Zawgyi ျဖင့္ဖတ္ရန္

 

ျမန္မာျပည္ထဲက ၿမိဳ႕ေလး တၿမိဳ႕ကို ေရာက္ေနတယ္ဆိုေပမယ့္ အေဆာက္အအုံေတြ၊ လမ္းေတြနဲ႔ ျမင္ကြင္းေတြ ေၾကာင့္ လားမသိ တ႐ုတ္ႏိုင္ငံထဲက ၿမိဳ႕တၿမိဳ႕ကို ေရာက္ရွိေနသလို ခံစားမိပါတယ္။ ၿမိဳ႕ေပၚမွာ အဓိက သုံးေနတဲ့ ဘာသာစကားကေတာ့ တ႐ုတ္ဘာသာ စကားျဖစ္ၿပီး ရွမ္း၊ အာခါနဲ႔ ျမန္မာစကားေတြ လည္း သုံးၾကတာ ေတြ႕ႀကဳံရပါတယ္။ ပိုက္ဆံကိုလည္း တ႐ုတ္ ယြမ္ေငြကို အဓိက အသုံးျပဳၿပီး ဖုန္းနဲ႔ တျခား အသုံး အေဆာင္ ပစၥည္းေတြကလည္း တ႐ုတ္ျဖစ္ေတြပါ။ လမ္းၫႊန္ဆိုင္းဘုတ္ေတြ၊ အေရာင္းစင္တာေတြနဲ႔ စားေသာက္ဆိုင္ေတြမွာ ဆိုရင္လည္း ျမန္မာလို တြဲေဖာ္ျပထားေပ မယ့္ တ႐ုတ္စာကို အဓိကထားပါတယ္။

ၿမိဳ႕တြင္း လမ္းေတြက သန႔္ရွင္းသပ္ရပ္ၿပီး ယာဥ္ေၾကာ ပိတ္ဆို႔မႈေတြ မေတြ႕ရတဲ့အတြက္ တေနရာနဲ႔ တေနရာသြားရ လာရ လြယ္ကူပါတယ္။ လမ္းေပၚမွာ လူအသြားအလာနည္းလို႔ ဒီၿမိဳ႕ကလူေတြ ဘယ္ေတြသြားေနၾကလဲ၊ ဘာေတြ လုပ္ေနလဲလို႔ေတာင္ ေတြးမိပါေသးတယ္။ ၿမိဳ႕အစြန္ေတာင္ေပၚဘုရားကေန ၾကည့္လိုက္ရင္ ေတာင္ေတြကာရံထားတဲ့ အလယ္မွာ တည္ေဆာက္ ထားတဲ့ ၿမိဳ႕ေလး ရဲ႕ အလွ နဲ႔ အထပ္ျမင့္ အေဆာက္အအုံေတြကို အေပၚစီးကေန ျမင္ရပါတယ္။ ၿမိဳ႕ေပၚမွာ ဟိုတယ္ေတြနဲ႔ ဂိမ္းဆိုင္ေတြ ကေတာ့ အမ်ားဆုံးလို႔ေတာင္ ေျပာရမလိုပါ။ ဇိမ္ခံ ေပ်ာ္ပါးစရာ ေရခ်ိဳးခန္းေတြ၊ ႏိုက္ကလပ္ေတြနဲ႔ စားေသာက္ဆိုင္ေတြလည္း ေပါသလို စိတ္ဝင္စားစရာ ေကာင္းတဲ့ လမ္းေဘး အကင္ဆိုင္ေလးေတြ လည္း မ်ားပါတယ္။

ညဘက္ဆိုရင္ တၿမိဳ႕လုံး လွ်ပ္စစ္မီးေတြ ထိန္ထိန္လင္းေနလို႔ မီးခဏခဏ ပ်က္ၿပီး လမ္းမီးေတာင္ လုံလုံေလာက္ ေလာက္ မေပးႏိုင္တဲ့ ရန္ကုန္-မႏၲေလးလို ၿမိဳ႕ႀကီးေတြရဲ႕ အျဖစ္ကို စိတ္ထဲ အားမလို အားမရ ျဖစ္လိုက္မိပါေသးတယ္။ ညပိုင္းမွာေတာ့ မိတ္ေဆြ တခ်ိဳ႕နဲ႔ အတူ မိုင္းလားၿမိဳ႕မ ေဈးႀကီးနားက နာမည္ႀကီး “နတ္သမီးလမ္း” ဆိုတဲ့ လမ္းကေလး ကို သြားလည္ျဖစ္ခဲ့ၾကပါတယ္။ အဲ့ဒီလမ္းေလးထဲကို စဝင္လိုက္ၿပီဆိုတာနဲ႔ လင္းအားေဖ်ာ့ေဖ်ာ့ ေရာင္စုံမီးလုံးေတြ ထြန္းထားတဲ့ အလင္းေရာင္ ေအာက္မွာ ေခတ္မီမီ ဝတ္စားထားတဲ့ အမ်ိဳးသမီးငယ္ေတြ ခုံေလးေတြနဲ႔ တန္းစီ ထိုင္ေနၾကတာကို ေတြ႕ရပါတယ္။

