Zawgyi ျဖင့္ဖတ္ရန္

ျမန္မာႏိုင္ငံရွိ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာဆိုရင္ လူမႈကြန္ယက္ ေဖ့ဘြတ္ခ္ကေနတစ္ဆင့္ ထိုင္းပရိတ္သတ္ေတြ ဝန္းရံတာခံခဲ့ရၿပီး ထိုင္းသတင္းမီဒီယာေတြမွာေတာင္ ေဖာ္ျပျခင္းခံခဲ့ရပါတယ္။ ပိုင္တံခြန္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃ ရက္ေန႔မွာ ထိုင္းႏိုင္ငံကို သြားေရာက္ၿပီး ထိုင္းပရိတ္သတ္ေတြနဲ႔ ေတြ႕ဆုံႏိုင္ဖို႔ fan meeting ေလးတစ္ခုျပဳလုပ္ခဲ့ပါတယ္။ ၾသဂုတ္ ၇ ရက္ေန႔၊ Asian Rising Star ေခါင္းစဥ္နဲ႔အတူ ပရိတ္သတ္ေတြနဲ႔ ျပန္လည္ဆုံေတြ႕ခဲ့ၿပီး ခင္မင္ရင္းႏွီးမႈေတြရရွိခဲ့ပါတယ္။ ပိုင္တံခြန္ ရန္ကုန္ကို ျပန္လာမယ့္ေန႔ ေလဆိပ္မွာ ထိုင္းပရိတ္သတ္ေတြ ဘယ္လို လိုက္ပို႔ခဲ့ၾကတယ္ဆိုတာ သိရွိဖို႔ ဆက္လက္ဖတ္ရႈလိုက္ရေအာင္။

ပိုင္တံခြန္ဟာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ပရိတ္သတ္မ်ားနဲ႔ သြားေရာက္ေတြ႕ဆုံၿပီး ၾသဂုတ္လ ၉ ရက္ေန႔မွာ ျမန္မာႏိုင္ငံသို႔ ျပန္လာခဲ့တာပဲျဖစ္ပါတယ္။

ပိုင္တံခြန္ လိုက္ပါစီးနင္းမယ့္ ေလဆိပ္ဧရိယာမွာ ထိုင္းပရိတ္သတ္အမ်ားအျပား လိုက္ပို႔ခဲ့ၾကၿပီး ပိုင္တံခြန္ကို လာေရာက္ႏႈတ္ဆက္ခဲ့ၾကပါတယ္။

ပိုင္တံခြန္ fan club တစ္ခုျဖစ္တဲ့ Paing Takhon FC Thailand Page ကေနၿပီး ေလဆိပ္မွာ ပိုင္တံခြန္ ပရိတ္သတ္ေတြကို ႏႈတ္ဆက္ေနတဲ့ ဗြီဒီယိုတစ္ခုကို တင္ေပးခဲ့ပါတယ္။

ဘန္ေကာက္က ပရိတ္သတ္ေတြ အခုလို အားေပးၾကတာကို ေက်းဇူးတင္ေၾကာင္း ပိုင္တံခြန္က လူမႈကြန္ယက္ ေဖ့ဘြတ္ခ္မွတစ္ဆင့္ ေရးသားေျပာၾကားထားပါတယ္။

ပိုင္တံခြန္ဟာ ဘန္ေကာက္မွာရွိတဲ့ လူငယ္ေတြၾကား ေရပန္းစားလူႀကိဳက္မ်ားေနတာေၾကာင့္ ထိုင္းသတင္းမီဒီယာေတြရဲ႕ ေစာင့္ၾကည့္တာကို ခံခဲ့ရၿပီး Voice TV, Thairath TV အစရွိတဲ့ TV Channel ေတြရဲ႕ အင္တာဗ်ဴးေမးျမန္းျခင္း အစီအစဥ္မွာေတာင္ ပါဝင္ခဲ့ပါေသးတယ္။

