Zawgyi ျဖင့္ဖတ္ရန္

 

ေနရာကြက္ၿပီး မိုးႀကီးတာေတြဟာ ေနာက္ထပ္ သုံးရက္ေလာက္ ဆက္ျဖစ္ႏိုင္တာေၾကာင့္ ေရႀကီးနစ္ျမဳပ္တာေတြျဖစ္ေနတဲ့ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ တနသၤာရီတိုင္းတို႔မွာ ေျမၿပိဳတာေတြကို ထပ္သတိထားသင့္တယ္လို႔ မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

လာမယ့္ရက္ေတြမွာ မိုးဟာ ၾသဂုတ္ ၈၊ ၉ ၊ ၁၀ ရက္ေတြမွွာ ႐ြာခဲ့တဲ့ မိုးေရခ်ိန္ေလာက္ မမ်ားေပမယ့္ အရင္႐ြာခဲ့တဲ့ မိုးေရေတြေၾကာင့္ ေရေပ်ာ္ဝင္မႈေတြရွိေနတဲ့အတြက္ သတိထားရမွာျဖစ္တယ္လို႔ ဦးေက်ာ္မိုးဦးက RFA ကိုေျပာပါတယ္။

သံလြင္ျမစ္ေရဟာ မေဒါက္ၿမိဳ႕၊ ေ႐ႊက်င္ျမစ္ေရဟာ ေ႐ႊက်င္ၿမိဳ႕၊ သံလြင္ျမစ္ေရဟာ ဘားအံၿမိဳ႕၊ ေသာင္ရင္းျမစ္ဟာ ျမဝတီၿမိဳ႕၊ ဘီးလင္းျမစ္ေရဟာ ဘီးလင္းၿမိဳ႕၊ ပဲခူးျမစ္ေရဟာ ပဲခူးၿမိဳ႕၊ ငဝန္ျမစ္ေရဟာ သာေပါင္းၿမိဳ႕ေတြမွာ စိုးရိမ္ေရအမွတ္ထက္မွာ ရွိေနတယ္လို႔လည္း မိုးဇလဌာနက ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ မုတ္သုံေလအားေကာင္းေနတာေၾကာင့္ မိုးမ်ားေနဦးမွာျဖစ္ၿပီး ပဲခူး၊ ဧရာဝတီ၊ ရန္ကုန္၊ တနသၤာရီ၊ မြန္၊ ကရင္နဲ႔ ကခ်င္စတဲ့ တိုင္းနဲ႔ ျပည္နယ္ေတြမွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔ သတိေပးထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္ေန႔က မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်း႐ြာမွာ ေျမၿပိဳမႈျဖစ္တာေၾကာင့္ ဒီေန႔ညေနအထိ ေသဆုံးသူ ၅၉ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႕ရွိထားေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။

Source_RFA

Unicode ဖြင့်ဖတ်ရန်

မွန်၊ ကရင်နဲ့ တနင်္သာရီမှာ မြေပြိုမှုတွေ ထပ်ဖြစ်လာနိုင်ကြောင်း မိုးဇလ သတိပေး

နေရာကွက်ပြီး မိုးကြီးတာတွေဟာ နောက်ထပ် သုံးရက်လောက် ဆက်ဖြစ်နိုင်တာကြောင့် ရေကြီးနစ်မြုပ်တာတွေဖြစ်နေတဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မြေပြိုတာတွေကို ထပ်သတိထားသင့်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

လာမယ့်ရက်တွေမှာ မိုးဟာ သြဂုတ် ၈၊ ၉ ၊ ၁၀ ရက်တွေမှာ ရွာခဲ့တဲ့ မိုးရေချိန်လောက် မများပေမယ့် အရင်ရွာခဲ့တဲ့ မိုးရေတွေကြောင့် ရေပျော်ဝင်မှုတွေရှိနေတဲ့အတွက် သတိထားရမှာဖြစ်တယ်လို့ ဦးကျော်မိုးဦးက RFA ကိုပြောပါတယ်။

သံလွင်မြစ်ရေဟာ မဒေါက်မြို့၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့၊ သံလွင်မြစ်ရေဟာ ဘားအံမြို့၊ သောင်ရင်းမြစ်ဟာ မြဝတီမြို့၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့၊ ငဝန်မြစ်ရေဟာ သာပေါင်းမြို့တွေမှာ စိုးရိမ်ရေအမှတ်ထက်မှာ ရှိနေတယ်လို့လည်း မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မုတ်သုံလေအားကောင်းနေတာကြောင့် မိုးများနေဦးမှာဖြစ်ပြီး ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီ၊ မွန်၊ ကရင်နဲ့ ကချင်စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာ မြေပြိုမှုဖြစ်တာကြောင့် ဒီနေ့ညနေအထိ သေဆုံးသူ ၅၉ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Source_RFA

LEAVE A REPLY