Zawgyi ျဖင့္ဖတ္ရန္

ျမန္မာလူမ်ိဳးတို႔၏မနက္စာမွာမုန႔္ဟင္း ခါးျဖစ္သည္ဟုေျပာရေလာက္ေအာင္ျမန္ မာအားလုံး မုန႔္ဟင္းခါးႀကိဳက္ၾကသည္။ မုန႔္ဟင္းခါးပင္ျဖစ္ေသာ္လည္းေဒသအလိုက္ကြာျခားမႈ႕ရွိသည္။ခ်က္ပုံကြာၾကသည္။ထို႔ေၾကာင့္ပင္ဘိုကေလးမုန႔္ဟင္းခါး၊ ေျမာင္းျမမုန႔္ဟင္းခါး၊ဖ်ာပုံမုန႔္ဟင္းခါးဟူူ၍ေဒသစြဲနံမည္ကြာသြားသည္။ ေျမာင္းျမေဒၚခ်ိဳ၊ဖ်ာပုံတင္တင္ေအး၊ ဘိုကေလး ေဒၚညိဳမုန႔္ဟင္းခါး ဟူ၍ နာမည္ႀကီးၾကသည္။ မုန႔္ဟင္းခါးထဲတြင္အိုး ဘဲဥ၊အေၾကာ္၊ အီၾကာေကြး ၊ငါးဖယ္ထည့္စားၾက သည္။

ေညာင္ေလးပင္၊ႁပြန္တန္ဆာဘက္တြင္ငါးခ်ဥ္ထည့္စားတတ္သည္။အခ်ဥ္အျဖစ္ဆီးျဖဴသီးသနပ္ထားေပးတတ္သည္။ေတာင္ငူမုန႔္ဟင္းခါးမွာအရည္ႀကဲျဖစ္ၿပီးၾကက္သြန္ျပဳတ္ႏွင့္ငွက္ေပ်ာအူဖတ္ကို သီးျခားခြဲထား၍ႀကိဳက္ရာထည့္ေပးသည္။ ဆီးျဖဴသီး ဆားရည္စိမ္အလုံးလိုက္ထားေပးသည္။ ကၫႊတ္ကြင္းမွာ တမူထူးသည္။ မုန႔္ဖတ္ကိုပဲဟင္းရည္ျဖင့္စားရၿပီး ငါးျပဳတ္ေရကို အရည္ေသာက္ေပးသည္။အညာေဒသမုန႔္ဟင္းခါးမွာလည္းမုန႔္ဖတ္ႏွင့္ပဲဟင္းရည္ျဖစ္သည္(ကြၽန္ေတာ္စားခဲ့ရသည့္ကါလကေတြ႕ႀကဳံသည္ကိုေရးျခင္းျဖစ္၍ယေန႔ေျပာင္းလဲႏိုင္ပါသည္။)

ေမာ္လၿမိဳင္ေရစိမ္မုန႔္ဟင္းခါး၏ ထူးျခားခ်က္မွာစားသူေရွ႕ေမွာက္တြင္ပင္ မုန႔္ဖတ္ကိုေရေႏြးထဲညႇစ္ခ်၊ ဆယ္၊ေရေအးစိမ္ၿပီး လတ္လတ္ဆတ္ဆတ္မုန႔္ဟင္းခါးဖတ္ကိုဟင္းရည္ႏွင့္စားရျခင္းျဖစ္သည္။ အိုးဘဲဥ၊ငါးဖယ္၊အေၾကာ္ႀကိဳက္ရာ ထည့္စား ႏိုင္သည္။ငုက္ေပ်ာအူဖတ္သီးျခား ထား၍ႀကိဳက္မွထည့္ေပးသည္။ပဲသီးစိမ္း၊ နံနံပင္၊ပူဒီနံ၊ေရွာက္သီးစိတ္ထားေပးသည္။ ဘိတ္မုန႔္ဟင္းခါးမွာအရည္ပ်စ္၍ငွက္ေပ်ာအူဖတ္မ်ားသည္။

