Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယားႏိုင္ငံ နာမည္ေက်ာ္ Kpop အဆိုေတာ္အဖြဲ႕ Blackpink မွ အငယ္ဆုံးအဖြဲ႕ဝင္ ထိုင္းမေလး Lisa ဟာဆိုရင္ Blinks ေတြအတြက္ fashion icon လို႔ တင္စားေခၚေဝၚေနရသူတစ္ဦးပါပဲ။ Lisa ဟာ လတ္တေလာ အင္စတာဂရမ္မွာ ဓာတ္ပုံတင္ရင္း ႐ိုးရွင္းတဲ့ ဖက္ရွင္တစ္ခုကို ပရိတ္သတ္ကို မိတ္ဆက္ေပးလိုက္ပါၿပီ။ Lisa မိတ္ဆက္ေပးလိုက္တဲ့ ဖက္ရွင္က ဘယ္လိုျဖစ္မယ္ဆိုတာ သိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ရေအာင္။

Lisa ဟာၿပီးခဲ့တဲ့ႏွစ္က Sweden ႏိုင္ငံ၊ Stockholm လမ္းမထက္မွာ ဖက္ရွင္က်လွပတဲ့ ပုံရိပ္ေတြကို ပရိတ္သတ္နဲ႔အတူ အင္စတာဂရမ္မွာ ေဝမွ်လာပါတယ္။ Lisa ရဲ႕ဓာတ္ပုံအရ blinks တို႔ဟာ Lisa ရဲ႕ အက်ႌကို စိတ္ဝင္တစား အြန္လိုင္းမွာ ရွာေဖြလာၾကရာက ၾသစေတးလ် ဖက္ရွင္ အမွတ္တံဆိပ္တစ္ခုျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။

 

 

Lisa ကိုခ်စ္တဲ့ ပရိတ္သတ္ေတြအေနနဲ႔ Lisa ဝတ္တဲ့အက်ႌကို အျမတ္တႏိုး သိမ္းထားခ်င္ၾကမွာပါပဲ။ အဆိုပါ Fonda Top အမွတ္တံဆိပ္ အက်ႌဟာ အင္စတာဂရမ္မွာ Lisa ဝတ္ျပအၿပီး သုံးရက္အၾကာမွာ အကုန္ ေရာင္းထြက္သြားခဲ့ပါတယ္။

Lisa ဝတ္ျပလိုက္တဲ့ Fonda Top အမွတ္တံဆိပ္ အက်ႌရဲ႕ တန္ဖိုးကေတာ့ အေမရိကန္ေဒၚလာ ၁၂၉ ျဖစ္ၿပီး Blinks ေတြအေနနဲ႔ ေႏြရာသီမွာ ဝတ္ဆင္ဖို႔အေကာင္းဆုံး အက်ႌတစ္ထည္ ျဖစ္ေၾကာင္းျဖစ္ႏိုင္ပါလိမ့္မယ္။ Lisa ဝတ္ျပလိုက္တဲ့ ဖက္ရွင္ဟာ အၿမဲတမ္းလိုလို လူငယ္ေတြၾကားမွာ trend တစ္ခုျဖစ္သြားေတာ့တာပါပဲ။

Lisa တစ္ေယာက္ လူငယ္ေတြၾကားမွာ ေရပန္းစားဦးမယ့္ေနာက္ထပ္ ဘယ္လို trend ေတြကို ဝတ္ဆင္ျပဦးမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

မျက်စိတစ်မှိတ်အတွင်းမှာ အကုန်အရောင်းထွက်သွားတဲ့ Lisa ဝတ်ပြလိုက်တဲ့အင်္ကျီ

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Blackpink မှ အငယ်ဆုံးအဖွဲ့ဝင် ထိုင်းမလေး Lisa ဟာဆိုရင် Blinks တွေအတွက် fashion icon လို့ တင်စားခေါ်ဝေါ်နေရသူတစ်ဦးပါပဲ။ Lisa ဟာ လတ်တလော အင်စတာဂရမ်မှာ ဓာတ်ပုံတင်ရင်း ရိုးရှင်းတဲ့ ဖက်ရှင်တစ်ခုကို ပရိတ်သတ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ Lisa မိတ်ဆက်ပေးလိုက်တဲ့ ဖက်ရှင်က ဘယ်လိုဖြစ်မယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

Lisa ဟာပြီးခဲ့တဲ့နှစ်က Sweden နိုင်ငံ၊ Stockholm လမ်းမထက်မှာ ဖက်ရှင်ကျလှပတဲ့ ပုံရိပ်တွေကို ပရိတ်သတ်နဲ့အတူ အင်စတာဂရမ်မှာ ဝေမျှလာပါတယ်။ Lisa ရဲ့ဓာတ်ပုံအရ blinks တို့ဟာ Lisa ရဲ့ အင်္ကျီကို စိတ်ဝင်တစား အွန်လိုင်းမှာ ရှာဖွေလာကြရာက သြစတေးလျ ဖက်ရှင် အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Lisa ကိုချစ်တဲ့ ပရိတ်သတ်တွေအနေနဲ့ Lisa ဝတ်တဲ့အင်္ကျီကို အမြတ်တနိုး သိမ်းထားချင်ကြမှာပါပဲ။ အဆိုပါ Fonda Top အမှတ်တံဆိပ် အင်္ကျီဟာ အင်စတာဂရမ်မှာ Lisa ဝတ်ပြအပြီး သုံးရက်အကြာမှာ အကုန် ရောင်းထွက်သွားခဲ့ပါတယ်။

Lisa ဝတ်ပြလိုက်တဲ့ Fonda Top အမှတ်တံဆိပ် အင်္ကျီရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၂၉ ဖြစ်ပြီး Blinks တွေအနေနဲ့ နွေရာသီမှာ ဝတ်ဆင်ဖို့အကောင်းဆုံး အင်္ကျီတစ်ထည် ဖြစ်ကြောင်းဖြစ်နိုင်ပါလိမ့်မယ်။ Lisa ဝတ်ပြလိုက်တဲ့ ဖက်ရှင်ဟာ အမြဲတမ်းလိုလို လူငယ်တွေကြားမှာ trend တစ်ခုဖြစ်သွားတော့တာပါပဲ။

Lisa တစ်ယောက် လူငယ်တွေကြားမှာ ရေပန်းစားဦးမယ့်နောက်ထပ် ဘယ်လို trend တွေကို ဝတ်ဆင်ပြဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Credit : popolay

LEAVE A REPLY