Zawgyi ဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်

လိုသုးံ

တခါတလေလည်းမအားဘူး မအားဘူး ဆိုတဲ့လူတွေတခြားလူတွေနဲ့ အားနေတာမြင်ရတော့
သူတို့အတွက် အမြဲအားခဲ့မိတဲ့ကိုယ်ကိုကိုယ်ပြန်ရှက်မိတယ်…

‘တရက်တွေ့ဦးမယ်’ဆိုတဲ့စကားဟာဖုန်းချခါနီး ဝတ်ကျေတမ်းကျေပြောတဲ့စကားတစ်ခွန်းဖြစ်မှန်းဘယ်တော့မှမတွေ့ဖြစ်ကြတော့တဲ့အခါမှနားလည်လာတယ်….

ကိုယ်က အားပါတယ်ဆိုတဲ့စကားဟာသိပ်အရေးမကြီးတဲ့ကိစ္စလေးတွေကိုရွှေ့လိုက်ပြီးသူတို့အတွက်အချိန်ပေးလိုက်တာဖြစ်ပေမယ့်သူတို့ အားတယ်ဆိုတဲ့စကားဟာကိုယ့်ဆီကတစ်ခုခုအကူအညီယူချင်လို့ပဲဆိုတာသိလာတယ်….

အပေါ်ယံသက်သက်လာပေါင်းတဲ့လူတွေအတွက်ကိုယ်က ဦးနှောက်ထဲထည့်ထားပေမယ့်
သူတို့စိတ်ကူးထဲက VIP တွေထဲကိုယ်မပါဘူးဆိုတာသိလိုက်တဲ့အချိန်မှာတကယ်ကိုကျေကျေနပ်နပ်ပြုံးမိတယ်လူတွေအကြောင်းကိုလူတွေကပဲ သင်ပေးတယ်

လိုသုံး လာလာလုပ်တဲ့လူတွေကိုလိုရင်တောင်မသုံးတော့ဖို့ကြိုးစားရဦးမယ်….

Credit to Original Writer

LEAVE A REPLY