Zawgyi ျဖင့္ဖတ္ရန္

မေကြးၿမိဳ႕နယ္ နံကပ္ ကြၽန္းေက်း႐ြာအုပ္စု သရက္ပင္ ကြက္ေက်း႐ြာ၌ ႏွစ္ေပါင္းတစ္ရာ ေက်ာ္ သက္တမ္းရွိ ေငြဒဂၤါး ၉၀၀ ေက်ာ္ ေတြ႕ရွိသျဖင့္ တာဝန္ရွိသူ မ်ားက လာေရာက္စစ္ေဆးခဲ့ ေၾကာင္း ယင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးျမဝင္းက ေျပာ သည္။ သရက္ပင္ကြက္ေက်း႐ြာရွိ အိမ္ဝိုင္းတစ္ခုတြင္ ဩဂုတ္ ၈ ရက္က အိမ္သာက်င္းတူးေဖာ္စဥ္ အလ်ား တစ္ေပခြဲ၊ အနံငါးလက္မ ရွိ သံေသတၱာျဖင့္ ထည့္ထားသည့္ ေငြဒဂၤါး ၉၂၉ ျပား ေတြ႕ရွိခဲ့သည္။

အဆိုပါ ေငြဒဂၤါးျပားမ်ား တြင္ ၁၈၈၄ က ထုတ္လုပ္သည့္ ေငြဒဂၤါးျပားတစ္ျပား ပါဝင္ၿပီး က်န္ ဒဂၤါးမ်ားမွာ ယင္းမွ ၁၉၂၀ အတြင္းထုတ္လုပ္ခဲ့ေၾကာင္း ဦးျမဝင္းက ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္ ေတြ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔ တာဝန္ရွိသူေတြ လာၿပီးေတာ့ စစ္ ေဆးပါတယ္။ ခုႏွစ္ေတြကို ၾကည့္ေတာ့ သက္တမ္းအမ်ားဆုံးက ႏွစ္တစ္ရာေက်ာ္ရွိတယ္။ ဒါေပမဲ့ ေရွးေဟာင္းအေမြအႏွစ္အျဖစ္ သတ္မွတ္လို႔ မရတဲ့အတြက္ ႏိုင္ငံ ေတာ္အေနနဲ႔ ဝယ္ယူထိန္းသိမ္း မွာမဟုတ္လို႔ ေတြ႕ရွိတဲ့ ပိုင္ရွင္ကို ပဲ ျပန္အပ္ႏွံခဲ့ပါတယ္’’ဟု ၎က ဆိုသည္။ ေရွးေဟာင္းပစၥည္းေတြ႕ပါ က ႏွစ္ ၁,၀၀၀ ေက်ာ္သက္တမ္း ရွိမွသာ အဆိုပါ ပစၥည္းကို စစ္ေဆးၿပီး ႏိုင္ငံေတာ္က ထိန္းသိမ္းရန္ လိုအပ္သည့္ လက္ရာႏွင့္ ေရွး ေဟာင္းအေမြအႏွစ္ျဖစ္လွ်င္ ပုံမွန္ေပါက္ေဈးအျပင္ ထပ္ေဆာင္း ကာ အဆ ၆၀ မွ အဆ ၈၀ အထိေပးဝယ္ေၾကာင္း မေကြးတိုင္း ေရွး ေဟာင္း သုေတသနဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေစာလြင္က ဆို သည္။

လယ္ယာေျမထဲမွာပဲျဖစ္ ျဖစ္၊ မိမိအိမ္ဝိုင္းထဲမွာပဲျဖစ္ျဖစ္ ေရွးေဟာင္းပစၥည္းေတြ႕ခဲ့ရင္ သက္ဆိုင္တဲ့သူေတြ၊ ဌာနေတြကို အေၾကာင္းၾကား အသိေပးရပါ မယ္။ ဒါကို စစ္ေဆးၾကည့္လို႔ ႏိုင္ငံေတာ္က ထိန္းသိမ္းရန္မရွိဆိုလို႔ ရွိရင္ မူလပိုင္ရွင္က ႀကိဳက္သလို အသုံးျပဳခြင့္ရွိပါတယ္’’ဟု ၎က ဆိုသည္။

