Zawgyi ျဖင့္ဖတ္ရန္

မြန္ျပည္နယ္၊ ေပါင္ၿမိဳနယ္၊ အုန္းတစ္ပင္ေက်း႐ြာအုပ္စုမွ ေဒသခံတို႔ ကြမ္းၿခံ၊ ေရာ္ဘာၿခံတို႔တြင္ လုပ္ငန္းခြင္ဝင္ေနစဥ္ ကုလားမေတာင္ဘက္မွ အေျမာက္သံ၊ မိုးၿခိမ္းသံလို အသံမ်ား က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ ေက်ာက္မိုင္းလုပ္ငန္းခြင္ ေဖာက္ခြဲသံမ်ားေနာက္တြင္ ေက်ာက္ႀကိတ္ခြဲသံတို႔က အဆက္မျပတ္ ေပၚထြက္ေနသည္။

ရာဘာပင္ တစ္ေထာင္ေက်ာ္ စိုက္ပ်ိဳးထားသူ ဦးဉာဏ္ေဌးက ေဖာက္ခြဲမႈမ်ား ေန႔စဥ္ ျဖစ္ေပၚေနေသာ ထိုေဒသသို႔ ကုမၸဏီအမ်ားအျပားက ေက်ာက္မိုင္းလုပ္ငန္းလုပ္ကိုင္ရန္ ဆက္လက္ေရာက္ရွိေနေၾကာင္း၊ သူ၏ ၿခံေဘးတြင္လည္း ရာမည ေက်ာက္မိုင္းကုမၸဏီက လုပ္ငန္း လုပ္ကိုင္ေနသျဖင့္ သူ၏ ဝင္ေငြ ထိခိုက္လာေၾကာင္း ရွင္းျပသည္။

အရင္ႏွစ္ေတြက ႏွစ္ခ်ဳပ္စာရင္း လုပ္လိုက္ရင္ သိန္း ၆ဝ ေလာက္ ဝင္ေငြရွိတယ္။ ဒီႏွစ္ေတြမွာေတာ့ သိန္း ၃ဝ ပဲ ဝင္ေငြရွိေတာ့တယ္”ဟု ဦးဉာဏ္ေဌးက ေျပာသည္။

၂ဝ၁၁ မွ စတင္ၿပီး အမ်ားအျပား ေပၚေပါက္လာေသာ ေက်ာက္မိုင္း ကုမၸဏီတို႔က ပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈကို ဂ႐ုမစိုက္ၾကဘဲ ေက်ာက္ထုတ္လုပ္ေရးလုပ္ငန္း အႀကီးအက်ယ္ လုပ္ကိုင္လာၾကသည္ဟု ေဒသခံ မြန္၊ ကရင္ႏွင့္ပအိုဝ္း တိုင္းရင္းသားတို႔က ေျပာသည္။

ေက်ာက္ထုတ္လုပ္ငန္းေၾကာင့္ ေစတီ၊ လူေနအိမ္ အေဆာက္အဦမ်ား ထိခိုက္ပ်က္စီးရသည္၊ ေလထုညစ္ညမ္း၊ ေရအရင္းအျမစ္ဆုံးရႈံးၾကရသည္ဟု သူတို႔က ဆိုသည္။

ေက်း႐ြာဝန္းက်င္ မွ်စ္ခ်ိဳး၊ ထင္းေကာက္သည့္ေနရာအနီး ေက်ာက္မိုင္းလုပ္ငန္း ၿခံခတ္မႈေၾကာင့္ သြားလာမႈ အကန႔္အသတ္ ျဖစ္လာၿပီး ေဒသခံတခ်ိဳ႕ စားဝတ္ေနေရး အခက္အခဲႏွင့္ ရင္ဆိုင္ေနၾကရသည္။