ေဘာင္းဘီတို၊ စကတ္တိုနဲ႔ သူတို႔ရဲ႕ ခႏၶာကိုယ္အလွကို ေပၚလြင္ေအာင္ ဖက္ရွင္က်က် ဝတ္ဆင္ ထားပုံ၊ မ်က္ႏွာအလွ ျပင္ဆင္ထားပုံေတြက ၿပိဳင္ပြဲဝင္ေတာ့မယ့္ ေမာ္ဒယ္ေတြ အလား ထင္ရပါတယ္။သူတို႔ေတြ အားလုံးဟာ ဧည့္သည္အလာကို ဆိုင္ေရွ႕က ခုံေတြေပၚမွာ ထိုင္ၿပီး ေစာင့္ေမွ်ာ္ေနၾကပုံပါ။လမ္းထဲကို ကားေကြ႕ဝင္လိုက္တာနဲ႔ ပထမဆုံးဆိုင္ရဲ႕ ေရွ႕မွာ ထိုင္ေနၾကတဲ့ အမ်ိဳးသမီးငယ္ေတြ ကားရွိရာကို ေရာက္လာၾကပါတယ္။ အသက္အ႐ြယ္ေတြ အရေတာ့ ၁၆၊ ၁၇ ကေန ၂၅၊ ၃၀ ဝန္းက်င္ေတြလို႔ ခန႔္မွန္းမိပါတယ္။သူတို႔ေတြက ကားကို ရပ္ခိုင္းၿပီး တံခါးဖြင့္ခိုင္းပါတယ္။ ကားမွန္ကို ခ်လိုက္ေတာ့ ေမႊးရနံ႔ေပါင္းစုံ သင္းခနဲ ဝင္လာပါ တယ္။ မိတ္ကပ္၊ အသားလိမ္းဆီနဲ႔ ေရေမႊးနံ႔ေတြျဖစ္ႏိုင္ပါတယ္။ကားထဲ ပါလာသူေတြကို အင္မတန္ ရင္းႏွီးေနၿပီးသား မိတ္ေဆြ ျပန္ေတြ႕ရတဲ့ အတိုင္း ေဖာ္ေဖာ္ ေ႐ြေ႐ြ ႏႈတ္ဆက္ၾက သလို ရည္းစားေဟာင္းနဲ႔ ျပန္ေတြ႕တဲ့ အလား လက္ေမာင္း၊ ခါးေတြကို ဆြဲဖက္ၿပီး ခြၽဲႏြဲ႕ပါေတာ့တယ္။

သူတို႔ ခြၽဲႏြဲ႕တာကေတာ့ သူတို႔ကို လိင္ေဖ်ာ္ေျဖေရး အတြက္ အျပင္ေခၚသြားဖို႔ပါ။ ေခၚသြားဖို႔ အတြက္လည္း အားထုတ္ ျမဴဆြယ္ၾကပါတယ္။တခ်ိဳ႕က အတြင္းခံ ဗလာစီယာေတာင္ ဝတ္မထားဘဲ ဧည့္သည္ကို သူတို႔ရဲ႕ ရင္သား ျမင္ေအာင္ ဖြင့္ျပၿပီး ထိေတြ႕ စပ္းသပ္ၾကည့္ခိုင္းလိုက္ပါေသးတယ္။ မေခၚျဖစ္တဲ့ အေၾကာင္း ေျပာရင္ “မရဘူး။ ေခၚပါ။ လိုက္ခ်င္တယ္” ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ စိတ္ဆိုးဟန္ လုပ္ျပၾကပါေသးတယ္။ဧည့္သည္က ေခၚမသြားျဖစ္ရင္ေတာင္ သူတို႔ကို ဆက္သြယ္ႏိုင္မယ့္ လိပ္စာကတ္ျပားေလးေတြ ေပးၾကပါတယ္။ အဲ့ဒီ ကတ္ျပားေလးေတြထဲမွာေတာ့ လိင္ဆြဲေဆာင္မႈ အသားေပး႐ိုက္ထားတဲ့ ဓာတ္ပုံ၊ ဖုန္းနံပါတ္ နဲ႔ လိင္ဆက္ဆံရာမွာ ဧည့္သည္ အလိုက် ေနႏိုင္မယ့္ ပုံစံေလးေတြလည္း ျပထားပါတယ္။ဒီဆိုင္ကေန ဘီးသုံးေလးပတ္လည္တာနဲ႔ ေနာက္တဆိုင္ေရွ႕ထပ္ေရာက္ပါတယ္။ ခုနဆိုင္လိုပဲ ဝိုင္းတားၾကပါတယ္။ လိုက္မယ္ဆိုၿပီး ကားတံခါးကို ဆြဲဖြင့္ၿပီး အထဲအထိ ဝင္ထိုင္ၾကလို႔ မနည္း ေတာင္းပန္ယူရပါတယ္။

