ ဟဲဟဲဟဲ၊ဟုတ်တယ်ကွ၊ ဟုတ် တယ်။လုပ်ကွာ-ငါ့တစ်ကုံးထိုးပေးနော်”
“ကျွန်တော်အားတော့ ထိုးပေးပါ့မယ်လေ”
“မင်းကမအားလို့ ဘာများလုပ်နေရလို့လဲ”

“တော်တော်ထိုးရတာပေါ့အစ်ကိုရ၊ အနည်းဆုံးခုနစ်ရက်လောက်”
“အေးပါ၊ကြာချင်ကြာနေပါစေ။ ဘဲဥကြိမ်တစ်ချောင်းမှတစ်မတ်ငါးမူးပေါ့။ မင့်ကိုငွေနှစ်ကျပ်ပေးလိုက်မယ်ရော့” ဦးနေအေးကဦးပြုံးချိုထံမှငွေနှစ်ကျပ်ကို ပျင်းတိပျင်းတွဲမလွှဲသာ၍၊ယူရသလိုယူသွား၏။ ထို့နောက်ဦးပြုံးချိုပညာ့ အလင်းသတင်းစာတိုက်သို့အယ်ဒီတာအဖြစ်ရန်ကုန်ရောက်ပြီး ၁၂၈၉ခုနစ်မှာ၊ ဆုံးသွားသည်အထိ ဦးနေအေး၏ နာရီကြိုး(ကြိမ်တစ်ကုံး)ကိုအသုံးမပြုလိုက်ရပါ။

“ငါ့တောင်လိမ်သွားတဲ့မအေပေးကို ခွေးသတ်သလိုသတ်မယ်”ဟုကြိမ်မောင်းပြီး၊ ကျိုက်လတ်တစ်မြို့လုံးလိုက်ရှာ သည့်အခါတွင်ဦးနေအေး ဒေးဒရဲသို့ရောက်နေပြီဆို၏။ ဦးပြုံးချိုရန်ကုန်ရောက်မှ ကျိုက်လတ်သို့ပေါက်လာပြန် သည်။ “ဦးပြုံးချိုကြီးဟာငါ့ထက်ညံ့တဲ့အကြောင်း၊လက်တွေ့ပြလိုက်တာပေါ့ကွ”ဟုကွယ်ရာမှာစကားသာပြောလိုက်သေး သည်ဟူ၏။ လောက၌လိမ်တတ်သူသည်၊ သူတစ်ပါးကိုမလိမ်ရလျှင် ကိုယ့်ပေါင်ကိုယ်ဆွဲလိမ်တတ်သည်ဟုပြောစမှတ်ပြုကြ သည်။ထိုအထဲတွင်ဦးနေအေးမှာပါရဂူဖြစ်ဟန်ရှိသည်။

လွန်ခဲ့သည့်အနှစ်ခြောက်ဆယ်လောက်ကငွေနှစ်ထောင်၊ သုံးထောင်ဆိုသည်မှာ၊နည်းနည်းနှောနှောအရင်းအနှီးမဟုတ်။ အရင်းအနှီးစီးပွားပြု၍ထိုင်စားနေနိုင်လောက်သည့် အခြေအနေဖြစ်လေသည်။ သို့တိုင်အောင်တစ်ခါတစ်ခါ၊ဤရွေ့၊ ဤမျှရခဲ့သောငွေမှာဦးနေအေးနှင့်ကြာရှည်မနေ ပါချေ။အစားကောင်းစား၊အဝတ်ကောင်းဝတ်သည်။ အရက်သောက်သည်။ ဘိန်းရှူသည်။ ဖဲရိုက်သည်။ ကက်ဆွဲ သည်။အပေါင်းအသင်းများသည်။(ဖဲကက်မှာမလိမ်တတ်)ထို့ကြောင့်သူ့ဇနီးမှာ(အမည်မမှတ်မိ၊သားသမီးရှိ၊ မရှိမသေချာ)စာရေးကတော်ကြီးဖြစ်လိုက်၊ခွေးကတော်ကြီးဖြစ်လိုက်ဟုပြောကြသည်။ကျိုက်လတ်မှာလည်း ကာလကြာရှည်နေသည်ဟုမရှိ။ခြေသလုံးအိမ်တိုင်အမြို့မြို့အနယ်နယ်သို့၊ ရက်ကန်းရှယ်သလို လည်နေတတ်သည်။ သို့မှမဟုတ်လျှင်၊ အချုပ်ခံနေလိုက်ရ၊ ထောင်ထဲရောက်နေလိုက်ရနှင့် ၊ဖြစ်လေရာ ဇနီးဖြစ်သူမှာသူရသည့် အခါကပေးထားသောငွေကလေးကြေးကလေးဖြင့်၊ ခြစ်ခြစ်ခြုပ်ခြုပ်၊ကုတ်ကုတ်ကတ်ကတ်၊ စားသုံးနေရသည်။ တစ်ခါတော့ဦးနေအေးကငွေနှစ်ကျပ်တောင်းသည်။ ဇနီးသည်ကတစ်ပြားမျှမရှိဟုပြောသည်။

“ဟဲ့-ငွေကလေးနှစ်ကျပ်များဟာ ခဲခဲယဉ်းယဉ်းနိုင်လိုက်တာ”
“မရှိတဲ့အခါနှစ်ကျပ်မပြောနဲ့၊ နှစ်ပြားမှမရှိဘူးတော်ရေ့။ ညမနက်လဲကြံဖန်စားနေရသေးတာ။ ရှင့်လုပ်စာကကော ဘယ်လောက်အပ်ထားလို့လဲ”

ဦးနေအေးကစားကောင်း၊ သောက်ကောင်းကလေးတွေကို၊ကြိုက်သည်။ ယခုတလောစားနေရသည်က၊ ငါးပိရည် တို့စရာနှင့်ဟင်းချိုတစ်ခွက်။မြိုးမြိုးမြက်မြက်ကလေးဈေးထွက်စားချင်၍တောင်းပါသည်ကို မိန်းမကလက်ပေါက်ကပ်နေသည့်အတွက် ဒေါသထွက်လာတော့သည်။ “အေး-မရှိလဲမပေးနဲ့ကွာ”ဟုပြောပြီး၊ အိမ်ပေါ်မှဆင်းသွားလေသည်။ ဇနီးသည်ကတော့ဗျစ်တောက်ဗျစ်တောက် လုပ်၍ကျန်ရစ်ခဲ့သည်။ ဦးနေအေးတစ်နေ့လုံးအိမ်သို့ပြန်မလာတော့ပါ။ ညနေစာစားချိန်လည်းပြန်မရောက်။ မီးထွန်းချိန်လည်းပေါ်မလာ။ လာမည့်လာတော့၊လူခြေတိတ်ပြီးသူတကာအိပ်ရာဝင်ကြသည့် ညဆယ့်တစ်နာရီ လောက်။ အိမ်တံခါးကိုခပ်တိုးတိုး၊ ခပ်သွက်သွက်ကလေးလေးငါးကြိမ်ခေါက်လိုက်သဖြင့်-
“ဘယ်သူလဲ့”
“ငါပါဟ့”