ေရအရင္းအျမစ္ဆုံးရႈံးမႈ ေက်ာက္မိုင္းလုပ္ငန္းခြင္ေဖာက္ခြဲမႈေနာက္ဆက္တြဲ တုန္ခါမႈေၾကာင့္ ေရေၾကာင္းေျပာင္းလဲမႈ ျဖစ္ေပၚလာၿပီး ယခုႏွစ္တြင္ ေရခ်ိဳ သိသိသာသာ ရွားပါးသြားေၾကာင္း ႐ြာကေလးေက်း႐ြာတြင္ ေနထိုင္သည့္ ေဒၚခင္လွခ်ိဳကေျပာသည္။ ဒီႏွစ္မွာေတာ့ ႐ြာကေရတြင္းေတြက ေရမထြက္ေတာ့လို႔ တြင္းတိုင္းလိုလို ထပ္တူးေနရတယ္”ဟု သူက ေျပာသည္။

ေရတံခြန္ေခ်ာင္းေအာက္ေျခရွိ ပအိုဝ္းစုေက်း႐ြာတြင္ ေနထိုင္သည့္ ၅၅ ႏွစ္အ႐ြယ္ ပအိုဝ္းတိုင္းရင္းသား ဦးထိန္လင္းက သူ႔လယ္ထဲသို႔ ေရတံခြန္ေခ်ာင္းေရက သယ္ေဆာင္လာသည့္ စြန႔္ပစ္ေျမစာမ်ား ေရာက္လာသည္ဟု ဆိုသည္။

“ သူတို႔ေျမစာေတြေၾကာင့္ လယ္ေတြပ်က္စီးခဲ့ရတယ္ဆိုၿပီး အုပ္ခ်ဳပ္ေရးမႉးကိုေတာ့ သြားေျပာတာပဲ၊ (အဆင္မေျပဘူး) သူတို႔က အႀကီးအကဲဆိုေတာ့ ဘယ္လို သြားလုပ္ရမလဲ”ဟု သူက စိတ္ပ်က္လက္ပ်က္ ညည္းညဴသည္။

ေဒသခံမ်ားၾကားတြင္ မေက်နပ္မႈ ပိုမို ႀကီးထြားလာေနသည္ကို ေတြ႕ရသည္။ ေက်ာက္မိုင္းလုပ္ငန္းကို ဆန႔္က်င္ကန႔္ကြက္သည့္ လက္မွတ္မ်ား စုေဆာင္းၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္႐ုံး၊ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) အစိုးရအဖြဲ႕၊ သမၼတ႐ုံး စသည့္ ေနရာမ်ားသို႔ ေပးပို႔ထားေသာ္လည္း အေရးယူ ေဆာင္႐ြက္မႈ မေတြ႕ရေသးဟု ၎တို႔က ဆိုသည္။

ဇြန္လ ၅ ရက္ေန႔က ေဒသတြင္း အထင္ကရ ကုလားမေတာင္၏ အေနာက္ဘက္ အုတၱံတားေက်း႐ြာရွိ Long Life ကုမၸဏီကို ေဒသခံ ေတာင္သူ လယ္သမားမ်ားက ေက်ာက္မိုင္းလုပ္ငန္း ရပ္ဆိုင္းရန္ ဆႏၵျပကန႔္ကြက္ၾကသည္။

ေက်ာက္မိုင္းမ်ား၏ ေဖာက္ခြဲအား တုန္ခါမႈ၊ ေျမစာစြန႔္ပစ္မႈ၊ သစ္ေတာျပဳန္းတီးမႈတို႔ေၾကာင့္ ပတ္ဝန္းက်င္ထိခိုက္မႈဒဏ္ကို ယခုႏွစ္ပိုင္းအတြင္း သိသိသာသာ ခံစားေနရသည္ဟု ႐ြာကေလးေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးေ႐ႊေသာင္းက ေျပာသည္။

“ေပ တစ္ရာေလာက္အက်ယ္ရွိတဲ့ ေရတံခြန္ေခ်ာင္းဟာ ေက်ာက္မိုင္းေတြရဲ႕ေျမစာပုံေတြေၾကာင့္ အခုဆို ေျခာက္ေပေလာက္ပဲ အက်ယ္အဝန္း ရွိပါေတာ့တယ္” ဟု ၅၅ ႏွစ္ အ႐ြယ္ ကရင္တိုင္းရင္းသား ရာဘာစိုက္ ေတာင္သူ ဦးေ႐ႊေသာင္းက ေျပာသည္။

