Zawgyi ျဖင့္ဖတ္ရန္

 

လူတိုင္းဟာ အခ်စ္နဲ႔ေတြ႕တဲ့အခါ အရင္တုန္းက အမွန္လို႔ ယူဆထားတာေတြကို အမွားလို႔ ျမင္လာၾကသလို အရင္တုန္းက ဒါ မဟုတ္ဘူး၊ မျဖစ္ႏိုင္ဘူးလို႔ ေသခ်ာေနၿပီးသား အရာေတြကိုေတာင္ ဒါအမွန္၊ ျဖစ္ကိုျဖစ္ႏိုင္တယ္လို႔ ျမင္လာ ၾကပါၿပီ။ ဒီအခ်က္မွာ ပညာေလးနဲ႔ယွဥ္၊ ဦးေႏွာက္ေလးနဲ႔ယွဥ္ၿပီးေတာ့သာ ႏွလုံးသားအလိုကို လိုက္ရမွာပါ။ မ်က္လုံစုံးကန္းေနသလို ခ်စ္ျခင္းမ်ိဳးဆိုရင္ေတာ့ သင့္အတြက္ တစ္ခ်ိန္မွာ နာက်င္စရာေတြနဲ႔ ႀကဳံလာႏိုင္ပါတယ္။ ဒီေတာ့ ကိုယ္တြဲမယ့္သူဟာ ဘယ္လိုအေျခအေနေလးလဲဆိုတာ သုံးသပ္ခန႔္မွန္းရင္ ဒီအယူအဆေတြကို လုံးဝစြန႔္လႊတ္ၾကဖို႔ တိုက္တြန္းပါရေစ။

၁။ကိုယ့္ခ်စ္သူက ဘာမွသက္ေသမျပႏိုင္ရင္ေတာင္ ကိုယ့္ကို ခ်စ္တယ္တဖြဖြေျပာေနရင္ ေက်နပ္ေနတာမ်ိဳး

မိန္းကေလးေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ခ်စ္သူက အေျပာေလးေကာင္းၿပီး ကိုယ့္ကို ပါးစပ္ေလးနဲ႔ ခ်စ္ျပရင္ ေက်နပ္ေနတတ္ၾကပါတယ္။ သစၥာရွိရွိသာေန တစ္ျခားဘာမွမလုပ္ရင္ေတာင္ ရွာေကြၽးထားခ်င္တတ္ၾကတဲ့အထိကို ခ်စ္တာပါ။ ဒါေပမယ့္ ဒီအရာေတြက တကယ္ေတာ့ မိုက္႐ူးရဲဆန္လြန္းတယ္ဆိုတာ ကိုယ့္ကိုယ္ကို ျပန္လည္သုံးသပ္ဖို႔ေတာ့ လိုပါလိမ့္မယ္။ အထူးသျဖင့္ သင့္ကို ဘာလုပ္ျပမယ္၊ ဘယ္အခ်ိန္မွာ ဘာလုပ္ဖို႔ အစီအစဥ္ရွိတယ္ စသျဖင့္ ကတိေတြေပးၿပီး တစ္ခါမက၊ ႏွစ္ခါမက ဘာမွျဖစ္မလာဘူးဆိုရင္ ဒီလို ခ်စ္သူမ်ိဳး ေရရွည္အတြက္ လက္မတြဲသင့္ပါဘူး။ သူက ကိုယ့္ကို ေနာက္ပိုင္းလည္း အေျပာခ်ိဳခ်ိဳေလးနဲ႔ပဲ ႏွပ္ခ်ေနဦးမွာပါပဲ။

