Zawgyi ျဖင့္ဖတ္ရန္

 

ေျပာင္ေျမာက္တဲ့သီခ်င္းေရးစပ္သီဆိုပုံေတြနဲ႔ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ တစ္ကမာၻလုံးကပရိသတ္ေတြအသည္းစြဲအားေပးျခင္းခံရတဲ့ Miley Cyrus ဟာ သိပ္မၾကာခင္လပိုင္းကမွ သူႏွစ္ေတြအၾကာႀကီးခ်စ္လာရတဲ့ မင္းသားေခ်ာ Liam နဲ႔ လက္ထပ္ၿပီး တစ္ကမာၻလုံးက ဝိုင္းအားက်ရေအာင္ မိုးမျမင္ေလမျမင္ေပ်ာ္ေနခဲ့တာပါ။ ဒါေပမယ့္ ျ့ပီးခဲ့တဲ့ရက္အနည္းငယ္ကပဲ Miley နဲ႔ Liam တို႔ ျပတ္စဲသြားၾကၿပီလို႔သိရပါတယ္။ အရင္ကတည္းကခဏခဏျပတ္စဲၿပီး ျပန္တြဲေနၾကျဖစ္တာမို႔ ပရိသတ္ေတြက သူတို႔ႏွစ္ေယာက္ ျပန္အဆင္ေျပသြားမွာပါလို႔ထင္ခဲ့ဲၾကေပမယ့္ ႏိုင္ငံတကာ website ေတာ္ေတာ္မ်ားမ်ားကေတာ့ Liam က Miley ကို အရမ္းကိုစိတ္ကုန္သြားၿပီမို႔ျပတ္စဲခဲ့တာျဖစ္တယ္လို႔ေဖာ္ျပထားၾကပါတယ္။

ဟိုးအရင္ကတည္းက Liam နဲ႔ ျပတ္သြားတာနဲ႔ အထူးအဆန္းေတြထလုပ္ေလ့ရွိတဲ့ Miley က အခုလည္း အရင္ကလိုပဲ ကမာၻအႏွံ႔က ပရိသတ္ေတြ အံ့ၾသသြားေအာင္ အထူးအဆန္းႀကီးလုပ္လိုက္ျပန္ပါၿပီ။ အဲဒါကေတာ့ Liam နဲ႔ ျပတ္စဲတာ ရက္ပိုင္းပဲရွိေသးခ်ိန္မွာ သူ႔ရဲ႕သူငယ္ခ်င္းမိန္းကေလးတစ္ေယာက္နဲ႔ အားလပ္ရက္အပန္းေျဖခရီးထြက္ရင္း ႏႈတ္ခမ္းခ်င္းနမ္းေနခဲ့တာပါ။ Miley နဲ႔ Blogger Kaitlynn Jenner တို႔ နမ္းေနတဲ့ဓာတ္ပုံေတြပ်ံ႕ႏွံ႔လာခ်ိန္မွာ ပရိသတ္ေတြက အလန႔္တၾကားျဖစ္ခဲ့ၾကရပါတယ္။ Miley က အစကတည္းက သူ႔အေနနဲ႔ သာမန္ၿငိမ္ဝပ္ပိျပားတဲ့ ဇနီးတစ္ေယာက္ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူးလို႔ ေၾကျငာထားၿပီး Liam နဲ႔ တြဲေနစဥ္ကတည္းက သူက မိန္းကေလးေတြကိုလည္းစိတ္ဝင္စားပါတယ္လို႔ေျပာထားဖူးတာေၾကာင့္ ပရိသတ္ေတြက Liam နဲ႔ႏွစ္ေပါင္းမ်ားစြာ တြဲလိုက္ခြဲလိုက္နဲ႔ ဗ်ဳာမ်ားၿပီးေနာက္ Miley တစ္ေယာက္ ေယာက္်ားေတြကိုစိတ္နာၿပီး မိန္းကေလးနဲ႔တြဲလိုက္ၿပီလားလို႔ ေတြးထင္ေနၾကတာေတြလည္းရွိလာပါတယ္။

Miley အနမ္းေပးေနတဲ့ေကာင္မေလး Kaitlynn Jenner ဟာလည္း သူ႔ရဲ႕ခင္ပြန္းျဖစ္သူ Brody Jenner နဲ႔ ျပတ္စဲထားတာ တစ္ပတ္သာရွိေသးတာျဖစ္ပါတယ္။ Kaitlynn ရဲ႕ ခင္ပြန္းေဟာင္း Brody က Miley တို႔နမ္းေနတဲ့ဓာတ္ပုံေတြပ်ံ႕လာခ်ိန္မွာ သူ႔ရဲ႕ Twiitter မွာ “ကြၽန္ေတာ္နဲ႔ Liam နဲ႔ ကမ္းေျခမွာလက္ခ်င္းတြဲၿပီးလမ္းေလွ်ာက္တဲ့ ဓာတ္ပုံေတြလည္းထြက္လာေတာ့မွာပါ ေစာင့္ၾကည့္ၾကပါ”လို႔ ဟာသအေနနဲ႔ ေရးထားခဲ့ၿပီး အဲဒါကို Miley က “ေတာ္စမ္းပါ ကိုယ့္ဟာကိုယ္ ထရပ္ကားထဲမွသြားအိပ္ေနပါ”လို႔အဓိပၸါယ္ရတဲ့ comment ဝင္ေပးထားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ Miley က တကယ္ပဲ မိန္းကေလးခ်င္းတြဲေနၿပီလို႔ထင္လား။ ဒါမွမဟုတ္ Liam သဝန္တိုၿပီး ျပန္လာေအာင္လုပ္ျပေနတာျဖစ္မလား။ ထင္ျမင္ခ်က္ေတြေျပာခဲ့ပါဦး။

share from : nanmalgyi

 