ေဒသခံတို႔၏ ကန႔္ကြက္မႈ မြန္ျပည္နယ္တြင္ မၾကာေသးခင္ႏွစ္မ်ားအတြင္း ေက်ာက္မိုင္းလုပ္ငန္းခြင္ အမ်ားအျပား ေပၚေပါက္လာၿပီး ၂၂ ခုမွာ ေပါင္ၿမိဳ႕နယ္၊ ၄၈ ခုမွာ က်ိဳက္ထိုၿမိဳ႕နယ္တြင္ တည္ရွိသည္ဟု ႏိုင္ငံေတာင္ပိုင္း ေက်ာက္မိုင္းလုပ္ငန္းတို႔၏ ေဘးထြက္ဆိုးက်ိဳးကို ေလ့လာေနေသာ မြန္ျပည္နယ္လႊတ္ေတာ္မွ NLD အမတ္တစ္ဦးျဖစ္သည့္ ဦးေအးဇံက ေျပာသည္။ ေက်ာက္မိုင္းလုပ္ငန္းခြင္ မိုင္းေဖာက္ကြဲမႈဒဏ္ကို ခံေနရသည့္ ေပါင္ၿမိဳ႕နယ္၊ က်ဳံကေက်း႐ြာအနီးတြင္ ထြန္းေတာက္စ၊ AZAMI, L.M Jwellery စသည့္ ကုမၸဏီမ်ားက လုပ္ကိုင္လ်က္ရွိသည္။

မၾကာေသးခင္က ေ႐ႊျမင့္မိုရ္ထြန္း အပါအဝင္ ကုလားမေတာင္ေျခရွိ ေက်ာက္ထုတ္လုပ္ေရးစခန္းမ်ားသို႔ Myanmar Now သတင္းဌာနက သြားေရာက္ ေလ့လာခဲ့သည္။ ေ႐ႊျမင့္မိုရ္ထြန္း၏ လုပ္ကြက္မွာ ဧက ၅ဝ အက်ယ္အဝန္း ရွိၿပီး ထိုေနရာကို အစိုးရထံမွ ႏွစ္ ၃ဝ စာခ်ဳပ္ျဖင့္ ငွားရမ္းလုပ္ကိုင္ေနျခင္းျဖစ္သည္။ ေက်ာက္တုံးႀကီးမ်ားကို လမ္းခင္းေက်ာက္ ေက်ာက္ခဲ အ႐ြယ္အစား ရရွိရန္ ႀကိတ္ခြဲေနသည့္အသံ ဆူညံစြာ ထြက္ေပၚေနစဥ္ ေက်ာက္သယ္ ေမာ္ေတာ္ယဥ္မ်ားက ဝင္ထြက္သြားလာေနၾကသည္။ ေက်ာက္ထုတ္လုပ္ေရး အလုပ္သမားမ်ားကလည္း ပူျပင္းသည့္ ေနေရာင္ေအာက္တြင္ မရပ္မနား လုပ္ကိုင္ေနၾကသည္။ ၂ဝ၁၅ တြင္ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း စီမံကိန္းသို႔ ေက်ာက္တန္ခ်ိန္ ၃,၄ဝဝ ခန႔္ တင္ပို႔ခဲ့ေၾကာင္း၊ ယခုအခါ ရန္ကုန္ သီလဝါဆိပ္ကိမ္းသို႔ တင္ပို႔ေနေၾကာင္း ထိုကုမၸဏီမွ အေထြေထြမန္ေနဂ်ာ ဦးတင္အုန္းက ေျပာသည္။