သူတို႔ကို ေခၚသြားဖို႔ ကပ္ခြၽဲၾကသလို ဆႏၵျပည့္ေစရန္အထိ ဝန္ေဆာင္မႈ ေပးမယ္ဆိုတဲ့ အေၾကာင္း ကိုလည္း ေျပာပါ တယ္။ တ႐ုတ္လိုေျပာေနေပမယ့္ လက္ဟန္၊ ေျခဟန္နဲ႔ ရွင္းျပခ်က္ေတြအရလည္း နားလည္ႏိုင္ပါတယ္။သူတို႔ကိုယ္တိုင္ကလည္း “အျပင္ေခၚသြား တနာရီ ယြမ္ ၄၀၀”ဆိုၿပီး တ႐ုတ္ စကားနဲ႔ ေျပာပါတယ္။ ျမန္မာ က်ပ္ေငြ နဲ႔ တြက္ရင္ ၈ ေသာင္းကေန ၁ သိန္း ဝန္းက်င္ေလာက္ ရွိပါတယ္။သူတို႔ေတြထဲမွာ ျမန္မာျပည္ဖြား တိုင္းရင္းသူတခ်ိဳ႕ ပါဝင္ၿပီး အမ်ားစုကေတာ့ တ႐ုတ္၊ ဗီယက္နမ္ ၊ ထိုင္းနဲ႔ လာအိုေတြ ျဖစ္ၾကပါတယ္။ ဘာသာစကားကိုေတာ့ တ႐ုတ္ဘာသာ စကား အဓိကထားၿပီး ေျပာၾကပါတယ္။“နတ္သမီးလမ္း” လို႔ ဧည့္သည္ေတြ အလြယ္ေခၚတဲ့ ဒီလမ္းေလးကေတာ့ L ပုံစံေလးျဖစ္ၿပီး အစ၊ အဆုံး ကိုက္ ၅၀ ေလာက္သာရွိပါတယ္။ ဒီလမ္းထဲမွာ ညေမႊးပန္း၊ ယိဟုန္ယြမ္၊ ယုံရွင္း၊ မင္းမိန္၊ မဂၤလာ စတဲ့ အမည္ေတြ အပါအဝင္ တ႐ုတ္-ျမန္မာ ႏွစ္ဘာသာနဲ႔ “အရက္ဘား” ဆိုၿပီး ဖြင့္လွစ္ထားတဲ့ ဆိုင္ခန္းေပါင္း ၁၀ ခုထက္ မနည္း ရွိပါတယ္။

ဒီလမ္းထဲ ဝင္လာသမွ် အမ်ိဳးသားတိုင္းကိုလည္း အေပ်ာ္မယ္ လာရွာသူေတြလို႔ပဲ သူတို႔ မွတ္ယူထားၾကပုံ ရပါတယ္။ လမ္းေလွ်ာက္လာသူပဲျဖစ္ျဖစ္ ကားနဲ႔ ဝင္လာတဲ့ သူပဲျဖစ္ျဖစ္ အားနာေစေလာက္တဲ့ သူတို႔ရဲ႕ ျမဴဆြယ္မႈ ေတြကို ေက်ာ္ျဖတ္သြားႏိုင္ဖို႔ ခက္ပါတယ္။ၿမိဳ႕ခံတခ်ိဳ႕ ေျပာျပခ်က္အရေတာ့ ၿမိဳ႕ေပၚက စီးပြားေရးသမားေတြ အျပင္ ၿမိဳ႕ေပၚလာေရာက္ လည္ပတ္ၾကတဲ့သူေတြ၊ ကာစီႏိုလာကစားတဲ့ တ႐ုတ္ႏိုင္ငံသားေတြ အမ်ားဆုံး လာၾကၿပီး ဒီလမ္းထဲက အေပ်ာ္မယ္ေတြကို လာေခၚၾကတယ္လို႔ ဆိုပါတယ္။အဲဒီဆိုင္ေတြကေတာ့ ရွမ္းအေရွ႕၊ အမ်ိဳးသားဒီမိုကေရစီ မဟာမိတ္တပ္မေတာ္ (NDAA) အဖြဲ႕ကို အခြန္ေဆာင္ထားတဲ့ ဆိုင္ေတြလို႔ ဆိုေပမယ့္ NDAA ေျပာခြင့္ရ ပုဂၢိဳလ္ တခ်ိဳ႕ကေတာ့ သတင္းမီဒီယာေတြနဲ႔ ေတြ႕ဆုံရာမွာ ဒီလိုဆိုင္ေတြ ရွိတာ မသိဘူးလို႔ေတာင္ ျငင္းဆိုခဲ့ပါေသးတယ္။

