Zawgyi ဖြင့်ဖတ်ရန်
Credit :nanmalgyi
Unicode ဖြင့်ဖတ်ရန်
နိုင်ငံတကာထိ ပြမယ့် ရုပ်ရှင်တွေ ရိုက်တော့မယ်ဆိုတဲ့ ပိုင်တံခွန်
မြန်မာနိုင်ငံ ရုပ်ရှင်လောကမှာ သိပ်မဟုတ်ပေမဲ့ ထိုင်းမတွေ ရွပ်ရွပ်ချွံချွံ အားပေးခြင်း ခံရသူက ပိုင်တံခွန် ဖြစ်ပါတယ်။ တိုင်းတစ်ပါးမှာ စန်းပွင့်တယ်လို့ ပြောရလောက်အောင် ထင်ပေါ်နေတဲ့ ပိုင်တံခွန်က အင်တာနေရှင်နယ်အထိ ပေါက်မယ့် ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာကိုတော့ ခုလို ကြားသိရပါတယ်။
“ရုပ်ရှင်ကားက သူတို့ ကမ်းလှမ်းထားတာ ရှိတယ်။ ဒီနှစ်ထဲမှာ နောက်ထပ် update တွေ အများကြီး ထွက်လာလိမ့်မယ်။ အဓိကက ထိုင်းမင်းသမီးတွေနဲ့ပေါ့။ မင်းသားတွေနဲ့ ကားတွေလည်း ရှိလာနိုင်တယ်။ လောလောဆယ်တော့ romance action တို့လို အင်တာနေရှင်နယ်ထိ တက်လှမ်းနိုင်မယ့် ကားတွေ ကမ်းလှမ်းထားတယ်။ အဲ့မတိုင်ခင်တော့ Brave Empire နဲ့ လက်တွဲပြီး ကောင်းတဲ့ ကားတွေ ရိုက်ရတော့မယ်။” လို့ ဆိုပါတယ်။
Brave Empire Production နဲ့ လက်တွဲဖြစ်ပုံကိုလည်း ပိုင်တံခွန်က ခုလို ပြောပြပါတယ်။
“ကျွန်တော်ကကျတော့ Brave Empire production နဲ့ ဟိုးအရင်တည်းက မိသားစုလို ဖြစ်နေတာ။ ဟိုးလွန်ခဲ့တဲ့ နှစ်တွေတည်းက ပိုင်တံခွန်ဆိုပြီး မော်ဒယ်လုပ်တယ်။ ရုပ်ရှင်ကားတွေ ရွေးချယ်ရိုက်ဖြစ်တယ်။ ကမ်းလှမ်းခံရင်တောင်မှ ဇာတ်တွေ သေချာရိုက်ဖြစ်တယ်။ ကြီးကျယ်တာတော့ မဟုတ်ဘူး။ ကျွန်တော့်ဘဝမှာ ရွေးချယ်မှုတွေ မှားခဲ့တာ ရှိလို့။ အဲ့အချိန်တည်းက Brave Empire နဲ့ လက်တွဲပြီး ရိုက်ကူးဖို့ ခေါ်ပြီးသား။ သူတို့ကလည်း အင်တာနေရှင်နယ် အထိ သွားမှာဆိုတော့ အဆင်ပြေတယ်။” ဆိုပြီး ပြောပြသွားပါတယ်။
အင်တာနေရှင်နယ်ထိ သွားဖို့ဆိုရင် အင်္ဂလိပ်စကားပြောနဲ့ ထိုင်းစကားပြောကို လေ့ကျင့်နေပါတယ်ဆိုပြီး ပိုင်တံခွန်က ဖြေကြားသွားခဲ့ပါတယ်။
Credit :nanmalgyi
LEAVE A REPLY