“သစ္ပင္စိုက္ပ်ိဳးလို႔ မသင့္ေတာ္တဲ့ ေက်ာက္ေတာင္ေတြမွာ ျပည္နယ္နဲ႔ျပည္ေထာင္စု အစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔အညီ လုပ္ကိုင္ေနတာပါ”ဟု ျမန္မာ့မီးရထားဝန္ႀကီးဌာနမွ ပင္စင္စား အင္ဂ်င္နီယာ ဦးတင္အုန္းက ဆံပင္ေပၚတြင္ တင္ေနသည့္ ေက်ာက္မႈန္မ်ားကို ခါခ်ရင္းေျပာသည္။ ေက်ာက္မိုင္းေၾကာင့္ပ်က္စီးသြားသည့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို နစ္နာေၾကး ေပးေၾကာင္း၊ ၂ႏွစ္သား ရာဘာပင္တစ္ပင္လွ်င္ က်ပ္တစ္သိန္းႏႈန္း ေလ်ာ္ေၾကးေပးၿပီးျဖစ္ေၾကာင္း သူက ရွင္းျပသည္။

အစိုးရ၏ အခန္းက႑ မြန္ျပည္နယ္အတြင္းရွိေက်ာက္မိုင္းအမ်ားစုမွာ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္သစ္ေတာေရးရာ ဝန္ႀကီးဌာနက ခ်မွတ္ထားသည့္ ဥပေဒ၊ စည္းကမ္းခ်က္မ်ားကို လိုက္နာျခင္းမရွိေၾကာင္း၊ အစိုးရသစ္လက္ထက္တြင္ အေရးယူေပး ႏိုင္ေရး အတြက္ ေဒသခံတို႔ကို ကူညီသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားႏွင့္ စိုက္ပ်ိဳးေရး၊ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္က ေျပာသည္။

“ ေက်ာက္မိုင္းေတြက (လိုင္စင္) တစ္ႏွစ္တစ္ခါ ျပန္ေလွ်ာက္ရတယ္။ အဲဒီအခ်ိန္မွာ ေဒသခံေတြက ကန႔္ကြက္လို႔ ရတယ္လို႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ သစ္ေတာေရးရာ ၫြန္ၾကားေရးမႉးက ေျပာထားတာ ရွိပါတယ္” ဟု ထိုအဖြဲ႕ခ်ဳပ္မွ ျပႆနာေျဖရွင္းေရး တာဝန္ခံ ဦးတင္လွက ေျပာျပသည္။

“ဥပေဒအရဆို ေက်ာက္မိုင္းေတြက ႐ြာေတြနဲ႔ အနည္းဆုံး ၄မိုင္ အကြာအေဝးမွာ ရွိရမွာပါ ေပါင္ၿမိဳ႕နယ္ ျပည္သူ႔ကိုယ္စားလွယ္ တစ္ဦးျဖစ္သူ ဦးထြန္းမင္းေအာင္ကလည္း ဇြန္လ ၂ရက္ေန႔ မြန္ျပည္နယ္လႊတ္ေတာ္အစည္းအေဝးတြင္ အဆိုပါ ေက်ာက္မိုင္းမ်ားႏွင့္ပတ္သက္ၿပီး အစိုးရကို ေမးခြန္းထုတ္ထားသည္။ ၿမိဳ႕နယ္အတြင္း ေက်ာက္မိုင္းမ်ား ဥပေဒႏွင့္အညီေဆာင္႐ြက္ေနျခင္းရွိမရွိ စိစစ္သြားမည္ဟု သူက ဆိုသည္။

ေဒသတြင္း ေက်ာက္မိုင္းတို႔ႏွင့္ပတ္သက္ၿပီး ပတ္ဝန္းက်င္ထိခိုက္မႈစစ္တမ္း၊ ေဒသခံမ်ား၏ လူမႈဘဝဝန္းက်င္ထိခိုက္မႈစစ္တမ္းမ်ား ဆက္လက္ျပဳလုပ္ရန္ လိုအပ္သည္ဟု သူက ဆိုသည္။