ဒီမိုင္းလားၿမိဳ႕ကို NDAA အဖြဲ႕က ထိန္းခ်ဳပ္ထားၿပီး ရွမ္းျပည္နယ္ အေရွ႕ပိုင္း တ႐ုတ္-ျမန္မာ နယ္စပ္မွာ တည္ရွိပါတယ္။အထူးေဒသ ၄ လို႔လူသိမ်ားတဲ့ NDAA အဖြဲ႕ဟာ အစိုးရ နဲ႔ ၁၉၈၉ ခုႏွစ္မွာ အပစ္အခတ္ရပ္စဲ ထားတဲ့ အဖြဲ႕ ျဖစ္ပါတယ္။ အပစ္ရပ္ၿပီး ႏွစ္ ၃၀ အတြင္းမွာ မိုင္းလားၿမိဳ႕ကို တည္ေထာင္ခဲ့တာပါ။မိုင္းလားၿမိဳ႕မွာ တကယ္ေတာ့ နတ္သမီးလမ္းကလို ဆိုင္ေတြတင္ မကပါဘူး။ ၿမိဳ႕ေပၚက အထင္ကရ ေ႐ႊျပည္တံတား ထိပ္ မွာလည္း အႏွိပ္ခန္း အမည္နဲ႔ ဖြင့္ထားတဲ့ လိင္ေဖ်ာ္ေျဖေရး႐ုံေတြ ေတြ႕ခဲ့ရပါတယ္။ အဲဒီမွာေတာ့ တ႐ုတ္၊ ဗီယက္နမ္ နဲ႔ လာအို ေတြျဖစ္ပါတယ္။ တႀကိမ္ အတူေနရင္ ယြမ္ ၁၅၀ ပါ။ေဈးႏႈန္းေတြကေတာ့ အႏွိပ္ခန္းအမည္နဲ႔ ဖြင့္တဲ့ဆိုင္နဲ႔ အရက္ဘား အမည္နဲ႔ ဖြင့္တဲ့ဆိုင္ အမည္ေၾကာင့္ ကြာတာလား မသိေပမယ့္ ေဈး အသက္သာဆုံးကေတာ့ ျမန္မာ လိင္ေဖ်ာ္ေျဖေရး ႐ုံေတြလို႔ ၿမိဳ႕ေပၚမွာ အလုပ္လုပ္ေနတဲ့ ျမန္မာ တခ်ိဳ႕ က ဆိုပါတယ္။

ျမန္မာ႐ုံေတြကိုေတာ့ ေ႐ႊ႕ေျပာင္း လုပ္သားေတြနဲ႔ သက္ႀကီးပိုင္းေတြ ေလာက္ပဲ သြားၾကတယ္လို႔ လိင္ေဖ်ာ္ေျဖေရး ႐ုံေတြကို ခရီးသည္ အပို႔အႀကိဳ လုပ္ေလ့ရွိတဲ့ ဆိုင္ကယ္ ကယ္ရီသမား တဦးက ရွင္းျပပါတယ္။သူ႔အဆိုအရေတာ့ ျမန္မာလိင္ေဖ်ာ္ေျဖေရး႐ုံက မိန္းကေလးေတြဟာ နတ္သမီးလမ္း ဆိုင္က မယ္ေတြေလာက္ လွပ သပ္ယပ္မႈ မရွိသလို ဆက္ဆံေရးပိုင္းမွာလည္း အားနည္းတယ္လို႔ ဆိုပါတယ္။ကိုယ္တိုင္ ေရာက္ခဲ့ဖူးတယ္ဆိုတဲ့ ဧည့္သည္ တခ်ိဳ႕ေျပာျပခ်က္အရေတာ့ ဟိုတယ္ႀကီး တခ်ိဳ႕မွာဆိုရင္ အေနာက္တိုင္း သူေတြပါ အေပ်ာ္မယ္ လုပ္ငန္း လုပ္ေနတာရွိၿပီး က်ပ္ ၂ သိန္းကေန ၅ သိန္းေလာက္အထိ ေပးရတယ္လို႔ ဆိုပါတယ္။“မိုင္းလားလို၊ ဝလို ေနရာမ်ိဳးရဲ႕ စီးပြားေရး၊ ႏိုင္ငံေရး အေျခအေနေတြကို သိခ်င္ရင္ ျပည့္တန္ဆာ ႐ုံေတြရဲ႕ အခင္း အက်င္း က တဆင့္လည္း ျမင္ႏိုင္တယ္”လို႔ ႏိုင္ငံေရး ေလ့လာ သုံးသပ္သူ တဦးက ေျပာျပဖူးပါတယ္။

