Zawgyi ျဖင့္ဖတ္ရန္

 

အမ်ိဳးသားေတြအတြက္ လိင္မႈဘဝဆိုတာ အလြန္အေရးပါတဲ့ အခန္းက႑ကေန ပါ၀င္ေနပါတယ္။ အိမ္ေထာင္ေရးသုခၿပီးျပည့္စုံမႈအျပင္ က်န္းမာဖြံ႕ၿဖိဳးတဲ့ ရင္ေသြးငယ္ေလး ဖြားျမင္ႏိုင္ဖို႔ အမ်ိဳးသားေတြရဲ႕ သုက္ေကာင္ေတြဟာ က်န္းမာေနဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ သုက္ပိုးအေကာင္ေရနဲ႔ က်န္းမာေရးကိုလည္း ေမ့ထားလို႔ မျဖစ္ပါဘူး။

မ်ိဳးေအာင္ဖို႔အတြက္ သုက္ေကာင္ေရ ပမာဏ မ်ားရမယ္။ သုက္ပိုးေတြ က်န္းမာရမယ္။ ဒါဆိုရင္ အမ်ိဳးသားေတြ မ်ိဳးေအာင္ဖို႔ ဘာေတြ လုပ္သင့္လဲ။ သုက္ေကာင္ေရပမာဏတိုးေစဖို႔ ကိုယ့္ရဲ႕ ေန႔စဥ္ဘဝမွာ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေလးေတြနဲ႔ သဘာဝနည္းလမ္းေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။ ေလ့က်င့္ခန္းလုပ္ပါ။
စစ္တမ္းေကာက္ၾကည့္လိုက္တဲ့အခါမွာ က်န္းမာၿပီး သာယာေပ်ာ္႐ႊင္တဲ့ အိမ္ေထာင္ေရး၊ လိင္မႈဘဝကို ပိုင္ဆိုင္ၾကတဲ့ အမ်ိဳးသားေတြဟာ ေလ့က်င့္ခန္း ေန႔စဥ္ပုံမွန္လုပ္ၾကတာကို ေတြ႕ရပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ စိတ္ကို ေပ်ာ္႐ႊင္လန္းဆန္းေစတယ္။ လုပ္ငန္းခြင္မွာ အာ႐ုံစူးစိုက္ႏိုင္ေစတယ္။ မိမိကိုယ္ကို ယုံၾကည္မႈတိုးေစတယ္။ က်ားေဟာ္မုန္းပိုမိုထုတ္လႊတ္ေပးႏိုင္တယ္။ ၿပီးျပည့္စုံတဲ့ ကာမသုခကိုလည္း ပိုင္ဆိုင္ရႏိုင္ပါတယ္။

၂။ အိပ္ခ်ိန္မွန္ပါေစ။
အမ်ိဳးသားမွ မဟုတ္ပါဘူး။ လူသားတိုင္းအတြက္ ညဘက္မွာ အိပ္ခ်ိန္မွန္ဖို႔နဲ႔ အိပ္ခ်ိန္ျပည့္ဝဖို႔ အလြန္အေရးႀကီးပါတယ္။ တစ္ေန႔ကို အနည္းဆုံး ရနာရီကေန ၈နာရီထိ အိပ္ခ်ိန္ျပည့္ဝမွသာ ခြန္အားျပည့္လန္းဆန္းေနမယ္။ လူကို က်န္းမာေစတယ္။ ဒါ့အျပင္ သုက္ပိုးေတြကိုလည္း အားေကာင္းေစၿပီး မ်ိဳးေအာင္တဲ့ ေနရာမွာ ကူညီေပးႏိုင္ပါတယ္။

၃။ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ပါ။
စိတ္ဖိစီးမႈဆိုတာ ဘယ္သူ႔အတြက္မွ ေကာင္းတဲ့အရာတစ္ခု မဟုတ္ပါဘူး။ အသက္အ႐ြယ္မေ႐ြး၊ လူမ်ိဳးမေ႐ြး စိတ္ဖိစီးမႈေတြ ေတြ႕ႀကဳံရႏိုင္ပါတယ္။ ဒီအခါမွာ ေလ့က်င့္ခန္းလုပ္တာ၊ ေယာဂက်င့္တာမ်ိဳးနဲ႔ ကိုယ့္ရဲ႕ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ စိတ္ဖိစီးမႈဟာ စိတ္နဲ႔ ကိုယ္ခႏၶာက်န္းမာေရးအေပၚ သက္ေရာက္မႈ ရွိတဲ့အျပင္ သုက္ပိုးထုတ္လႊတ္ႏိုင္စြမ္းနဲ႔လည္း သြားၿပီး သက္ဆိုင္ေနပါတယ္။