“ကိုနေအေးလား”
“အေးပါဟ-မြန်မြန်ဖွင့်စမ်း၊အရေးထဲအမေးအမြန်းထူလိုက်တာ”
မိန်းမဖွင့်ပေးသောတံခါးကိုကိုင်၍ခပ်သွက်သွက်ဝင်လိုက်သည်။ လမ်းဘက်ကိုအကဲခတ်လိုက်ပြီးမှ ခပ်မြန်မြန်ပိတ်ပြီး သက်မချကာရင်ဝကိုဖိလိုက်သည်။ ရှပ်အကျီင်္အိတ်ထဲက ညိုညစ်ညစ်အရောင်အစိုးရရုံးသုံးစာအိတ်ရှည် ကို လက်ကမဖုံးတစ်ဝက်ဖုံးတစ်ဝက်။ လူကလည်းဇောချွေးတွေပြန်လျက်။

“ရော့ရော့၊ဒါကို ဆန်အိုးထဲသွားထည့်ထားလိုက်” သူ့အသံကဝှက်လိုက်ရမည့်အသံမျိုး။စာအိတ်ရှည်ကိုထုတ်ပေးလိုက်သည်။ စာအိတ်ထဲမှာစက္ကူအသစ်များခေါက် ထည့်ထားပုံရသည်။ ကြွပ်ကြွပ်ရွပ်ရွပ်အသံကလေးများတောင်၊ကြားလိုက်ရသည်။ ဧကန္တငွေစက္ကူအထပ်လိုက်၊မိန်း မဖြစ်သူက ချိပ်နှင့်အသေအချာပိတ်ထားသောစာအိတ်ကိုကြည့်လိုက်မိသည်။

“တယ့်စပ်စုသဟာ ၊မြန်မြန်သွားထည့်လိုက်ပါဆိုမှ့” ဤအချိန်မှာတော့၊မယားဖြစ်သူကသြဇာတည်ပါပေ့။ စွေ့ကနဲနေအောင်မီးဖိုချောင်ထဲဝင်သွားပြီး၊ ဆန်အိုးထဲထည့် လိုက်ပါပြီ။ဒါတွင်လား၊မကသေးပါ။
“တော့်ထမင်းစားခဲ့ပြီလား”ဟုလောကွတ်တော်ပိုပိုနှင့် စေတနာရေစီးကမ်းပြိုဖြစ်လိုက်ပါပြီ။ မိန်းမတို့သဘာဝငွေကိုမြင်လျှင်လင်ကိုရိုသေတတ်သည်။
“ထမင်းဝေးလို့သေပြေးရှင်ပြေး ၊ပြေးခဲ့ရတာကို”
“ဒါဖြင့်ပြင်လိုက်ချေဦးမယ်”

“ငါးပိရည်တို့စရာနဲ့ နင့်ထမင်းမစားချင်ပါဘူး”
“ခေါင်းရင်းကအိမ်ဆိုင်ကလေးကိုနှိုးပြီး၊ ငါးသေတ္တာလေးတစ်ဘူးဝယ်လိုက်မလေ”
“နို့-မနက်ကပြောတော့နင့်မှာပိုက်ဆံမရှိဘူးဆို”
ဤတွင်မိန်းမကနည်းနည်းဆွံ့သွားပြီးမှ”အို-အကြွေးဝယ်လိုက်မှာပေါ့၊သူ့ဥစ္စာပြန်ပေးနိုင်ပြီးတာပဲ” ဤတွင်ကြားရသော၊ဦးနေအေးကမသိမသာပြုံးလိုက်ပါသည်။

“ဒါဖြင့်လဲငွေတစ်ဆယ်လောက်ပါချေးခဲ့ဟာ၊ ဟိုအထဲမှာဆယ်တန်ပါမှာမဟုတ်ဘူး” မိန်းမကအူမြူးပြီးအိမ်ရှေ့တံခါးဖွင့်မည်လုပ်တော့ ဦးနေအေးကတားလိုက်သေးသည်။
“တယ့်ဒီမိန်းမအရိပ်သုံးပါးနားမလည်လိုက်တာ၊ အိမ်နောက်ဖေးတံခါးကထွက်”
သို့နှင့်မိန်းမကငါးသေတ္တာကိုဆီပူထိုးပေးသည်။ ငါးပိရည်၊တို့စရာ၊ဟင်းချိုကလေးကို ထပ်နွှေးပေးတော့၊မြိန်မြိန် ရှက်ရှက်အရှိသား။

“ကဲ့ငါရှောင်နေဦးမှ ၊ငါ့လာမေးရင်ပြန်တောင်မလာဘူးပြော၊ ဘယ်မလဲငွေတစ်ဆယ်” ဇနီးသည်ကငွေဒင်္ဂါးဆယ်ပြားကို လွယ်လွယ်ကူကူ ၊ရှောရှောရှူရှူထုတ်ပေးလိုက်သည်။ ပေးပေမပေါ့၊ ဟိုအထဲဆယ်တန်မပါဘူးဆိုနေမှ ရာတန်တွေ၊ရာတန်တွေ။ ကျွန်တော်တို့ငယ်စဉ်ကပိုက်ဆံကြေးနီပြား၊ငွေမူးစေ့၊ငွေမတ်စေ့၊ငွေ ငါးမူးစေ့၊ငွေဒင်္ဂါး။ ငွေစက္ကူမှာဆယ်တန်နှင့်ရာတန်သာအသုံးများသည်။ ငွေတစ်ဆယ်ဆိုလျှင်လေးငါးရက်လောက် သူဋ္ဌေးသုံးသုံးနိုင်သည်။ ထမင်းတစ်နပ်၊ပိုက်ဆံတစ်မူး၊ တစ်လစားမှ ထမင်းလခခုနစ်ကျပ်ခွဲ။ ထို့ကြောင့်ပင်ဦးနေအေးတစ်ယောက်၊တစ်ဆယ့်လေးငါးရက်လောက်အိမ်ပြန်မရောက်တော့။ ဦးနေအေးနောက် ဖေးပေါက်ကဆင်းသွားပြီဆိုကတည်းက မိန်းမကဆန်အိုးထဲကစာအိပ်ကိုချိပ်ခွာ၍ကြည့်သည်။ ဦးနေအေးပြောသွား သောစကားမှာမှန်လိုက်သည်မှ ဒိဋ္ဌမျက်မြင်။ ရာတန်ဆိုဝေလာဝေး၊ရုံးသုံးစက္ကူညစ်ထေးထေးအသစ်ကလေးများကို ခေါက်၍အလယ်က ကုက္ကုရွက်အခြောက်တွေကိုညှပ်ထည့်ထားသည်ကိုသာတွေ့လိုက်ရပါတော့သည်။ ကဲ-မှတ်ပလား။သေချင်းဆိုး၊ ကာလနာ၊ ဆဲချင်ရာဆဲ၊ သူ့နားမရောက်။

