Zawgyi ျဖင့္ဖတ္ရန္

 

သီရိလကၤာႏိုင္ငံက ‘တီကီရီ’ (Tikiiri) လို႔ အမည္ေပးထားတဲ့ ဆင္မႀကီးဟာ အသက္ ၇၀ ရွိေနၿပီး အိုမင္းမစြမ္းတဲ့ ဆင္အိုႀကီးတစ္ေကာင္ ျဖစ္ေနပါၿပီ။ ဒါေပမယ့္ သီရိလကၤာႏိုင္ငံရဲ႕ ဘာသာေရး ပြဲေတာ္တစ္ခုျဖစ္တဲ့ Perahera Festival ပြဲေတာ္ကာလမွာ အျခားဆင္အေကာင္ ၆၀ နဲ႔အတူ ‘တီကီရီ’ ကို အလုပ္လုပ္ဖို႔ ပိုင္ရွင္ ဆင္ဦးစီးက အတင္းအၾကပ္ေစခိုင္းခဲ့ပါတယ္။

ပြဲေတာ္ကာလ ၁၀ ရက္မွာ ဆင္ေတြအားလုံးကို အလွအပ တန္ဆာဆင္ၿပီး လမ္းျမန္ျမန္မေလွ်ာက္ႏိုင္ေအာင္ ေျခေထာက္ေတြမွာ ေလးလံတဲ့ ေျခက်င္းႀကီးေတြ တပ္ဆင္ထားၿပီး ခရီးအေဝးႀကီး ေလွ်ာက္ၾကရပါတယ္၊ အဲဒီအထဲမွာ ‘တီကီရီ’ လဲ တစ္ေကာင္ အပါအဝင္ျဖစ္ခဲ့ပါတယ္။

ပြဲေတာ္ကာလ ၁၀ ရက္ ေက်ာ္လြန္တဲ့အခါမွာေတာ့ ‘တီကီရီ’ ဟာ ဘုံးဘုံးလဲၿပီး အခုဆိုရင္ သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္ေတြကို ျဖတ္သန္းေနရပါၿပီ။

ဒီျဖစ္စဥ္ကို ထိုင္းႏိုင္ငံမွာရွိတဲ့ ဆင္ကယ္ဆယ္ေရး အဖြဲ႕အစည္းတစ္ခုက လူအခ်ိဳ႕ဟာ စာနာစိတ္မရွိၾကဘူးလို႔ ျပစ္တင္ေဝဖန္လိုက္ၿပီး ဒီကိစၥကို ဒီတိုင္းၾကည့္မေနၾကပဲ အျခားဆင္ေတြ အခုလိုအျဖစ္မ်ိဳး ထပ္မႀကဳံရေအာင္ ႏႈိးေဆာ္ရေအာင္လို႔ သူတို႔ရဲ႕ ေဖ့စ္ဘြခ္စာမ်က္ႏွာေပၚကေန ေရးသားခဲ့ပါတယ္၊ ဒါ့အျပင္ ပြဲေတာ္ေတြမွာ တိရိစာၦန္ေတြကို အသုံးျပဳေနတာေတြ အဆုံးသတ္ဖို႔ အခ်ိန္တန္ၿပီလို႔ တပ္လွန႔္ ေျပာဆိုခဲ့ပါတယ္။

အခုဆိုရင္ အသက္ ၇၀ အ႐ြယ္ ဆင္မႀကီး ‘တီကီရီ’ ဟာ အခ်ိန္မေ႐ြး ေသသြားေတာ့မယ့္ အေျခအေနနဲ႔ ျပန္ၿပီး မထူမတ္ႏိုင္ေတာ့ေၾကာင္း သိရွိရသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

အတင်း အလုပ်ခိုင်းခံရတဲ့ အသက် ၇၀ အရွယ် ဆင်အိုကြီး ဘုံးဘုံးလဲ

သီရိလင်္ကာနိုင်ငံက ‘တီကီရီ’ (Tikiiri) လို့ အမည်ပေးထားတဲ့ ဆင်မကြီးဟာ အသက် ၇၀ ရှိနေပြီး အိုမင်းမစွမ်းတဲ့ ဆင်အိုကြီးတစ်ကောင် ဖြစ်နေပါပြီ။ ဒါပေမယ့် သီရိလင်္ကာနိုင်ငံရဲ့ ဘာသာရေး ပွဲတော်တစ်ခုဖြစ်တဲ့ Perahera Festival ပွဲတော်ကာလမှာ အခြားဆင်အကောင် ၆၀ နဲ့အတူ ‘တီကီရီ’ ကို အလုပ်လုပ်ဖို့ ပိုင်ရှင် ဆင်ဦးစီးက အတင်းအကြပ်စေခိုင်းခဲ့ပါတယ်။

ပွဲတော်ကာလ ၁၀ ရက်မှာ ဆင်တွေအားလုံးကို အလှအပ တန်ဆာဆင်ပြီး လမ်းမြန်မြန်မလျှောက်နိုင်အောင် ခြေထောက်တွေမှာ လေးလံတဲ့ ခြေကျင်းကြီးတွေ တပ်ဆင်ထားပြီး ခရီးအဝေးကြီး လျှောက်ကြရပါတယ်၊ အဲဒီအထဲမှာ ‘တီကီရီ’ လဲ တစ်ကောင် အပါအဝင်ဖြစ်ခဲ့ပါတယ်။

ပွဲတော်ကာလ ၁၀ ရက် ကျော်လွန်တဲ့အခါမှာတော့ ‘တီကီရီ’ ဟာ ဘုံးဘုံးလဲပြီး အခုဆိုရင် သူ့ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းနေရပါပြီ။

ဒီဖြစ်စဉ်ကို ထိုင်းနိုင်ငံမှာရှိတဲ့ ဆင်ကယ်ဆယ်ရေး အဖွဲ့အစည်းတစ်ခုက လူအချို့ဟာ စာနာစိတ်မရှိကြဘူးလို့ ပြစ်တင်ဝေဖန်လိုက်ပြီး ဒီကိစ္စကို ဒီတိုင်းကြည့်မနေကြပဲ အခြားဆင်တွေ အခုလိုအဖြစ်မျိုး ထပ်မကြုံရအောင် နှိုးဆော်ရအောင်လို့ သူတို့ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာပေါ်ကနေ ရေးသားခဲ့ပါတယ်၊ ဒါ့အပြင် ပွဲတော်တွေမှာ တိရိစ္ဆာန်တွေကို အသုံးပြုနေတာတွေ အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ တပ်လှန့် ပြောဆိုခဲ့ပါတယ်။

အခုဆိုရင် အသက် ၇၀ အရွယ် ဆင်မကြီး ‘တီကီရီ’ ဟာ အချိန်မရွေး သေသွားတော့မယ့် အခြေအနေနဲ့ ပြန်ပြီး မထူမတ်နိုင်တော့ကြောင်း သိရှိရသည်။

Credit : popolay

LEAVE A REPLY