ေက်ာက္ထုတ္လုပ္ငန္းေၾကာင့္ ပတ္ဝန္းက်င္ပ်က္စီးေသာ္လည္း ဗဟိုႏွင့္ျပည္နယ္အစိုးရ၏ ဘ႑ာေရး အေျခအေနကိုလည္း ထည့္သြင္းစဥ္းစားဖို႔လိုသည္ဟု ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သယံဇာတေရးရာဝန္ႀကီး ေဒါက္တာမင္းၾကည္ဝင္းက သုံးသပ္သည္။ တကယ္လို႔ ကြၽန္ေတာ္တို႔ႏိုင္ငံက ေငြေရးေၾကးေရးလည္း တတ္ႏိုင္တယ္ဆိုရင္ေတာ့ ဒီေတာင္ႀကီးေတြကို ၿဖိဳစရာမလိုဘူးေပါ့ဗ်ာ” ဟု ျပည္နယ္အစိုးရ ဝန္ႀကီးက ေျပာသည္။

Long Life ေက်ာက္မိုင္းကုမၸဏီကို ကန႔္ကြက္ေနေသာ အုတၱံတားေက်း႐ြာ စိုက္ပ်ိဳးေရးသမားတစ္ဦးျဖစ္သည့္ ဦးထြန္းကိုက ေဒသခံတို႔၏ စားဝတ္ေနေရး အႀကီးအက်ယ္ ထိခိုက္ေနေသာေၾကာင့္ ေက်ာက္မိုင္းလုပ္ငန္း ဆန႔္က်င္ေရးကို ဆက္လက္ လုပ္ကိုင္သြားရန္ သႏၷိ႒ာန္ ခ်ထားသည္ဟု ဆိုသည္။

“ကြၽန္ေတာ္တို႔ရဲ႕ လႈပ္ရွားမႈကေတာ့ ရပ္မွာ မဟုတ္ဘူး။ ဒီလုပ္ငန္းေတြ ကြၽန္ေတာ္တို႔ေဒသကေန ထြက္သြားတဲ့အထိ ဆက္ၿပီး ကန႔္ကြက္သြားမယ္” ဟု ဦးထြန္းကိုက ေျပာလိုက္သည္။ ။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

မွန်ပြည်နယ်ကို အန္တရာယ်ပေးနေသည့် ကျောက်မိုင်းလုပ်ငန်း

မွန်ပြည်နယ်၊ ပေါင်မြိုနယ်၊ အုန်းတစ်ပင်ကျေးရွာအုပ်စုမှ ဒေသခံတို့ ကွမ်းခြံ၊ ရော်ဘာခြံတို့တွင် လုပ်ငန်းခွင်ဝင်နေစဉ် ကုလားမတောင်ဘက်မှ အမြောက်သံ၊ မိုးခြိမ်းသံလို အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျောက်မိုင်းလုပ်ငန်းခွင် ဖောက်ခွဲသံများနောက်တွင် ကျောက်ကြိတ်ခွဲသံတို့က အဆက်မပြတ် ပေါ်ထွက်နေသည်။

ရာဘာပင် တစ်ထောင်ကျော် စိုက်ပျိုးထားသူ ဦးဉာဏ်ဌေးက ဖောက်ခွဲမှုများ နေ့စဉ် ဖြစ်ပေါ်နေသော ထိုဒေသသို့ ကုမ္ပဏီအများအပြားက ကျောက်မိုင်းလုပ်ငန်းလုပ်ကိုင်ရန် ဆက်လက်ရောက်ရှိနေကြောင်း၊ သူ၏ ခြံဘေးတွင်လည်း ရာမည ကျောက်မိုင်းကုမ္ပဏီက လုပ်ငန်း လုပ်ကိုင်နေသဖြင့် သူ၏ ဝင်ငွေ ထိခိုက်လာကြောင်း ရှင်းပြသည်။

အရင်နှစ်တွေက နှစ်ချုပ်စာရင်း လုပ်လိုက်ရင် သိန်း ၆ဝ လောက် ဝင်ငွေရှိတယ်။ ဒီနှစ်တွေမှာတော့ သိန်း ၃ဝ ပဲ ဝင်ငွေရှိတော့တယ်”ဟု ဦးဉာဏ်ဌေးက ပြောသည်။

၂ဝ၁၁ မှ စတင်ပြီး အများအပြား ပေါ်ပေါက်လာသော ကျောက်မိုင်း ကုမ္ပဏီတို့က ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ဂရုမစိုက်ကြဘဲ ကျောက်ထုတ်လုပ်ရေးလုပ်ငန်း အကြီးအကျယ် လုပ်ကိုင်လာကြသည်ဟု ဒေသခံ မွန်၊ ကရင်နှင့်ပအိုဝ်း တိုင်းရင်းသားတို့က ပြောသည်။