ကျွန်တော်တို့ငယ်ငယ်ကဗြိတိသျှအစိုးရခေတ်မှာမြို့ကြီးတိုင်းအိမ်ပေါင်၊ လယ်ပေါင်ခံငွေချေးသောချစ်တီးများ အလွန်ကြီးစိုးကြသည်။ မြန်မာလယ်သမားများ၏ လယ်မြေဧကပေါင်းများစွာ သူတို့လက်သို့မတန်တဆနှင့်ရောက်ကြသည်။ သူတို့ထံပေါင်မိလျှင်တော့အဆုံးသာမှတ်လိုက်ပေရော့။ကြည့်ပါ။သားရှင်ပြုဖို့တိုက်တွန်းတတ်သည်။ အလုပ်ကြီး အကိုင်ကြီးတို့ချဲ့ဖို့လည်းအားပေးတတ်သည်။ တကယ်ခင်မင်သောစေတနာရှင်ကြီးတွေလိုလိုနှင့် စပြီး၊အိမ်ဂရံ လယ်ဂရံသူတို့လက်ထဲတန်ဖိုးသုံးပုံတစ်ပုံလောက်နှင့် ၊ရောက်ကတည်းကပြန်မဆပ်ဖြစ်အောင်ထားသည်။ အမယ်လေး့ခင်ဗျားကိုစိတ်ချပါတယ်။ သုံးသာသုံးထားပါ။ အရင်မလိုပါဘူး။မဒရပ်မှာရှိတဲ့ ကျွန်တော်တို့ချစ်တီး ယားကြီးကတောင်ခင်ဗျားနာမည်ကိုသိနေပြီ။ နောက်ထပ်လိုချင်သေးသလားပြောဟုရက်ရက်ရောရောသဘော ကောင်းတော်မူကြသည်။ ကာလကြာလာတော့အရင်းကော ၊အတိုးပါပေါင်းပြီးထပ်တိုးယူကြသည်ကို ကျွန်တော်တို့ကမသိ။ မဒရပ်ကသူဋ္ဌေးချစ်တီးယားကြီးက တောင်ကိုယ့်ကိုအသိအမှတ်ပြုထားဆိုပါကလားဟု ၊ဘဝင်မြင့်နေကြသည်။ ငွေကြေးချောင်လည်၍ပြန်ရွေးပါရစေဟုဆိုပြန်တော့ မန်နေဂျာအိန္ဒိယခဏပြန်သွားတယ်၊ စာချုပ်သူ့ဆီပါသွားတယ်နှင့်အချိန်ဆွဲထားပြီး၊ မရွေးနိုင်တော့သည့်အခါကျမှ အတိုးရင်းပေါင်းနှင့်တရားစွဲပြီးလယ်နှင့်အိမ်ပေါင်းများစွာကို၊မြန်မာများထံမှအပိုင်သိမ်းတော်မူကြသသည်။

အုပ်ချုပ်သူက နယ်ချဲ့စနစ်၊ကြီးစိုးသူက အရင်းရှင်။ ကဝေဆရာ ကတစ္ဆေမှင်စာနှင့်ပေါင်းပြီးကောင်းကောင်းကြီးသွေးစုပ်နေကြသည့်ခေတ်။ ထိုသို့သောသွေးစုပ်ချစ်တီးယားများအနက် ၊ဗလဲ့ဘမူတူးဆိုသော ချစ်တီးမှာလူရည်အလည်ဆုံးဖြစ်သည်။ ဗမာစကားကိုရွှန်းရွှန်းဝေအောင်ပြောတတ်သည်။မင်းပိုင်းစိုးပိုင်း ၊ရှေ့နေအရာရှိအိမ်မှန်သမျှချစ်တီးမုန့်အမျိုးမျိုးနှင့် တစ် အိမ်တက်ဆင်းရောက်သည်။ အလှူအတန်းပွဲနေပွဲထိုင်ဆိုလျှင်လည်း၊ သွားကြီးအဖြဲသားနှင့်ရောက်သည်။ ရုံးလက်ဖက်ရည်ဆိုင်မှာထိုင်၍စာရေးစာချီမြေတိုင်းဋ္ဌာနဆိုပါက အကုန်အကျခံ၍ကျွေးသည်။ ဘောလုံးပွဲမှာလည်းဖဲထီး တစ်ချောင်းနှင့်အော်ဟစ်အားပေးဆဲရေးတတ်သည်။ အင်္ဂလိပ်စာလည်းတတ်သည်။ ကွမ်းကိုတစ်ယာပြီးတစ်ယာ စား၍လက်ညှိုးနှင့်လက်ခလယ်နှုတ်ခမ်းမှာကပ်ပြီး၊ ပျစ်ကနဲ၊ပျစ်ကနဲနေအောင် ကွမ်းတံတွေးထွေးတတ်သည်။ ကတုံးပြောင်ပြောင်၊နားပေါက်ကျယ်ကျယ်နှင့်မြန်မာအမျိုးသမီးမဖွားသင်ဆိုသူကိုပင်တိတ်တိတ်ပုန်းအမြှောင်ယူ ထားလိုက်သေးသည်။ စင်စစ်မှာတော့ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံကျိုးဆိုကြပါစို့။ ဤမျှရည်လည်သော ချစ်တီးနှင့်ဦးနေအေးတွေ့ပုံမှာစိတ်ဝင်စားစရာကောင်းလှပါဘိ။

“ရမ့်ရမ်သူဋ္ဌေး”ဟုဦးနေအေးက ဆလံပေးလိုက်သည်။

“ကျွန်တော်သူဋ္ဌေး၊ မဟုတ်ပါဘူးခင်ဗျာ၊စာရေးကြီးလောက်ရှိတာပါ”ဟုဗလဲ့ဘချစ်တီးလူလည်က၊ပြော၍ရယ်လိုက်သည်။ တကယ်တောဦးနေအေးက ဗလဲ့ဘနှင့်မျက်မှန်းတန်းမိအောင်လေးငါးဆယ်ရက်၊ရုံးလက်ဖက်ရည်ဆိုင်တွင် ထိုင်တွေ့ပြီးဖြစ်သည်။ တစ်နေ့တော့ဦးနေအေးက ငွေစက္ကူတစ်ဆယ်တန် အသစ်ကျပ်ချွတ်ငါးရွက်ကိုပြ၍ နှစ်ကိုယ်ချင်းပြောသည်။
“သူဋ္ဌေးကြီး၊ဒီငွေစက္ကူတွေကို တဆိတ်လောက်ကြည့်ပေးစမ်းပါ၊အစစ်လား၊ အတုလားလို့”

ဗလဲ့ဘကဦးနေအေးကိုအထူးအဆန်းကြည့်ပြီး၊ ငွေစက္ကူအသစ်များကိုစူးစမ်းလိုက်သည်။ စက္ကူအမျိုးအစား၊ ဆေးရောင်မင်ရောင်၊ရေစာအမှတ်အသား၊ ဖင်ပြန်ခေါင်းပြန်နေရောင်တွင် ထောင်ကြည့်ပြီး့
“အစစ်တွေပါ၊ဘာဖြစ်လို့လဲ”
“ကျွန်တော်မသင်္ကာလို့ပါ”
“ဘယ်ကရတာမို့လဲ”

“လူတစ်ယောက်ဆီက ဆိုပါတော့သူဋ္ဌေးရယ်၊ သူဋ္ဌေးကိုယ်တိုင် အစိုးရငွေတိုက်မှာသွင်းကြည့်ပေးစမ်းပါ။ ယူသွားပါ။နက်ဖန်မှ သုံးရရင်လဲငွေပြန်ပေးပါ။လေးဆယ်ပြန်ရရင် တော်ပါပြီ။” ဗလဲ့ဘက ဦးနေအေးကိုကြည့်နေရာက ငွေစက္ကူများကို စေ့စေ့စပ်စပ်၊ထပ်ကြည့်လိုက်ပြန်သည်။မသင်္ကာ၍ ရွံ့သွားဟန်လည်းရှိသည်။ နေ့စဉ်နှင့်အမျှငွေနှင့် လက်နှင့်အဆက်မပြတ်သူမို့၊ အစစ်ဟူ၍စိတ်ချသည်။အကယ်၍အစစ် မဟုတ်ဖြစ်စေကာမူတစ်ထောင်ထဲ ဆယ်ရွက်လောက်ညှပ်ထည့်သုံးနိုင်လောက်သောအမျိုးအစား။
“ကောင်းပြီလေ၊ကျုပ်သုံးကြည့်မယ်၊ အတုဆိုရင် တော့ခင်ဗျားဆီက၊ ရတာပါလို့ပြောမှာပဲ”