ေဖၚျပပါဘိတ္၊ေမာ္လၿမိဳင္၊ဘိုကေလး၊ဖ်ာပုံ၊ေျမာင္းျမအမည္စြဲ မုန႔္ဟင္းခါးအားလုံး ရန္ကုန္တြင္ရႏိုင္သည္။ မုန႔္ဟင္းခါးကို ျမန္မာတို႔သာမကႏိုင္ငံျခားသားအခ်ိဳ႕လည္းႀကိဳက္ၾကသည္။ရန္ကုန္ရွိဘိုကေလးေဒၚညိဳမုန႔္ဟင္းခါးကိုႀကဳံႀကိဳက္သည့္အခါမွမိမိစားျဖစ္ေသာ္လည္းေျပာင္းသြားသည့္ၿဗိတိသွ်သံအမတ္ႀကီးကငုင္းဆိုင္တြင္အခါ၂၀၀ေက်ာ္စားဘူးသည္ဟုဆိုသည္။မိမိနာဂစ္ကါလဖ်ာပုံေရာက္စဥ္စားရေသာဖ်ာပုံမုန႔္ဟင္းခါးသည္ရန္ကုန္မွဖ်ာပုံအမည္ခံမုန႔္ဟင္းခါးထက္ေကါင္းသည္။ေျမာင္းျမသားတဦးေျပာသည္မွာလည္းရန္ကုန္ေျမာင္းျမမုန႔္ဟင္းခါးမ်ားသည္င႐ုပ္ေကါင္းအပူအစပ္ေလွ်ာ့ထားသည္ဟူ၏။

ၿမိဳ႕ႀကီးမ်ားတြင္သာမကေက်းလက္ေတာ႐ြာမ်ားတြင္လည္းမုန႔္ဟင္းခါးႏွစ္သက္ၾက၍မုန႔္ဟင္းခါးအေရာင္းဆိုင္မ်ားရွိသည္။တခုေသာေက်းလက္ဆိုင္တြင့္အျဖဴမုန႔္ေလးမ်ားဘူးတြင္ထည့္၍ခ်ထားသည္ကိုေတြ႕သျဖင့္ေမးၾကည့္ရာအခ်ိဳမႈံ႕ျဖစ္ေၾကာင္း၊စားသုံးသူတို႔စိတ္ႀကိဳက္ထည့္စားရန္ျဖစ္ေၾကာင္းသုတတိုးခဲ့သည္။ စာေရးဆရာမင္းရွင္၏ စာေပဗိမာန္ဆုရ ”လမ္းေပၚမွာ” ဝတၳဳတပုဒ္တြင္လက္မမွန္ေသာမုန႔္ဟင္းခါးသည္ေလး အေၾကာင္းေရးဖြဲ႕သည္။ သိန္းေဖျမင့္၏’ ‘တတိယတန္းမွာတေနရာ” ဝတၳဳတြင္လည္းပါသည္ထင္။ ေသာ္တာေဆြ၏ အမွန္တရားႏွင့္ သတၱိဝတၳဳတြင္ ေခါင္း႐ြက္မုန႔္ဟင္းခါးသည္ေလးႏွင့္ မွားမိ ေသာ သူႀကီးမင္းသတၱိ ေၾကာင္သြားပုံေရးဖြဲ႕ထားသည္။

မိမိသတိထားမိသေလာက္ရန္ကုန္ႏွင့္နယ္တြင္မုန႔္ဟင္းခါးဟင္းရည္ကိုေျမအိုးတြင္ထည့္ၿပီးခံေတာင္း႐ြက္လွည္လည္ေရာင္းခ်သည့္မုန႔္ဟင္းခါးသည္မ်ားမေတြ႕ေတာ့ၿပီ။ မုန႔္ဟင္းခါးသည္ ျမန္မာႀကိဳက္ အစားအစားျဖစ္၍ အလႈ၊ဆြမ္းေကြၽး၊ စတုဒိသာ မ်ားတြင္မုန႔္ဟင္းခါးေကြၽးတတ္သည္ ။စစ္အစိုးရကါလကမုန႔္ဟင္းခါးၿပိဳင္ပြဲလုပ္ခဲ့ ဘူးသည္။ စိန္ဥ၊ ပဲခူးေဒၚစန္းျမင့္ တို႔ ဆုရဘူးသည္ထင္?။

မုန႔္ဟင္းခါးတပြဲေဈးႏႈံးမွာေဒသ၊ဆိုင္၊ပါဝင္ေသာအမယ္ေပၚမူတည္သည္။ ရန္ကုန္တြင္ မုန႔္ဟင္းခါး အလြတ္တပြဲ ၃၀၀က်ပ္ ဆိုင္းဘုတ္တင္ေရာင္းခ်ေသာလမ္းေဘးအထမ္းဆိုင္မ်ားရွိသလို Rangoon Tea House မွမုန႔္ဟင္းခါး one set သည္ ၅၀၀၀ က်ပ္ျဖစ္သည္။ ကဲကိုယ္အဆင္ေျပမဲ့ဆိုင္ သြားၿပီး….စားၾကမယ္ေဟ့ မုန႔္ ဟင္းခါး

