Zawgyi ျဖင့္ဖတ္ရန္

မိုးေအာင္ရင္ဟာဆိုရင္ အခုလက္ရွိမွာ ပရိသတ္ေတြနဲ႔ျပန္လည္ထိေတြ႕ေနၿပီျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ႐ိုက္ကူးဖို႔လည္း လက္မလည္ေအာင္အလုပ္ေတြဆက္တိုက္လုပ္ေနၿပီျဖစ္ပါတယ္။

ပရိသတ္ေတြကလည္း အႏုပညာလမ္းေၾကာင္းေပၚျပန္ေရာက္လာၿပီျဖစ္တဲ့ မိုးေအာင္ရင္ကို အားေပးဖို႔ စိတ္လႈပ္ရွားရင္ခုန္စြာေစာင့္ဆိုင္းေနၾကပါၿပီ။

မိုးေအာင္ရင္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ အႏုပညာအလုပ္ကိုအာ႐ုံစိုက္ေနေၾကာင္းနဲ႔ သစၥာရွိရွိေစာင့္ေနေပးတဲ့ခ်စ္သူကို ေက်းဇူးတင္ေၾကာင္းေျပာၾကားသြားပါတယ္။

မိုးေအာင္ရင္က ၾကားထဲမွာ ပရိသတ္ေတြနဲ႔ေဝးကြာၿပီးအထဲေရာက္သြားတဲ့အခ်ိန္ေတြရွိေပမယ့္အခ်စ္ကေတာ့ ေပ်ာက္မသြားပါဘူးလို႔ “မရွိပါဘူး။ကြၽန္ေတာ့္မွာရွိပါတယ္”လို႔ ေျပာထားၿပီး အိမ္ေထာင္ျပဳဖို႔ေတာ့မရွိေသးဘူးလို႔ “ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္မိသားစုနဲ႔ေဝးကြာၿပီးေနလိုက္ရတဲ့ဟာကို အခုမိသားစုနဲ႔ျပန္ေနမယ္ဆိုတဲ့အေတြးပဲရွိပါတယ္။

က်န္တဲ့အျခားေသာအိပ္မက္တစ္ခုေတာ့ မရွိေသးပါဘူး။ အိမ္ေထာင္ျပဳဖို႔ဘာဖို႔ေပ့ါေနာ္။တစ္မိသားစုထူေထာင္လိုက္မယ္ဆိုရင္ အေဖတို႔အေမတို႔နဲ႔အတူတူမရွိေတာ့မွာလည္းစိုးတယ္။

ကြၽန္ေတာ္လုပ္ရမယ့္ဟာက အစကျပန္မဟုတ္ေပမယ့္လည္း ဘယ္လိုပဲျဖစ္ျဖစ္လမ္းေၾကာင္းေပၚျပန္တက္ရတဲ့အေနအထားေလးျဖစ္ေနတဲ့အခါက်ေတာ့ လမ္းေၾကာင္းေပၚမွာ

အရွိန္ရၿပီးသြားေတာ့မွသာ ခုနကေျပာတဲ့ဟာမ်ိဳးေလးေတြကြၽန္ေတာ္စဥ္းစားမွာပါ”လို႔ ေျပာျပထားပါတယ္။ အႏုပညာအလုပ္ေတြကိုအာ႐ုံစိုက္ၿပီးမွ အိမ္ေထာင္ျပဳဖို႔စဥ္းစားမယ့္အေၾကာင္း

“ခုနကေျပာသလိုပဲ လမ္းေၾကာင္းမွန္ေလးအတိုင္း ပုံမွန္ေလးသြားေနမွ ကိုယ့္ကိုယ္ကိုစိတ္ခ်မွ အိမ္ေထာင္ျပဳျခင္းတို႔ဘာတို႔ကြၽန္ေတာ္လုပ္လို႔ရမွာခင္ဗ်။ အဲ့လိုမဟုတ္ပဲနဲ႔ ကိုယ့္ဟာကိုယ္ေတာင္မႏိုင္ေသးပဲနဲ႔

ေနာက္တစ္ေယာက္ပါပါလာၿပီဆိုရင္ ကေလးပုစုခ႐ုေလးေတြပါပါလာရင္ပိုဆိုးသြားမွာခင္ဗ်ဘဝကေလ ဘဝတစ္ခုကိုတည္ေဆာက္ဖို႔ဆိုတာကအေျခခိုင္မွရမွာေပါ့။ အဲဒါေၾကာင့္

ကြၽန္ေတာ္အေျခခိုင္ခိုင္ေလးျဖစ္ခ်င္တာ”လို႔ ေျဖၾကားသြားပါတယ္။ သစၥာရွိရွိနဲ႔ေစာင့္ေနေပးတဲ့ခ်စ္သူကို ေက်းဇူးတင္ပါတယ္လို႔လည္း “အခ်စ္က ရွိပါတယ္။ ရွာစရာမလိုပါဘူး။

ဒါကလည္းေဆာက္ျဖစ္မွေက်ာင္းဒကာေပါ့ေနာ္။ ဘာရယ္လို႔ေျပာလို႔မရေသးပါဘူး။ ဒီအခ်ိန္အထိေစာင့္ေနလို႔ ေက်းဇူးတင္ပါတယ္ေပါ့။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ပဲေျပာခ်င္ပါတယ္ခင္ဗ်”လို႔ေျပာၾကားသြားပါတယ္။