“ဒီလိုတော့မကျီစားပါနဲ့ဗျာ၊ သူဋ္ဌေးတို့မှာက သောင်းနဲ့၊သိန်းနဲ့ချီကိုင်ကြရတာ၊ တစ်ရွက်တစ်လေမှားပါလာတာ ဆိုရင်၊ပြီးနိုင်တာပဲ။ ဟဲ့ဟဲ့ဟဲ၊သုံးနိုင်ရင် သူဋ္ဌေးပါအကျိုးရှိမှာပါ”
နောက်နေ့မှာ ဗလဲ့ဘရုံးလက်ဖက်ရည်ဆိုင်သို့ အစောကြီးရောက်နှင့်သည်။ ဦးနေအေးကို လည်တဆန့်ဆန့်ဝမ်း သာအားရမျှော်နေမိသည်။ ဦးနေအေးကမရောက်လာနိုင်သေး။ ဗလဲ့ဘအားမလိုအားမရဖြစ်နေရသည်။ ဘာကြောင့်လဲ၊ မနေ့ကထိုငွေစက္ကူတွေကိုတိုက်ထဲမှာမှန်ဘီလူးနှင့်အကြိမ်ကြိမ်အခါခါ၊ထပ်၍ကြည့်ပြီး စိတ်ချရသလောက်ကျေနပ်မှ၊အစိုးရငွေတိုက်ကိုပြကြည့်ပြန်သည်။ငွေတိုက်ဝန်ထောက်က ရင်းနှီးသူပီပီ-
“ဗလဲ့ဘကလဲငွေမကိုင်ဖူးတဲ့လူကျနေတာပဲ၊ အတုမဟုတ်ပါဘူး၊ သစ်နေလို့ခင်ဗျားစနိုးစနောင့်ဖြစ်နေတာပါ။ ကဲ-ကျွန်တော်ကရှစ်ကျပ်နဲ့လဲပေးမယ်လေ”ဟုရယ်မောကာပြောနေသေးသည်။ ယင်းသို့ဆိုလျှင်ဗလဲ့ဘစိတ်ချရပြီ။ စိတ်ချရပါသော်ကော၊ဦးနေအေးပေးသွားသည်ကတရားဝင်အစိုးရစက္ကူအစစ်မှအစစ်။ အစစ်ကိုမသင်္ကာ စရာအစကလေးထောင်ပေးလိုက်သည့်အတွက်၊ ချစ်တီးလူလည်မှာအူလည်လည်ဖြစ်သွားရသည်။ ရင်တထိတ်ထိတ်မှ စိတ်ချရပြီဆိုပြန်တော့၊ မူမမှန်သောကိုနေအေးနှင့် အပေးအယူလုပ်၍၊သွေးစုပ်လိုလာပြန်သည်။

ဦးနေအေးက လောဘသမားချစ်တီးယားကို အူယားနေအောင်၊ တမင်အစောင့်ခိုင်းထားခြင်းဖြစ်သည်။ ဗလဲ့ဘကတော့ ငွေပေးမည့်ဦးနေအေးကို လေချိုသွေးပြီးပေါင်းဖို့အဆင်သင့်။ ဟော့လာပါပြီ၊သူလာပုံက အူယားဖားယား။ “အမယ်လေး-စောင့်လိုက်ရတာ-သူဋ္ဌေးဆပ်ရယ် ” ဤတစ်ခါတော့ဗလဲ့ဘက ဦးနေအေးကိုသူဋ္ဌေးဘွဲ့တပ်၍ကြိုဆိုလိုက်သည်။
“ဘယ့်နှယ့်လဲဗလဲ့ဘ၊သုံးလို့ရရဲ့လား”

“ဟာ-ဗလဲ့ဘဆိုတော့ ရတာပေါ့၊သူများဆိုရင် သေသေချာချာ စစ်ဆေးချင်စစ်ဆေးနေဦးမှာ” ရယ်ရယ်မောမောကိုယ်ရည်သွေးလိုက်လျှင်ပင်၊ဦးနေအေးကအလုပ်ဖြစ်ပြီဟုသိလိုက်သည်။ဦးနေအေးအားငွေ ငါးဆယ်တိတိပြန်ပေးသည်။ ကော်မရှင်တစ်ဆယ်လောက်ကိုမက်တော့မည်မဟုတ်။ ရွှေသူဋ္ဌေးနေအေးထံမှအလား အလာများစွာကိုတောင့်တနေလေပြီ။
“နေပါဦး ခင်ဗျားငွေစက္ကူတွေက အတုတွေမဟုတ်လား”ဟု ဗလဲ့ဘက အစ်သည်။

“ဟာ-အတုမဟုတ်လို့ငွေတိုက်ကလက်ခံလိုက်တာပေါ့၊မဟုတ်ဘူးလား”ဟုဦးနေအေးကပြန်ဖုံးလိုက်ပြန်သည်။
“ဒါဖြင့်ခင်ဗျားကိုယ်တိုင်ဘာလို့မသုံးဘဲ ကျုပ်ကိုအသုံးခိုင်းရတာလဲ၊နောက်ပြီး ခင်ဗျားပြောတယ်လေ၊ ဗလဲ့ဘလဲ အကျိုးရှိရမယ်လို့”
ဗလဲ့ဘက ဦးနေအေးအားကျွေးကာ၊မွေးကာ ၊ချော့ကာခြောက်ကာ၊မြှောက်ကာပင့်ကာ ၊အလိုတူအလိုပါဖြစ်နိုင် ရအောင်ကြိုးစားသည်။ ဦးနေအေးကလည်းဤအခြေရောက်အောင်လျှော့လိုက်၊ တင်းလိုက်၊ဝေ့လိုက်၊ ဝိုက်လိုက် လုပ်နေသေးသည်။ ဗလဲ့ဘကိုမယုံရ၊ ယုံရအကဲစမ်းနေသည့်သဘောမျိုး။ တစ်ဦးနှင့်တစ်ဦးကစားနေကြသည်မှာ လေးငါးဆယ်ရက်ကြာသည်အထိ။ နောက်ဆုံးတော့ဦးနေအေးကသူပေးခဲ့သောငွေစက္ကူအစစ်ကိုအတုတွေပါလို့ဝန်ခံလိုက်လေသည်။ ဒီလိုဆိုပြန် တော့ဗလဲ့ဘကမကျေနပ်ပြန်။ အတုနှင့်အစစ်ခွဲခြားပြစမ်းပါ ၊ပြောပြစမ်းပါဟုဆိုပြန်သည်။ ထိုလျှို့ဝှက်ချက်ကိုမသိ ရမချင်းဗလဲ့ဘကချစ်တီးဘုရားမှာသစ္စာဆိုပြပါမည်ဟုတောင်းပန်နေသည်။ ကဲ-အစစ်ကိုအတုပါဟုပြောပြီး ထိုအစစ်ကိုအတုဖြစ်အောင်၊ဦးနေအေး ဘယ်လိုမျက်လှည့်ပြလိုက်သလဲ။ ဦးနေအေးအဖို့တော့ လွယ်သမှသိပ်လွယ်။ နဂို ကတည်းကကြံဖန်စီစဉ်ထားပြီးသားမို့လွယ်လွန်းအား တောင်ကြီးနေပါသေးသည်။