၂။အခ်စ္ဆိုတာ ေပးဆပ္ဖို႔ သပ္သပ္လို႔ ယူဆထားတာမ်ိဳး

ဘယ္အရာမဆို အေပး၊ အယူ ဆိုတာရွိၾကပါတယ္။ အေပးအယူမွ်မွလည္း ေရရွည္မွာ အဆင္ေျပႏိုင္မွာပါ။ အခ်စ္ေရးမွာလည္း ဒီလိုပါပဲ။ တစ္ဖက္တည္းကခ်ည္း စြန႔္လႊတ္အနစ္နာခံေနဖို႔ မလိုပါဘူး။ အလွည့္ဆိုတာရွိမွ ၾကာရွည္ လက္တြဲသြားႏိုင္မွာပါ။

၃။ႀကိဳတင္တြက္လို႔ရေနတဲ့ အခ်စ္ေရးဟာ ပ်င္းဖို႔ေကာင္းတယ္ဆိုတာမ်ိဳး

ကိုယ္သေဘာက်ေနတဲ့ ေကာင္ေလးက ႐ိုးသားတဲ့ပုံေလးမို႔ သူနဲ႔တြဲရမွာ ပ်င္းစရာေကာင္းတယ္လို႔ ထင္ခ်င္ထင္ေနမွာပါ။ ဒီေတာ့ Player လို႔ လူသိမ်ားတဲ့ ခပ္မိုက္မိုက္နဲ႔ ေကာင္မေလးေတြ အသည္းကို ခြဲဖူးခဲ့တဲ့ ေကာင္ေလးကို ေ႐ြးႀကိဳက္မယ္ဆိုရင္ အဆုံးသတ္ဟာ သင္ထင္သလို လွခ်င္မွ လွပါလိမ့္မယ္။ အႏၲရာယ္ကို ဘယ္ေတာ့မွ လက္ယက္မေခၚမိပါေစနဲ႔။

၄ကိုယ္ဘာလိုအပ္ေနတယ္ဆိုတာ ကိုယ္မေျပာပဲ သူသိသင့္တယ္ဆိုတာမ်ိဳး

တစ္ခါတစ္ေလ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ သူတို႔အလိုရွိတာ၊ စိတ္ဆႏၶရွိတဲ့အရာေတြကို ခ်စ္သူက အလိုက္သိ ျဖည့္ဆည္းႏိုင္ရမယ္ဆိုတဲ့ အေတြးေတြ ရွိေနတတ္ၾကပါတယ္။ သူတို႔လိုခ်င္တာကေတာ့ ကိုယ္က ဘာမွမဖြင့္ဟပဲနဲ႔ ေတာင္ အလိုက္သိလြန္းတဲ့ ခ်စ္သူမ်ိဳးေပါ့ေလ။။ ဒါမ်ိဳးက အခ်ိန္တိုင္းျဖစ္ႏိုင္ဖို႔ မလြယ္ပါဘူး။ မျဖစ္ႏိုင္တာလည္း မ်ားပါတယ္။ ဒါကို စိတ္ထဲစြဲၿပီး သင့္ခ်စ္သူကို သြားဆက္ဆံလို႔မရပါဘူး။ ကိုယ္ျဖစ္ခ်င္တာ၊ ေမးခ်င္တာ၊ သိခ်င္တာကို ဖြင့္ဟဖို႔ ႀကိဳးစားတာက ပိုျမန္ပါတယ္။

၅။ကိုယ္လုပ္ခ်င္တာေတြကို လ်စ္လ်ဴရႈၿပီး သူလုပ္ခ်င္တာေတြကိုသာ ျဖည့္ဆည္းေပးခ်င္တာမ်ိဳး

သိပ္ခ်စ္တတ္တဲ့သူမို႔ ကိုယ္လုပ္ခ်င္တာထက္ ကိုယ့္ခ်စ္သူ ျဖစ္ခ်င္တာကိုသာ ဦးစားေပးတာမ်ိဳးက ဘယ္ေလာက္ထိ လုပ္ႏိုင္မွာပါလဲ။ ဥပမာ ကိုယ္ဝါသနာပါတဲ့ အရာေတြ စြန႔္လႊတ္ၿပီး တစ္ဖက္လူအတြက္ သူ႔စိတ္ႀကိဳက္ေနထိုင္ျပဳမူေနရာတမ်ိဳးကလည္း တစ္သက္လုံး ျဖစ္ႏိုင္ပါ့မလား။ ဒီအရာဟာ ၾကာရင္ ျပသနာအႀကီးအက်ယ္ တက္ႏိုင္တဲ့ ကိစၥရပ္ပါ။