ကျောက်ထုတ်လုပ်ငန်းကြောင့် စေတီ၊ လူနေအိမ် အဆောက်အဦများ ထိခိုက်ပျက်စီးရသည်၊ လေထုညစ်ညမ်း၊ ရေအရင်းအမြစ်ဆုံးရှုံးကြရသည်ဟု သူတို့က ဆိုသည်။

ကျေးရွာဝန်းကျင် မျှစ်ချိုး၊ ထင်းကောက်သည့်နေရာအနီး ကျောက်မိုင်းလုပ်ငန်း ခြံခတ်မှုကြောင့် သွားလာမှု အကန့်အသတ် ဖြစ်လာပြီး ဒေသခံတချို့ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ရေအရင်းအမြစ်ဆုံးရှုံးမှု ကျောက်မိုင်းလုပ်ငန်းခွင်ဖောက်ခွဲမှုနောက်ဆက်တွဲ တုန်ခါမှုကြောင့် ရေကြောင်းပြောင်းလဲမှု ဖြစ်ပေါ်လာပြီး ယခုနှစ်တွင် ရေချို သိသိသာသာ ရှားပါးသွားကြောင်း ရွာကလေးကျေးရွာတွင် နေထိုင်သည့် ဒေါ်ခင်လှချိုကပြောသည်။ ဒီနှစ်မှာတော့ ရွာကရေတွင်းတွေက ရေမထွက်တော့လို့ တွင်းတိုင်းလိုလို ထပ်တူးနေရတယ်”ဟု သူက ပြောသည်။

ရေတံခွန်ချောင်းအောက်ခြေရှိ ပအိုဝ်းစုကျေးရွာတွင် နေထိုင်သည့် ၅၅ နှစ်အရွယ် ပအိုဝ်းတိုင်းရင်းသား ဦးထိန်လင်းက သူ့လယ်ထဲသို့ ရေတံခွန်ချောင်းရေက သယ်ဆောင်လာသည့် စွန့်ပစ်မြေစာများ ရောက်လာသည်ဟု ဆိုသည်။

“ သူတို့မြေစာတွေကြောင့် လယ်တွေပျက်စီးခဲ့ရတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကိုတော့ သွားပြောတာပဲ၊ (အဆင်မပြေဘူး) သူတို့က အကြီးအကဲဆိုတော့ ဘယ်လို သွားလုပ်ရမလဲ”ဟု သူက စိတ်ပျက်လက်ပျက် ညည်းညူသည်။

ဒေသခံများကြားတွင် မကျေနပ်မှု ပိုမို ကြီးထွားလာနေသည်ကို တွေ့ရသည်။ ကျောက်မိုင်းလုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်သည့် လက်မှတ်များ စုဆောင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ရုံး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့၊ သမ္မတရုံး စသည့် နေရာများသို့ ပေးပို့ထားသော်လည်း အရေးယူ ဆောင်ရွက်မှု မတွေ့ရသေးဟု ၎င်းတို့က ဆိုသည်။

ဇွန်လ ၅ ရက်နေ့က ဒေသတွင်း အထင်ကရ ကုလားမတောင်၏ အနောက်ဘက် အုတ္တံတားကျေးရွာရှိ Long Life ကုမ္ပဏီကို ဒေသခံ တောင်သူ လယ်သမားများက ကျောက်မိုင်းလုပ်ငန်း ရပ်ဆိုင်းရန် ဆန္ဒပြကန့်ကွက်ကြသည်။

ကျောက်မိုင်းများ၏ ဖောက်ခွဲအား တုန်ခါမှု၊ မြေစာစွန့်ပစ်မှု၊ သစ်တောပြုန်းတီးမှုတို့ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုဒဏ်ကို ယခုနှစ်ပိုင်းအတွင်း သိသိသာသာ ခံစားနေရသည်ဟု ရွာကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသောင်းက ပြောသည်။