“ကဲ-ဗလဲ့ဘ၊ခင်ဗျားကိုယုံရမယ်ဆိုလို့ပြမှာနော်၊ပေါက်ကြားရင် ခင်ဗျားကိုသတ်မယ်၊ ကျုပ်တို့ဂိုဏ်းက ဂျာမနီပြန်ဂိုဏ်း၊သိရဲ့လား” “အမယ်လေး၊ရမ်-ရမ်၊ဗလဲ့ဘ သစ္စာဆိုပါ့မယ်”

၁၉၀၀ပြည့်နှစ်ပတ်ဝန်းကျင်၊ အခါသမယမှာ ဆန်တစ်ပြည်သုံးပဲ၊ ဂျာမနီဗုံးကြဲဟူသောတဘောင်ပေါ်သည်အထိ ဗြိတိန်နှင့် စစ်မက်ရေးရာမှာ ဂျာမနီကိုမြန်မာပြည်က အထင်ကြီးနေကြသည်။ ပစ္စည်းပစ္စယအသုံးအဆောင်ကလေး များသော်မှ၊ ဂျာမနီလုပ်ဆိုလျှင်အထင်ကြီးကြသည်။ ဆေးဝါးဆိုလျှင်လည်း ဂျာမနီဆေးကပိုစွမ်းသည်။ ထို့ကြောင့် ထိုငွေစက္ကူများကို ဂျာမနီကလုပ်ပေးသလိုပြောခြင်းဖြစ်သည်။

“ကဲ-ခင်ဗျား ဆယ်တန်တစ်ရွက် ပေးစမ်း” ဗလဲ့ဘကသူ့အိတ်ထဲမှဆယ်တန်တစ်ရွက်ထုတ်ပေးလိုက်သည်။ ဦးနေအေးကသူ့အိတ်ထဲမှယခင်ပေးခဲ့သော ဆယ်တန်အမျိုးအစားနှင့်ငွေစက္ကူနှစ်ရွက်ကိုထပ်ပြလိုက်သည်။

“အလားလား-ဒီလိုကိုး”ဟု ဗလဲ့ဘက အမြင်ပေါက်သွားရသည်။ ဦးနေအေး၏အတုဆိုသော တကယ့်အစစ်မှာ ဗလဲ့ဘ၏အစစ်ငွေစက္ကူထက် လေးဘက်လေးတန် နှုတ်ခမ်းသားများ က တစ်ပဲခြောက်ပြားလောက် သေးငယ်နေသည်။ ဒါကဘာမှမဆန်းပါ။ ဦးနေအေးကိုယ်တိုင် ငွေစက္ကူအစစ်ကိုသင်တုန်းဓားထက်ထက်နှင့် ၊လေးဘက်လေးတန်လှီး လာခဲ့ခြင်းသာဖြစ်ပါသည်။ တကယ့်တကယ်မှာ၊ အတုကိုအစစ်ဟုထင်အောင်လုပ်ရသည်ထက် အစစ်ကိုအတုဟု ထင်အောင်လုပ်ပြရသည်က အလွယ်ကလေးဖြစ်သည်။ ထိုကျော့ကွင်းထဲရောက်ပြီဆိုလျှင် နောက်ထပ်အပိုင်ချည်ဖို့၊ တုပ်ဖို့မခဲယဉ်းတော့။

နောက်ပိုင်းမှာတော့ထုံးစံအတိုင်း။ ငွေစက္ကူအစစ်ဆယ်တန်တစ်ရွက်ကို ငွေတစ်ထောင်နှင့်ရောင်းသွားခြင်းသာဖြစ် ပါသည်။ ထို့ထက်ရှင်းအောင်ပြောရဦးမည်ဆိုလျှင်၊ တစ်ညမှာတစ်နေရာရာချိန်း။ ဆယ်တန်အစစ်တစ်ရွက်အောက် က ဆယ်တန်အတုထပ်။ တစ်ထောင်ထုပ်ဟုပြ( ဦးနေအေးမှာ ဓာတ်သတ္ထုဆေးဝါးများနှင့် အကျွမ်းတဝင်ရှိ၍ အသေး စားစက်မှုလက်မှုကိုတတ်သည် ဟုဖော်ပြခဲ့ပါပြီ) အပေးအယူပြီးပြီးချင်း စာသင်နှင့်ပုလိပ်(ရှေးအခေါ်)တွေက-လာ။ ဦးနေအေးနှင့် ဗလဲ့ဘ၊ပြေးကြ။ ဘယ်ကပုလိပ်နှင့်စာသင်ကြီးတို့လဲ။ မေးနေဖို့မလွယ်ပါ။ ဒါရိုက်တာကြီးဦးနေအေး၌ ဇာတ်ရံ၊ ဇာတ်ဆောင်အမျိုးသား၊ အမျိုးသမီးများအမြဲရှိပါသည်။

ဗလဲ့ဘကို”ချ”ပြီးသည့်နောက်ရက်မှာပင် ဦးနေအေးတစ်ယောက် ကျိုက်လတ်မှကိုယ်ရောင်ဖျောက်ရပါသည်။ မ ဖျောက်၍လည်းမဖြစ်။ ဗလဲ့ဘကရန်ကုန်မှ နွားသတ်သမားကုလားကိုခေါ်ပြီး၊ နေအေးကိုပြ၍အသတ်ခိုင်းရမှာက ဗ လဲ့ဘတာဝန်။ ဘယ့်နှယ့်-မြန်မာတွေမျက်တောင်ပေါ်စြင်္ကန်လျှောက်မြန်မာ့သွေးစုပ်ပြီး ၊မြန်မာ့ဂုတ်ပေါ်ထိုင် ၊မြန်မာ မတောင်ယူထားနိုင်တဲ့ ဗလဲ့ဘ။ မြန်မာကလိမ်တာကို ငြိမ်ခံနေပါ့မလား။

ဦးနေအေးမှာတော့ ဒေးဒရဲ ၊ဖျာပုံ၊ ဘိုကလေး၊ မအူပင်၊ မော်လမြိုင်ကျွန်းမြို့တွေမှာ ဗလဲ့ဘတို့နှင့် ပျော်ပျော်ပါး ပါးလိုက်တမ်း ၊ပြေးတမ်းကစားနေရသည်။ ဗလဲ့ဘတို့ကရှာမတွေ့သည့်အဆုံး၊ ပျံလေတဲ့ငှက်ခါး နားလာသည့်၊ အချိန် ထိကျိုက်လတ်ကပြန်စောင့်နေသည်။ ယင်းသည့်အခြေအနေ၌ အချိန်ကုန်၊ငွေကုန်လာသည့်ဦးနေအေးမှာ ၊ပြေးစရာ မရှိ၊ပျံစရာလည်းငွေမရှိတော့သည့်အတွက်၊ ကျိုက်လတ်ကိုပင်ပြန်နားရချေတော့မည်။ သို့သော် ဗလဲ့ဘကကျိုက် လတ်မှာကျန်းမာချမ်းသာစွာရှိနေ၍တော့ ဦးနေအေးမလွယ်။ တကယ်တော၊့ ဦးနေအေးကဇာတိ။ ဗလဲ့ဘက အရပ် တစ်ပါးကကပ်ပါး။ သွားချင်းသွားလျှင် ဗလဲ့ဘသာကျိုက်လတ်ကခွာရမည်။