ၿမိဳ႕ခံတခ်ိဳ႕အဆို အရေတာ့ လိင္ေဖ်ာ္ေျဖေရး လုပ္ငန္းေတြကို အမွီျပဳ လုပ္ကိုင္ေနၾကတဲ့ အမ်ိဳးသမီးေတြ ရာေပါင္းမ်ား စြာ ရွိၿပီး သူတို႔ရဲ႕ ေဖာက္သည္ အမ်ားစုကေတာ့ ကာစီႏို ႐ုံေတြမွာ လာကစားတဲ့ တ႐ုတ္ သူေဌးေတြ၊ ထိုင္း၊ လာအိုနဲ႔ အိမ္နီးခ်င္း ႏိုင္ငံတခ်ိဳ႕က ႏိုင္ငံသားေတြလို႔ ဆိုပါတယ္။ဒါ့အျပင္ စီးပြားေရးသမားေတြနဲ႔ သီးျခားလာေရာက္ လည္ပတ္သူေတြလည္း ပါဝင္ပါတယ္။ႏိုင္ငံေရး၊ စီးပြားေရး အေျခအေနေတြဟာ လိင္ေဖ်ာ္ေရး ႐ုံေတြထဲ အထိ ႐ိုက္ခတ္ တတ္ပါတယ္။ နတ္သမီးလမ္းထဲကို ဧည့္သည္ကားေတြ အဆက္မျပတ္ ဝင္ထြက္ေနတာ ျမင္ေနသမွ်ေတာ့ သူတို႔ အတြက္ ရာသီဥတု ေကာင္းေနမွာပါ။ေနာက္တေန႔ မိုင္းလားၿမိဳ႕မေဈးႀကီးကိုသြားရင္း ညက ေရာက္ခဲ့တဲ့ နတ္သမီးလမ္း ဘက္ကို လွည့္ၾကည့္မိပါတယ္။ ျမင္ကြင္းကေတာ့ မေန႔ညကနဲ႔ တျခားစီပါ။နတ္သမီးလမ္းဟာ ညပိုင္းမွာ တန္ခိုးနဲ႔ ဖန္ဆင္းထားသလို မီးေရာင္စုံေတြ၊ ညနတ္သမီးေလးေတြနဲ႔ အသက္ဝင္ စည္းကားလွ ေနေပမယ့္ ေန႔ဘက္မွာေတာ့ ျပည္သူပိုင္သိမ္းၿပီး ပစ္ထားတဲ့ အေဆာက္အုံပ်က္ေတြအလား ေျခာက္ကပ္ ေနပါ ေတာ့တယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မိုင်းလားမြို့က ညနတ်သမီးလေးများ

မြန်မာပြည်ထဲက မြို့လေး တမြို့ကို ရောက်နေတယ်ဆိုပေမယ့် အဆောက်အအုံတွေ၊ လမ်းတွေနဲ့ မြင်ကွင်းတွေ ကြောင့် လားမသိ တရုတ်နိုင်ငံထဲက မြို့တမြို့ကို ရောက်ရှိနေသလို ခံစားမိပါတယ်။ မြို့ပေါ်မှာ အဓိက သုံးနေတဲ့ ဘာသာစကားကတော့ တရုတ်ဘာသာ စကားဖြစ်ပြီး ရှမ်း၊ အာခါနဲ့ မြန်မာစကားတွေ လည်း သုံးကြတာ တွေ့ကြုံရပါတယ်။ ပိုက်ဆံကိုလည်း တရုတ် ယွမ်ငွေကို အဓိက အသုံးပြုပြီး ဖုန်းနဲ့ တခြား အသုံး အဆောင် ပစ္စည်းတွေကလည်း တရုတ်ဖြစ်တွေပါ။ လမ်းညွှန်ဆိုင်းဘုတ်တွေ၊ အရောင်းစင်တာတွေနဲ့ စားသောက်ဆိုင်တွေမှာ ဆိုရင်လည်း မြန်မာလို တွဲဖော်ပြထားပေ မယ့် တရုတ်စာကို အဓိကထားပါတယ်။

မြို့တွင်း လမ်းတွေက သန့်ရှင်းသပ်ရပ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုတွေ မတွေ့ရတဲ့အတွက် တနေရာနဲ့ တနေရာသွားရ လာရ လွယ်ကူပါတယ်။ လမ်းပေါ်မှာ လူအသွားအလာနည်းလို့ ဒီမြို့ကလူတွေ ဘယ်တွေသွားနေကြလဲ၊ ဘာတွေ လုပ်နေလဲလို့တောင် တွေးမိပါသေးတယ်။ မြို့အစွန်တောင်ပေါ်ဘုရားကနေ ကြည့်လိုက်ရင် တောင်တွေကာရံထားတဲ့ အလယ်မှာ တည်ဆောက် ထားတဲ့ မြို့လေး ရဲ့ အလှ နဲ့ အထပ်မြင့် အဆောက်အအုံတွေကို အပေါ်စီးကနေ မြင်ရပါတယ်။ မြို့ပေါ်မှာ ဟိုတယ်တွေနဲ့ ဂိမ်းဆိုင်တွေ ကတော့ အများဆုံးလို့တောင် ပြောရမလိုပါ။ ဇိမ်ခံ ပျော်ပါးစရာ ရေချိုးခန်းတွေ၊ နိုက်ကလပ်တွေနဲ့ စားသောက်ဆိုင်တွေလည်း ပေါသလို စိတ်ဝင်စားစရာ ကောင်းတဲ့ လမ်းဘေး အကင်ဆိုင်လေးတွေ လည်း များပါတယ်။