“ပေ တစ်ရာလောက်အကျယ်ရှိတဲ့ ရေတံခွန်ချောင်းဟာ ကျောက်မိုင်းတွေရဲ့မြေစာပုံတွေကြောင့် အခုဆို ခြောက်ပေလောက်ပဲ အကျယ်အဝန်း ရှိပါတော့တယ်” ဟု ၅၅ နှစ် အရွယ် ကရင်တိုင်းရင်းသား ရာဘာစိုက် တောင်သူ ဦးရွှေသောင်းက ပြောသည်။

ဒေသခံတို့၏ ကန့်ကွက်မှု မွန်ပြည်နယ်တွင် မကြာသေးခင်နှစ်များအတွင်း ကျောက်မိုင်းလုပ်ငန်းခွင် အများအပြား ပေါ်ပေါက်လာပြီး ၂၂ ခုမှာ ပေါင်မြို့နယ်၊ ၄၈ ခုမှာ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည်ဟု နိုင်ငံတောင်ပိုင်း ကျောက်မိုင်းလုပ်ငန်းတို့၏ ဘေးထွက်ဆိုးကျိုးကို လေ့လာနေသော မွန်ပြည်နယ်လွှတ်တော်မှ NLD အမတ်တစ်ဦးဖြစ်သည့် ဦးအေးဇံက ပြောသည်။ ကျောက်မိုင်းလုပ်ငန်းခွင် မိုင်းဖောက်ကွဲမှုဒဏ်ကို ခံနေရသည့် ပေါင်မြို့နယ်၊ ကျုံကကျေးရွာအနီးတွင် ထွန်းတောက်စ၊ AZAMI, L.M Jwellery စသည့် ကုမ္ပဏီများက လုပ်ကိုင်လျက်ရှိသည်။

မကြာသေးခင်က ရွှေမြင့်မိုရ်ထွန်း အပါအဝင် ကုလားမတောင်ခြေရှိ ကျောက်ထုတ်လုပ်ရေးစခန်းများသို့ Myanmar Now သတင်းဌာနက သွားရောက် လေ့လာခဲ့သည်။ ရွှေမြင့်မိုရ်ထွန်း၏ လုပ်ကွက်မှာ ဧက ၅ဝ အကျယ်အဝန်း ရှိပြီး ထိုနေရာကို အစိုးရထံမှ နှစ် ၃ဝ စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်သည်။ ကျောက်တုံးကြီးများကို လမ်းခင်းကျောက် ကျောက်ခဲ အရွယ်အစား ရရှိရန် ကြိတ်ခွဲနေသည့်အသံ ဆူညံစွာ ထွက်ပေါ်နေစဉ် ကျောက်သယ် မော်တော်ယဉ်များက ဝင်ထွက်သွားလာနေကြသည်။ ကျောက်ထုတ်လုပ်ရေး အလုပ်သမားများကလည်း ပူပြင်းသည့် နေရောင်အောက်တွင် မရပ်မနား လုပ်ကိုင်နေကြသည်။ ၂ဝ၁၅ တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ ကျောက်တန်ချိန် ၃,၄ဝဝ ခန့် တင်ပို့ခဲ့ကြောင်း၊ ယခုအခါ ရန်ကုန် သီလဝါဆိပ်ကိမ်းသို့ တင်ပို့နေကြောင်း ထိုကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးတင်အုန်းက ပြောသည်။

“သစ်ပင်စိုက်ပျိုးလို့ မသင့်တော်တဲ့ ကျောက်တောင်တွေမှာ ပြည်နယ်နဲ့ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်နဲ့အညီ လုပ်ကိုင်နေတာပါ”ဟု မြန်မာ့မီးရထားဝန်ကြီးဌာနမှ ပင်စင်စား အင်ဂျင်နီယာ ဦးတင်အုန်းက ဆံပင်ပေါ်တွင် တင်နေသည့် ကျောက်မှုန်များကို ခါချရင်းပြောသည်။ ကျောက်မိုင်းကြောင့်ပျက်စီးသွားသည့် စိုက်ပျိုးရေးလုပ်ငန်းများကို နစ်နာကြေး ပေးကြောင်း၊ ၂နှစ်သား ရာဘာပင်တစ်ပင်လျှင် ကျပ်တစ်သိန်းနှုန်း လျော်ကြေးပေးပြီးဖြစ်ကြောင်း သူက ရှင်းပြသည်။