ပရိသတ္ႀကီးေရာ မိုးေအာင္ရင္ကိုခ်စ္ၾကလား။မိုးေအာင္ရင္ရဲ႕ေနာက္ထပ္ထြက္မယ့္ဇာတ္ကားေတြကိုေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

 

လွတ်တဲ့အချိန်ထိသစ္စာရှိရှိစောင့်နေတဲ့ချစ်သူကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ မိုးအောင်ရင်

မိုးအောင်ရင်ဟာဆိုရင် အခုလက်ရှိမှာ ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့နေပြီဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးဖို့လည်း လက်မလည်အောင်အလုပ်တွေဆက်တိုက်လုပ်နေပြီဖြစ်ပါတယ်။

ပရိသတ်တွေကလည်း အနုပညာလမ်းကြောင်းပေါ်ပြန်ရောက်လာပြီဖြစ်တဲ့ မိုးအောင်ရင်ကို အားပေးဖို့ စိတ်လှုပ်ရှားရင်ခုန်စွာစောင့်ဆိုင်းနေကြပါပြီ။

မိုးအောင်ရင်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ အနုပညာအလုပ်ကိုအာရုံစိုက်နေကြောင်းနဲ့ သစ္စာရှိရှိစောင့်နေပေးတဲ့ချစ်သူကို ကျေးဇူးတင်ကြောင်းပြောကြားသွားပါတယ်။

မိုးအောင်ရင်က ကြားထဲမှာ ပရိသတ်တွေနဲ့ဝေးကွာပြီးအထဲရောက်သွားတဲ့အချိန်တွေရှိပေမယ့်အချစ်ကတော့ ပျောက်မသွားပါဘူးလို့ “မရှိပါဘူး။ကျွန်တော့်မှာရှိပါတယ်”လို့ ပြောထားပြီး အိမ်ထောင်ပြုဖို့တော့မရှိသေးဘူးလို့ “လောလောဆယ်တော့ ကျွန်တော်မိသားစုနဲ့ဝေးကွာပြီးနေလိုက်ရတဲ့ဟာကို အခုမိသားစုနဲ့ပြန်နေမယ်ဆိုတဲ့အတွေးပဲရှိပါတယ်။

ကျန်တဲ့အခြားသောအိပ်မက်တစ်ခုတော့ မရှိသေးပါဘူး။ အိမ်ထောင်ပြုဖို့ဘာဖို့ပေ့ါနော်။တစ်မိသားစုထူထောင်လိုက်မယ်ဆိုရင် အဖေတို့အမေတို့နဲ့အတူတူမရှိတော့မှာလည်းစိုးတယ်။

ကျွန်တော်လုပ်ရမယ့်ဟာက အစကပြန်မဟုတ်ပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ်လမ်းကြောင်းပေါ်ပြန်တက်ရတဲ့အနေအထားလေးဖြစ်နေတဲ့အခါကျတော့ လမ်းကြောင်းပေါ်မှာ

အရှိန်ရပြီးသွားတော့မှသာ ခုနကပြောတဲ့ဟာမျိုးလေးတွေကျွန်တော်စဉ်းစားမှာပါ”လို့ ပြောပြထားပါတယ်။ အနုပညာအလုပ်တွေကိုအာရုံစိုက်ပြီးမှ အိမ်ထောင်ပြုဖို့စဉ်းစားမယ့်အကြောင်း

“ခုနကပြောသလိုပဲ လမ်းကြောင်းမှန်လေးအတိုင်း ပုံမှန်လေးသွားနေမှ ကိုယ့်ကိုယ်ကိုစိတ်ချမှ အိမ်ထောင်ပြုခြင်းတို့ဘာတို့ကျွန်တော်လုပ်လို့ရမှာခင်ဗျ။ အဲ့လိုမဟုတ်ပဲနဲ့ ကိုယ့်ဟာကိုယ်တောင်မနိုင်သေးပဲနဲ့

နောက်တစ်ယောက်ပါပါလာပြီဆိုရင် ကလေးပုစုခရုလေးတွေပါပါလာရင်ပိုဆိုးသွားမှာခင်ဗျဘဝကလေ ဘဝတစ်ခုကိုတည်ဆောက်ဖို့ဆိုတာကအခြေခိုင်မှရမှာပေါ့။ အဲဒါကြောင့်

ကျွန်တော်အခြေခိုင်ခိုင်လေးဖြစ်ချင်တာ”လို့ ဖြေကြားသွားပါတယ်။ သစ္စာရှိရှိနဲ့စောင့်နေပေးတဲ့ချစ်သူကို ကျေးဇူးတင်ပါတယ်လို့လည်း “အချစ်က ရှိပါတယ်။ ရှာစရာမလိုပါဘူး။

ဒါကလည်းဆောက်ဖြစ်မှကျောင်းဒကာပေါ့နော်။ ဘာရယ်လို့ပြောလို့မရသေးပါဘူး။ ဒီအချိန်အထိစောင့်နေလို့ ကျေးဇူးတင်ပါတယ်ပေါ့။ ကျေးဇူးအများကြီးတင်ပါတယ်လို့ပဲပြောချင်ပါတယ်ခင်ဗျ”လို့ပြောကြားသွားပါတယ်။

ပရိသတ်ကြီးရော မိုးအောင်ရင်ကိုချစ်ကြလား။မိုးအောင်ရင်ရဲ့နောက်ထပ်ထွက်မယ့်ဇာတ်ကားတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

share from : burmese.asia

LEAVE A REPLY