Zawgyi ျဖင့္ဖတ္ရန္

 

ေယာက်ာ္းေလးေတြထက္ မိန္းကေလးေတြက ေနရာတကာ စိုးရိမ္ပူပန္စိတ္ေတြပိုမ်ားတယ္လို႔ ထင္ရေပမယ့္ ေယာက်ာ္းေလးေတြကလည္း ထင္မထားေလာက္ေအာင္ စိုးရိမ္ပူပန္တတ္ၾကသူေတြျဖစ္ပါတယ္။ သူတို႔ေတြစိတ္ပူၾကတဲ့အေၾကာင္းအရာေတြက မိန္းကေလးေတြနဲ႔ေတာ့ တူခ်င္မွတူမွာပါ။ ေယာက်ာ္းေလးေတြက ဒီအခ်က္ေတြနဲ႔ပတ္သက္လို႔ စိတ္ပူတတ္ၾကၿပီး အဲ့ဒီလိုမ်ိဳး သူတို႔စိတ္ပူတာကိုလည္း လူသိမခံခ်င္ၾကပါဘူး။

(၁) ႐ုပ္ရည္နဲ႔ ခႏၶာကိုယ္

မိန္းကေလးေတြပဲ ႐ုပ္ရည္နဲ႔ပတ္သက္လို႔စိုးရိမ္တတ္ၾကတာမဟုတ္ပါဘူး။ ေယာက်ာ္းေလးေတြလည္း စိုးရိမ္ၾကပါတယ္။ သူတို႔ၾကည့္ေကာင္းရဲ႕လား၊ သူမ်ားေတြအျမင္မွာဘယ္လိုရွိမလဲ၊ မလိုက္ဖက္တဲ့အဝတ္အစားေတြဝတ္ထားမိေနလား ဆိုတာမ်ိဳး အၿမဲလိုလိုေတြးတတ္ၾကပါတယ္။ သူတို႔စိတ္အညစ္ဆုံးကေတာ့ ဗိုက္ပူတာနဲ႔ အရမ္းပိန္ကပ္ေနတဲ့ခႏၶာကိုယ္ပါပဲတဲ့။

(၂) ေငြေၾကး
ေငြေၾကးနဲ႔ပတ္သက္လို႔စိုးရိမ္မႈမွာ မိန္းကေလးနဲ႔ ေယာက်ာ္းေလးစိုးရိမ္ပုံခ်င္းမတူၾကပါဘူး။ မိန္းကေလးေတြက ေရရွည္အတြက္စဥ္းစားၿပီး အနာဂတ္မွာအဆင္မေျပျဖစ္မွာစိုးတာမ်ိဳးျဖစ္ၿပီး ေယာက်ာ္းေလးေတြက လတ္တေလာလိုအပ္ခ်က္ေတြကိုေျဖရွင္းဖို႔ ပိုၿပီးစိတ္ပူတတ္ၾကပါတယ္။ ဒါေၾကာင့္ ေယဘုယ်အားျဖင့္ ေယာက်ာ္းေလးေတြက ပိုက္ဆံရွာဖို႔အားသန္ၿပီး မိန္းကေလးေတြက ပိုက္ဆံစုဖို႔အားသန္ၾကတာပါ။

(၃) အရပ္အျမင့္

အရပ္ အနိမ့္၊အျမင့္နဲ႔ပတ္သက္လို႔ ေယာက်ာ္းေလးေတြရဲ႕ စိုးရိမ္ပူပန္မႈက ေတာ္ေတာ္ေလးႀကီးမားပါတယ္။ သူငယ္ခ်င္းေတြၾကားထဲ ကိုယ္ကအပုဆုံးျဖစ္ေနတာမ်ိဳးဆို ေတာ္ေတာ္ေလးခံစားရၿပီး မိန္းကေလးေတြထက္ပုေနမွာမ်ိဳးကိုေတာ့ မလိုခ်င္ဆုံးပါ။

(၄) မနာလိုတတ္တဲ့စိတ္
ေယာက်္ားေလးေတြမွာလည္း မနာလိုစိတ္ရွိပါတယ္၊ မနာလိုစိတ္ရွိတာကို လူမသိေအာင္ ဖုံးကြယ္ထားႏိုင္တာေၾကာင့္ မသိသာေနတာပါ။ သူတို႔ခ်စ္သူေကာင္မေလးက တျခားတစ္ေယာက္အေၾကာင္းေျပာတဲ့အခါ၊ ကိုယ့္မွာမရွိတဲ့ အရည္အခ်င္းမ်ိဳးကိုပိုင္ဆိုင္ထားတဲ့သူကို ခ်ီးက်ဴးစကားေျပာတဲ့အခါေတြမွာ မနာလိုျဖစ္တတ္ၾကပါတယ္။