ထို႔ေၾကာင့္ သက္ဆိုင္သည့္ ဌာနဆိုင္ရာတို႔က စစ္ေဆးၿပီး ေနာက္ ႏိုင္ငံေတာ္က ဝယ္ယူ ထိန္းသိမ္းရန္ မရွိသျဖင့္ ေတြ႕ရွိ သည့္ အိမ္ပိုင္ရွင္ ေဒၚဝါဝါဝင္းထံ ျပန္လည္ေပးအပ္ခဲ့ေၾကာင္း ဦးျမ ဝင္းက ေျပာသည္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မကွေးတွင် အိမ်သာကျင်းတူးစဉ် ရှေးဟောင်း ငွေဒင်္ဂါးပြား ရာချီတွေ့ရှိ

မကွေးမြို့နယ် နံကပ် ကျွန်းကျေးရွာအုပ်စု သရက်ပင် ကွက်ကျေးရွာ၌ နှစ်ပေါင်းတစ်ရာ ကျော် သက်တမ်းရှိ ငွေဒင်္ဂါး ၉၀၀ ကျော် တွေ့ရှိသဖြင့် တာဝန်ရှိသူ များက လာရောက်စစ်ဆေးခဲ့ ကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြဝင်းက ပြော သည်။ သရက်ပင်ကွက်ကျေးရွာရှိ အိမ်ဝိုင်းတစ်ခုတွင် ဩဂုတ် ၈ ရက်က အိမ်သာကျင်းတူးဖော်စဉ် အလျား တစ်ပေခွဲ၊ အနံငါးလက်မ ရှိ သံသေတ္တာဖြင့် ထည့်ထားသည့် ငွေဒင်္ဂါး ၉၂၉ ပြား တွေ့ရှိခဲ့သည်။

အဆိုပါ ငွေဒင်္ဂါးပြားများ တွင် ၁၈၈၄ က ထုတ်လုပ်သည့် ငွေဒင်္ဂါးပြားတစ်ပြား ပါဝင်ပြီး ကျန် ဒင်္ဂါးများမှာ ယင်းမှ ၁၉၂၀ အတွင်းထုတ်လုပ်ခဲ့ကြောင်း ဦးမြဝင်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ လာပြီးတော့ စစ် ဆေးပါတယ်။ ခုနှစ်တွေကို ကြည့်တော့ သက်တမ်းအများဆုံးက နှစ်တစ်ရာကျော်ရှိတယ်။ ဒါပေမဲ့ ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်လို့ မရတဲ့အတွက် နိုင်ငံ တော်အနေနဲ့ ဝယ်ယူထိန်းသိမ်း မှာမဟုတ်လို့ တွေ့ရှိတဲ့ ပိုင်ရှင်ကို ပဲ ပြန်အပ်နှံခဲ့ပါတယ်’’ဟု ၎င်းက ဆိုသည်။ ရှေးဟောင်းပစ္စည်းတွေ့ပါ က နှစ် ၁,၀၀၀ ကျော်သက်တမ်း ရှိမှသာ အဆိုပါ ပစ္စည်းကို စစ်ဆေးပြီး နိုင်ငံတော်က ထိန်းသိမ်းရန် လိုအပ်သည့် လက်ရာနှင့် ရှေး ဟောင်းအမွေအနှစ်ဖြစ်လျှင် ပုံမှန်ပေါက်ဈေးအပြင် ထပ်ဆောင်း ကာ အဆ ၆၀ မှ အဆ ၈၀ အထိပေးဝယ်ကြောင်း မကွေးတိုင်း ရှေး ဟောင်း သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောလွင်က ဆို သည်။

လယ်ယာမြေထဲမှာပဲဖြစ် ဖြစ်၊ မိမိအိမ်ဝိုင်းထဲမှာပဲဖြစ်ဖြစ် ရှေးဟောင်းပစ္စည်းတွေ့ခဲ့ရင် သက်ဆိုင်တဲ့သူတွေ၊ ဌာနတွေကို အကြောင်းကြား အသိပေးရပါ မယ်။ ဒါကို စစ်ဆေးကြည့်လို့ နိုင်ငံတော်က ထိန်းသိမ်းရန်မရှိဆိုလို့ ရှိရင် မူလပိုင်ရှင်က ကြိုက်သလို အသုံးပြုခွင့်ရှိပါတယ်’’ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် သက်ဆိုင်သည့် ဌာနဆိုင်ရာတို့က စစ်ဆေးပြီး နောက် နိုင်ငံတော်က ဝယ်ယူ ထိန်းသိမ်းရန် မရှိသဖြင့် တွေ့ရှိ သည့် အိမ်ပိုင်ရှင် ဒေါ်ဝါဝါဝင်းထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း ဦးမြ ဝင်းက ပြောသည်။

share from : burmese.asia

LEAVE A REPLY