Zawgyi ျဖင့္ဖတ္ရန္

 

သိုဝွက္တဲ့ အထီးက်န္ ေျမာက္ကိုရီးယားႏိုင္ငံက လွ်ိဳ႕ဝွက္ယူနစ္ အဖြဲ႕တစ္ရပ္ကို ကြၽန္ေတာ္တို႔ေတြ မၾကာေသးခင္က ခဏတစ္ျဖဳတ္ ေတြ႕လိုက္ၾကပါတယ္။ ေတာင္ကိုရီးယားေျမကို ပထမဆုံး စနင္းတဲ့ ေျမာက္ကိုရီးယား ေခါင္းေဆာင္အျဖစ္ ဧၿပီလအတြင္း သမိုင္းဝင္ထိပ္သီးအစည္းအေဝးအတြက္ ေခါင္းေဆာင္ ကင္ဂ်ဳံးအြန္ ေရာက္ရွိလာစဥ္က ကင္ဂ်ဳံးအြန္ ကားကို ၀ုိင္းရံၿပီး ထပ္ၾကပ္ေျပးလိုက္ကာ ၿခံရံခဲ့တဲ့ သက္ေတာ္ေစာင့္အဖြဲ႕ပါပဲ။

ၿမိဳ႕ျပတိုက္ပြဲေတြမွာ ရန္သူထက္ ႏွာတစ္ဖ်ားအသာရမယ့္ နတ္မ်က္စိနည္းပညာ ၿဗိတိန္ တီထြင္ထိပ္သီးအစည္းအေဝး လာေရာက္ခ်ိန္မွ ျမင္ေတြ႕လိုက္ရတဲ့ အရပ္ျမင့္ျမင့္မားမားနဲ႔ ကင္ဂ်ဳံးအြန္ သက္ေတာ္ေစာင့္ေတြဟာ ေျမာက္ကိုရီးယားစစ္တပ္ရဲ႕ အျမင့္ဆုံး အထက္တန္းတပ္ဖြဲ႕ျဖစ္တဲ့ အထူးအေစာင့္တပ္မကပဲ ျဖစ္ၾကပါတယ္။ သက္ေတာ္ေစာင့္ရာထူးအဆင့္ကေတာ့ ဒီအထူးအေစာင့္တပ္မရဲ႕ အတြင္းစည္းက ရာထူးအဆင့္ပဲ ျဖစ္ပါတယ္။

အသက္ ၁၄ ႏွစ္အ႐ြယ္မွာ အထူးအေစာင့္တပ္မက အေ႐ြးခံရၿပီး လက္ရွိ ေတာင္ကိုရီးယားမွာ ခြၽင္မင္းဂ်န္ဆိုတဲ့ အမည္တုနဲ႔ ျပည္ေျပးတစ္ဦးက အတြင္းစည္းထဲ ၀င္ခြင့္မရတဲ့ ေခါင္းေဆာင္ရဲ႕ သက္ေတာ္ေစာင့္ျဖစ္ခ်င္ခဲ့သူပါ။
ေျမာက္ကိုရီးယား ေခါင္းေဆာင္ရဲ႕ သက္ေတာ္ေစာင့္ အတြင္းစည္းတပ္ဖြဲ႕မွာ တာဝန္ထမ္းခြင့္ရေအာင္ ခြၽင္ဟာ သတ္မွတ္ အရပ္အေမာင္း ျပည့္မီျခင္း မရွိပါ။ ဒါေပမယ့္ သက္ေတာ္ေစာင့္ျဖစ္ခြင့္ မရတာက မွားယြင္းတဲ့ မိသားစု ေနာက္ခံေၾကာင့္ အဓိကလို႔ ခြၽင္က ဆိုပါတယ္။