ညဘက်ဆိုရင် တမြို့လုံး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေလို့ မီးခဏခဏ ပျက်ပြီး လမ်းမီးတောင် လုံလုံလောက် လောက် မပေးနိုင်တဲ့ ရန်ကုန်-မန္တလေးလို မြို့ကြီးတွေရဲ့ အဖြစ်ကို စိတ်ထဲ အားမလို အားမရ ဖြစ်လိုက်မိပါသေးတယ်။ ညပိုင်းမှာတော့ မိတ်ဆွေ တချို့နဲ့ အတူ မိုင်းလားမြို့မ ဈေးကြီးနားက နာမည်ကြီး “နတ်သမီးလမ်း” ဆိုတဲ့ လမ်းကလေး ကို သွားလည်ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီလမ်းလေးထဲကို စဝင်လိုက်ပြီဆိုတာနဲ့ လင်းအားဖျော့ဖျော့ ရောင်စုံမီးလုံးတွေ ထွန်းထားတဲ့ အလင်းရောင် အောက်မှာ ခေတ်မီမီ ဝတ်စားထားတဲ့ အမျိုးသမီးငယ်တွေ ခုံလေးတွေနဲ့ တန်းစီ ထိုင်နေကြတာကို တွေ့ရပါတယ်။

ဘောင်းဘီတို၊ စကတ်တိုနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်အောင် ဖက်ရှင်ကျကျ ဝတ်ဆင် ထားပုံ၊ မျက်နှာအလှ ပြင်ဆင်ထားပုံတွေက ပြိုင်ပွဲဝင်တော့မယ့် မော်ဒယ်တွေ အလား ထင်ရပါတယ်။သူတို့တွေ အားလုံးဟာ ဧည့်သည်အလာကို ဆိုင်ရှေ့က ခုံတွေပေါ်မှာ ထိုင်ပြီး စောင့်မျှော်နေကြပုံပါ။လမ်းထဲကို ကားကွေ့ဝင်လိုက်တာနဲ့ ပထမဆုံးဆိုင်ရဲ့ ရှေ့မှာ ထိုင်နေကြတဲ့ အမျိုးသမီးငယ်တွေ ကားရှိရာကို ရောက်လာကြပါတယ်။ အသက်အရွယ်တွေ အရတော့ ၁၆၊ ၁၇ ကနေ ၂၅၊ ၃၀ ဝန်းကျင်တွေလို့ ခန့်မှန်းမိပါတယ်။သူတို့တွေက ကားကို ရပ်ခိုင်းပြီး တံခါးဖွင့်ခိုင်းပါတယ်။ ကားမှန်ကို ချလိုက်တော့ မွှေးရနံ့ပေါင်းစုံ သင်းခနဲ ဝင်လာပါ တယ်။ မိတ်ကပ်၊ အသားလိမ်းဆီနဲ့ ရေမွှေးနံ့တွေဖြစ်နိုင်ပါတယ်။ကားထဲ ပါလာသူတွေကို အင်မတန် ရင်းနှီးနေပြီးသား မိတ်ဆွေ ပြန်တွေ့ရတဲ့ အတိုင်း ဖော်ဖော် ရွေရွေ နှုတ်ဆက်ကြ သလို ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့ အလား လက်မောင်း၊ ခါးတွေကို ဆွဲဖက်ပြီး ချွဲနွဲ့ပါတော့တယ်။

သူတို့ ချွဲနွဲ့တာကတော့ သူတို့ကို လိင်ဖျော်ဖြေရေး အတွက် အပြင်ခေါ်သွားဖို့ပါ။ ခေါ်သွားဖို့ အတွက်လည်း အားထုတ် မြူဆွယ်ကြပါတယ်။တချို့က အတွင်းခံ ဗလာစီယာတောင် ဝတ်မထားဘဲ ဧည့်သည်ကို သူတို့ရဲ့ ရင်သား မြင်အောင် ဖွင့်ပြပြီး ထိတွေ့ စပ်းသပ်ကြည့်ခိုင်းလိုက်ပါသေးတယ်။ မခေါ်ဖြစ်တဲ့ အကြောင်း ပြောရင် “မရဘူး။ ခေါ်ပါ။ လိုက်ချင်တယ်” ဆိုတဲ့ ပုံစံမျိုးနဲ့ စိတ်ဆိုးဟန် လုပ်ပြကြပါသေးတယ်။ဧည့်သည်က ခေါ်မသွားဖြစ်ရင်တောင် သူတို့ကို ဆက်သွယ်နိုင်မယ့် လိပ်စာကတ်ပြားလေးတွေ ပေးကြပါတယ်။ အဲ့ဒီ ကတ်ပြားလေးတွေထဲမှာတော့ လိင်ဆွဲဆောင်မှု အသားပေးရိုက်ထားတဲ့ ဓာတ်ပုံ၊ ဖုန်းနံပါတ် နဲ့ လိင်ဆက်ဆံရာမှာ ဧည့်သည် အလိုကျ နေနိုင်မယ့် ပုံစံလေးတွေလည်း ပြထားပါတယ်။ဒီဆိုင်ကနေ ဘီးသုံးလေးပတ်လည်တာနဲ့ နောက်တဆိုင်ရှေ့ထပ်ရောက်ပါတယ်။ ခုနဆိုင်လိုပဲ ဝိုင်းတားကြပါတယ်။ လိုက်မယ်ဆိုပြီး ကားတံခါးကို ဆွဲဖွင့်ပြီး အထဲအထိ ဝင်ထိုင်ကြလို့ မနည်း တောင်းပန်ယူရပါတယ်။

