Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ Norway နိုင်ငံမှာဆုံတွေ့ခဲ့တဲ့ နီလန်း
Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်တဲ့ အဆိုတော် နီလန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ပြိုင်ပွဲဝင်ခဲ့ စဉ်က သူမ ရဲ့ကောင်းလွန်းလှတဲ့ အသံပါဝါနဲ့ ချောမောလှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားပြီပဲဖြစ်ပါတယ်။ သူမက ပြိုင်ပွဲပြီးဆုံချိန်မှစပြီး နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေနေရတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ချစ်ပရိသတ်တွေ Norway နိုင်ငံရောက်ရှိနေတဲ့ နီလန်း က မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ Myanmar နိုင်ငံသားနှစ်ဦး နဲ့Norway နိုင်ငံမှာဆုံတွေ့ခဲ့တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
နီလန်းက ” ပျော်ပါတော့ ” ဆိုတဲ့ သီချင်း MV လေးကို ထွက်ရှိထားတာ ဖြစ်ပြီး သူမရဲ့အသဲကွဲ သီချင်းလေးက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပြီး ကွယ်လွန်သွားတဲ့ ချစ်သူနဲ့ သူမအကြောင်းကို သီဆိုထားတဲ့ ရူးတော့မယ် ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ နီလန်းက Norway နိုင်ငံကို မိသားစုနဲ့အတူ Family Trip အဖြစ် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ နီလန်းက မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ Myanmar နိုင်ငံသားနှစ်ဦး နဲ့Norway နိုင်ငံမှာဆုံတွေ့ခဲ့တဲ့ အကြောင်းကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုဖော်ပြထားပါတယ်။
နီလန်းက ” မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ Myanmar 🇲🇲 နိုင်ငံသားနှစ်ဦးနဲ့ Nilen နဲ့ Norway 🇳🇴 နိုင်ငံမှာ တွေ့ဖြစ်ကြ #motourlogue
ဒီနေ့တော့ တကယ့်ကို မေ့မရတဲ့ အမှတ်တရနေ့လေးတစ်နေ့ပါပဲ.🏍 🇳🇴♥️🇲🇲 Arendal မှာ Breakfast စားရင်း ဖုန်းလာတယ် Nilen ကို မြန်မာပြည်က တွေ့ချင်တဲ့သူရောက်လာတယ်ဆိုပြီး အန်တီတစ်ယောက်က ဖုန်းဆက်တော့ အရမ်းလန့်သွားတယ် ဘယ်သူလဲပေါ့ နာမည်က Sai Zom Pha တဲ့… ရုတ်တရက်ဆိုတော့ မသိဘူးအော်လို့ပြောလိုက်တာ ခဏပြန်စဉ်းစားပြီး Ohhh Myanmar Idol က Nilen တို့ရဲ့ Producer ဆိုတာသိလိုက်တဲ့အချိန်မှာ တော်တော်လန့်သွားတယ် Ko Sai ကလည်း Surprise တိုက်တာကိုး အဲ့ ဒါနဲ့ မမှီမှာစိုးလို့ အပြေးသွားတွေ့တာ မြန်မာပြည်ကနေ မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ Ko Sai နဲ့ Ko Aung ကိုတွေ့လိုက်ရတော့ အရမ်းကို ပျော်သွားတယ်။
သူတို့ မြန်မာပြည် ကနေ စထွက်ကတည်းက အရမ်း အားကျခဲ့တာကိုး….မထင်မှတ်ပဲ Norway 🇳🇴 နိုင်ငံမှာ တွေ့ဖြစ်ကြတယ်။အချိန်သိပ်မရပေမယ့်။ အမေစု ပန်းခြံကိုလည်း သွားလည်ဖြစ်ကြတယ်။သစ်ပင်လည်း စိုက်ဖြစ်ကြတယ်။ သေနတ်လည်း ပစ်ခဲ့တယ်။အရမ်းကို ပီတိဖြစ်မိပါတယ်။ အခုတော့ မိုးထဲမှာ ခရီးဆက်နေကြပါပြီ။လမ်းခရီးဖြောင့်ဖြူးကြပါစေ။Nilen ကို သတိတရ ရှိပေးတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အခုလို မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေကြတဲ့ မြန်မာနိုင်ငံသား နှစ်ယောက် Ko Sai နဲ့ Ko Aung ကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူပါတယ်။ 🎉 မြန်မာပြည်မှာ ပြန်တွေ့ကြမယ်။ ” ဆိုပြီးပြောထားပါတယ်။
မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ Myanmar နိုင်ငံသားနှစ်ဦး နဲ့Norway နိုင်ငံမှာဆုံတွေ့ခဲ့တဲ့ နီလန်း အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ အခုလို မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နေကြတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
share from : burmese.asia
LEAVE A REPLY