“လူမႈအသိုင္းအဝန္းမွာ ကြၽန္ေတာ္က အထက္တန္းလႊာအက်ဆုံးက ေမြးလာသူ မဟုတ္ဘူး။ ဒါေၾကာင့္ ေခါင္းေဆာင္ႀကီးရဲ႕ ကိုယ္ရံေတာ္သက္ေတာ္ေစာင့္အျဖစ္ တာဝန္ထမ္းခြင့္မရတာ ျဖစ္တယ္။ ဒီအစား တိုက္ခိုက္ေရးယူနစ္မွာပဲ အေ႐ြးခံခဲ့ရတယ္။”လို႔ ဆိုပါတယ္။

ဆိုရွယ္လစ္ႏိုင္ငံအျဖစ္ကို ကာကြယ္ေရးအတြက္ ေျမာက္ကိုရီးယားႏိုင္ငံဟာ အေသးစိတ္ၿပီး တင္းၾကပ္တဲ့ ဇာတ္ခြဲစနစ္ကို က်င့္သုံးထားပါတယ္။ ဒါကေတာ့ ေမြးကတည္းက လူတိုင္းကို အတန္းအစား သတ္မွတ္ထားတာပါ။ Songbun လို႔ ေခၚတဲ့ ဇာတ္ခြြဲစနစ္ပါပဲ။

ေျမာက္ကိုရီးယား ဇာတ္ခြဲစနစ္ကို NKNews သတင္းက “ျပည္သူေတြကို အုပ္စုေတြ ခြဲထားတယ္။ ဘယ္လိုလဲဆိုေတာ့ ဂ်ပန္ကိုလိုနီ အျပဳခံအခ်ိန္နဲ႔ ကိုရီးယားစစ္ပြဲကာလမွာ သူတို႔ရဲ႕ အေဖဖက္က အမ်ိဳးရဲ႕ လုပ္ရပ္ေတြကို မူတည္ၿပီး ခြဲျခားထားတာ ျဖစ္တယ္။ ဒီ Songbun စနစ္နဲ႔ လုပ္ငန္းကိုင္ငန္းေတြ တစ္ခုတည္းေသာ တည္ရွိရာ ၿမိဳ႕ေတာ္မွာ ဒီလူ ေနရ မေနရ၊ ဘယ္လို ပညာေရးသင္႐ိုးမ်ိဳး သင္ယူခြင့္ ရမရတို႔ကို ဖခင္မ်ိဳး႐ိုးရဲ႕ လုပ္ရပ္ကို ၾကည့္ၿပီး ေမြးကတည္းက ခြဲျခားပိုင္းျဖတ္ထားတာျဖစ္ပါတယ္။”လို႔ ေဖာ္ျပထားပါတယ္။

Songbun စနစ္နဲ႔ ဇာတ္ခြဲခံထားရတာကို ေျပာင္းလဲပစ္လို႔ မရပါဘူး။ တကယ္လို႔ အဘိုးျဖစ္တဲ့သူဟာ ေျမာက္ကိုရီးယားကို ဂ်ပန္က်ဴးေက်ာ္စဥ္ ေတာ္လွန္တိုက္ပြဲဝင္ခဲ့သူဆို ေျမးေတြဟာ သစၥာခံေတြပါ။ ဂ်ပန္ကိုလိုနီအုပ္ခ်ဳပ္သူေတြအတြက္ အလုပ္လုပ္ေပးခဲ့တယ္ဆိုရင္ေတာ့ သူ႔ရဲ႕ သားသမီးေျမးျမစ္ေတြဟာ ရန္သူေတာ္စာရင္းမွာ အၿမဲတမ္း ထည့္သြင္းထားခံရေတာ့တာ ျဖစ္ပါတယ္။ ခြၽင္ရဲ႕ မိသားစုေတြကေတာ့ ဆင္းရဲသားေတာင္သူလယ္သမားေတြပါ။ ဂ်ပန္အတြက္လည္း အမႈမထမ္းခဲ့သလို ဆန႔္က်င္တာလည္း မရွိခဲ့ၾကသူေတြပါ။ ဒီအတြက္ ခြၽင္ဟာ တိုက္ခိုက္ေရးယူနစ္ကိုပဲ အပို႔ခံရတာ ျဖစ္ပါတယ္။