သူတို့ကို ခေါ်သွားဖို့ ကပ်ချွဲကြသလို ဆန္ဒပြည့်စေရန်အထိ ဝန်ဆောင်မှု ပေးမယ်ဆိုတဲ့ အကြောင်း ကိုလည်း ပြောပါ တယ်။ တရုတ်လိုပြောနေပေမယ့် လက်ဟန်၊ ခြေဟန်နဲ့ ရှင်းပြချက်တွေအရလည်း နားလည်နိုင်ပါတယ်။သူတို့ကိုယ်တိုင်ကလည်း “အပြင်ခေါ်သွား တနာရီ ယွမ် ၄၀၀”ဆိုပြီး တရုတ် စကားနဲ့ ပြောပါတယ်။ မြန်မာ ကျပ်ငွေ နဲ့ တွက်ရင် ၈ သောင်းကနေ ၁ သိန်း ဝန်းကျင်လောက် ရှိပါတယ်။သူတို့တွေထဲမှာ မြန်မာပြည်ဖွား တိုင်းရင်းသူတချို့ ပါဝင်ပြီး အများစုကတော့ တရုတ်၊ ဗီယက်နမ် ၊ ထိုင်းနဲ့ လာအိုတွေ ဖြစ်ကြပါတယ်။ ဘာသာစကားကိုတော့ တရုတ်ဘာသာ စကား အဓိကထားပြီး ပြောကြပါတယ်။“နတ်သမီးလမ်း” လို့ ဧည့်သည်တွေ အလွယ်ခေါ်တဲ့ ဒီလမ်းလေးကတော့ L ပုံစံလေးဖြစ်ပြီး အစ၊ အဆုံး ကိုက် ၅၀ လောက်သာရှိပါတယ်။ ဒီလမ်းထဲမှာ ညမွှေးပန်း၊ ယိဟုန်ယွမ်၊ ယုံရှင်း၊ မင်းမိန်၊ မင်္ဂလာ စတဲ့ အမည်တွေ အပါအဝင် တရုတ်-မြန်မာ နှစ်ဘာသာနဲ့ “အရက်ဘား” ဆိုပြီး ဖွင့်လှစ်ထားတဲ့ ဆိုင်ခန်းပေါင်း ၁၀ ခုထက် မနည်း ရှိပါတယ်။

ဒီလမ်းထဲ ဝင်လာသမျှ အမျိုးသားတိုင်းကိုလည်း အပျော်မယ် လာရှာသူတွေလို့ပဲ သူတို့ မှတ်ယူထားကြပုံ ရပါတယ်။ လမ်းလျှောက်လာသူပဲဖြစ်ဖြစ် ကားနဲ့ ဝင်လာတဲ့ သူပဲဖြစ်ဖြစ် အားနာစေလောက်တဲ့ သူတို့ရဲ့ မြူဆွယ်မှု တွေကို ကျော်ဖြတ်သွားနိုင်ဖို့ ခက်ပါတယ်။မြို့ခံတချို့ ပြောပြချက်အရတော့ မြို့ပေါ်က စီးပွားရေးသမားတွေ အပြင် မြို့ပေါ်လာရောက် လည်ပတ်ကြတဲ့သူတွေ၊ ကာစီနိုလာကစားတဲ့ တရုတ်နိုင်ငံသားတွေ အများဆုံး လာကြပြီး ဒီလမ်းထဲက အပျော်မယ်တွေကို လာခေါ်ကြတယ်လို့ ဆိုပါတယ်။အဲဒီဆိုင်တွေကတော့ ရှမ်းအရှေ့၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) အဖွဲ့ကို အခွန်ဆောင်ထားတဲ့ ဆိုင်တွေလို့ ဆိုပေမယ့် NDAA ပြောခွင့်ရ ပုဂ္ဂိုလ် တချို့ကတော့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဒီလိုဆိုင်တွေ ရှိတာ မသိဘူးလို့တောင် ငြင်းဆိုခဲ့ပါသေးတယ်။

