Zawgyi ျဖင့္ဖတ္ရန္

ဝမ္းခ်ဳပ္တတ္တဲ့သူမ်ားအတြက္ အေကာင္းဆံုး နဲ႔ ေစ်းအသက္သာဆံုး နည္းေလးေတြ႔ထားတယ္။ဘာလဲ ဆိုေတာ့ ကိုယ္တိုင္လုပ္တဲ့ မုန္လာခ်ဥ္ကို ထမင္းစားတိုင္း ထဲ့စားရမွာပါ။

ကိုယ္တိုင္လုပ္မုန္လာခ်ဥ္မွသာလွ်င္ တာရွည္ခံေဆးကင္းတယ္။ လတ္ဆတ္တယ္။ သန္႔ရွင္းတယ္။ဒါေၾကာင့္ မုန္ညင္းခ်ဥ္ မုန္လာခ်ဥ္ လုပ္နည္း ကို တင္ျပအပ္ပါသည္။

လိုအပ္ေသာပစၥည္း-

မုန္ညင္းစိမ္း ထြားထြား………..၅ ပင္၊
ထမင္းရည္ ……………………..မတ္ခြက္ႏွင့္ ၃-ခြက္ခန္႔၊
ဆား……………………………..လက္တဆုပ္ခန္႔၊
နႏြင္း…………………………….အနည္းငယ္၊

မုန္ညင္းစိမ္းမ်ားကို အျမစ္ျဖတ္၊ ေရေဆးျပီး တေန႔မွ် အရိပ္ထဲ၌ လွန္းထား၊ ေန႔လယ္ေလာက္မွာ အရြက္မ်ား ႏြမ္းလာလွ်င္ အခ်ဥ္ထည့္ႏိုင္ပါျပီ။ မုန္ညင္းပင္မ်ားကို ေနပူမွာ မလွန္းရပါ။ ေျခာက္ကပ္ျပီး စားမရႏိုင္ ျဖစ္သြားတတ္သည္။

စဥ့္အိုး၊ သို႔မဟုတ္-ပုလင္းႀကီး သန္႔သန္႔တြင္ မုန္ညင္းပင္မ်ားကို ေခြျပီး သိပ္ထည့္ပါ။ အေပၚမွ ဆားႏွင့္ နႏြင္း ပံုပါ။ စဥ့္အိုး သို႔မဟုတ္-ပုလင္း တ၀က္ခန္႔ ေရာက္ေအာင္ ထမင္းရည္ကို အေအးခံျပီး ေလာင္းထည့္ပါ။ ပ်စ္ခဲ မေနေအာင္ ေရ ရိုးရိုးကို ပုလင္း သို႔မဟုတ္-ခ်ဥ္အိုးျပည့္သည္အထိ ျမႇဳပ္ေအာင္ ေလာင္းထည့္ပါ။ ဆား၊ နႏြင္းကို ေရမွာ ေပ်ာ္၀င္ေအာင္ လက္ျဖင့္ လႈပ္ျပီး အပင္ေတြ ေရျမႇဳပ္လွ်င္ အိုးဖံုးကို လံုေအာင္ ဖံုးျပီး သံုးရက္ခန္႔ ထားလိုက္ပါ။ သံုးရက္ခန႔္ၾကာလွ်င္ ေရလည္း ခ်ဥ္၊ အပင္ေတြလည္း ခ်ဥ္ပါလိမ့္မည္။ ဆားမေပါ့ေစႏွင့္၊ မုန္္လာကိုလည္း ထိုနည္းအတိုင္း လုပ္ႏိုင္သည္။

ကိုးကား – မဂၤလာသတင္းစဥ္

Unicode ဖြင့်ဖတ်ရန်

မုန်ညင်းချဉ် မုန်လာချဉ် လုပ်နည်း

ဝမ်းချုပ်တတ်တဲ့သူများအတွက် အကောင်းဆုံး နဲ့ ဈေးအသက်သာဆုံး နည်းလေးတွေ့ထားတယ်။ဘာလဲ ဆိုတော့ ကိုယ်တိုင်လုပ်တဲ့ မုန်လာချဉ်ကို ထမင်းစားတိုင်း ထဲ့စားရမှာပါ။

ကိုယ်တိုင်လုပ်မုန်လာချဉ်မှသာလျှင် တာရှည်ခံဆေးကင်းတယ်။ လတ်ဆတ်တယ်။ သန့်ရှင်းတယ်။ဒါကြောင့် မုန်ညင်းချဉ် မုန်လာချဉ် လုပ်နည်း ကို တင်ပြအပ်ပါသည်။

လိုအပ်သောပစ္စည်း-

မုန်ညင်းစိမ်း ထွားထွား………..၅ ပင်၊
ထမင်းရည် ……………………..မတ်ခွက်နှင့် ၃-ခွက်ခန့်၊
ဆား……………………………..လက်တဆုပ်ခန့်၊
နနွင်း…………………………….အနည်းငယ်၊

မုန်ညင်းစိမ်းများကို အမြစ်ဖြတ်၊ ရေဆေးပြီး တနေ့မျှ အရိပ်ထဲ၌ လှန်းထား၊ နေ့လယ်လောက်မှာ အရွက်များ နွမ်းလာလျှင် အချဉ်ထည့်နိုင်ပါပြီ။ မုန်ညင်းပင်များကို နေပူမှာ မလှန်းရပါ။ ခြောက်ကပ်ပြီး စားမရနိုင် ဖြစ်သွားတတ်သည်။

စဉ့်အိုး၊ သို့မဟုတ်-ပုလင်းကြီး သန့်သန့်တွင် မုန်ညင်းပင်များကို ခွေပြီး သိပ်ထည့်ပါ။ အပေါ်မှ ဆားနှင့် နနွင်း ပုံပါ။ စဉ့်အိုး သို့မဟုတ်-ပုလင်း တဝက်ခန့် ရောက်အောင် ထမင်းရည်ကို အအေးခံပြီး လောင်းထည့်ပါ။ ပျစ်ခဲ မနေအောင် ရေ ရိုးရိုးကို ပုလင်း သို့မဟုတ်-ချဉ်အိုးပြည့်သည်အထိ မြှုပ်အောင် လောင်းထည့်ပါ။ ဆား၊ နနွင်းကို ရေမှာ ပျော်ဝင်အောင် လက်ဖြင့် လှုပ်ပြီး အပင်တွေ ရေမြှုပ်လျှင် အိုးဖုံးကို လုံအောင် ဖုံးပြီး သုံးရက်ခန့် ထားလိုက်ပါ။ သုံးရက်ခန့်ကြာလျှင် ရေလည်း ချဉ်၊ အပင်တွေလည်း ချဉ်ပါလိမ့်မည်။ ဆားမပေါ့စေနှင့်၊ မုန်လာကိုလည်း ထိုနည်းအတိုင်း လုပ်နိုင်သည်။

ကိုးကား – မင်္ဂလာသတင်းစဉ်

LEAVE A REPLY