“ေျမာက္ကိုရီးယားမွာဆို ခင္ဗ်ားဟာ အ႐ြယ္ငယ္ငယ္ေလးမွာပဲ ဦးေႏွာက္ေဆးတာ ခံရမွာ။ ကြၽန္ေတာ္လည္း ေခါင္းေဆာင္ ကင္ မိသားစုက ဘုရားသခင္ေတြပဲလို႔ ထင္ခဲ့တယ္။ ဒါကို ကြၽန္ေတာ္ ယုံလည္း ယုံေနခဲ့တယ္။”လို႔ ခြၽင္က ဆိုပါတယ္။

Read More ျမန္မာျပည္ေတာင္ဘက္ ကပၸလီကြၽန္းစုရွိ ကမာၻနဲ ့ အဆက္ျပတ္ေနတဲ့ လူမ်ိဳးစု“ႏွစ္သစ္ကူးမွာ ကင္အီဆြန္းက မိန႔္ခြန္းေျပာေတာ့ ဒီႏွစ္ ေက်ာက္မီးေသြးေတြ ပိုတူးၾကမယ္လို႔ ေျပာတယ္။ ဒီမွာ ကြၽန္ေတာ္ဟာ ကိုယ္ကိုကို ေျပာတယ္။ ငါ မိုင္းတြင္းေတြဆီသြားမယ္။ မိုင္းတူးမယ္ေပါ့။ ဒါဟာ ကြၽန္ေတာ္ ဘယ္ေလာက္အထိ ကင္မိသားစုအေပၚ သစၥာေစာင့္သိေနမိခဲ့သလဲဆိုတာ ျပေနတာပဲ။”

အထူးအေစာင့္တပ္မနဲ႔ ပတ္သက္ၿပီး ခြၽင္က ေျပာရာမွာ ဒီတပ္ဟာ ျပည္ပရန္သူေတြကေန ကင္မိသားစုကို ကာကြယ္ဖို႔ မဟုတ္ေၾကာင္း၊ သူတို႔ အတြင္းစည္းက ရန္ကိုပဲ ကာကြယ္ဖို႔ ျဖစ္ေၾကာင္း ဆိုပါတယ္။

“ကင္မိသားစုအတြက္ကေတာ့ လူတိုင္းဟာ ရန္သူေတြ ျဖစ္ႏိုင္တယ္။ ေျမာက္ကိုရီးယားစစ္တပ္၊ စစ္ဌာနခ်ဳပ္၊ စစ္ဝန္ႀကီး႐ုံးအျပင္ တစ္ႏိုင္ငံလုံးက ေျမာက္ကိုရီးယား ျပည္သူေတြဟာ သူတို႔အတြက္ ရန္သူေတြ ျဖစ္ေနႏိုင္တယ္။”လို႔ ခြၽင္က ေျပာပါတယ္။

ခြၽင္မွာလည္း ဘယ္သူကိုမွ မယုံေအာင္၊ မိဘကိုေတာင္ မယုံေအာင္ ႐ိုက္သြင္းခံရပါတယ္။

Read More ကမာၻ ့အလုံၿခဳံဆုံးကား ( သို ့) သမၼတေဒၚနယ္ထရမ့္ စီးေတာ္ယာဥ္၏ အံ့အားသင့္ဖြယ္အခ်က္မ်ားကင္မိသားစုရဲ႕ အေၾကာက္တရား ႀကီးထြားလာျခင္းေၾကာင့္လည္း ကိုယ္ရံေတာ္သက္ေတာ္ေစာင့္တပ္ဖြဲ႕ဟာ အ႐ြယ္အစား ပိုႀကီးလာေတာ့တယ္။