Credit:Trend Myanmar

Unicode ဖြင့်ဖတ်ရန်

သင့်အချစ်ရေးကို ပျက်ပြားစေမယ့် အယူအဆမှား (၅) မျိုး

လူတိုင်းဟာ အချစ်နဲ့တွေ့တဲ့အခါ အရင်တုန်းက အမှန်လို့ ယူဆထားတာတွေကို အမှားလို့ မြင်လာကြသလို အရင်တုန်းက ဒါ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူးလို့ သေချာနေပြီးသား အရာတွေကိုတောင် ဒါအမှန်၊ ဖြစ်ကိုဖြစ်နိုင်တယ်လို့ မြင်လာ ကြပါပြီ။ ဒီအချက်မှာ ပညာလေးနဲ့ယှဉ်၊ ဦးနှောက်လေးနဲ့ယှဉ်ပြီးတော့သာ နှလုံးသားအလိုကို လိုက်ရမှာပါ။ မျက်လုံစုံးကန်းနေသလို ချစ်ခြင်းမျိုးဆိုရင်တော့ သင့်အတွက် တစ်ချိန်မှာ နာကျင်စရာတွေနဲ့ ကြုံလာနိုင်ပါတယ်။ ဒီတော့ ကိုယ်တွဲမယ့်သူဟာ ဘယ်လိုအခြေအနေလေးလဲဆိုတာ သုံးသပ်ခန့်မှန်းရင် ဒီအယူအဆတွေကို လုံးဝစွန့်လွှတ်ကြဖို့ တိုက်တွန်းပါရစေ။

၁။ကိုယ့်ချစ်သူက ဘာမှသက်သေမပြနိုင်ရင်တောင် ကိုယ့်ကို ချစ်တယ်တဖွဖွပြောနေရင် ကျေနပ်နေတာမျိုး

မိန်းကလေးတော်တော်များများဟာ ကိုယ့်ချစ်သူက အပြောလေးကောင်းပြီး ကိုယ့်ကို ပါးစပ်လေးနဲ့ ချစ်ပြရင် ကျေနပ်နေတတ်ကြပါတယ်။ သစ္စာရှိရှိသာနေ တစ်ခြားဘာမှမလုပ်ရင်တောင် ရှာကျွေးထားချင်တတ်ကြတဲ့အထိကို ချစ်တာပါ။ ဒါပေမယ့် ဒီအရာတွေက တကယ်တော့ မိုက်ရူးရဲဆန်လွန်းတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ အထူးသဖြင့် သင့်ကို ဘာလုပ်ပြမယ်၊ ဘယ်အချိန်မှာ ဘာလုပ်ဖို့ အစီအစဉ်ရှိတယ် စသဖြင့် ကတိတွေပေးပြီး တစ်ခါမက၊ နှစ်ခါမက ဘာမှဖြစ်မလာဘူးဆိုရင် ဒီလို ချစ်သူမျိုး ရေရှည်အတွက် လက်မတွဲသင့်ပါဘူး။ သူက ကိုယ့်ကို နောက်ပိုင်းလည်း အပြောချိုချိုလေးနဲ့ပဲ နှပ်ချနေဦးမှာပါပဲ။