လက္ရွိမွာ ပိုင္တံခြန္ဟာ ထိုင္းႏိုင္ငံမွာရွိတဲ့ လိပ္ျပာစံအိမ္ ႐ိုက္ကူးေရး ကုမၸဏီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး ႏိုင္ငံရပ္ျခားမွာ အႏုပညာလႈပ္ရွားမႈေတြ စတင္ႏိုင္ေတာ့မွာပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက အႏုပညာရွင္တစ္ေယာက္အေနနဲ႔ အခုလို တိုင္းတစ္ပါးထိထိုးေဖာက္ႏိုင္တာဟာ ဂုဏ္ယူဝမ္းေျမာက္စရာပါ။ ပိုင္တံခြန္တစ္ေယာက္ ဒီထက္မက ေအာင္ျမင္မႈေတြ ရရွိႏိုင္ပါေစလို႔ ပိုပိုေလး အဖြဲ႕သားမ်ားမွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ထိုင်းပရိတ်သတ်တွေ လိုက်ပို့ခဲ့ကြတဲ့ ပိုင်တံခွန်ရဲ့ အိမ်ပြန်ခရီး

မြန်မာနိုင်ငံရှိ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ဟာဆိုရင် လူမှုကွန်ယက် ဖေ့ဘွတ်ခ်ကနေတစ်ဆင့် ထိုင်းပရိတ်သတ်တွေ ဝန်းရံတာခံခဲ့ရပြီး ထိုင်းသတင်းမီဒီယာတွေမှာတောင် ဖော်ပြခြင်းခံခဲ့ရပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းပရိတ်သတ်တွေနဲ့ တွေ့ဆုံနိုင်ဖို့ fan meeting လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ သြဂုတ် ၇ ရက်နေ့၊ Asian Rising Star ခေါင်းစဉ်နဲ့အတူ ပရိတ်သတ်တွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပြီး ခင်မင်ရင်းနှီးမှုတွေရရှိခဲ့ပါတယ်။ ပိုင်တံခွန် ရန်ကုန်ကို ပြန်လာမယ့်နေ့ လေဆိပ်မှာ ထိုင်းပရိတ်သတ်တွေ ဘယ်လို လိုက်ပို့ခဲ့ကြတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပရိတ်သတ်များနဲ့ သွားရောက်တွေ့ဆုံပြီး သြဂုတ်လ ၉ ရက်နေ့မှာ မြန်မာနိုင်ငံသို့ ပြန်လာခဲ့တာပဲဖြစ်ပါတယ်။

ပိုင်တံခွန် လိုက်ပါစီးနင်းမယ့် လေဆိပ်ဧရိယာမှာ ထိုင်းပရိတ်သတ်အများအပြား လိုက်ပို့ခဲ့ကြပြီး ပိုင်တံခွန်ကို လာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။

ပိုင်တံခွန် fan club တစ်ခုဖြစ်တဲ့ Paing Takhon FC Thailand Page ကနေပြီး လေဆိပ်မှာ ပိုင်တံခွန် ပရိတ်သတ်တွေကို နှုတ်ဆက်နေတဲ့ ဗွီဒီယိုတစ်ခုကို တင်ပေးခဲ့ပါတယ်။

ဘန်ကောက်က ပရိတ်သတ်တွေ အခုလို အားပေးကြတာကို ကျေးဇူးတင်ကြောင်း ပိုင်တံခွန်က လူမှုကွန်ယက် ဖေ့ဘွတ်ခ်မှတစ်ဆင့် ရေးသားပြောကြားထားပါတယ်။

ပိုင်တံခွန်ဟာ ဘန်ကောက်မှာရှိတဲ့ လူငယ်တွေကြား ရေပန်းစားလူကြိုက်များနေတာကြောင့် ထိုင်းသတင်းမီဒီယာတွေရဲ့ စောင့်ကြည့်တာကို ခံခဲ့ရပြီး Voice TV, Thairath TV အစရှိတဲ့ TV Channel တွေရဲ့ အင်တာဗျူးမေးမြန်းခြင်း အစီအစဉ်မှာတောင် ပါဝင်ခဲ့ပါသေးတယ်။

လက်ရှိမှာ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ လိပ်ပြာစံအိမ် ရိုက်ကူးရေး ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး နိုင်ငံရပ်ခြားမှာ အနုပညာလှုပ်ရှားမှုတွေ စတင်နိုင်တော့မှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက အနုပညာရှင်တစ်ယောက်အနေနဲ့ အခုလို တိုင်းတစ်ပါးထိထိုးဖောက်နိုင်တာဟာ ဂုဏ်ယူဝမ်းမြောက်စရာပါ။ ပိုင်တံခွန်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့ ပိုပိုလေး အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit : popolay

LEAVE A REPLY