(၅) အခ်စ္ေရး

ေယာက်ာ္းေလးေတြက အခ်စ္ေရးနဲ႔ပတ္သက္လို႔ အရႈံးသမားခံစားခ်က္မ်ိဳးမျဖစ္ခ်င္ၾကပါဘူး။ အရႈံးသမားလို႔ဆိုရာမွာ မိန္းကေလးဘက္ကထားခဲ့လို႔ က်န္ရစ္ခဲ့တာအျပင္၊ ေပ်ာ္႐ႊင္တဲ့အခ်စ္ေရးတစ္ခုမတည္ေဆာက္ႏိုင္တာမ်ိဳးလည္း ပါပါတယ္။ တြဲသမွ်ရည္းစားတိုင္းနဲ႔ျပတ္ၿပီး စိတ္ညစ္စရာေတြပဲျဖစ္ေနတာမ်ိဳး၊ ဘယ္သူနဲ႔တြဲတြဲအဆင္မေျပတာမ်ိဳးေတြခ်ည္းပဲဆက္တိုက္ျဖစ္ေနရင္ သူတို႔ကိုယ္သူတို႔တစ္ခုခုခ်ိဳ႕ယြင္းေနတယ္၊ မွားေနတယ္လို႔ျမင္လာၿပီး စိတ္ဓာတ္က်တဲ့အထိျဖစ္လာတတ္ပါတယ္။ အဲ့ဒီလိုမ်ိဳး အခ်စ္ေရးမွာ အရႈံးသမားတစ္ေယာက္လိုခံစားရမွာမ်ိဳး လုံးဝမျဖစ္ခ်င္ၾကသလို အဲ့ဒီလိုခံစားခ်က္မ်ိဳးရွိတာကိုလည္း လူသိမွာေၾကာက္ၾကပါတယ္။

(၆) ဝမ္းနည္းတတ္တာ

ေယာက်ာ္းေလးေတြလည္း ခံစားခ်က္ရွိတဲ့လူပဲမို႔ ဝမ္းနည္းတတ္ပါတယ္၊ ငိုတတ္ပါတယ္။ ဒါေပမယ့္ ေယာက်ာ္းေလးေတြ ငိုတဲ့အခါ ေယာက်ာ္းျဖစ္ၿပီး ဒီေလာက္ေလးကိုခံစားေနတယ္၊ ငိုေနတယ္ လို႔ အေျပာခံရပါတယ္။ ဒါေၾကာင့္ ေယာက်ာ္းေလးေတြက သူတို႔ကိုယ္သူတို႔ ဝမ္းမနည္းတတ္သလို၊ မငိုတတ္သလိုေနတတ္ၾကၿပီး သူတို႔ေတြငိုတာကိုလည္း လူသိမွာေၾကာက္ၾကပါတယ္။

Credit : Aunty may

Unicode ဖြင့်ဖတ်ရန်

ယောကျာ်းလေးတွေရဲ့ လူသိမခံနိုင်လို့ဖုံးကွယ်ထားတဲ့ အကြောက်တရား(၆)မျိုး

ယောကျာ်းလေးတွေထက် မိန်းကလေးတွေက နေရာတကာ စိုးရိမ်ပူပန်စိတ်တွေပိုများတယ်လို့ ထင်ရပေမယ့် ယောကျာ်းလေးတွေကလည်း ထင်မထားလောက်အောင် စိုးရိမ်ပူပန်တတ်ကြသူတွေဖြစ်ပါတယ်။ သူတို့တွေစိတ်ပူကြတဲ့အကြောင်းအရာတွေက မိန်းကလေးတွေနဲ့တော့ တူချင်မှတူမှာပါ။ ယောကျာ်းလေးတွေက ဒီအချက်တွေနဲ့ပတ်သက်လို့ စိတ်ပူတတ်ကြပြီး အဲ့ဒီလိုမျိုး သူတို့စိတ်ပူတာကိုလည်း လူသိမခံချင်ကြပါဘူး။

(၁) ရုပ်ရည်နဲ့ ခန္ဓာကိုယ်

မိန်းကလေးတွေပဲ ရုပ်ရည်နဲ့ပတ်သက်လို့စိုးရိမ်တတ်ကြတာမဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်း စိုးရိမ်ကြပါတယ်။ သူတို့ကြည့်ကောင်းရဲ့လား၊ သူများတွေအမြင်မှာဘယ်လိုရှိမလဲ၊ မလိုက်ဖက်တဲ့အဝတ်အစားတွေဝတ်ထားမိနေလား ဆိုတာမျိုး အမြဲလိုလိုတွေးတတ်ကြပါတယ်။ သူတို့စိတ်အညစ်ဆုံးကတော့ ဗိုက်ပူတာနဲ့ အရမ်းပိန်ကပ်နေတဲ့ခန္ဓာကိုယ်ပါပဲတဲ့။