၄။ ေဆးလိပ္ျဖတ္လိုက္ပါ။
ေဆးလိပ္ေသာက္ျခင္းဟာ က်န္းမာေရးအတြက္ ဆိုး႐ြားစြာ ဒုကၡေပးႏိုင္တဲ့အျပင္ သုက္ပိုးက်န္းမာေရးကိုပါ သြားၿပီး ထိခိုက္ေစႏိုင္ပါတယ္။ ေဆးလိပ္ေသာက္သူေတြမွာ အဆုတ္၊ ႏွလုံး၊ ခံတြင္း၊ လည္ေခ်ာင္းေရာဂါေတြအျပင္ ကင္ဆာေရာဂါျဖစ္ႏိုင္ေျခ ျမင့္တက္ေစႏိုင္တာေၾကာင့္ သာယာလွပ အိမ္ေထာင္ဘဝကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ေဆးလိပ္ေသာက္တဲ့အက်င့္ကို ခုကတည္းက ရပ္လိုက္တာ အေကာင္းဆုံးပါပဲ။

၅။ အရက္၊ မူးယစ္ေဆးဝါး ေရွာင္ပါ။
ေဆးလိပ္လိုပါပဲ၊ အရက္ေတြ၊ မူးယစ္ေဆးဝါး သုံးစြဲသူေတြမွာလည္း မ်ိဳးမေအာင္တဲ့ ျပႆနာအျပင္ ေမြးလာတဲ့ သေႏၶသားမွာပါ က်န္းမာေရးခ်ိဳ႕တဲ့တာ၊ မၾကာခဏ ခ်ဴခ်ာတာ၊ ေနမေကာင္းျဖစ္တာ၊ ကိုယ္လက္အဂၤါ မသန္စြမ္းတာပါ ျဖစ္ေစႏိုင္ပါတယ္။

၆။ ကိုယ္ေသာက္ေနတဲ့ ေရာဂါေဆးဝါးေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
ကိုယ့္မွာ ရွိတဲ့ ေရာဂါတစ္ခုခု၊ က်န္းမာေရးအေျခအေန၊ စိတ္ေရာဂါ ကုထုံး ေဆးဝါးတခ်ိဳ႕မွာ ပါတဲ့ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ သုက္ေကာင္ေရ နည္းသြားႏိုင္ပါတယ္။ ကိုယ့္သေဘာနဲ႔ ကိုယ္ ေဆးရပ္လိုက္တာမ်ိဳး မလုပ္ပဲ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ၿပီး ေဆးေျပာင္းေသာက္လိုက္ရင္ေတာ့ ဒီျပႆနာကို ေျဖရွင္းႏိုင္မွာပါ။

၇။ အစာအာဟာရ မွ်တစြာ စားသုံးပါ။
က်န္းမာေပ်ာ္႐ႊင္တဲ့ ဘဝတစ္ခုကို ပိုင္ဆိုင္ရဖို႔ ကိုယ့္ရဲ႕ ေန႔စဥ္ စားသုံးေနရတဲ့ အစာအာဟာရကိုလည္း ေမ့ထားလို႔ မျဖစ္ပါဘူး။ ဟင္းသီးဟင္း႐ြက္၊ သစ္သီးဝလံ၊ အသား၊ ငါး၊ ဥ၊ ႏို႔ထြက္ပစၥည္း၊ အေစ့အဆန္၊ ပဲ အစရွိသျဖင့္ စုံလင္စြာ စားေပးသင့္ပါတယ္။ ဒါ့အျပင္ သုက္ပိုးက်န္းမာဖို႔နဲ႔ မ်ိဳးေအာင္ဖို႔အတြက္ ဗီတာမင္ D နဲ႔ ကယ္လ္စီယမ္ဓာတ္ လုံေလာက္စြာ ရရွိဖို႔ လိုအပ္ပါတယ္။ ေန႔စဥ္ စားသုံးတဲ့ အစားအစာကေန ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ လုံေလာက္စြာ မရရွိဘူးလို႔ ခံစားရရင္ေတာ့ ဆရာဝန္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ျဖည့္စြက္စာေဆးဝါးေတြ ေသာက္ေပးႏိုင္ပါတယ္။