ကဲ-ဦးနေအေး။ ဖြည်းဖြည်းသာကြံပေ ရော့။
“ဖွားသင်ရယ်- နင်နဲ့ငါတို့ဟာတစ်ရပ်ထဲနေ ၊တစ်ရေထဲသောက်။ငါ့မျက်စိအောက်မှာ နင်ကြီးလာတာပါ။ ပုပု၀၀ ဖြူဖြူဖွေးဖွေးရေဆေးငါးလို၊ နင်ကအသားမည်းမည်း ဗိုက်ရွဲရွဲ၊ နားပေါက်ကျယ်ကျယ် ချစ်တီးလူလည်လို၊ မယားငယ် လို၊ ရွက်ပုန်းသီးနေရတာ အသည်းနာစရာကောင်းလိုက်တာဟယ်။ နင်တကယ်ပဲကွမ်းသွေးတဗျစ်ဗျစ်ကြီးကိုချစ် နေတာလား”
ဦးနေအေးကကျိုက်လတ်ကို တိတ်တခိုးပြန်လာပြီး၊ မဖွားသင်ကို မျက်ရယ်ခံ ထိုးလိုက်သည်။

“နံနံစော်စော်၊ချစ်တီးကုလားကို ဘယ်လက်ခံချင်ပါ့မလဲကိုနေအေးရယ်၊ ကျွန်မအိမ်ကို နှစ်ထောင်နဲ့အပေါင်ဆုံးထားတာ။ ဘယ့်နှယ်လုပ်မလဲ့။ စားဖို့က တစ်လ သုံးဆယ်ထောက်နေသေးတယ်။ ကျွန်မလဲရှက်တော့ ရှက်သားပေါ့”

“ဒီမှာမဖွားသင်-နင့်အိမ်ဂရံအပေါင်စာချုပ်လဲ နင်ပြန်ရမယ်။ ငွေပိုလဲ ငါးရာလောက်နောက်ထပ်ရဦးမယ်ဆိုရင် ငါပြောတာ နင်လုပ်မလား”

“အမယ်လေး-အိမ်ဂရံသာပြန်ရမယ်ဆိုရင် ငွေငါးရာတောင်မပါချင်နေပါစေတော်၊ ဘယ်လိုလုပ်ရမှာလဲ သူ့ကိုတော့ မသတ်ဝံ့ဘူးနော့်”

“ဟဲ့-သူ့သတ်လို့ သူ့မှာရှိတဲ့စာချုပ်ပြန်ရပါတော့မလား။ ငါပြောမှာက ရာဇဝတ်မှုဖြစ်မယ့်ဟာမျိုး မဟုတ်ပါဘူး”

“ဒါဖြင့်ပြော့ဦးနေအေးကနှစ်ကိုယ်ကြားထဲ ပြောလိုက်ရာ မဖွားသင်က ခွက်ထိုးခွက်လန် ရယ်ပါတော့သည်။”

“ကဲ-ငါပြောတာ လွယ်လွယ်ကလေး မဟုတ်လား”
“အင်း့အင်း၊သူ့နားပေါက်ကြီးနဲ့ဆိုတော့”ဟုပြောပြီး ဆက်ရယ်လိုက်ပြန်သည်။

ညရှစ်နာရီလောက်ဆိုလျှင်မဖွားသင်နေသည့်၊ ရပ်ကွက်မှာလူသွားလူလာစဲပြီ။ ထိုအချိန်ကား ဗလဲ့ဘဆောင်တော် ကူးချိန်တည်း။ ဆယ်နာရီဆိုလျှင် ဗလဲ့ဘပြန်ရသည်။ မပြန်၍မဖြစ်။ သူ့အထက်က သူဋ္ဌေးချစ်တီးကြီးများကို ၊ကြောက် ရသည်။ လက်အောက်ငယ်သား၊ စာရေးစာချီ၊ချစ်တီးများလောက်တော့၊ ဗလဲ့ဘကသိမ်းသွင်းထားနိုင်သည်။ သိသာ သိစေ။ မမြင်စေနှင့်။ အဲ-ရုပ်ရှင်တို့လို၊ဘုရားပွဲတို့လိုရှိလျှင်တော့ တစ်ဆယ့်နှစ်နာရီလောက်အထိ၊နေနိုင်ပါ၏။

မဖွားသင်က မုန့်ဟင်းခါးခေါက်ဆွဲ၊ကျွေးလျှင်စားသည်။ ပဲဟင်းနှင့်ငါးပိကြော်ကို အလွန်ခံတွင်းတွေ့သောဟူ၏။ ဘိလပ်ရည်၊ ကော်ဖီနှင့်ပြုစုသည့်အခါလည်းရှိသည်။ မဖွားသင်အပေါ်၊ ဗလဲ့ဘကောင်းရှာသည်မှာ ဒါကလေးတွေကြောင့်လည်း အပါအဝင်ထင်ရဲ့။ စူရတီကြက်သွေးရောင်လုံချည်ကလေးများ ၊ တာဖက်တာ အစကလေးများရှန်တဘက်ကလေး များယူလာပေးသည်လည်းရှိသည်။ လစဉ်မှာတော့ငွေဒင်္ဂါး၊အပြားသုံးဆယ်တိတိ။

“အရာ(ကိုကို)ကျွန်မဆီ မလာတာ လေးငါးရက်၊ရှိနေပြီနော်” ဟုမဖွားသင်က၊ကလူလိုက်သည်။ ဤသို့ပြောရင်းဗလဲ့ဘ၏ လက်သန်းလုံးလောက်ကျယ်သော၊ နားပေါက်ကြီးတွေကိုမြင်၍ ဦးနေအေးစကားကိုသတိရကာ၊ ခိုးခိုးခစ်ခစ်ရယ်လိုက်မိသည်။

“အရာ၊ဘာဖြစ်လို့မလာသလဲသိလား၊ အရာမှာငွေအခက်အခဲရှိနေပြီ တစ်ထောင်လောက်စာရင်းကွာနေတယ်။ အရာအားကြီးစိတ်ညစ်ရတယ်။ထမင်းမစားနိုင်ဘူး။”

“စိတ်ညစ်ရင် ဖွားသင်ဆီ လာပေါ့၊ ဒီကို လာရင်အရာ ပျော်တယ်မဟုတ်လား အရာ” ဤသို့အိပ်ခန်းထဲမှာယှဉ်တွဲမိကြပါပြီ။ ဗလဲ့ဘကစိတ်မောလူမောပက်လက်နေလျက်။ မဖွားသင်ကတီတီတာ တာသာယာချစ်တင်းဆိုလျက်။ လက်က ခေါင်းကိုပွတ်ပေးသည်။ မျက်နှာကိုလည်းသပ်ပေးသည်။ ထို့နောက ်တော့နားပေါက်ကြီး၊ မဖွားသင်ကနားပေါက်ထဲသို့ သူ့လက်သန်းလေးထိုးသွင်း ကစားရင်း-