“အေရွ႕အုပ္စု ၿပိဳလဲတာ၊ ဆိုဗီယက္ယူနီယံ ၿပိဳကြဲတာေတြ ကင္မိသားစု အသိုင္းအဝိုင္း ျမင္လိုက္ရခ်ိန္မွာ သူတို႔ေတြ ေၾကာက္လန႔္တုန္လႈပ္သြားၾကတယ္။ အထူးအေစာင့္တပ္ရဲ႕ အင္အားအ႐ြယ္အစားကို ခ်ဲ႕ထြင္ေတာ့တာပဲ။ ခုဆိုရင္ စစ္သား ၁၂၀၀၀၀ နီးပါး ဒီတပ္ဖြဲ႕မွာ အင္အားရွိေနတယ္။”လို႔ ခြၽင္က ေျပာခဲ့ပါတယ္။

ေမာင္သံဆင့္ ( XYZ News )

Unicode ဖြင့်ဖတ်ရန်

မွေးကတည်းက လူတိုင်းကို တင်းကြပ်စွာ ဇာတ်ခွဲခြားစနစ်ကျင့်သုံးထားတဲ့ မြောက်ကိုရီးယား

သိုဝှက်တဲ့ အထီးကျန် မြောက်ကိုရီးယားနိုင်ငံက လျှို့ဝှက်ယူနစ် အဖွဲ့တစ်ရပ်ကို ကျွန်တော်တို့တွေ မကြာသေးခင်က ခဏတစ်ဖြုတ် တွေ့လိုက်ကြပါတယ်။ တောင်ကိုရီးယားမြေကို ပထမဆုံး စနင်းတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်အဖြစ် ဧပြီလအတွင်း သမိုင်းဝင်ထိပ်သီးအစည်းအဝေးအတွက် ခေါင်းဆောင် ကင်ဂျုံးအွန် ရောက်ရှိလာစဉ်က ကင်ဂျုံးအွန် ကားကို ဝိုင်းရံပြီး ထပ်ကြပ်ပြေးလိုက်ကာ ခြံရံခဲ့တဲ့ သက်တော်စောင့်အဖွဲ့ပါပဲ။

Read More မြို့ပြတိုက်ပွဲတွေမှာ ရန်သူထက် နှာတစ်ဖျားအသာရမယ့် နတ်မျက်စိနည်းပညာ ဗြိတိန် တီထွင်ထိပ်သီးအစည်းအဝေး လာရောက်ချိန်မှ မြင်တွေ့လိုက်ရတဲ့ အရပ်မြင့်မြင့်မားမားနဲ့ ကင်ဂျုံးအွန် သက်တော်စောင့်တွေဟာ မြောက်ကိုရီးယားစစ်တပ်ရဲ့ အမြင့်ဆုံး အထက်တန်းတပ်ဖွဲ့ဖြစ်တဲ့ အထူးအစောင့်တပ်မကပဲ ဖြစ်ကြပါတယ်။ သက်တော်စောင့်ရာထူးအဆင့်ကတော့ ဒီအထူးအစောင့်တပ်မရဲ့ အတွင်းစည်းက ရာထူးအဆင့်ပဲ ဖြစ်ပါတယ်။အသက် ၁၄ နှစ်အရွယ်မှာ အထူးအစောင့်တပ်မက အရွေးခံရပြီး လက်ရှိ တောင်ကိုရီးယားမှာ ချွင်မင်းဂျန်ဆိုတဲ့ အမည်တုနဲ့ ပြည်ပြေးတစ်ဦးက အတွင်းစည်းထဲ ဝင်ခွင့်မရတဲ့ ခေါင်းဆောင်ရဲ့ သက်တော်စောင့်ဖြစ်ချင်ခဲ့သူပါ။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ သက်တော်စောင့် အတွင်းစည်းတပ်ဖွဲ့မှာ တာဝန်ထမ်းခွင့်ရအောင် ချွင်ဟာ သတ်မှတ် အရပ်အမောင်း ပြည့်မီခြင်း မရှိပါ။ ဒါပေမယ့် သက်တော်စောင့်ဖြစ်ခွင့် မရတာက မှားယွင်းတဲ့ မိသားစု နောက်ခံကြောင့် အဓိကလို့ ချွင်က ဆိုပါတယ်။