အစိုးရ၏ အခန်းကဏ္ဍ မွန်ပြည်နယ်အတွင်းရှိကျောက်မိုင်းအများစုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာနက ချမှတ်ထားသည့် ဥပဒေ၊ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိကြောင်း၊ အစိုးရသစ်လက်ထက်တွင် အရေးယူပေး နိုင်ရေး အတွက် ဒေသခံတို့ကို ကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး၊ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ပြောသည်။

“ ကျောက်မိုင်းတွေက (လိုင်စင်) တစ်နှစ်တစ်ခါ ပြန်လျှောက်ရတယ်။ အဲဒီအချိန်မှာ ဒေသခံတွေက ကန့်ကွက်လို့ ရတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ညွန်ကြားရေးမှူးက ပြောထားတာ ရှိပါတယ်” ဟု ထိုအဖွဲ့ချုပ်မှ ပြဿနာဖြေရှင်းရေး တာဝန်ခံ ဦးတင်လှက ပြောပြသည်။

“ဥပဒေအရဆို ကျောက်မိုင်းတွေက ရွာတွေနဲ့ အနည်းဆုံး ၄မိုင် အကွာအဝေးမှာ ရှိရမှာပါ ပေါင်မြို့နယ် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးထွန်းမင်းအောင်ကလည်း ဇွန်လ ၂ရက်နေ့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုပါ ကျောက်မိုင်းများနှင့်ပတ်သက်ပြီး အစိုးရကို မေးခွန်းထုတ်ထားသည်။ မြို့နယ်အတွင်း ကျောက်မိုင်းများ ဥပဒေနှင့်အညီဆောင်ရွက်နေခြင်းရှိမရှိ စိစစ်သွားမည်ဟု သူက ဆိုသည်။

ဒေသတွင်း ကျောက်မိုင်းတို့နှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်း၊ ဒေသခံများ၏ လူမှုဘဝဝန်းကျင်ထိခိုက်မှုစစ်တမ်းများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်ဟု သူက ဆိုသည်။

ကျောက်ထုတ်လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ပျက်စီးသော်လည်း ဗဟိုနှင့်ပြည်နယ်အစိုးရ၏ ဘဏ္ဍာရေး အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတရေးရာဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက သုံးသပ်သည်။ တကယ်လို့ ကျွန်တော်တို့နိုင်ငံက ငွေရေးကြေးရေးလည်း တတ်နိုင်တယ်ဆိုရင်တော့ ဒီတောင်ကြီးတွေကို ဖြိုစရာမလိုဘူးပေါ့ဗျာ” ဟု ပြည်နယ်အစိုးရ ဝန်ကြီးက ပြောသည်။

Long Life ကျောက်မိုင်းကုမ္ပဏီကို ကန့်ကွက်နေသော အုတ္တံတားကျေးရွာ စိုက်ပျိုးရေးသမားတစ်ဦးဖြစ်သည့် ဦးထွန်းကိုက ဒေသခံတို့၏ စားဝတ်နေရေး အကြီးအကျယ် ထိခိုက်နေသောကြောင့် ကျောက်မိုင်းလုပ်ငန်း ဆန့်ကျင်ရေးကို ဆက်လက် လုပ်ကိုင်သွားရန် သန္နိဋ္ဌာန် ချထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကတော့ ရပ်မှာ မဟုတ်ဘူး။ ဒီလုပ်ငန်းတွေ ကျွန်တော်တို့ဒေသကနေ ထွက်သွားတဲ့အထိ ဆက်ပြီး ကန့်ကွက်သွားမယ်” ဟု ဦးထွန်းကိုက ပြောလိုက်သည်။ ။

share from : burmese.asia

LEAVE A REPLY