(၂) ငွေကြေး
ငွေကြေးနဲ့ပတ်သက်လို့စိုးရိမ်မှုမှာ မိန်းကလေးနဲ့ ယောကျာ်းလေးစိုးရိမ်ပုံချင်းမတူကြပါဘူး။ မိန်းကလေးတွေက ရေရှည်အတွက်စဉ်းစားပြီး အနာဂတ်မှာအဆင်မပြေဖြစ်မှာစိုးတာမျိုးဖြစ်ပြီး ယောကျာ်းလေးတွေက လတ်တလောလိုအပ်ချက်တွေကိုဖြေရှင်းဖို့ ပိုပြီးစိတ်ပူတတ်ကြပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် ယောကျာ်းလေးတွေက ပိုက်ဆံရှာဖို့အားသန်ပြီး မိန်းကလေးတွေက ပိုက်ဆံစုဖို့အားသန်ကြတာပါ။

(၃) အရပ်အမြင့်

အရပ် အနိမ့်၊အမြင့်နဲ့ပတ်သက်လို့ ယောကျာ်းလေးတွေရဲ့ စိုးရိမ်ပူပန်မှုက တော်တော်လေးကြီးမားပါတယ်။ သူငယ်ချင်းတွေကြားထဲ ကိုယ်ကအပုဆုံးဖြစ်နေတာမျိုးဆို တော်တော်လေးခံစားရပြီး မိန်းကလေးတွေထက်ပုနေမှာမျိုးကိုတော့ မလိုချင်ဆုံးပါ။

(၄) မနာလိုတတ်တဲ့စိတ်
ယောကျ်ားလေးတွေမှာလည်း မနာလိုစိတ်ရှိပါတယ်၊ မနာလိုစိတ်ရှိတာကို လူမသိအောင် ဖုံးကွယ်ထားနိုင်တာကြောင့် မသိသာနေတာပါ။ သူတို့ချစ်သူကောင်မလေးက တခြားတစ်ယောက်အကြောင်းပြောတဲ့အခါ၊ ကိုယ့်မှာမရှိတဲ့ အရည်အချင်းမျိုးကိုပိုင်ဆိုင်ထားတဲ့သူကို ချီးကျူးစကားပြောတဲ့အခါတွေမှာ မနာလိုဖြစ်တတ်ကြပါတယ်။

(၅) အချစ်ရေး

ယောကျာ်းလေးတွေက အချစ်ရေးနဲ့ပတ်သက်လို့ အရှုံးသမားခံစားချက်မျိုးမဖြစ်ချင်ကြပါဘူး။ အရှုံးသမားလို့ဆိုရာမှာ မိန်းကလေးဘက်ကထားခဲ့လို့ ကျန်ရစ်ခဲ့တာအပြင်၊ ပျော်ရွှင်တဲ့အချစ်ရေးတစ်ခုမတည်ဆောက်နိုင်တာမျိုးလည်း ပါပါတယ်။ တွဲသမျှရည်းစားတိုင်းနဲ့ပြတ်ပြီး စိတ်ညစ်စရာတွေပဲဖြစ်နေတာမျိုး၊ ဘယ်သူနဲ့တွဲတွဲအဆင်မပြေတာမျိုးတွေချည်းပဲဆက်တိုက်ဖြစ်နေရင် သူတို့ကိုယ်သူတို့တစ်ခုခုချို့ယွင်းနေတယ်၊ မှားနေတယ်လို့မြင်လာပြီး စိတ်ဓာတ်ကျတဲ့အထိဖြစ်လာတတ်ပါတယ်။ အဲ့ဒီလိုမျိုး အချစ်ရေးမှာ အရှုံးသမားတစ်ယောက်လိုခံစားရမှာမျိုး လုံးဝမဖြစ်ချင်ကြသလို အဲ့ဒီလိုခံစားချက်မျိုးရှိတာကိုလည်း လူသိမှာကြောက်ကြပါတယ်။

(၆) ဝမ်းနည်းတတ်တာ

ယောကျာ်းလေးတွေလည်း ခံစားချက်ရှိတဲ့လူပဲမို့ ဝမ်းနည်းတတ်ပါတယ်၊ ငိုတတ်ပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေ ငိုတဲ့အခါ ယောကျာ်းဖြစ်ပြီး ဒီလောက်လေးကိုခံစားနေတယ်၊ ငိုနေတယ် လို့ အပြောခံရပါတယ်။ ဒါကြောင့် ယောကျာ်းလေးတွေက သူတို့ကိုယ်သူတို့ ဝမ်းမနည်းတတ်သလို၊ မငိုတတ်သလိုနေတတ်ကြပြီး သူတို့တွေငိုတာကိုလည်း လူသိမှာကြောက်ကြပါတယ်။

Credit : Aunty may

LEAVE A REPLY