“အရာ-ငယ်ငယ်က နားကပ်အကြီးကြီးဝတ်ရတယ်၊ ထင်တယ်ဟုတ်လား ဟုကနွဲ့ကရမေးနေသည်ကို ဗလဲ့ဘက အရသာခံရင်းခံရင်း ခေါင်းညိတ်ပြလိုက်၏။”

“အခုတော့ နားကပ် မဝတ်တော့ဘူးလား”
“အခု လူကကြီးလာပြီပဲ”

“လူကကြီးလာရင် နားကပ်လဲ ကြီးကြီးပန်ပေါ့၊ ကဲ-ကျွန်မပန်ပေးမယ်” ဗလဲ့ဘအဖို့တော့ ၊အေးစက်စက်ပစ္စည်းတစ်ခု၏၊ အတွေ့အထိကိုခံလိုက်ရပြီး ချောက်ဆိုသောအသံသာကြားလိုက် ရသည်။ ကမန်းကတန်းနားကို၊ စမ်းလိုက်တော့ သုံးလက်မလောက်၊ သော့ခလောက်တစ်ခု။ ဗလဲ့ဘငေါက်ကနဲ ထထိုင်လိုက်ပြီးအကြီးအကျယ်ဒေါသဖြစ်ပါလေတော့သည်။

“မဖွားသင်-နင်ဘယ့်နှယ်လုပ်လိုက်တာလဲ၊ ဒါမကောင်းဘူး၊ အားကြီးမကောင်းဘူး ၊မြန်မြန်ဖြုတ်၊မြန်မြန်ဖြုတ်” (ဟုတ်မဟုတ်တော့မသိ။ချစ်တီးအမျိုးကြီးသူတို့မှာ၊ အနှောင်အဖွဲ့တစ်ခုခုကို ခံရလျှင်ဇာတ်ပျက်သည်ဟု ကြားဖူးသည်။)

ဘာပဲဖြစ်ဖြစ်အမြင်မတော်၊ ဆင်တော်နှင့်ခလောက်ဖြစ်နေသည်ကတော့၊ ဗလဲ့ဘမှာလက်ငင်း။ သော့ခလောက်က လေး၍နားပေါက်ကပိုပြီးတွဲရွဲကျနေသည်။ အစကကျီစယ်သည်ထင်သော်လည်း၊ မဖွားသင်က အိပ်ရာပေါ်ကထပြေး သောကြောင့်၊ဗလဲ့ဘမှာ မျက်စိမျက်နှာ ပျက်လာသည်။ ကြာတော့ငိုမဲ့မဲ့ဖြစ်လာသည်။ အိပ်ရာဘေးက မှန်ကလေးယူကြည့်လိုက်သည်။ အလားလားလား။ ရာမဘုရားကယ် တော်မူပါ။ သီတာရော၊လက္ခဏရော၊ ဟနုမာန်ပါကယ်တော်မူကြပါ။ ခေါင်းတုံးတိုတို၊မျက်လုံးပြူးပြူး၊ ပါးစပ်ကျယ် ကျယ်မှာနားတစ်ဖက်က ဂျာမနီလုပ်သော့ခလောက်ကြီးတန်းလန်း။ ဗလဲ့ဘကချော့မရသော၊ ဖွားသင်ကိုလိုက်ဖမ်း သည်။ ဖွားသင်ကရှောင်ရင်းပြေးရင်း

“လူတွေကြားအောင် အော်လိုက်မနော်” ဟုခြိမ်းချောက်သည်။

“မလုပ်ပါနဲ့ ဖွားသင် ငါ့ကိုသော့ပေးပါ”
“ကျွန်မဆီမှာ သော့မရှိဘူး”

“သော့မရှိဘဲနဲ့ ဘာဖြစ်လို့ခတ်လိုက်သလဲ၊နင်ဘာလိုချင်လဲပြော၊ငါချက်ချင်း ပေးမယ်။”
“ကျွန်မအိမ်ဂရံနဲ့ စာချုပ်”

“ဟရေး-ဟရေးဘာဘာ၊နင်တကယ်ပြောတာလား ဒုက္ခပဲ”
“တကယ်ပေါ့၊ငွေလဲငါးရာ ထပ်ပေးရဦးမယ်” “ကဲ-ပေးမယ် ပေးမယ်၊အခုမြန်မြန်ဖြုတ်ပေးပါ”

“အမယ်-ဒီလိုနဲ့ ဘာရမလဲ၊ စာချုပ်နဲ့ေ ငွငါးရာပြန်ယူချေ။ ဒါတွေရမှ သော့ပေးမယ်”
“ငါဒီလိုပြန်သွားလို့ဘယ်ဖြစ်မလဲ၊ လူတွေမြင်သွားမှာပေါ့၊ ငါ့ကိုသနားပါဖွားသင်၊ဘုရား၊ ဘုရား”

“ဟောဒီရှန်တဘက်ကို ခေါင်းမြီးခြုံသွား ၊မြန်မြန်ပြန်လာရင် မြန်မြန်ပေးမယ်” ဗလဲ့ဘနေရာမှာကိုယ်ချင်းစာကြည့်ကြစမ်းပါ။ ဘယ်လိုလွတ်ပေါက်ရှာမလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ဆယ် လောက်ကဗလဲ့ဘကြီးကတော့၊စေသည့်ကျွန်ထွန်သည့်နွားလို၊ သူပေးထားသည့် ရှန်တဘက်ကလေး၊ခေါင်း ပေါ်တင်ကာ အလျင်အမြန်ပြေးပြီး၊ အိမ်ဂရံနှင့်ငွေငါးရာကို၊ မျက်ရည်ယိုရွဲ ငိုပွဲဆင်၍ပေးခဲ့ရသောဟူ၏။

လေးငါးရက်မှမကြာပါချေ။ ဗလဲ့ဘရန်ကုန်ပြောင်းရပြီး ၊မဖွားသင်က ဦးနေအေးအား ၊ငွေသုံးရာ၊ ဉာဏ်ပူဇော် ကန်တော့သည်ဟုသတင်းကြားရပါသည်။ မယုံလျှင်ပုံပြင်သာမှတ်ကြပါတော့ဟု၊ ဆိုရလောက်အောင် အလိမ်ဉာဏ်ကောင်းသောကိုနေအေးအကြောင်း တွေအများကြီးကျန်နေလိမ့်ဦးမည်ဟု ကျွန်တော်ပြောရဲသည်။ ကျွန်တော်တို့၏ဘွားအေကိုယ်တိုင်၊ နေအေးမှန်း လည်းသိလျက်၊ လိမ်လိမ့်မည်ဟုဆိုသည်ကိုလည်း၊ သိလျက်ရိုးရိုးကလေးလိမ်သွားသည်မှာရိုးလွန်း၍ အကျယ် မသိုင်းဝိုင်းလိုတော့ပါ။ ကျွန်တော်မမှတ်တမိ၊မှတ်တမိအရွယ်ကဟုဆိုပါသည်။