၂။အချစ်ဆိုတာ ပေးဆပ်ဖို့ သပ်သပ်လို့ ယူဆထားတာမျိုး

ဘယ်အရာမဆို အပေး၊ အယူ ဆိုတာရှိကြပါတယ်။ အပေးအယူမျှမှလည်း ရေရှည်မှာ အဆင်ပြေနိုင်မှာပါ။ အချစ်ရေးမှာလည်း ဒီလိုပါပဲ။ တစ်ဖက်တည်းကချည်း စွန့်လွှတ်အနစ်နာခံနေဖို့ မလိုပါဘူး။ အလှည့်ဆိုတာရှိမှ ကြာရှည် လက်တွဲသွားနိုင်မှာပါ။

၃။ကြိုတင်တွက်လို့ရနေတဲ့ အချစ်ရေးဟာ ပျင်းဖို့ကောင်းတယ်ဆိုတာမျိုး

ကိုယ်သဘောကျနေတဲ့ ကောင်လေးက ရိုးသားတဲ့ပုံလေးမို့ သူနဲ့တွဲရမှာ ပျင်းစရာကောင်းတယ်လို့ ထင်ချင်ထင်နေမှာပါ။ ဒီတော့ Player လို့ လူသိများတဲ့ ခပ်မိုက်မိုက်နဲ့ ကောင်မလေးတွေ အသည်းကို ခွဲဖူးခဲ့တဲ့ ကောင်လေးကို ရွေးကြိုက်မယ်ဆိုရင် အဆုံးသတ်ဟာ သင်ထင်သလို လှချင်မှ လှပါလိမ့်မယ်။ အန္တရာယ်ကို ဘယ်တော့မှ လက်ယက်မခေါ်မိပါစေနဲ့။

၄ကိုယ်ဘာလိုအပ်နေတယ်ဆိုတာ ကိုယ်မပြောပဲ သူသိသင့်တယ်ဆိုတာမျိုး

တစ်ခါတစ်လေ အမျိုးသမီးတော်တော်များများဟာ သူတို့အလိုရှိတာ၊ စိတ်ဆန္ဓရှိတဲ့အရာတွေကို ချစ်သူက အလိုက်သိ ဖြည့်ဆည်းနိုင်ရမယ်ဆိုတဲ့ အတွေးတွေ ရှိနေတတ်ကြပါတယ်။ သူတို့လိုချင်တာကတော့ ကိုယ်က ဘာမှမဖွင့်ဟပဲနဲ့ တောင် အလိုက်သိလွန်းတဲ့ ချစ်သူမျိုးပေါ့လေ။။ ဒါမျိုးက အချိန်တိုင်းဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ မဖြစ်နိုင်တာလည်း များပါတယ်။ ဒါကို စိတ်ထဲစွဲပြီး သင့်ချစ်သူကို သွားဆက်ဆံလို့မရပါဘူး။ ကိုယ်ဖြစ်ချင်တာ၊ မေးချင်တာ၊ သိချင်တာကို ဖွင့်ဟဖို့ ကြိုးစားတာက ပိုမြန်ပါတယ်။

၅။ကိုယ်လုပ်ချင်တာတွေကို လျစ်လျူရှုပြီး သူလုပ်ချင်တာတွေကိုသာ ဖြည့်ဆည်းပေးချင်တာမျိုး

သိပ်ချစ်တတ်တဲ့သူမို့ ကိုယ်လုပ်ချင်တာထက် ကိုယ့်ချစ်သူ ဖြစ်ချင်တာကိုသာ ဦးစားပေးတာမျိုးက ဘယ်လောက်ထိ လုပ်နိုင်မှာပါလဲ။ ဥပမာ ကိုယ်ဝါသနာပါတဲ့ အရာတွေ စွန့်လွှတ်ပြီး တစ်ဖက်လူအတွက် သူ့စိတ်ကြိုက်နေထိုင်ပြုမူနေရာတမျိုးကလည်း တစ်သက်လုံး ဖြစ်နိုင်ပါ့မလား။ ဒီအရာဟာ ကြာရင် ပြသနာအကြီးအကျယ် တက်နိုင်တဲ့ ကိစ္စရပ်ပါ။

Credit:Trend Myanmar

LEAVE A REPLY