၈။ Antioxidant ေပါႂကြယ္ဝတဲ့ အစားအစာေတြ မ်ားမ်ားစားသုံးေပးပါ။
ကိုယ္တြင္းအဂၤါေတြကို ေကာင္းစြာ အလုပ္လုပ္ႏိုင္ေစဖို႔ ကူညီေပးတယ္။ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးၿပီး ေရာဂါေတြကို ခုခံတားဆီးေပးႏိုင္တယ္။ စိတ္ကို က်န္းမာေစၿပီး အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို တားဆီးေပးႏိုင္တယ္။ ဒါ့အျပင္ Antioxidant ေပါမ်ားတဲ့ အစားအစာေတြဟာ အမ်ိဳးသားတို႔ရဲ႕ သုက္ေကာင္ေရကိုလည္း တိုးေစႏိုင္ပါတယ္။

၉။ အဆီစားသုံးမႈ ေလွ်ာ့ပါ။
ကိုယ္ခႏၶာကို ေဘးဥပါဒ္ျဖစ္ေစႏိုင္တဲ့အျပင္ ကိုယ္အေလးခ်ိန္တက္ေစတယ္။ ေနာက္ဆက္တြဲ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ ကင္ဆာေရာဂါေတြ ျဖစ္ေစႏိုင္ၿပီး စိတ္ဓာတ္က်ေစတယ္။ လိင္မႈဘဝကိုပါ ထိခိုက္လာႏိုင္ၿပီး က်န္းမာတဲ့ သုက္ေကာင္ေတြ မထြက္လာႏိုုင္ေတာ့ပါဘူး။ ဒါေၾကာင့္ အဆီ၊ အခ်ိဳ၊ အငန္ ေလွ်ာ့စားပါ။ ငါးႀကီးဆီ (Omega-3 နဲ႔ Omega-6) ေတြကေတာ့ က်န္းမာေရးေကာင္းမြန္ေစႏိုင္တဲ့အျပင္ သုက္ပိုးေတြကိုလည္း အားျဖစ္ေစႏိုင္တာေၾကာင့္ မျဖစ္မေန စားေပးသင့္ပါတယ္။

၁၀။ ပတ္ဝန္းက်င္က အဆိပ္အေတာက္ေတြကို ေရွာင္ၾကဥ္ပါ။
မသန႔္ရွင္းတဲ့ အစားအစာအျပင္ ပတ္ဝန္းက်င္မွာ ရွိေနတဲ့ အဆိပ္ေငြ႕ေတြ၊ ဓာတုေဗဒပစၥည္းေတြဟာလည္း ေရထု၊ ေလထုကို ညစ္ညမ္းေစတယ္။ လူေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္တယ္။ မ်ိဳးမေအာင္တဲ့ အေျခအေနထိပါ ျပႆနာေတြ ဆိုးလာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္ကို အဆိပ္အေတာက္ နည္းႏိုင္သမွ် နည္းေအာင္ ျပဳျပင္ပါ။ ေလထု၊ ေရထု ညစ္ညမ္းတဲ့ ေနရာေတြကိုလည္း မၾကာခဏ သြားတာမ်ိဳး ေရွာင္ၾကဥ္ပါ။

၁၁။ ေဖာလစ္အက္ဆစ္နဲ႔ ဇင့္ဓာတ္ လုံေလာက္ပါေစ။
ကိုယ္ခႏၶာအတြက္သာမက သုက္ေကာင္ေလးေတြကိုပါ က်န္းမာေစတဲ့ ေဖာလစ္အက္ဆစ္နဲ႔ ဇင့္ဓာတ္ကို ေန႔စဥ္ လုံေလာက္စြာ ရရွိဖို႔ အေရးႀကီးပါတယ္။

share from : xyz

Unicode ဖြင့်ဖတ်ရန်

အမျိုးသားတွေအတွက် ခွန်အားတိုးစေမည့် သဘာဝနည်းလမ်းများ

အမျိုးသားတွေအတွက် လိင်မှုဘဝဆိုတာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အိမ်ထောင်ရေးသုခပြီးပြည့်စုံမှုအပြင် ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးငယ်လေး ဖွားမြင်နိုင်ဖို့ အမျိုးသားတွေရဲ့ သုက်ကောင်တွေဟာ ကျန်းမာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သုက်ပိုးအကောင်ရေနဲ့ ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