“လူမှုအသိုင်းအဝန်းမှာ ကျွန်တော်က အထက်တန်းလွှာအကျဆုံးက မွေးလာသူ မဟုတ်ဘူး။ ဒါကြောင့် ခေါင်းဆောင်ကြီးရဲ့ ကိုယ်ရံတော်သက်တော်စောင့်အဖြစ် တာဝန်ထမ်းခွင့်မရတာ ဖြစ်တယ်။ ဒီအစား တိုက်ခိုက်ရေးယူနစ်မှာပဲ အရွေးခံခဲ့ရတယ်။”လို့ ဆိုပါတယ်။

ဆိုရှယ်လစ်နိုင်ငံအဖြစ်ကို ကာကွယ်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံဟာ အသေးစိတ်ပြီး တင်းကြပ်တဲ့ ဇာတ်ခွဲစနစ်ကို ကျင့်သုံးထားပါတယ်။ ဒါကတော့ မွေးကတည်းက လူတိုင်းကို အတန်းအစား သတ်မှတ်ထားတာပါ။ Songbun လို့ ခေါ်တဲ့ ဇာတ်ခွဲစနစ်ပါပဲ။

မြောက်ကိုရီးယား ဇာတ်ခွဲစနစ်ကို NKNews သတင်းက “ပြည်သူတွေကို အုပ်စုတွေ ခွဲထားတယ်။ ဘယ်လိုလဲဆိုတော့ ဂျပန်ကိုလိုနီ အပြုခံအချိန်နဲ့ ကိုရီးယားစစ်ပွဲကာလမှာ သူတို့ရဲ့ အဖေဖက်က အမျိုးရဲ့ လုပ်ရပ်တွေကို မူတည်ပြီး ခွဲခြားထားတာ ဖြစ်တယ်။ ဒီ Songbun စနစ်နဲ့ လုပ်ငန်းကိုင်ငန်းတွေ တစ်ခုတည်းသော တည်ရှိရာ မြို့တော်မှာ ဒီလူ နေရ မနေရ၊ ဘယ်လို ပညာရေးသင်ရိုးမျိုး သင်ယူခွင့် ရမရတို့ကို ဖခင်မျိုးရိုးရဲ့ လုပ်ရပ်ကို ကြည့်ပြီး မွေးကတည်းက ခွဲခြားပိုင်းဖြတ်ထားတာဖြစ်ပါတယ်။”လို့ ဖော်ပြထားပါတယ်။

Songbun စနစ်နဲ့ ဇာတ်ခွဲခံထားရတာကို ပြောင်းလဲပစ်လို့ မရပါဘူး။ တကယ်လို့ အဘိုးဖြစ်တဲ့သူဟာ မြောက်ကိုရီးယားကို ဂျပန်ကျူးကျော်စဉ် တော်လှန်တိုက်ပွဲဝင်ခဲ့သူဆို မြေးတွေဟာ သစ္စာခံတွေပါ။ ဂျပန်ကိုလိုနီအုပ်ချုပ်သူတွေအတွက် အလုပ်လုပ်ပေးခဲ့တယ်ဆိုရင်တော့ သူ့ရဲ့ သားသမီးမြေးမြစ်တွေဟာ ရန်သူတော်စာရင်းမှာ အမြဲတမ်း ထည့်သွင်းထားခံရတော့တာ ဖြစ်ပါတယ်။ ချွင်ရဲ့ မိသားစုတွေကတော့ ဆင်းရဲသားတောင်သူလယ်သမားတွေပါ။ ဂျပန်အတွက်လည်း အမှုမထမ်းခဲ့သလို ဆန့်ကျင်တာလည်း မရှိခဲ့ကြသူတွေပါ။ ဒီအတွက် ချွင်ဟာ တိုက်ခိုက်ရေးယူနစ်ကိုပဲ အပို့ခံရတာ ဖြစ်ပါတယ်။