Unicode ဖြင့်ဖတ်ရန်

Liam နဲ့ ပြတ်စဲပြီးနောက် မိန်းကလေးချင်းနမ်းနေတာတွေ့ရတဲ့ Miley Cyrus

ပြောင်မြောက်တဲ့သီချင်းရေးစပ်သီဆိုပုံတွေနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် တစ်ကမ္ဘာလုံးကပရိသတ်တွေအသည်းစွဲအားပေးခြင်းခံရတဲ့ Miley Cyrus ဟာ သိပ်မကြာခင်လပိုင်းကမှ သူနှစ်တွေအကြာကြီးချစ်လာရတဲ့ မင်းသားချော Liam နဲ့ လက်ထပ်ပြီး တစ်ကမ္ဘာလုံးက ဝိုင်းအားကျရအောင် မိုးမမြင်လေမမြင်ပျော်နေခဲ့တာပါ။ ဒါပေမယ့် ြ့ပီးခဲ့တဲ့ရက်အနည်းငယ်ကပဲ Miley နဲ့ Liam တို့ ပြတ်စဲသွားကြပြီလို့သိရပါတယ်။ အရင်ကတည်းကခဏခဏပြတ်စဲပြီး ပြန်တွဲနေကြဖြစ်တာမို့ ပရိသတ်တွေက သူတို့နှစ်ယောက် ပြန်အဆင်ပြေသွားမှာပါလို့ထင်ခဲ့ဲကြပေမယ့် နိုင်ငံတကာ website တော်တော်များများကတော့ Liam က Miley ကို အရမ်းကိုစိတ်ကုန်သွားပြီမို့ပြတ်စဲခဲ့တာဖြစ်တယ်လို့ဖော်ပြထားကြပါတယ်။

ဟိုးအရင်ကတည်းက Liam နဲ့ ပြတ်သွားတာနဲ့ အထူးအဆန်းတွေထလုပ်လေ့ရှိတဲ့ Miley က အခုလည်း အရင်ကလိုပဲ ကမ္ဘာအနှံ့က ပရိသတ်တွေ အံ့သြသွားအောင် အထူးအဆန်းကြီးလုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ Liam နဲ့ ပြတ်စဲတာ ရက်ပိုင်းပဲရှိသေးချိန်မှာ သူ့ရဲ့သူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့ အားလပ်ရက်အပန်းဖြေခရီးထွက်ရင်း နှုတ်ခမ်းချင်းနမ်းနေခဲ့တာပါ။ Miley နဲ့ Blogger Kaitlynn Jenner တို့ နမ်းနေတဲ့ဓာတ်ပုံတွေပျံ့နှံ့လာချိန်မှာ ပရိသတ်တွေက အလန့်တကြားဖြစ်ခဲ့ကြရပါတယ်။ Miley က အစကတည်းက သူ့အနေနဲ့ သာမန်ငြိမ်ဝပ်ပိပြားတဲ့ ဇနီးတစ်ယောက်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ ကြေငြာထားပြီး Liam နဲ့ တွဲနေစဉ်ကတည်းက သူက မိန်းကလေးတွေကိုလည်းစိတ်ဝင်စားပါတယ်လို့ပြောထားဖူးတာကြောင့် ပရိသတ်တွေက Liam နဲ့နှစ်ပေါင်းများစွာ တွဲလိုက်ခွဲလိုက်နဲ့ ဗျုာများပြီးနောက် Miley တစ်ယောက် ယောက်ျားတွေကိုစိတ်နာပြီး မိန်းကလေးနဲ့တွဲလိုက်ပြီလားလို့ တွေးထင်နေကြတာတွေလည်းရှိလာပါတယ်။

Miley အနမ်းပေးနေတဲ့ကောင်မလေး Kaitlynn Jenner ဟာလည်း သူ့ရဲ့ခင်ပွန်းဖြစ်သူ Brody Jenner နဲ့ ပြတ်စဲထားတာ တစ်ပတ်သာရှိသေးတာဖြစ်ပါတယ်။ Kaitlynn ရဲ့ ခင်ပွန်းဟောင်း Brody က Miley တို့နမ်းနေတဲ့ဓာတ်ပုံတွေပျံ့လာချိန်မှာ သူ့ရဲ့ Twiitter မှာ “ကျွန်တော်နဲ့ Liam နဲ့ ကမ်းခြေမှာလက်ချင်းတွဲပြီးလမ်းလျှောက်တဲ့ ဓာတ်ပုံတွေလည်းထွက်လာတော့မှာပါ စောင့်ကြည့်ကြပါ”လို့ ဟာသအနေနဲ့ ရေးထားခဲ့ပြီး အဲဒါကို Miley က “တော်စမ်းပါ ကိုယ့်ဟာကိုယ် ထရပ်ကားထဲမှသွားအိပ်နေပါ”လို့အဓိပ္ပါယ်ရတဲ့ comment ဝင်ပေးထားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Miley က တကယ်ပဲ မိန်းကလေးချင်းတွဲနေပြီလို့ထင်လား။ ဒါမှမဟုတ် Liam သဝန်တိုပြီး ပြန်လာအောင်လုပ်ပြနေတာဖြစ်မလား။ ထင်မြင်ချက်တွေပြောခဲ့ပါဦး။

share from : nanmalgyi

LEAVE A REPLY