မျိုးအောင်ဖို့အတွက် သုက်ကောင်ရေ ပမာဏ များရမယ်။ သုက်ပိုးတွေ ကျန်းမာရမယ်။ ဒါဆိုရင် အမျိုးသားတွေ မျိုးအောင်ဖို့ ဘာတွေ လုပ်သင့်လဲ။ သုက်ကောင်ရေပမာဏတိုးစေဖို့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေနဲ့ သဘာဝနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်ပါ။
စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာ ကျန်းမာပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး၊ လိင်မှုဘဝကို ပိုင်ဆိုင်ကြတဲ့ အမျိုးသားတွေဟာ လေ့ကျင့်ခန်း နေ့စဉ်ပုံမှန်လုပ်ကြတာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ကို ပျော်ရွှင်လန်းဆန်းစေတယ်။ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်နိုင်စေတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ ကျားဟော်မုန်းပိုမိုထုတ်လွှတ်ပေးနိုင်တယ်။ ပြီးပြည့်စုံတဲ့ ကာမသုခကိုလည်း ပိုင်ဆိုင်ရနိုင်ပါတယ်။

၂။ အိပ်ချိန်မှန်ပါစေ။
အမျိုးသားမှ မဟုတ်ပါဘူး။ လူသားတိုင်းအတွက် ညဘက်မှာ အိပ်ချိန်မှန်ဖို့နဲ့ အိပ်ချိန်ပြည့်ဝဖို့ အလွန်အရေးကြီးပါတယ်။ တစ်နေ့ကို အနည်းဆုံး ရနာရီကနေ ၈နာရီထိ အိပ်ချိန်ပြည့်ဝမှသာ ခွန်အားပြည့်လန်းဆန်းနေမယ်။ လူကို ကျန်းမာစေတယ်။ ဒါ့အပြင် သုက်ပိုးတွေကိုလည်း အားကောင်းစေပြီး မျိုးအောင်တဲ့ နေရာမှာ ကူညီပေးနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
စိတ်ဖိစီးမှုဆိုတာ ဘယ်သူ့အတွက်မှ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အသက်အရွယ်မရွေး၊ လူမျိုးမရွေး စိတ်ဖိစီးမှုတွေ တွေ့ကြုံရနိုင်ပါတယ်။ ဒီအခါမှာ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်နဲ့ ကိုယ်ခန္ဓာကျန်းမာရေးအပေါ် သက်ရောက်မှု ရှိတဲ့အပြင် သုက်ပိုးထုတ်လွှတ်နိုင်စွမ်းနဲ့လည်း သွားပြီး သက်ဆိုင်နေပါတယ်။

၄။ ဆေးလိပ်ဖြတ်လိုက်ပါ။
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးရွားစွာ ဒုက္ခပေးနိုင်တဲ့အပြင် သုက်ပိုးကျန်းမာရေးကိုပါ သွားပြီး ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာ အဆုတ်၊ နှလုံး၊ ခံတွင်း၊ လည်ချောင်းရောဂါတွေအပြင် ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်တက်စေနိုင်တာကြောင့် သာယာလှပ အိမ်ထောင်ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဆေးလိပ်သောက်တဲ့အကျင့်ကို ခုကတည်းက ရပ်လိုက်တာ အကောင်းဆုံးပါပဲ။

၅။ အရက်၊ မူးယစ်ဆေးဝါး ရှောင်ပါ။
ဆေးလိပ်လိုပါပဲ၊ အရက်တွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေမှာလည်း မျိုးမအောင်တဲ့ ပြဿနာအပြင် မွေးလာတဲ့ သန္ဓေသားမှာပါ ကျန်းမာရေးချို့တဲ့တာ၊ မကြာခဏ ချူချာတာ၊ နေမကောင်းဖြစ်တာ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းတာပါ ဖြစ်စေနိုင်ပါတယ်။