ဒီမိုင်းလားမြို့ကို NDAA အဖွဲ့က ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ်မှာ တည်ရှိပါတယ်။အထူးဒေသ ၄ လို့လူသိများတဲ့ NDAA အဖွဲ့ဟာ အစိုးရ နဲ့ ၁၉၈၉ ခုနှစ်မှာ အပစ်အခတ်ရပ်စဲ ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ အပစ်ရပ်ပြီး နှစ် ၃၀ အတွင်းမှာ မိုင်းလားမြို့ကို တည်ထောင်ခဲ့တာပါ။မိုင်းလားမြို့မှာ တကယ်တော့ နတ်သမီးလမ်းကလို ဆိုင်တွေတင် မကပါဘူး။ မြို့ပေါ်က အထင်ကရ ရွှေပြည်တံတား ထိပ် မှာလည်း အနှိပ်ခန်း အမည်နဲ့ ဖွင့်ထားတဲ့ လိင်ဖျော်ဖြေရေးရုံတွေ တွေ့ခဲ့ရပါတယ်။ အဲဒီမှာတော့ တရုတ်၊ ဗီယက်နမ် နဲ့ လာအို တွေဖြစ်ပါတယ်။ တကြိမ် အတူနေရင် ယွမ် ၁၅၀ ပါ။ဈေးနှုန်းတွေကတော့ အနှိပ်ခန်းအမည်နဲ့ ဖွင့်တဲ့ဆိုင်နဲ့ အရက်ဘား အမည်နဲ့ ဖွင့်တဲ့ဆိုင် အမည်ကြောင့် ကွာတာလား မသိပေမယ့် ဈေး အသက်သာဆုံးကတော့ မြန်မာ လိင်ဖျော်ဖြေရေး ရုံတွေလို့ မြို့ပေါ်မှာ အလုပ်လုပ်နေတဲ့ မြန်မာ တချို့ က ဆိုပါတယ်။

မြန်မာရုံတွေကိုတော့ ရွှေ့ပြောင်း လုပ်သားတွေနဲ့ သက်ကြီးပိုင်းတွေ လောက်ပဲ သွားကြတယ်လို့ လိင်ဖျော်ဖြေရေး ရုံတွေကို ခရီးသည် အပို့အကြို လုပ်လေ့ရှိတဲ့ ဆိုင်ကယ် ကယ်ရီသမား တဦးက ရှင်းပြပါတယ်။သူ့အဆိုအရတော့ မြန်မာလိင်ဖျော်ဖြေရေးရုံက မိန်းကလေးတွေဟာ နတ်သမီးလမ်း ဆိုင်က မယ်တွေလောက် လှပ သပ်ယပ်မှု မရှိသလို ဆက်ဆံရေးပိုင်းမှာလည်း အားနည်းတယ်လို့ ဆိုပါတယ်။ကိုယ်တိုင် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ ဧည့်သည် တချို့ပြောပြချက်အရတော့ ဟိုတယ်ကြီး တချို့မှာဆိုရင် အနောက်တိုင်း သူတွေပါ အပျော်မယ် လုပ်ငန်း လုပ်နေတာရှိပြီး ကျပ် ၂ သိန်းကနေ ၅ သိန်းလောက်အထိ ပေးရတယ်လို့ ဆိုပါတယ်။“မိုင်းလားလို၊ ဝလို နေရာမျိုးရဲ့ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေကို သိချင်ရင် ပြည့်တန်ဆာ ရုံတွေရဲ့ အခင်း အကျင်း က တဆင့်လည်း မြင်နိုင်တယ်”လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးက ပြောပြဖူးပါတယ်။

မြို့ခံတချို့အဆို အရတော့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေကို အမှီပြု လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ ရာပေါင်းများ စွာ ရှိပြီး သူတို့ရဲ့ ဖောက်သည် အများစုကတော့ ကာစီနို ရုံတွေမှာ လာကစားတဲ့ တရုတ် သူဌေးတွေ၊ ထိုင်း၊ လာအိုနဲ့ အိမ်နီးချင်း နိုင်ငံတချို့က နိုင်ငံသားတွေလို့ ဆိုပါတယ်။ဒါ့အပြင် စီးပွားရေးသမားတွေနဲ့ သီးခြားလာရောက် လည်ပတ်သူတွေလည်း ပါဝင်ပါတယ်။နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေဟာ လိင်ဖျော်ရေး ရုံတွေထဲ အထိ ရိုက်ခတ် တတ်ပါတယ်။ နတ်သမီးလမ်းထဲကို ဧည့်သည်ကားတွေ အဆက်မပြတ် ဝင်ထွက်နေတာ မြင်နေသမျှတော့ သူတို့ အတွက် ရာသီဥတု ကောင်းနေမှာပါ။နောက်တနေ့ မိုင်းလားမြို့မဈေးကြီးကိုသွားရင်း ညက ရောက်ခဲ့တဲ့ နတ်သမီးလမ်း ဘက်ကို လှည့်ကြည့်မိပါတယ်။ မြင်ကွင်းကတော့ မနေ့ညကနဲ့ တခြားစီပါ။နတ်သမီးလမ်းဟာ ညပိုင်းမှာ တန်ခိုးနဲ့ ဖန်ဆင်းထားသလို မီးရောင်စုံတွေ၊ ညနတ်သမီးလေးတွေနဲ့ အသက်ဝင် စည်းကားလှ နေပေမယ့် နေ့ဘက်မှာတော့ ပြည်သူပိုင်သိမ်းပြီး ပစ်ထားတဲ့ အဆောက်အုံပျက်တွေအလား ခြောက်ကပ် နေပါ တော့တယ်။

share from : burmese.asia

LEAVE A REPLY