“မြောက်ကိုရီးယားမှာဆို ခင်ဗျားဟာ အရွယ်ငယ်ငယ်လေးမှာပဲ ဦးနှောက်ဆေးတာ ခံရမှာ။ ကျွန်တော်လည်း ခေါင်းဆောင် ကင် မိသားစုက ဘုရားသခင်တွေပဲလို့ ထင်ခဲ့တယ်။ ဒါကို ကျွန်တော် ယုံလည်း ယုံနေခဲ့တယ်။”လို့ ချွင်က ဆိုပါတယ်။

Read More မြန်မာပြည်တောင်ဘက် ကပ္ပလီကျွန်းစုရှိ ကမ္ဘာနဲ့ အဆက်ပြတ်နေတဲ့ လူမျိုးစု“နှစ်သစ်ကူးမှာ ကင်အီဆွန်းက မိန့်ခွန်းပြောတော့ ဒီနှစ် ကျောက်မီးသွေးတွေ ပိုတူးကြမယ်လို့ ပြောတယ်။ ဒီမှာ ကျွန်တော်ဟာ ကိုယ်ကိုကို ပြောတယ်။ ငါ မိုင်းတွင်းတွေဆီသွားမယ်။ မိုင်းတူးမယ်ပေါ့။ ဒါဟာ ကျွန်တော် ဘယ်လောက်အထိ ကင်မိသားစုအပေါ် သစ္စာစောင့်သိနေမိခဲ့သလဲဆိုတာ ပြနေတာပဲ။”အထူးအစောင့်တပ်မနဲ့ ပတ်သက်ပြီး ချွင်က ပြောရာမှာ ဒီတပ်ဟာ ပြည်ပရန်သူတွေကနေ ကင်မိသားစုကို ကာကွယ်ဖို့ မဟုတ်ကြောင်း၊ သူတို့ အတွင်းစည်းက ရန်ကိုပဲ ကာကွယ်ဖို့ ဖြစ်ကြောင်း ဆိုပါတယ်။

“ကင်မိသားစုအတွက်ကတော့ လူတိုင်းဟာ ရန်သူတွေ ဖြစ်နိုင်တယ်။ မြောက်ကိုရီးယားစစ်တပ်၊ စစ်ဌာနချုပ်၊ စစ်ဝန်ကြီးရုံးအပြင် တစ်နိုင်ငံလုံးက မြောက်ကိုရီးယား ပြည်သူတွေဟာ သူတို့အတွက် ရန်သူတွေ ဖြစ်နေနိုင်တယ်။”လို့ ချွင်က ပြောပါတယ်။

ချွင်မှာလည်း ဘယ်သူကိုမှ မယုံအောင်၊ မိဘကိုတောင် မယုံအောင် ရိုက်သွင်းခံရပါတယ်။Read More ကမ္ဘာ့အလုံခြုံဆုံးကား ( သို့) သမ္မတဒေါ်နယ်ထရမ့် စီးတော်ယာဉ်၏ အံ့အားသင့်ဖွယ်အချက်များကင်မိသားစုရဲ့ အကြောက်တရား ကြီးထွားလာခြင်းကြောင့်လည်း ကိုယ်ရံတော်သက်တော်စောင့်တပ်ဖွဲ့ဟာ အရွယ်အစား ပိုကြီးလာတော့တယ်။

“အရှေ့အုပ်စု ပြိုလဲတာ၊ ဆိုဗီယက်ယူနီယံ ပြိုကွဲတာတွေ ကင်မိသားစု အသိုင်းအဝိုင်း မြင်လိုက်ရချိန်မှာ သူတို့တွေ ကြောက်လန့်တုန်လှုပ်သွားကြတယ်။ အထူးအစောင့်တပ်ရဲ့ အင်အားအရွယ်အစားကို ချဲ့ထွင်တော့တာပဲ။ ခုဆိုရင် စစ်သား ၁၂၀၀၀၀ နီးပါး ဒီတပ်ဖွဲ့မှာ အင်အားရှိနေတယ်။”လို့ ချွင်က ပြောခဲ့ပါတယ်။

မောင်သံဆင့် ( XYZ News )

LEAVE A REPLY