၆။ ကိုယ်သောက်နေတဲ့ ရောဂါဆေးဝါးကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်မှာ ရှိတဲ့ ရောဂါတစ်ခုခု၊ ကျန်းမာရေးအခြေအနေ၊ စိတ်ရောဂါ ကုထုံး ဆေးဝါးတချို့မှာ ပါတဲ့ ဘေးထွက်ဆိုးကျိုးကြောင့် သုက်ကောင်ရေ နည်းသွားနိုင်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာမျိုး မလုပ်ပဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းသောက်လိုက်ရင်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။

၇။ အစာအာဟာရ မျှတစွာ စားသုံးပါ။
ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရဖို့ ကိုယ့်ရဲ့ နေ့စဉ် စားသုံးနေရတဲ့ အစာအာဟာရကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ ဥ၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန်၊ ပဲ အစရှိသဖြင့် စုံလင်စွာ စားပေးသင့်ပါတယ်။ ဒါ့အပြင် သုက်ပိုးကျန်းမာဖို့နဲ့ မျိုးအောင်ဖို့အတွက် ဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ နေ့စဉ် စားသုံးတဲ့ အစားအစာကနေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ မရရှိဘူးလို့ ခံစားရရင်တော့ ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ဖြည့်စွက်စာဆေးဝါးတွေ သောက်ပေးနိုင်ပါတယ်။

၈။ Antioxidant ပေါကြွယ်ဝတဲ့ အစားအစာတွေ များများစားသုံးပေးပါ။
ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါတွေကို ခုခံတားဆီးပေးနိုင်တယ်။ စိတ်ကို ကျန်းမာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်။ ဒါ့အပြင် Antioxidant ပေါများတဲ့ အစားအစာတွေဟာ အမျိုးသားတို့ရဲ့ သုက်ကောင်ရေကိုလည်း တိုးစေနိုင်ပါတယ်။

၉။ အဆီစားသုံးမှု လျှော့ပါ။
ကိုယ်ခန္ဓာကို ဘေးဥပါဒ်ဖြစ်စေနိုင်တဲ့အပြင် ကိုယ်အလေးချိန်တက်စေတယ်။ နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ပြီး စိတ်ဓာတ်ကျစေတယ်။ လိင်မှုဘဝကိုပါ ထိခိုက်လာနိုင်ပြီး ကျန်းမာတဲ့ သုက်ကောင်တွေ မထွက်လာနိုင်တော့ပါဘူး။ ဒါကြောင့် အဆီ၊ အချို၊ အငန် လျှော့စားပါ။ ငါးကြီးဆီ (Omega-3 နဲ့ Omega-6) တွေကတော့ ကျန်းမာရေးကောင်းမွန်စေနိုင်တဲ့အပြင် သုက်ပိုးတွေကိုလည်း အားဖြစ်စေနိုင်တာကြောင့် မဖြစ်မနေ စားပေးသင့်ပါတယ်။

၁၀။ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ရှောင်ကြဉ်ပါ။
မသန့်ရှင်းတဲ့ အစားအစာအပြင် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အဆိပ်ငွေ့တွေ၊ ဓာတုဗေဒပစ္စည်းတွေဟာလည်း ရေထု၊ လေထုကို ညစ်ညမ်းစေတယ်။ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ မျိုးမအောင်တဲ့ အခြေအနေထိပါ ပြဿနာတွေ ဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို အဆိပ်အတောက် နည်းနိုင်သမျှ နည်းအောင် ပြုပြင်ပါ။ လေထု၊ ရေထု ညစ်ညမ်းတဲ့ နေရာတွေကိုလည်း မကြာခဏ သွားတာမျိုး ရှောင်ကြဉ်ပါ။

၁၁။ ဖောလစ်အက်ဆစ်နဲ့ ဇင့်ဓာတ် လုံလောက်ပါစေ။
ကိုယ်ခန္ဓာအတွက်သာမက သုက်ကောင်လေးတွေကိုပါ ကျန်းမာစေတဲ့ ဖောလစ်အက်ဆစ်နဲ့ ဇင့်ဓာတ်ကို နေ့စဉ် လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။

share from : xyz

LEAVE A REPLY