Zawgyi ဖြင့်ဖတ်ရန်

 





(၄) သင်ဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဝတ်ကောင်းစားလှတွေ မဝတ်ထားသည့်တိုင် သူ့မျက်လုံးထဲမှာမြင်တဲ့ တစ်ဦးတည်းသော ယောက်ျားဟာ သင်ပဲဖြစ်မှာပါ။




Credit : aunty may

Unicode ဖြင့်ဖတ်ရန်

လက်ထပ်ဖို့အထိ ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာ (၇) မျိုး

လောကမှာ လက်လွှတ်သင့်တဲ့ အရာကို ဆုပ်ကိုင်ထားခြင်းနဲ့ ဆုပ်ကိုင်ထားရမယ့်အရာကို လက်လွှတ်ခြင်းက အမှားယွင်းဆုံးအရာတွေပါပဲ။ ခုဖော်ပြပေးမှာကတော့ လက်မလွှတ်တမ်း ဆုပ်ကိုင်ထားသင့်တဲ့၊ လက်ထပ်ဖို့အထိ ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရင် သင်ဟာ အရမ်းကံကောင်းပါတယ်။

(၁) လက်ထပ်သင့်တဲ့ မိန်းကလေးဆိုတာ ချိုမြိန်မှုတွေကို ပေးနိုင်တဲ့သူတစ်ယောက်ပါ။ ဂရုစိုက်မှု၊ ကြင်နာမှု၊ နားလည်မှုတွေမှာ ဘယ်သူနဲ့ယှဉ်ယှဉ် မျက်နှာမငယ်ရတဲ့ မိန်းကလေးမျိုးဖြစ်ပါတယ်။

(၂) သူမဟာ သင့်ကို ရယ်မောပျော်ရွှင်အောင် အမြဲလုပ်နိုင်တဲ့သူတစ်ယောက်ပါ။ သူမနဲ့ နေတဲ့အချိန်တွေမှာ ပျော်ရွှင်မှုအစစ်အမှန်ကို ခံစားရမှာပါ။

(၃) သူမဟာ သင်ဘာပဲလုပ်လုပ် ပါရမီဖြည့်ပေးမယ့်သူပါ။ သင်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတာတွေကို ပြောနေစရာမလိုပဲ သင့်ကို တစ်ချက်ကြည့်လိုက်တာနဲ့ နားလည်နိုင်စွမ်းရှိတဲ့သူပါ။

(၄) သင်ဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဝတ်ကောင်းစားလှတွေ မဝတ်ထားသည့်တိုင် သူ့မျက်လုံးထဲမှာမြင်တဲ့ တစ်ဦးတည်းသော ယောကျ်ားဟာ သင်ပဲဖြစ်မှာပါ။

(၅) သူမဟာ သင့်ရဲ့လူယုံတော်ပါ။ တစ်လောကလုံးက သင့်ကို ကျောခိုင်းသွားရင်တောင် သင့်ဖက်ကနေ ရပ်တည်ပေးမယ့်သူဆိုတာကို သင်အပြည့်အဝယုံကြည်နိုင်တဲ့သူပါ။

(၆) သင် ဘာပဲလုပ်လုပ်သင့်ကို အမြဲအားပေးနေတဲ့သူဟာ သူမပါ။ သင့်ဖက်မှာ ဘယ်သူမှမရှိသေးခင် အချိန်မှာကတည်းက သင့်ဖက်ကပဲ အပြည့်အဝရပ်တည်ပေးပြီး ဘယ်လို အခက်အခဲတွေပဲရှိရှိ သင့်ကိုလက်တွဲမဖြုတ်တဲ့သူပါ။

(၇) သူမဟာ လူတိုင်းနဲ့ သင့်မြတ်တဲ့သူပါ။ အကြောင်းကတော့ ပါးနပ်ပြီး ခင်မင်ပေါင်းသင်းရကောင်းလို့ပါ။ သူမဟာ မာန်မာနတွေမရှိတာကြောင့် လူတိုင်းက သူမနဲ့ သင့်မြတ်ပြီး သူမကို အားလုံးက ချစ်ကြမှာပါ။

Credit : aunty may

LEAVE A REPLY