Hla Myaing (ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode ဖြင့်ဖတ်ရန်

မုန့်ဟင်းခါး ဋီကာ (ဒါဖတ်ပြီးမှ မုန့်ဟင်းခါး စားပါ)

မြန်မာလူမျိုးတို့၏မနက်စာမှာမုန့်ဟင်း ခါးဖြစ်သည်ဟုပြောရလောက်အောင်မြန် မာအားလုံး မုန့်ဟင်းခါးကြိုက်ကြသည်။ မုန့်ဟင်းခါးပင်ဖြစ်သော်လည်းဒေသအလိုက်ကွာခြားမှု့ရှိသည်။ချက်ပုံကွာကြသည်။ထို့ကြောင့်ပင်ဘိုကလေးမုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါး၊ဖျာပုံမုန့်ဟင်းခါးဟူူ၍ဒေသစွဲနံမည်ကွာသွားသည်။ မြောင်းမြဒေါ်ချို၊ဖျာပုံတင်တင်အေး၊ ဘိုကလေး ဒေါ်ညိုမုန့်ဟင်းခါး ဟူ၍ နာမည်ကြီးကြသည်။ မုန့်ဟင်းခါးထဲတွင်အိုး ဘဲဥ၊အကြော်၊ အီကြာကွေး ၊ငါးဖယ်ထည့်စားကြ သည်။

ညောင်လေးပင်၊ပြွန်တန်ဆာဘက်တွင်ငါးချဉ်ထည့်စားတတ်သည်။အချဉ်အဖြစ်ဆီးဖြူသီးသနပ်ထားပေးတတ်သည်။တောင်ငူမုန့်ဟင်းခါးမှာအရည်ကြဲဖြစ်ပြီးကြက်သွန်ပြုတ်နှင့်ငှက်ပျောအူဖတ်ကို သီးခြားခွဲထား၍ကြိုက်ရာထည့်ပေးသည်။ ဆီးဖြူသီး ဆားရည်စိမ်အလုံးလိုက်ထားပေးသည်။ ကညွှတ်ကွင်းမှာ တမူထူးသည်။ မုန့်ဖတ်ကိုပဲဟင်းရည်ဖြင့်စားရပြီး ငါးပြုတ်ရေကို အရည်သောက်ပေးသည်။အညာဒေသမုန့်ဟင်းခါးမှာလည်းမုန့်ဖတ်နှင့်ပဲဟင်းရည်ဖြစ်သည်(ကျွန်တော်စားခဲ့ရသည့်ကါလကတွေ့ကြုံသည်ကိုရေးခြင်းဖြစ်၍ယနေ့ပြောင်းလဲနိုင်ပါသည်။)

မော်လမြိုင်ရေစိမ်မုန့်ဟင်းခါး၏ ထူးခြားချက်မှာစားသူရှေ့မှောက်တွင်ပင် မုန့်ဖတ်ကိုရေနွေးထဲညှစ်ချ၊ ဆယ်၊ရေအေးစိမ်ပြီး လတ်လတ်ဆတ်ဆတ်မုန့်ဟင်းခါးဖတ်ကိုဟင်းရည်နှင့်စားရခြင်းဖြစ်သည်။ အိုးဘဲဥ၊ငါးဖယ်၊အကြော်ကြိုက်ရာ ထည့်စား နိုင်သည်။ငုက်ပျောအူဖတ်သီးခြား ထား၍ကြိုက်မှထည့်ပေးသည်။ပဲသီးစိမ်း၊ နံနံပင်၊ပူဒီနံ၊ရှောက်သီးစိတ်ထားပေးသည်။ ဘိတ်မုန့်ဟင်းခါးမှာအရည်ပျစ်၍ငှက်ပျောအူဖတ်များသည်။