ကျွန်တော်၏ဘွားအေအမည်ကဒေါ်ငြိမ်း၊ အမေကမမျှင်၊အဒေါ်ကမသင်၊ ဘွားအေကြီး၏မောင်အငယ်ဆုံးကမျက် မမြင်စောင်းဆရာကြီးဦးတုတ်ပေါ။ ဦးတုတ်ပေါမှာ ဦးပြုံးချိုကိုစောင်းသင်ပေးရသူဖြစ်၍ ဦးပြုံးချိုနှင့်တကွ ဦးကျော် ဒွန်း၊ ဦးနေအေးတို့ပါရင်းနှီးကြသည်။ ကျွန်တော်၏အမေနှင့် အဒေါ်ကဈေးရောင်းထွက်ကြ၍ ဘွားအေ၊ဘိုးအေနှင့် ကျွန်တော်ကအိမ်မှာနေရပါသည်။ တစ်နေ့တော့ ကိုနေအေးကမိုးသဲသဲရွာနေစဉ် အိမ်ကိုဝင်၍မိုးခိုပါသည်။ ဤတွင်ဘွားအေကစကားရှည်၍ နေအေး အားလိမ်သည်၊ ညာသည်မှာမကောင်းကြောင်းတရားချသည်။ သည်တော့ ကိုနေအေးကကြူကြူပါအောင် ငိုသည်။ နောင်တကြီးရပြီပေါ့။

“အမေပဉ္ဇင်းဒါယိကာမ လုပ်ပေးမည်ဆိုပါလျှင်၊ တစ်သက်လုံး သင်္ကန်းဝတ်နှင့် အရိုးထုတ်ပါတော့မည်”
“အမယ်လေး-မောင်မင်းကြီးသား။ကျုပ်ကို မလိမ်ချင်ပါနဲ့။ပဉ္ဇင်းခံပေးရအောင်၊ပိုက်ဆံလဲ မရှိပါဘူး”

“ကျွန်တော်အခုဓားပြမှု၊မသင်္ကာနဲ့ထောင်ကလွတ်လာတာပါ။ ဝေစုကလည်းအနည်းငယ် ၊မြေထဲမြုပ်ထားတာရ ှိပါတယ်။ အဲသည်ငွေကလေးနဲ့ပဲ လုပ်ပေးပါ။ အမေကတစ်ပြားမှစိုက်ပေးစရာမလိုပါ”ဟုပြောပြန်သည်။

“ကဲ-မင့်ငွေ ငါ့လက်ထဲရောက်လာတော့၊စီစဉ်ကြတာပေါ့”ဟု ဘွားအေကပါးနပ်စွာပြောသည်။ ဘိုးအေဦးတုတ်ပေါက “ဟယ်နင့်မလဲ၊နေအေးလိမ်တတ်မှန်းသိရက်နဲ့” ဟုဝင်၍သတိပေးသည်။

ကိုနေအေးက”ကျွန်တော့ငွေရောက်မှ ကျွန်တော့ကိုယုံကြပါအမေနဲ့ဦးလေးရယ်”ဟုဝမ်းပန်းတနည်းပြောပြီး မြှပ်ထားရာက ဖော်ထမ်းခဲ့ရအောင်၊ သံပုံးတစ်ပုံးသာ ပေးပါရန်တောင်းသည်။ ကျွန်တော်တို့အိမ်မှာရွှေဒင်္ဂါးရေနံဆီ၊ကုလားမခေါင်းရေနံဆီ၊ လက်လီရောင်းသောကြောင့်၊ သံဖြူပုံးအသစ်တွေ အများကြီးရှိသည်။ ဟိုခေတ်က၊သံဖြူပုံး အသစ်ကျပ်ချွတ်အရောင်တလက်လက်မှသုံးမတ်တစ်ကျပ်။ ထို့ကြောင့် ဘွားအေက၊ သံဖြူပုံး အသစ်တစ်လုံးပေးလိုက်သည်။ ကိုနေအေး မပေါ်လာတော့။ ကျွန်တော့်ဘွားအေကို၊ ဘိုးလေးကနေအေးအလိမ်ခံရပြီဟုလှောင်သည်။ကျွန်တော့်အမေကျွန်တော့အဒေါ်နှင့်အိမ် နီးနားချင်းကရယ်ကြသည့်အတွက်၊ကျွန်တော့်ဘွားအေ ဇတ်ဇတ်ကျဲမှာ၊အရှက်ကွဲလေတော့သည်။ နောက်တစ်နေ့ဘွားအေကြီးကသမီးများကိုထမင်းအပို့သွားနေကျဖြစ်ရာကိုနေအေးကိုသံဖြူလုပ်သည့်၊သံဖြူဆိုင် တန်းမှာစောင့်၍ဖမ်းတော့သည်။

“ဘယ့်နှယ်လဲကွဲ့၊မောင်နေအေး။ငွေကလေးတစ်ကျပ်တစ်ပြားတောင်းယူလဲအရသားနဲ့ကွယ်။ လိမ်စရာမရှိ၊ကိုယ့်ပေါင်ကိုယ်ပြန်လိမ်ရသလား”ဟုရန်တွေ့လိုက်ရာ

“လိမ်တာမဟုတ်ပါဘူးအမေရာ၊ဘုရားပေးပေးကျမ်းပေးပေးကျိန်ပါ့မယ်”
“ဒါဖြင့်ဘာလို့မလာတာလဲ”

“အမေရေ-မြေထဲရှိတဲ့ရွှေငွေပစ္စည်းများ ဘုမ္မစိုးပိုင်တယ်ဆိုတာအခုမှ ကျွန်တော့ကိုယ်တွေ့။ အမှတ်တရကျွန်တော်မြှပ်ထားခဲ့တာ၊ နေရာရွေ့သွားလို့ မတွေ့ရတော့ဘူးအမေရဲ့”
“ဒါဖြင့်ငါ့သံဖြူပုံးပြန်ပေး”

“အမေရယ်-ဒီလောက်ကလေးကတော့ကျွန်တော့ကိုစွန့်ကြဲလိုက်ပါတော့။ ဟောဒီမှာရေနံဆီမီးခွက် ကလေးတွေ လုပ်ရောင်းနေရပါပြီ”
“သေချင်းဆိုး ဖိနပ်စာ” ကျွန်တော့ဘွားအေက ဒါလောက်ပဲဆဲရုံတတ်နိုင်တော့သည်။သူကတော့ တပြုံးပြုံး တဟဲဟဲ။ လောကမှာလိမ်ခြင်း၊ညာခြင်းမကောင်း။ထို့ထက်အလိမ်အညာခံရခြင်းကပို၍မကောင်း။ ဤအတိုင်းဆို လျှင်လိမ်နည်း၊ညာနည်းတွေကို၊ကြိုတင်သိနိုင်ထားခြင်းက ပို၍ပို၍မကောင်းလေလား။ ကောင်းလေလား။

သုခ

(ဒီထက်ပိုပြီး ဦးနေအေးရဲ့ လိမ်နည်းတွေကို ဖတ်ချင်သေးရင် ဦးပြုံးချိုရေးထားတဲ့ နေဧလိမ်နည်း ဆိုတဲ့ စာအုပ်ကို ဖတ်ရှု့ကြပါရန်..နေအေးလိမ်နည်းစာအုပ်ရှာလို့မရရင်ပြောပါ)

(တင်ပေးတဲ့ Peace For Burma (မြန်မာပြည်ကိုလွမ်းတယ်ဘလော့ အားကျေးဇူးတင်ရှိကြောင်းပါ)

Creidt : thtazone

LEAVE A REPLY