ဖေါ်ပြပါဘိတ်၊မော်လမြိုင်၊ဘိုကလေး၊ဖျာပုံ၊မြောင်းမြအမည်စွဲ မုန့်ဟင်းခါးအားလုံး ရန်ကုန်တွင်ရနိုင်သည်။ မုန့်ဟင်းခါးကို မြန်မာတို့သာမကနိုင်ငံခြားသားအချို့လည်းကြိုက်ကြသည်။ရန်ကုန်ရှိဘိုကလေးဒေါ်ညိုမုန့်ဟင်းခါးကိုကြုံကြိုက်သည့်အခါမှမိမိစားဖြစ်သော်လည်းပြောင်းသွားသည့်ဗြိတိသျှသံအမတ်ကြီးကငုင်းဆိုင်တွင်အခါ၂၀၀ကျော်စားဘူးသည်ဟုဆိုသည်။မိမိနာဂစ်ကါလဖျာပုံရောက်စဉ်စားရသောဖျာပုံမုန့်ဟင်းခါးသည်ရန်ကုန်မှဖျာပုံအမည်ခံမုန့်ဟင်းခါးထက်ကေါင်းသည်။မြောင်းမြသားတဦးပြောသည်မှာလည်းရန်ကုန်မြောင်းမြမုန့်ဟင်းခါးများသည်ငရုပ်ကေါင်းအပူအစပ်လျှော့ထားသည်ဟူ၏။

မြို့ကြီးများတွင်သာမကကျေးလက်တောရွာများတွင်လည်းမုန့်ဟင်းခါးနှစ်သက်ကြ၍မုန့်ဟင်းခါးအရောင်းဆိုင်များရှိသည်။တခုသောကျေးလက်ဆိုင်တွင့်အဖြူမုန့်လေးများဘူးတွင်ထည့်၍ချထားသည်ကိုတွေ့သဖြင့်မေးကြည့်ရာအချိုမှုံ့ဖြစ်ကြောင်း၊စားသုံးသူတို့စိတ်ကြိုက်ထည့်စားရန်ဖြစ်ကြောင်းသုတတိုးခဲ့သည်။ စာရေးဆရာမင်းရှင်၏ စာပေဗိမာန်ဆုရ ”လမ်းပေါ်မှာ” ဝတ္ထုတပုဒ်တွင်လက်မမှန်သောမုန့်ဟင်းခါးသည်လေး အကြောင်းရေးဖွဲ့သည်။ သိန်းဖေမြင့်၏’ ‘တတိယတန်းမှာတနေရာ” ဝတ္ထုတွင်လည်းပါသည်ထင်။ သော်တာဆွေ၏ အမှန်တရားနှင့် သတ္တိဝတ္ထုတွင် ခေါင်းရွက်မုန့်ဟင်းခါးသည်လေးနှင့် မှားမိ သော သူကြီးမင်းသတ္တိ ကြောင်သွားပုံရေးဖွဲ့ထားသည်။

မိမိသတိထားမိသလောက်ရန်ကုန်နှင့်နယ်တွင်မုန့်ဟင်းခါးဟင်းရည်ကိုမြေအိုးတွင်ထည့်ပြီးခံတောင်းရွက်လှည်လည်ရောင်းချသည့်မုန့်ဟင်းခါးသည်များမတွေ့တော့ပြီ။ မုန့်ဟင်းခါးသည် မြန်မာကြိုက် အစားအစားဖြစ်၍ အလှု၊ဆွမ်းကျွေး၊ စတုဒိသာ များတွင်မုန့်ဟင်းခါးကျွေးတတ်သည် ။စစ်အစိုးရကါလကမုန့်ဟင်းခါးပြိုင်ပွဲလုပ်ခဲ့ ဘူးသည်။ စိန်ဥ၊ ပဲခူးဒေါ်စန်းမြင့် တို့ ဆုရဘူးသည်ထင်?။

မုန့်ဟင်းခါးတပွဲဈေးနှုံးမှာဒေသ၊ဆိုင်၊ပါဝင်သောအမယ်ပေါ်မူတည်သည်။ ရန်ကုန်တွင် မုန့်ဟင်းခါး အလွတ်တပွဲ ၃၀၀ကျပ် ဆိုင်းဘုတ်တင်ရောင်းချသောလမ်းဘေးအထမ်းဆိုင်များရှိသလို Rangoon Tea House မှမုန့်ဟင်းခါး one set သည် ၅၀၀၀ ကျပ်ဖြစ်သည်။ ကဲကိုယ်အဆင်ပြေမဲ့ဆိုင် သွားပြီး….စားကြမယ်ဟေ့ မုန့် ဟင်းခါး

Hla Myaing (လေးစားမှုဖြင့် ခရက်ဒစ်)

LEAVE A REPLY